manawphyulaySeptember 4, 20121min78239
ထိုနေ့က ကမ္ဘာကြီးတစ်ကမ္ဘာထဲက ရွာကြီးတစ်ရွာထဲကို ဝင်တဲ့အခါ ရွာစည်းရိုးက ဖွင့်လို့မရ စည်းလုံးနေတဲ့ ရွာထဲမှာ ဘယ်သကောင့်သား ဝင်မွှေပြီလဲ စိုးရိမ်စိတ်များဖြင့် ညနေထိရောက်လာခဲ့…. ထိုညက ရွာစည်းရိုးက မခွာ အားကြိုးမာန်တက် ပွင့်လာမယ့်အချိန်စောင်းစားရင်း ကြယ်တွေတောင် ဒဏ်ရာရ မြူနှင်းတွေ ငိုပွဲဝင်လို့ မြက်ပင်တွေ ဦးညွတ်ရင်း အလင်းရဲ့ အရှုံးနောက် သန်းခေါင်က ကောက်ကောက်ပါချိန် ဘာလိုလိုနဲ့ တစ်မိုးသောက်ခဲ့ပါလေရော….


manawphyulayAugust 31, 20121min1704
စီးပွါးရေး နဲ့ ကိုယ်ရည် ကိုယ်သွေး တိုးတက်ရေး ဟောပြောပွဲ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ …. 2.9.2012 (Sunday) မှာ ကုန်သည်ကြီးများအသင်း UMFCCI (မင်းရဲ ကျော်စွာ လမ်း ) မှာ ဟောပြောသူ ၃ ဦး ဆီ က ဆွေးနွေးချက်တွေကို စိတ်ဝင်စားဖွယ် လေ့လာရနိုင်မှာပါ … Mr.Ryan (Opportunities Now, American Entrepreneur and Business consultant ) က စွန့်ဦးတီထွင် လုပ်ငန်း တစ်ခု ဘယ်လို စတင်မလဲ … မ တင်မိုးလွင် ( Model Agency ) က ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးနဲ့ Presentation […]


manawphyulayAugust 30, 20122min71317
မြန်မာစာပေ ရေစီးကြောင်းကား အားကောင်းမောင်းသန်စွာ စီးဆင်းလျက်ရှိပေသည်။ ခေတ် တစ်ခေတ်နှင့် တစ်ခေတ် သိသိသာသာ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် မြန်မာကဗျာ အရေးအဖွဲ့ပုံစံဖြစ်၏။ ရှေးယခင့်ယခင် ဂန္တဝင်ပုံစံမှ သွေဖီကာ ကာရန်မဲ့ကဗျာတွေ ရေးလာကြသည်။ ရေးသူကလည်း ရေး၍ အယ်ဒီတာတွေကလည်း ထည့်ပေးနေကြသည်။ ဤတွင် ကာရန်မဲ့ကဗျာ အရေးအသားနှင့် ပတ်သက်၍ စာရေးဆရာကြီးများ၏ ရှုမြင်ပုံကို ကောက်နုတ်တင်ပြလိုပါသည်။ စာရေးဆရာကြီး ဦးရန်အောင်ဆိုလျှင် ကာရန်မဲ့ကဗျာများနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ရှိပုံ ရသည်။ သည့်အတွက် အောက်ပါအတိုင်း တုံ့ပြန်ရေးသားခဲ့ပါသည်။ “‘ကဗျာ မခက်ပါဘူး စာကြောင်းလေးတွေကို လေးငါးခြောက်ကြောင်းလောက် အထက်အောင် စီရေးရင် ကဗျာဖြစ်တယ် အဲဒါ ကဗျာလို့ ခေါ်တယ်” ဟူသတည်း။ ထိုနည်းတူ စာရေးဆရာကြီး ဦးသိန်းဖေမြင့်ကလည်း… “ကျွန်တော် ကာရန်မဲ့ကဗျာကို အားမပေးဘူး။ […]


manawphyulayAugust 29, 20121min39118
ASIA MASTERS ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်း အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အပတ်စဉ် အခမဲ့ ဆွေးနွေးပွဲ (ဟိုတယ်၊ စားသောက်ဆိုင်၊ သင်္ဘောလိုင်း၊ လေကြောင်းလိုင်း၊ အရောင်းဆိုင်) ASIA MASTERS ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်းမှ ပညာရေးချို့တဲ့သူများနှင့် ဘွဲ့ရပြီး အလုပ်အကိုင်ရှာဖွေနေသည့် မြန်မာလူငယ်များအတွက်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ မည်သူမဆို တက်ရောက်လေ့လာနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။ အကြောင်းအရာ ။ ။ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆွေးနွေးပွဲ။ နေ့ရက် ။ ။ အပတ်စဉ် (စနေနေ့တိုင်း) အချိန် ။ ။ ညနေ (၀၃: ဝ၀)နာရီမှ (၀၄း၃၀) နာရီထိ နေရာ ။ ။ ASIA […]


