Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Ma MaFebruary 8, 20121min75741
မနေ့က ဧရာဝတီက အောင်ဇော် ပြန်လာတယ်ဆိုတဲ့ သတင်းကြားရတယ်။ လူချင်းတွေ့ဖူးတာ၊ သိကြခင်ကြတာ မဟုတ်ပေမယ့် ပရိတ်သတ်တစ်ယောက် အနေနဲ့ စိတ်ထဲကနေ ရင်းနှီးနေတဲ့ (သူမသိ ကိုယ်ခင်ဆိုတဲ့) ဆွေမျိုးလိုပါပဲ။ ဘီဘီစီနဲ့ ဗွီအိုအေ တို့ကလည်း ပြန်လာကြတယ်လို့ ကြားရပါသေးတယ်။ ဟုတ်မဟုတ်တော့ သေသေချာချာ မသိပါဘူး။ ဒီဗွီဘီက နေဇော်နိုင်ဆိုရင်လည်း သူတို့တင်ဆက်ပြသတာတွေကို နားသောတဆင်ပြီး ရင်းနှီးနေတာပေ့ါ။ အဲဒီလို ဟိုက ဒီက ပြန်လာတယ်ဆိုတဲ့ သတင်းတွေကြားနေရတော့….. ငါတို့သဂျီးရော ပြန်လာမလား။ (အလည်အပတ်သဘော ပြောတာပါ။) 😀 ငါတို့သဂျီးက ဘယ်လို ပုံစံများ ဖြစ်မလဲ 😕 အသက်ကြီးကြီး ပိန်ပိန်သေးသေး နှုတ်ခမ်းမွှေးဖြူဖြူထူလပစ်နဲ့ ယောင်ထုံးပြီး ကွမ်းစားတဲ့ သမိန်ပေါသွပ်ထဲက တောင်ပုလုမြို့စားကြီး လိုများလား လို့ တွေးနေမိပါတယ်။ 😆 ဒီနေရာမှာ […]


Ma MaJanuary 29, 20121min78636
အခုခေတ်မှာ မြန်မာပြည်ရဲ့ ရုပ်မြင်သံကြား လိုင်းပေါင်းစုံတွေမှာ ကိုရီးယားဇာတ်လမ်းတွေကို ပြသတာ အလွန်အင်မတန်များပြားလာပါတယ်။ ကိုရီးယားဇာတ်လမ်းတွေကို ကြည့်ရှု့အားပေးနေကြတဲ့ မြန်မာပရိတ်သတ်ကြီးဟာလည်း ကိုရီးယား မင်းသား မင်းသမီးတွေကို ကိုယ့်ဆွေကိုယ့်မျိုးတွေလို ရင်းနှီးလာပါတယ်။ မြန်မာလို ဘာသာပြန်ပေးတာမို့လို့ ဇာတ်လမ်းကို ရေရေလည်လည် နားလည်ကြရပြီး ကိုရီးယားလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေ၊ အစားအစာတွေ၊ ကိုရီးယားနိုင်ငံရဲ့ သဘာဝအလှအပတွေနဲ့ ရင်းနှီးကျွမ်းဝင်လာတာပေ့ါ။ ဒါပေမယ့် မင်းသားမင်းသမီးတွေရဲ့ ကိုရီးယားနာမည်အရင်းကို မသိကြတော့ စကားပြောကြတဲ့အခါ ဇာတ်ကားထဲက နာမည်ကိုပဲ ပြောနေကြရပါတယ်။ ဂျာနယ်တွေ စာစောင်တွေမှာ ကိုရီးယား မင်းသားမင်းသမီးတွေရဲ့ အကြောင်းကို နာမည်အရင်းနဲ့ ဖော်ပြတဲ့အခါ ဓာတ်ပုံမပါရင် ဘယ်သူမှန်းမသိ၊ အူလည်လည် ဖြစ်နေရတာပေ့ါ။ အဲဒီနေရာမှာ မင်းသားမင်းသမီးတွေရဲ့နာမည်အရင်းကို မြန်မာလိုရေးပေးရင် မြန်မာပရိတ်သတ်လည်း နိုင်ငံတကာနဲ့အမှီ လိုက်နိုင်လာလိမ့်မယ်ထင်မိပါတယ်။ ဇာတ်လမ်းအစမှာ ဇာတ်လမ်းထဲက နာမည်နဲ့ နာမည်အရင်းကို […]


