ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးကြီး၏ ခိုင်းစေချက်အရ ဆန်စက်လုပ်ငန်းပိုင်ရှင်များသို့ ကြိတ်ခွဲခွင့် လိုင်စင်ပြုလုပ်ရာတွင် ကုန်သွယ်လယ်ယာမန်နေဂျာ၊ မြို့နယ်အုပ်ချုပ်ရေးမှုး ရုံးမှ စာရေးကြီး ၊ အခွန်ဦးစီးမှုး ၊ ဆန်စက်လုပ်ငန်းရှင်ဥက္ကဋ္ဌတို့မှ လုပ်ငန်းလိုင်စင်အတွက် တစ်ဦးလျှင် ၁၀၀၀ဝ ကျပ် တရားဝင်ဘောက်ချာပေး၍  တရားမဝင် ၃၅၀၀ဝ ကျပ် တိတိ အတင်းတောင်းယူခဲ့သည့်အတွက် ဆန်စက်လုပ်ငန်းရှင် များ မကျေနပ်မှုဖြစ်ခြင်း ၊ အလားတူ ခရိုင်အုပ်ချုပ်ရေးမှုးကြီး၏ ခိုင်းစေချက်( စီမံချက် ) အရ ခရိုင်ဒုဦးစီးအရာရှိ နှင့် စ.စ.စ တပ်ဆွယ်မှုး တို့သည် နယ်စွန်နယ်ဖျားရှိ အရက်ဆိုင်များ၊ အရက်ချက်ဖိုများ ထံမှ ဆိုင်တစ်ဆိုင် ၊ ဖို တစ်ဖို  စီအား ၃၀၀၀ဝ ကျပ်စီ ခြောက်လှန့်ခြိမ်းချောက်ကာ တရားမဝင် တောင်းယူခဲ့ခြင်း ၊ (တရားမဝင်အရက်ဆိုင် […]


၂၀၁၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ သံတွဲမြို့ မြို့နယ်ခန်းမတွင် နာရေးကူညီမှုအသင်းဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို စည်ပင်မှ အမှုဆောင်အရာရှိမှ  ဦးစီး၍ မြို့ပေါ်ရှိ မြို့မိမြို့ဖ များဖြင့် ပြုလုပ်ခဲ့ပါသည်၊ အစည်းအဝေးတွင် ရည်ရွယ်ချက်၊ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်တို့ပြည့်စုံစွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့ကြပါသည်၊ ဒုတိယ အကြမ်အစည်းအဝေးကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက် နံနက်(ဝ၉:၃၀) အချိန် မြို့နယ် ခန်းမ၌ပင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ သင့်တော်သလို ရွေးချယ်တင်မြှောက် ခဲ့ကြ ပါသည်၊ ၎င်းအစည်းအဝေးတွင် လည်း စည်ပင်မှ အလုပ်အမှုဆောင်အရာရှိ မှဦးစီး၍ မြို့မိမြို့ဖ (၃၀) ခန့် တက်ရောက်ခဲ့ပြီးအသင်းကို ဥက္ကဋ္ဌ အပါဝင် အဖွဲ့ဝင် (၂၁) […]