manawphyulayAugust 28, 20121min2033
မနောဖြူလေး။ ။မင်္ဂလာပါ ကိုကြီး။ကျွန်မ သိချင်တာလေးတွေ ဆက်မေးခွင့်ပြုပါနော်။ မလေးရှားရောက် မြန်မာစုံတွဲတွေ ဘယ်လို အိမ်ထောင်ပြုကြသလဲ သိချင်ပါတယ်ရှင်။ ကိုကြီး။ ။ မင်္ဂလာပါ ညီမလေး။ အင်း ပြောရရင်တော့ ကျွန်တော် သိသလောက်ပေါ့လေ သုံးမျိုး သုံးစားရှိကြပါတယ်ခင်ဗျာ။ (၁) သံရုံး ကို အကြောင်းကြားပြီး သံရုံးကို အသိသက်သေထား လက်ထပ်ခြင်း။(၂) အတူတူနေ ထိုင်လက်ထပ်ခြင်း(living together)(to live together) (၃) မိဘဆွေမျိုးများအား အသိပေးကာ မိတ်ဆွေများအား ဖိတ်ကြားပြီး လက်ထပ်ခြင်း ပေါ့လေ။ ပထမ လက်ထပ်နည်း အတွက်က အလုပ်တော့ တော်တော်များတယ်လေ။ မြန်မာပြည်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမူှးတွေဆီမှာ လူပျို၊ အပျိုဖြစ်ကြောင်း ထောက်ခံစာ၊ရဲစခန်းကလည်း မှန်ကန်ကြောင်း ထောက်ခံစာ။ပြီးရင် နိုင်ငံခြားရေးဝန်ကြီးရုံးက လူပျို၊အပျိုဖြစ်ကြောင်း ထောက်ခံစာ […]


manawphyulayAugust 25, 20121min29617
မနေ့က ကံကောင်းလို့ အိမ်ပြန်ရောက်တယ်။ အလုပ်ကပြန်တော့ ဟိုဝင်ဒီဝင်နဲ့ မုန့်စားဘာစားလုပ်ပြီးသကာလ ကားတက်စီးလိုက်တာ အလုံမြို့နယ် ဆင်မင်းဈေးမရောက်ခင်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေလို့ ကားသမားကဆင်းပြီး သွားစပ်စုလိုက်တဲ့အခါ လူအများ ကားကြောတွေဘယ်လိုမှဖြတ်လို့မရဘူး အေရှားဝေါရှေ့မှာ ဆန္ဒပြနေတယ်ပြောပါရော.. ဒါနဲ့ ကားသမားက စောင့်ကြည့်တာ အကြောင်းမထူးတာနဲ့ အထက်ကြည်မြင်တိုင်ဘက်ကသွားမယ်ဆိုပြီး ပြန်ကွေ့မောင်းတယ်။ နှင်းဆီကုန်းလမ်းကပြန်ဝင်ပြီးအထက်ကနေ တက်လည်းတက်ရော အထက်မှာလည်း ပိတ်နေတယ် ဘယ်လိုမှသွားလို့မရဘူး။ ဘယ်ကဘယ်လိုဖြတ်ထွက်ရမှန်းမလည်းမသိ အချိန်ကလည်း ည ၈ နာရီခွဲနေပြီ… တော်တော်ကြာ စောင့်ပြီးတဖြည်းဖြည်းသွားလိုက်တာ အိမ်ကို ၉ နာရီ ၄၅ မိနစ် ပြန်ရောက်တယ်။ ကားဂိတ်မှာ အိမ်ရှိလူကုန်လာစောင့်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်းပြရတယ်။ ရန်ကုန်မြစ်အတွင်း စီးဝင်နေသော ပင်မမြောင်းကြီးတစ်ခု ပိတ်ဆို့မှုနှင့်ပတ်သက်၍ အေးရှားဝေါကုမ္မဏီ အရှေ့တွင် ဩဂုတ်လ (၂၄)ရက်နေ့ကလူ(၃ဝဝ)ကျော်စုရုန်းခဲ့ကြပြီး ထက်ကြည့်မြင်တိုင်လမ်းနှင့်အောက်လမ်းရှိယဉ်ကြော များ (၅)နာ […]


manawphyulayAugust 24, 20121min33211
ကျွန်မတစ်ယောက် အင်တာနက် စာမျက်နှာမှာ ဗဟုသုတတွေရှာဖွေရင်း အမှတ်မထင် အစ်ကိုကြီး တစ်ယောက်နဲ့ ခင်မင်ရင်းနှီးသွားခဲ့တာကြောင့် စကားစပ်မိရင်း အစ်ကိုကြီး(ကိုကြီး) နဲ့ အွန်လိုင်းမှာ အမေးအဖြေလေးတွေ မေးရင်းနဲ့ နိုင်ငံခြားရောက်နေသူတစ်ဦးရဲ့ အတွေ့အကြုံလေးတွေကို အများပြည်သူ သိအောင် တင်ပြပေးလိုက်ပါတယ်ရှင်။ မနောဖြူလေး။ ။ မင်္ဂလာပါ။ ကိုကြီးနဲ့ အခုလိုခင်မင်ခွင့်ရတာ အရမ်းကို ဝမ်းသာမိပါတယ်ရှင်။ ဒါနဲ့ ကိုကြီးက အခု ဘယ်နိုင်ငံမှာ အလုပ်လုပ်နေတာပါသလဲရှင်။ ကိုကြီး။ ။ ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် အခု လက်ရှိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ အထည်စက်ရုံမှာ lab supervisor ရာထူးနဲ့ အလုပ်လုပ်နေပါတယ်ခင်ဗျာ။ မနောဖြူလေး။ ။ ကိုကြီးအနေနဲ့ပေါ့လေ ဘယ်လောက်ကြာကြာ မလေးရှားကို ရောက်နေပါသလဲရှင်။ ဘာကြောင့် နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်တာပါသလဲရှင်။ […]