Ma MaJanuary 22, 20121min61926
အခုလို ချမ်းအေးတဲ့ ဆောင်းရာသီမှာ ကိုယ်တွင်းဓာတ်ခံအားကောင်းစေတဲ့ ဂျင်းများများနဲ့ ကြက်သားကြော်ဟင်းလေး တင်ဆက်ပေးလိုက်တယ်နော်။ ကြက်သား ဂျင်းကြော်ဟာ ချက်ရတာလွယ်ကူပြီး စားလို့လည်း ကောင်းတဲ့အပြင် အေးတဲ့ရာသီဥတုနဲ့လည်း ကိုက်ညီပါတယ်။ ပထမဦးဆုံး ကြက်သားကို ရေဆေးခုတ်ထစ်ပြီး ဆား၊ ဆနွင်းနယ်ထားပါ။ ဂျင်းကို အချောင်းလေးတွေ လှီးထားပါ။ ဒယ်အိုးထဲကို ဆီထည့်တည်ပြီး ပူလာရင် လှီးထားတဲ့ ဂျင်းကိုထည့်ကြော်ပါ။ ဂျင်းကြွပ်ရင် ဆယ်ထားပြီး အဲဒီဆီပူအိုးထဲကို ကြက်သားထည့်ကြော်ပါ။ ကြက်သားကျက်လို့ အိုးချခါနီးရင် ကြော်ထားတဲ့ ဂျင်းကိုထည့်မွှေပါ။ ကြွပ်တာကြိုက်ရင်တော့ ဟင်းပန်ကန်ပြင်တော့မှ ဂျင်းကို အပေါ်ကဖြူးထည့်ပါ။ ကိုယ်တွင်းအပူဓာတ်အားကောင်းစေလို့ ဆောင်းတွင်းနဲ့ လိုက်ဖက်ပါတယ်။ အဲဒီဟင်းကို မီးနေသည်တွေကိုလည်း ချက်ကျွေးလေ့ရှိပါတယ်။ Three in One ဟင်းချက်နည်းကို ဖြန့်ဖြူးရမယ်ဆိုရင်ဖြင့်- တစ်ယောက်တည်း သမားတွေအတွက် တခါတည်း များများချက်ထားပြီး နောက်တနေ့မှာ […]


Ma MaJanuary 21, 20121min77425
တစ်နှစ်ပတ်လုံးမှာမှ အခုလို နှင်းကျတဲ့အချိန်လေးမှာပဲ ရတတ်တဲ့ မြူရွက်ကလေးတွေ သုပ်စားကြရအောင်။ မြူရွက်ရဲ့ ပင်ကိုယ်က ဆိမ့်တဲ့အရသာရှိပါတယ်။ ဈေးပေါပြီး သုပ်စားရတာလည်း အလွန်လွယ်ကူတဲ့အပြင် တော်တန်ရုံအရွက်မကြိုက်သူတွေတောင် ကြိုက်ကြပါတယ်။ အချိန်တိုလေးအတွင်းမှာပဲ ရနိုင်တဲ့ ရာသီစာမို့ စုတ်ပြတ်သတ်နေတဲ့ ကော်နက်ရှင်ကို အံတုပြီး အချိန်မှီ တင်ပေးလိုက်ပါတယ်။ မြူရွက်ကို အရိုးရင့်တွေဖယ်ပြီး ကန်စွန်းရွက် သင်သလို သင်ရပါတယ်။ ပြီးရင် ရေနွေးဆူဆူထည့်ပြီး ဖြောထားပါ၊ ခဏကြာသည်ထိ အဖုံးအုပ်ပြီးထားပါ။ (သို့) ပြုတ်လိုက်ပါ။ မြေပဲလှော်ကို ထောင်းထားပါ။ မျှင်ငပိကို မီးကင် (သို့) ပေါင်းထားပါ။ ဒါမှမဟုတ် ဆီနည်းနည်းမှာ မျှင်ငပိကို ထည့်ကြော်ပါ။ အခုကတော့ အလုပ်ထဲမှာ သုပ်စားတာမို့ အသင့်စား မျှင်ငပိဘူးလေးကိုပဲ သုံးလိုက်ပါတယ်။ မြူရွက်ပြုတ်ကို မြေပဲထောင်း၊ မျှင်ငပိကြော် ထည့်ပြီး အပေါ်က […]


