အေးရှားဝေါရှေ့ ဆန္ဒပြမှုဖြစ်ပွားခြင်း

manawphyulayAugust 25, 20121min20217

မနေ့က ကံကောင်းလို့ အိမ်ပြန်ရောက်တယ်။ အလုပ်ကပြန်တော့ ဟိုဝင်ဒီဝင်နဲ့ မုန့်စားဘာစားလုပ်ပြီးသကာလ ကားတက်စီးလိုက်တာ အလုံမြို့နယ် ဆင်မင်းဈေးမရောက်ခင်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေလို့ ကားသမားကဆင်းပြီး သွားစပ်စုလိုက်တဲ့အခါ လူအများ ကားကြောတွေဘယ်လိုမှဖြတ်လို့မရဘူး အေရှားဝေါရှေ့မှာ ဆန္ဒပြနေတယ်ပြောပါရော.. ဒါနဲ့ ကားသမားက စောင့်ကြည့်တာ အကြောင်းမထူးတာနဲ့ အထက်ကြည်မြင်တိုင်ဘက်ကသွားမယ်ဆိုပြီး ပြန်ကွေ့မောင်းတယ်။ နှင်းဆီကုန်းလမ်းကပြန်ဝင်ပြီးအထက်ကနေ တက်လည်းတက်ရော အထက်မှာလည်း ပိတ်နေတယ် ဘယ်လိုမှသွားလို့မရဘူး။ ဘယ်ကဘယ်လိုဖြတ်ထွက်ရမှန်းမလည်းမသိ အချိန်ကလည်း ည ၈ နာရီခွဲနေပြီ… တော်တော်ကြာ စောင့်ပြီးတဖြည်းဖြည်းသွားလိုက်တာ အိမ်ကို ၉ နာရီ ၄၅ မိနစ် ပြန်ရောက်တယ်။ ကားဂိတ်မှာ အိမ်ရှိလူကုန်လာစောင့်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်းပြရတယ်။ ရန်ကုန်မြစ်အတွင်း စီးဝင်နေသော ပင်မမြောင်းကြီးတစ်ခု ပိတ်ဆို့မှုနှင့်ပတ်သက်၍ အေးရှားဝေါကုမ္မဏီ အရှေ့တွင် ဩဂုတ်လ (၂၄)ရက်နေ့ကလူ(၃ဝဝ)ကျော်စုရုန်းခဲ့ကြပြီး ထက်ကြည့်မြင်တိုင်လမ်းနှင့်အောက်လမ်းရှိယဉ်ကြော များ (၅)နာ ရီကျော်အကြာ ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

အဆိုပါကွန်တိန်နာများအတင်အချပြုလုပ်ရာ အေးရှားဝေါဆိပ်ကမ်းရုံးဝင်းအောက်ခြေရှိ ရေမြောင်းကြီးပိတ်ဆို မှုနှင့်ပတ်သတ်ပြီး ကြည်မြင်တိုင်နှင့်အလုံမြိုနယ်များမှ ဒေသခံများက စုဝေးကာ ယာဉ်သွားလာမှုကို ပိတ်ဆို့ဖြတ်တောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

မနက်ကလည်းတော့ ကြည့်လိုက်တာ ကာထားတာတွေ အကုန်ခွာချထားတာ တွေ့ရတယ်။ ကရိန်းနဲ့တော့ မြောင်းကို အေးရှားဝေါက လုပ်နေတာ တွေ့တယ်။ အရင်ထဲက လမ်းကြောပိတ်ပါတယ်ဆိုမှ ခုတော့ ပိုဆိုးနေတာပေါ့။

