လင်းခန့်သာSeptember 8, 20101min680
အစိုးမရတဲ့ စိတ်’ ရဲ့ ပြောင်းလဲမှုဖြစ်စဉ်ထဲ ငါ့အတွက် . . . နင်ဖွင့်ထားခဲ့တဲ့စာမျက်နှာဟာ တစ်ခန်းရပ်ချိန်တန်တော့လည်း ငါ့မနက်ဖြန်တွေအလဲလဲအကွဲကွဲနဲ့ အိပ်စက်ချိန်တွေ ကျဲခဲ့ရတဲ့အထိအောင်ပဲ . . . ငါမြတ်နိုးရသော ငပျင်းမလေးရ . . . စိတ်ဒဏ်ရာ ကင်းကင်းနဲ့ ဘဝမှာ ဖြူစင်မှု့ တွေ ထာဝစဉ် လင်းပါစေကွယ်။ ဟောဟိုသက္ကရာဇ်တွေထဲက ပန်းနုရောင်မွေးနေ့တစ်ခုမှာ တစ်ယောက်ခြေထောက်ကိုတစ်ယောက်ချိတ်လို့ တိတ်ဆိတ်စွာ ထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်လေးလဲ ကော်ဖီရနံ့တွေနဲ့အတူ ငါ့ရင်မှာအခုတိုင် မွှေးထုံလတ်ဆတ်ဆဲပါပဲ . . . အလွမ်း ‘ ဆိုတာ ကွမ်းစား ဆေးသောက် ကျပျောက် တာထက်ကို ခံနိုင်ရည် ပိုနည်းတယ် ‘ ဆိုတဲ့အကြောင်း နင်သိအောင် ဘယ်လို စာလုံးပေါင်းပြရပါ့မလဲ။ ဘယ်လောက်ပဲ […]


လင်းခန့်သာSeptember 7, 20101min680
သားရှိမနေတဲ့ဆောင်းမှာ သက်လုံမှကောင်းပါရဲ့လား မေမေ . . . လောကဓံဆိုတဲ့ ငနဲရဲ့ပိုင်နက်ထဲ ခြေတစ်ဖက်စာလောက်လေးပဲ ချနင်းကြည့်တဲ့အခါ အိမ်လွမ်းတေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ကျွန်တော့်ရင်ကို ပြင်းပြင်းရှရှ ဖြတ်ခုတ်သွားကြတယ်။ ကိုယ်တိုင် ဖောက်ထွက်ခဲ့တဲ့လမ်းမို့ အကြိမ်ကြိမ်အားတင်းရင်းဆက်လျှောက် တစ်ခါခါကြတော့လည်း ခံနိုင်ရည်တွေပျောက်လုနီးပါးအထိပဲ . . . အဲဒီ အမောတွေပြေတဲ့နေ့ကိုရောက်ဖို့ ဘယ်လိုပေးဆပ်မှုတွေနဲ့များ ထပ်ပြီးစတေးရဦးမှာတဲ့လဲ . . . အခု . . . အမေနဲ့အတူရှိမနေတဲ့ဆောင်းမှာ (အလွမ်းချောင်းကို ကူးဖို့) သားကိုယ်တိုင်တောင်မှ သက်လုံမကောင်းချင်တော့ဘူး မေမေရယ် . . .။