Ma MaJanuary 4, 20121min50319
ယနေ့နေ့လည် ၁၁ နာရီကျော် ပတ်ဝန်းကျင်ခန့်က မင်္ဂလာတောင်ညွန့်(ပြောသာပြောရတယ် ဖြစ်လိုက်ရင်လည်း မင်္ဂလာတောင်ညွန့်ပဲ။ သင်္ကြန်ဗုံးပေါက်တော့လည်း မင်္ဂလာတောင်ညွန့်၊ ဈေးမီးလောင်တော့လည်းသူ၊ နောက်ဆုံး မနေ့တစ်နေ့က ပေါက်ကွဲမှုဖြစ်တော့လည်းသူပဲ ဒီတော့ အ မင်္ဂလာတောင်ညွန့်လို့တောင်ပြောရမလိုပါပဲ) မြို့နယ်၊ သပြေကုန်းရပ်ကွက် ၁၂၅ လမ်းရှိ သုံးထပ်တိုက် ရဲ့ အပေါ်ဆုံး(ညာဘက်ခန်း) ရေချိုးခန်း၊ အိမ်သာမှာ ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီးပြီး ချင်း မီးသတ်၊ ရဲ ၊ အရေးပေါ်ကားများရောက်လာလို့ လွတ်လပ်ရေးနေ့က တော်ကလေးကို စည်းကားသွားခဲ့ပါတယ်။ အပေါ်ဆုံးထပ် ရေချိူးခန်း အိမ်သာ ပြိုကျမှုကြောင့် အောက်ထပ်က အိမ်မှာ အပျက်အစီး အနည်းငယ်သာရှိခဲ့ပြီး လူထိခိုက် ဒဏ်ရာရမှုများ မရှိခဲ့ကြောင်းလည်း သိရှိရပါတယ်။ ဖြစ်နိုင်တာကတော့ စက်ဆန်း ပေါက်ကွဲမှု တုန်ခါအားရဲ့ အကျိုးသက်ရောက်မှုလို့လည်း ဆိုနိုင်ပါတယ်။ ဒီအဆောက်အဦကို ၁၉၉၅ […]


Ma MaJanuary 4, 20124min132536
မနေ့က (၃.၁.၂၀၁၂) မှာ စက်ဆန်းမီးလောင်ပေါက်ကွဲမှုမှ မီးဘေးသင့်ပြည်သူတွေကို ထားရှိရာ ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မဟာဝိဇယရာမ ဘုန်းတော်ကြီးကျောင်းကို ရောက်သွားခဲ့ပါတယ်။ ကယ်ဆယ်ရေးစခန်းအနေနဲ့ ဖွင့်လှစ်ထားတဲ့ အခြားစခန်းတွေလည်း ရှိသေးကြောင်း သိရပါတယ်။ အခုစခန်းမှာတော့ မိသားစု ၂၈စု၊ လူဦးရေ ၁၂ဝခန့်ထားရှိပါတယ်။ ထိုစခန်းတွင် အဖွဲ့အစည်း အသီးသီးမှ ကျန်းမာရေး စောင့်ရှောက်မှုများပေးနေကြောင်း တွေ့ရှိခဲ့ရပါသည်။ မီဘေးဒုက္ခသည်တွေကို စေတနာရှင်များမှ လာရောက်လှူဒါန်းမှုများ အများအပြားတွေ့ရှိရာ ဝမ်းမြောက်ဖွယ်ရာပင် ဖြစ်ပါသည်။ (ဟိုးတုန်းကထက်စာလျှင် ယခုအခါ လူအများ၏ အတွေးအခေါ်များ လုပ်ဆောင်ချက်များ မှန်ကန်ကောင်းမွန်လာပါတယ် ချာတူး ရေ။) အားလုံးအတွက် အလှူခံဌာနတွင် စုပေါင်း လှူဒါန်းနိုင်သလို လူတစ်ဦးချင်းစီသို့လည်း ကိုယ်ထိလက်ရောက် လှူဒါန်းနိုင်ပါသည်။ လာရောက်လှူဒါန်းနေသူများကိုလည်း တွေ့ရှိခဲ့ရပါသည်။ လတ်တလောတွင် နေရေးအတွက် ကယ်ဆယ်ရေးစခန်းများတွင်လည်း ထားရှိလျှက်ရှိပြီး၊ ယခင်နေထိုင်ရာ နေအိမ်များတွင်လည်း […]