17 comments

  • ရွှေ ကြည်

    August 25, 2012 at 4:08 pm

    အယ် အဲလိုဖြစ်သွားသေးတာလား။ သတင်းအတွက် ကျေးဇူးပါမမနောရေ။

  • si tone

    August 25, 2012 at 4:42 pm

    အဲဒါဆို မမ မနော…. အိမ်ပြန်နောက်ကျတာပေါ့

  • ဆူး

    August 25, 2012 at 5:07 pm

    မနေ့က သတင်းကြားတယ်။ အေးရှားဝေ က မြောင်း အပေါ်မှာ ပိုးပြီးတော့ တိုက်တောင် ဆောက်နေတာ.. စိတ်ထဲမှာတော့ ပညာရှင်တွေ ရှိတယ် ဆိုတော့ ရေမပိတ်အောင် လုပ်ပေးနိုင်လို့ ဖြစ်မယ် ထင်တယ်။ ခေတ်ကလည်း တိုးတက်လာပြီပဲလို့ တွေးတောင် တွေးမိလိုက်သေးတယ်။
    အနိစ္စ အစစ်ပဲ…

  • cobra

    August 25, 2012 at 7:04 pm

    အဲ့လိုလုပ်လိုက်တာကောင်းပါတယ်လေ…
    ဒါမှလည်းမြောင်းတွေမပိတ်တော့မှာ
    လူတွေလည်းမြောင်းထဲအမှိုက်ပြစ်တာကိုရပ်သင့်နေပါပီ..။

  • htoosan

    August 25, 2012 at 8:49 pm

    မြောင်းပိတ်ဆို့လို့ ဆန္ဒပြတဲ့ သူတွေကို ကားပိတ်ဆို့လို့ ပြန်ဆန္ဒ ပြရမယ် .. 👿

    • ဆူး

      August 26, 2012 at 10:52 am

      ကားပိတ်နေတဲ့ အချိန်မှာ ကိုယ့်လမ်း မဟုတ်ပဲ တန်းစီနေတဲ့ ကားတွေကို အတင်းတက်ပြီး ဖြတ်ကျော်.. ပြိီးတော့ မျက်နှာချင်းဆိုင် ကားလာတော့ ကြားခိုး အတင်းဖြတ်ပြီး အတင်းတိုး.. အစဉ်အတိုင်း တန်းစီနေတဲ့ သူတွေကို နစ်နာတာတွေ ပြီးတော့ တဖက်က လမ်းကြောကလည်း အတင်းတိုးတက်တဲ့ ကားကြောင့် ဖြောင့်ဖြောင့် မမောင်းရပဲ လမ်းပိတ်လို့ ကြန့်ကြာမှုတွေ အတွက် အရေးယူပေးဖို့ ဆန္ဒပြသင့်တယ်။
      ကြပ်တဲ့ လမ်းတိုင်းမှာ တဖက်လမ်းကြော ကို အတင်းတိုးတက်ပြီး လမ်းလု ချင်တဲ့ ကားတွေ အတွက် သီးသန့် စားဖို့ မော်တော်ပီကယ်တွေကို ချပေးလိုက်ရင် တခါတည်း လျော့သွားမှာ..
      ကိုယ့်ယာဉ်ကြော မဟုတ်ပဲ အတင်းတက်မောင်းလာတဲ့ ကားတစီးကို ၅၀၀ဝ လောက်သာ ကောက်လိုက်.. မပေးနိုင်ရင် ကား နံပါတ် ဖြတ်ပြီး ချလန်ဖြတ်.. ၁သိန်းလောက် ကောက်လိုက်ရင် မိုက်ရူးရဲ့ ဗိုလ်ကျ ချင်တဲ့ တက္ကစီ သမားတွေ ဘစ်ကားသမားတွေ ပိုက်ဆံ ကြောင့် လန့်ပြီး ငြိမ်ကျသွားလိမ့်မယ်။

