manawphyulayAugust 25, 20121min20417
မနေ့က ကံကောင်းလို့ အိမ်ပြန်ရောက်တယ်။ အလုပ်ကပြန်တော့ ဟိုဝင်ဒီဝင်နဲ့ မုန့်စားဘာစားလုပ်ပြီးသကာလ ကားတက်စီးလိုက်တာ အလုံမြို့နယ် ဆင်မင်းဈေးမရောက်ခင်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေလို့ ကားသမားကဆင်းပြီး သွားစပ်စုလိုက်တဲ့အခါ လူအများ ကားကြောတွေဘယ်လိုမှဖြတ်လို့မရဘူး အေရှားဝေါရှေ့မှာ ဆန္ဒပြနေတယ်ပြောပါရော.. ဒါနဲ့ ကားသမားက စောင့်ကြည့်တာ အကြောင်းမထူးတာနဲ့ အထက်ကြည်မြင်တိုင်ဘက်ကသွားမယ်ဆိုပြီး ပြန်ကွေ့မောင်းတယ်။ နှင်းဆီကုန်းလမ်းကပြန်ဝင်ပြီးအထက်ကနေ တက်လည်းတက်ရော အထက်မှာလည်း ပိတ်နေတယ် ဘယ်လိုမှသွားလို့မရဘူး။ ဘယ်ကဘယ်လိုဖြတ်ထွက်ရမှန်းမလည်းမသိ အချိန်ကလည်း ည ၈ နာရီခွဲနေပြီ… တော်တော်ကြာ စောင့်ပြီးတဖြည်းဖြည်းသွားလိုက်တာ အိမ်ကို ၉ နာရီ ၄၅ မိနစ် ပြန်ရောက်တယ်။ ကားဂိတ်မှာ အိမ်ရှိလူကုန်လာစောင့်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်းပြရတယ်။ ရန်ကုန်မြစ်အတွင်း စီးဝင်နေသော ပင်မမြောင်းကြီးတစ်ခု ပိတ်ဆို့မှုနှင့်ပတ်သက်၍ အေးရှားဝေါကုမ္မဏီ အရှေ့တွင် ဩဂုတ်လ (၂၄)ရက်နေ့ကလူ(၃ဝဝ)ကျော်စုရုန်းခဲ့ကြပြီး ထက်ကြည့်မြင်တိုင်လမ်းနှင့်အောက်လမ်းရှိယဉ်ကြော များ (၅)နာ […]