2012Diary2.bmp

Ma MaDecember 28, 20111min103233
ငယ်ငယ်ရွယ်ရွယ် ကျောင်းသားဘဝကတည်းက ချစ်ခင်လေးစားရတဲ့ ဦးလေးတစ်ယောက်က Diary ရေးဖို့ တိုက်တွန်းခဲ့ပါတယ်။ လူတစ်ယောက်အတွက် ဦးဏှောက်ဆိုတာ ဘဝတစ်လျှောက်လုံးကို မမှတ်မိနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် နေ့စဉ်ဒိုင်ယာရီရေးဖို့ လိုတယ်လို့ အကျိုးအကြောင်းနဲ့ ပြောပြခဲ့ပါတယ်။ ထိုစဉ်ကစလို့ Diary ကို နေ့စဉ် ရေးသားဖြစ်ခဲ့ပါတယ်။ (ယခုတော့ ထူးထူးခြားခြား အဖြစ်အပျက်တွေရှိမှပဲ ရေးဖြစ်ပါတော့တယ်။) ဒီလိုနဲ့ နှစ်သစ်တစ်နှစ် ပြောင်းတော့မယ်ဆိုရင် Diary ဝယ်ရသည်က အကျင့်တစ်ခု ဖြစ်သွားခဲ့တာပေ့ါ။ ဟိုးးးးးး အရင်တုန်းကတော့ စာအုပ်လှလှလေးကို ရှာဝယ်တတ်သလို၊ လက်ရေးလှလှလေးနဲ့ မှတ်တမ်းတင်နိုင်အောင်လည်း ကြိုးစားခဲ့ရပါတယ်။ ဤသို့ လက်ရေးလှလှလေးနှင့် မှတ်တမ်းတင်ထားသော စာမျက်နှာများကို တခါတရံ ပြန်လည်ဖတ်ရှု့ကြည့်မိသောအခါတွင် စိတ်ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့် စုံလင်၍နေရာ ရသစုံလင် ရုပ်ရှင်ကားတစ်ကားကို ကြည့်ရသည်နှင့်ပင် တူနေသေးတော့သည်။ တစ်ရက်လျှင် ကျောင်းမုန့်ဖိုး၊ […]