      • Foreign Resident

        August 26, 2012 at 11:46 am

        မဆူး အဆိုကို လှိုက်လှိုက် လဲလဲ ထောက်ခံပါတယ် ။

        • nozomi

          August 26, 2012 at 12:17 pm

          ကျွန်တော်လဲ ထောက်ခံပါတယ်

  • မောင်မောင်ဂေါက်

    August 25, 2012 at 9:01 pm

    ဂျီးဒေါ်ကလည်း အိမ်ပြန်နောက်ကျတာ
    တောင်လေးတစ်ရောက်နဲ့ တွေ့နေလို့လို့ ပြောလိုက်ပီးရော .. :mrgreen:
    မနေ့က အနော်လည်း ရုံးကပြန်တော့
    ကားတွေ တအား ပိတ်နေတယ်ဗျ ..
    ဆန္ဒပြနေလို့ ဟုတ်ဘူး .. ရေကြီးနေလို့ .. 😀

  • the best

    August 25, 2012 at 9:02 pm

    စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် သုံးမြို့ပေါင်းစီးဆင်းတဲ့ ရေဆင်းမြောင်းကို
    အေးရှားဝေါလ်ဆိပ်ကမ်း မှ ကွန်ကရစ်များနဲ ့ ပိတ်ဆို့ထားမှုရှိနေတာ ကြောင့်
    ရေများမစီးဆင်းနိုင်ဘဲ အနီးအနားရပ်ကွက်များသို့ လျှံထွက်ကာ
    ပေါင်လယ်ခန့်ထိ နစ်မြုပ်ခဲ့တာကြောင့် အေးရှားဝေါလ်ဆိပ်ကမ်းကုမ္ပဏီရှေ့မှာ
    ဆန္ဒဖော်ထုတ် တောင်းဆိုရတာလို ့ သိရသည်။

    ဒီလို Asia World ဆိပ်ကမ်းက ရေမြောင်းကို ပိတ်ဆို ့လိုက်တဲ့ အတွက်ကြောင့်
    ဖြစ်လာတဲ့အကျိုးဆက်ဟာ ဘယ်သူ ့မှာတာဝန်ရှိနေလဲ။

    Asia World ရဲ့ အင်ဂျင်နီယာတွေ ဘာကြောင့် ဒီလိုလုပ်ခဲ့ရသလဲ။
    သက်ဆိုင်ရာမြို ့နယ်စည်ပင်က ဘာကြောင့် ခွင့်ပြုခဲ့တာလဲ။

    Asia World ရဲ့ အင်ဂျင်နီယာတွေ ရောသက်ဆိုင်ရာမြို ့နယ်စည်ပင်ပါ
    Health,Safety and Environment ( HSE ) System ကိုနားမလည်ကြလို ့ပဲ။

    ဘယ်လုပ်ငန်းမဆို ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုဟာ
    ပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်စေမလဲ။

    ပတ်ဝန်းကျင်ရဲ့ ကျန်းမာရေး နဲ ့ လုံခြုံမှုကို
    ဘယ်လို အကျိုးဆက်တွေဖြစ်စေမလဲဆိုတာကို သိဖို ့လိုပါတယ်။

  • pyopyo may

    August 25, 2012 at 9:41 pm

    အဲဒီ ညက မ မနော လို အိမ်အပြန်
    နောက်ကျ တဲ့ သူတွေ
    ဘယ်လောက်များ ရှိနေမလည်း
    မိသားစု တွေ
    ဘယ်လောက် စိတ်ပူပင် နေကြမလည်း
    ဆိုတာ တွေးနေ မိတယ်

  • Crystalline

    August 26, 2012 at 9:42 am

    မ မနောရေ..ကျမတို့နားဖြစ်တာ..အိမ်ကနိမ့်တော့ အပြင်ကားဂိုထောင်ရော..အိမ်မကြီးကိုပါရေတွေဝင်လို့ ပါကေးတွေပျက်စီးကုန်တယ်..တရက်ခြား ၂ခါဆက်ဖြစ်တော့ ကျွန်းပါကေးလည်းမခံနိုင်ပဲ ကြွကုန်တယ်.. ကျမတို့ကတော့ဆန္ဒပြမအားပါဘူး..ကိုယ့်အိမ်ကိုပြန်ရှင်းရတာ ပရိဘောဂတွေကိုရွှေ့ပြီး ပြန်အခြောက်ခံရ လူက ခါးတောင်နာသွားတယ်. သူတို့တွေကြီးပွားပါစေ..သူများဒုက္ခရောက်တာကသူတို့နဲ့မဆိုင်ပါဘူးလေ 🙁