Ma MaDecember 22, 20111min65122
လူဆိုတဲ့ ပခုံး၂ခုကြား ခေါင်းပေါက်တဲ့ လူတွေထဲမှာမှ ရုပ်ဆိုးသူ၊ ချောမောလှပသူ၊ ဆင်းရဲသူ၊ ချမ်းသာသူ၊ ပညာတတ်သူ၊ ပညာမဲ့သူဆိုပြီး အရည်အချင်းတွေ အမျိုးမျိုးကွဲပြားနေကြပါတယ်။ ဗုဒ္ဓဘာသာ အလိုအရတော့ ကုသိုလ်ကံ အကျိုးပေးလို့ပဲ ဆိုရပေမယ်ပေ့ါ။ မိဘဆိုတာ ရွေးချယ်လို့ မရဘူးဆိုတော့ ဘဝပေးကုသိုလ်ကြောင့် လောကဓံတွေကို အရွယ်နဲ့မလိုက်အောင် ခံနေကြရတဲ့ ကလေးငယ်တွေကို မြင်ရတွေ့ရတဲ့အခါမှာ လူသားဆန်တဲ့ တာဝန်ကျေပွန်တဲ့ မိဘနှစ်ပါးရဲ့ မေတ္တာရိပ်နဲ့ ကျေးဇူးတရားတွေကြောင့်လူလူသူသူ ဖြစ်လာရတဲ့ ကိုယ့်ဘဝကိုပဲ ကျေနပ်နေရသေးတယ်။ ဒါပေမယ့်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ စိတ်မကျေနပ်စရာလေးတွေကို တတ်နိုင်သလောက် အကျိုးဆောင်ပေးချင်တဲ့စိတ်ကလည်း ဂေဇက်က ရလာတဲ့ အကျင့်စရိုက်တစ်ခုပေ့ါ။ ဒီလိုနဲ့ အလုပ်တူသူငယ်ချင်းတွေထဲက စိတ်တူသူတွေနဲ့ တစ်လ ၃၀၀ဝ စုပြီး အလှူလုပ်ကြဖို့ စိတ်ကူးမိကြတယ်။ အရင်တုန်းကတော့ ဗုဒ္ဓဘာသာပီပီ ဘာသာရေးအလှူကိုမှ အလှူထင်နေတာ၊ […]


Ma MaDecember 22, 20111min103939
ဓာတ်ပုံရိုက်တယ်လို့ ရိုးရိုးလေး ဆိုကြပေမယ့် ရည်ရွယ်ချက်တွေကတော့ အမျိုးမျိုး ဖြစ်ကြပါလိမ့်မည်။ အခုတလော ရွာထဲမှာ တင်နေတဲ့ ကိုပေါက် ရဲ့ လက်ဆော့ထားတာတွေကို ရိုက်ပြထားတာကိုတော့ သတင်းဓာတ်ပုံလို့ ပြောရမယ်ထင်တယ်။ (ကိုပေါက်ရဲ့ စိတ်ရှည်ဇွဲသန် သည်းညည်းခံပြီး ဓာတ်ပုံတွေ တင်နိုင်စွမ်းကတော့ အံ့မခန်းပါပဲ။) ကိုဘလက်တို့၊ နွယ်ပင်တို့ရဲ့ အချိန်နဲ့ တပြေးညီ တင်ပေးတဲ့ ကားတိုက်မှုသတင်းတွေဆိုရင် ခေတ်မှီအောင် ရွာထဲဝင်ရမည်လို့ ဆိုလိုက်သလိုပါပဲ။ ရွာမှာ အနေကြာပြီဖြစ်တဲ့ ဆရာမဝေဝေရဲ့ တရုတ်ပြည်သွား ဓာတ်ပုံတွေနဲ့ ခရီးသွားဆောင်းပါတွေက တရုတ်ပြည်တနံတလျှားကို ငွေမကုန် လူမပန်းပဲ သွားလိုက်ရတာပေ့ါ။ အန်ကယ်ကြီးရဲ့ ဩဒုက္ခ ဆိုတဲ့ ပိုစ့်က ဓာတ်ပုံဆိုရင်လည်း လူသားတွေရဲ့ ကိုယ်ချင်းစာတရားကို နှိုးဆော်ပေးဖို့ အင်မတန် အထောက်အကူပြုသွားတာစေတယ်လေ။ ယဉ်ငြိမ်းနွေးရဲ့ ရှမ်းစာလုပ်နည်းတွေကို ဓာတ်ပုံနဲ့တကွ တင်ပေး သင်ပေးတာကတော့ […]


Ma MaDecember 8, 20111min162644
မြန်မာနိုင်ငံမှာ နွေ၊ မိုး၊ ဆောင်း ဆိုပြီး ရာသီဥတု ၃ မျိုး ရှိပါတယ်။ အဲဒီ ၃ မျိုးထဲမှာမှ နှင်းတွေဝေပြီး သဇင်တွေပွင့်တဲ့ အေးချမ်းတဲ့ ဆောင်းရာသီကို အနှစ်သက်ဆုံးပဲ။ ဆောင်းရာသီနဲ့ ပတ်သက်ပြီး ရေးဖွဲ့ထားတဲ့ ကဗျာတွေ စာတွေကလည်း များမှများလို့ ထင်မိပါတယ်။ (ရွာထဲမှာတင် ဆောင်းရာသီဖွဲ့ ကဗျာတွေ၊ ဓာတ်ပုံတွေ မနည်းဘူးပဲ။) တစ်နှစ်တာ မောပမ်းသမျှကို အေးချမ်းမှုပေးတဲ့ ဒီဇင်ဘာဟာ ဆောင်းရာသီလည်းဖြစ် တစ်နှစ်တာရဲ့ နောက်ဆုံးလလည်းဖြစ်ပြီး ပွဲလမ်းသဘင်နဲ့ အမှတ်တရတွေလည်း များပြားလှပါတယ်။ နှစ်တိုင်း ဒီဇင်ဘာလရောက်ပြီဆိုတာနဲ့ အလုံမြို့နယ်က အောက်ကြည့်မြင်တိုင်လမ်းမကြီးပေါ်မှာ Sweet December, Happy New Year ဆိုတဲ့ စာလုံးကြီးတွေကို ရေးထားတာတွေကလည်း ဒီဇင်ဘာရဲ့ အမှတ်တရတွေထဲက တစ်ခုပေ့ါ။ (ဘယ်အချိန်ကစပြီး […]


Ma MaNovember 27, 20111min76733
ကဲ- ရွာသူား အပေါင်းတို့ရေ ခုတလော ဖလန်းဖလန်းထနေတဲ့ တိုင်းပြည်တိုးတက်ရေး၊ ထူထောင်ရေးကိစ္စတွေကို အတွင်းကလူတွေရဲ့အမြင်၊ အပြင်ကလူတွေရဲ့အမြင်ဆိုတဲ့ အမြင်အမျိုးမျိုးတွေ ကြားထဲက ကိုယ်ပိုင်အမြင် (လက်စမ်းစာပေ Brand) လေးကို တင်ပြချင်ပါတယ်။ ခေါင်းစဉ်အကြီးကြီးတပ်ပြီး ဉာဏ်တိမ်တိမ်နဲ့ ရေးရမှာဖြစ်လို့ ကိုယ့်ကိုကိုယ် အားမရပါဘူး။ ဒါပေမယ့် သိကြတဲ့အတိုင်း ရွာထဲမှာ ဉာဏ်ပညာအမျှော်အမြင်ကြီးကြသော၊ စိတ်ထားပြည့်ဝ နှလုံးလှသူတွေ အများကြီးဆီက ဖြည့်စွက်စာတွေကို မျှော်လင့်ပြီး ရေးလိုက်မိပါတယ်။ လူရယ်လို့ ဖြစ်လာရင် အနည်းဆုံး ကိုယ့်မိသားစုက စလို့၊ ကိုယ့်ဆွေမျိုး မိတ်ဆွေအသိုင်းအဝိုင်း၊ နောက်ထပ် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ဒါ့ထက်ပိုပြီး ကိုယ်စွမ်းနိုင်ရင် စွမ်းနိုင်သလောက် လူသားထု တရပ်လုံးအတွက်ဝိုင်းဝန်းဖေးမပေးဖို့ လိုပါတယ်။ ငွေကြေးအင်အားကြီးမားပြီး စိတ်ထားပြည့်ဝတဲ့ ဘီလ်ဂိတ်တို့လို့ ကမာ္ဘ့လူသား အားလုံးအတွက် ဝိုင်းဝန်းဖေးမနေကြသူတွေလည်း ရှိတာပေ့ါ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိပြီး […]