    • ကြောင်ကြီး

      August 26, 2012 at 10:17 am

      သနားလိုက်တာ ခရစ်စတယ်ဂလေးရယ်၊ လာကူသယ်ပေးချင်ပေမယ့် ရှာရာပိုဗာလေး ခါးညောင်းနေလို့ ဦးကြောင်နှိပ်ပေးနေရတယ်။ လောလောဆယ် ပရုပ်ဆီလိမ်းထားလိုက်၊ ရှာရာလေး သက်သာသွားရင် ဦးကြောင် အပြေးလာခဲ့မယ်။ ကြုံလို့ပြောရအုံးမယ် သူလေ သိပ်ဆိုးတာပဲ၊ ပြောတော့ ခါးလေးတင်ပါဆိုပြီး တကယ်လည်းနှိပ်ရော ကြောင်ကြီးကို ဇွတ်အတင်း ….။။ အဲလိုမျိုး ခရစ်စတယ်လေးလည်း မဆိုးရဘူးနော်…. ဦးကြောင်က ဟင်းရွက် ကန်စွန်းရွက် မဟုတ်ဘူးကွဲ့….

  • paukpauk

    August 26, 2012 at 2:27 pm

    ဘိန်းရောင်းရတဲ့ငွေကို ပြည်တွင်းမှာ ခဝါချခွင့်ပေးထားလိုက်တော့ အိမ်တွေ မြေတွေလိုက်ဝယ်ဈေးကစားကြတယ်။ ပြည်သူတွေ နေတဲ့မြေကွက်တွေမှာ ပြည်သူလူထုတွေ မဝယ်နိုင်တော့လောက်အောင် ဖြစ်စေခဲ့တာ လော်စစ်ဟန်တို့ ခွန်ဆာတို့ ရဲ့လက်ချက်မကင်းဘူးဆိုတာ… ပြည်သူတွေနောင်လာတဲ့မျိုးဆက်တွေ သိထားဘို့လိုတယ်။
    ပြည်သူပိုင်ဆိပ်ကမ်းတွေကို ပိုင်ရာဆိုင်ရာ တွေနဲ့ပေါင်းပြီး အပိုင်စီးရုံမကဘူး တစ်ခုမှ မလျှံဘူးတဲ့ရေတွေ ကျုပ်တို့ ရပ်ကွက်တွေမှာ လျှံကုန်လို့ ရေတင်တဲ့ မော်တာတွေ လောင်ကုန်တယ်။ အိမ်အပြင်အဆင်တွေ ပျက်စီးကုန်တယ်။ လားလား သွားကြည့်တော့မှ ရေမြောင်းကြီးကို ပိတ်လို့ တစ်ဝက်တောင် ထွက်ပေါက်မရှိတော့ဘူး ကွန်ကရစ်တွေလောင်းပိတ်ထားလိုက်ကြတာကိုး။

  • snow white

    August 26, 2012 at 4:40 pm

    တော်သေးတာပေါ့ တို့မမအိမ်ပြန်ရောက်လို့ မရောက်ရင် ဝါကျွတ်တစ်ပွဲ စားရတော့မယ် ကံကောင်းတယ် မမ။။

    • manawphyulay

      August 27, 2012 at 9:31 am

      ဟွန်းနော်… မကျွေးချင်သေးလို့ အိမ်အရောက်ပြန်တာ ဘာသိလဲ… 😛

  • ပစ်ပစ်ချန်

    August 26, 2012 at 9:33 pm

    သများလည်း အရပ်ကလေးပုတက်ပုတက်နဲ့ ရေးကူးပြန်လာလိုက်ရတယ်လေ
    ဟွင့်……..ဟွင့်…. 😥

Leave a Reply