Ma MaNovember 15, 20111min141743
သစ်မင်း က ရွာကြီးကို အလှူမဏ္ဍပ်ကြီးလို့ ခိုင်းနှိုင်းပြီးရေးလိုက်တော့ အလှူနဲ့ပတ်သက်တဲ့ အလွဲလေးတွေကိုရေးဖို့ စိတ်ကူးပေါ်လာပါတယ်။ ခုနောက်ပိုင်း ရွာထဲမှာ တကယ့်စာကြီးပေကြီးသမားတွေရဲ့ အဆင့်မြင့်စာပေတွေကိုဖတ်ပြီး အားရကျေနပ်နေမိသလို ကိုယ်တိုင်စာရေးဖို့ကိုတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို ဖြစ်မှာကိုစိုးရိမ်ပြီး လက်တွန့်နေမိပါရဲ့။ ဒါပေမယ့် ရေးချင်တဲ့စိတ်ကို ချိုးနှိမ်မရတာကြောင့် စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တဲ့နေရာမှာ ဆေးရိုးသည်က ကန့်လန့် လုပ်တယ်လို့ပဲ သဘောထားပေးကြပါတော့။ (ဖတ်တဲ့လူတွေ ကိုယ့်တာဝန်နဲ့ ကိုယ်နော်လို့ ပြောတဲ့ ဦးပါလေရာ ရဲ့ စကားကို ခဏယူသုံးခွင့်ပြုပါ။) ကဲ-ဇာတ်လမ်းစပါပြီ။ ဇာတ်လမ်းမှာ သူဌေးမကြီး ဒေါ်ဆွေဆွေဟာ ဆွေမျိုးတွေ၊ မိတ်ဆွေသင်္ဂဟတွေ အစုံအလင် အများအပြား ဖိတ်ကြားပြီး အလှူကြီးတစ်ခုလုပ်ဖို့ စီစဉ်တယ်။ အလှူ့ရှင်ဒေါ်ဆွေဆွေက သူလုပ်မယ့် အလှူကြီးအတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ ဧည့်ခံကျွေးမွေးရေးတွေအတွက် လစ်ဟင်းမှုမရှိစေရန် အစစအရာရာ စီစဉ်ရင်း […]


Ma MaOctober 21, 20111min98432
ရွာသူားတွေကို ဖြန့်ဝေဖို့ ခါတော်မီ အိုင်ဒီယာလေးတစ်ခု ခေါင်းထဲရောက်လာတယ်။ သီတင်းကျွတ်ပြီဆိုတာနဲ့ ပလူပျံလာတဲ့ မင်္ဂလာဆောင်ဖိတ်စာတွေကိုကြည့်ပြီး ဘယ်သူ့သားလဲ၊ ဘယ်သူ့သမီးလဲ၊ ကိုယ်နဲ့ ဘယ်လိုဆက်နွယ်နေသလဲ ဆိုတာတွေ ဦးဏှောက်ထဲထည့် ဖော်မြူလာထုတ်ပြီး လက်ဖွဲ့ဖို့ တွက်ချက်ရတာလေးကို မျှဝေချင်ပါတယ်။ ဖိတ်စာတစ်စောင်ရောက်လာပြီဆိုရင် မင်္ဂလာဆောင်သွားဖို့ မသွားဖို့ (သွားနိုင် မသွားနိုင်) ဆိုတာနဲ့အတူ ဘယ်လောက်လက်ဖွဲ့ရမလဲဆိုတာကို တခါတည်း တွဲပြီးစဉ်းစားရတော့တာပဲ။ အဲဒီမှာ ဘယ်လောက်လက်ဖွဲ့မလဲ ဆိုတာက အဓိက ပြဿနာကြီးပေ့ါ။ ဒီခေတ်ကြီးရဲ့ ကုန်ကျစရိတ်တွေက သိတော်မူကြတဲ့အတိုင်းမို့လို့ နည်းမှာကို စိုးရိမ်ရတဲ့အပြင်၊ လူမှုရေး စီးပွားရေး ဆက်စပ်နေသူများဆိုရင်တော့ ပိုလို့သာ သတိထားရတော့တာပေ့ါ။ ဆွေတွေမျိုးတွေဆိုရင် ကိုယ့်အသိုင်းအဝိုင်းထဲကမို့ ဘယ်သူက ဘာပစ္စည်း လက်ဖွဲ့မယ် စသဖြင့် လိုအပ်ရာရာလေးတွေကို တစ်ယောက်တစ်မျိုး ဝိုင်းဝန်းဖြည့်ဆည်းပေးကြတာမို့ တကယ့်ကို ပျော်ဖို့တောင် ကောင်းသေးတယ်။ ဒါ့အပြင် […]