manawphyulayJune 6, 20121min29114
အမြည်းတော့မပါဘူးနော။ အချိန်မလောက်လို့ မနက်ဖြန်မှ ဆက်တင်ပေးမယ်နော် ခုတော့ ဒါလေးတွေပဲ သောက်ထားဦး။ နောက်မှ ထပ်တိုက်တော့မယ်။


manawphyulayJune 6, 20121min46930
မန်းဂေဇက်အတွင်း ရေးသားသူများသည် နယ်နယ်ရရများ မဟုတ်ကြောင်းကို မကြာခင်က ဖတ်ရှုမိသည့် စာစောင်များတွင် တွေ့ရှိရပါတယ်။ ခုအပတ်စဉ်ဆက်ဆိုသလို တွေ့ရှိနေရတဲ့ စာမူရေးသားသူကတော့ ဆရာ ထက်ဝေးဖြစ်ပြီး ၂၅ ရက်နေ့ ၅ လပိုင်းထုတ် မန္တလေး အလင်းဂျာနယ်တွင် အင်တာနက် ဇာတ်လမ်း ၂ ကိုတွေ့ရှိရပြီး နောက်ထပ် ထပ်မံ ၁ ရက်၊ ၆ လ၊ ၂၀၁၂ ထုတ် မန္တလေး အလင်းဂျာနယ်တွင် ဆရာထက်ဝေး၏ ညီမလေး ဖတ်ဖို့ ဆောင်းပါးထဲက စိတ်အလှဖြင့် လောကကို အလှဆင်စေကို တွေ့ရှိရပြန်ပါတယ်။ ထို စာမူများသည် ဂေဇက်တွင် ဖေါ်ပြပြီးသော စာမူများဖြစ်သည်။ ထို့ကြောင့် ဂေဇက် ဝက်ဆိုက်ကို ဂုဏ်ယူမိပါတယ်။ ထို့ အတူ ဂေဇက်၏လုပ်ရှားမှုကို သတင်းအဖြစ် ဧရာဝတီ […]


manawphyulayJune 5, 20121min41620
အိမ်က အပင်မှ သရက်သီးခူးရင်းနဲ့ ရိုက်ကြည့်ထားတာပါ။ အလုံးက ကြီးပေမယ့် အရသာ သိပ်မရှိပါဘူး။ မသိတဲ့သူတွေကတော့ အိမ်ခြံကနေဖြတ်သွားတိုင်း အပင်ကို မော့ကြည့်တဲ့သူတွေပါပဲ။ တချို့ဆို ခဲနဲ့ပစ်ချတဲ့သူတောင် ရှိပါတယ်။ မိုးတွင်းကြွေချိန်ဆို အိမ်နားက လူတွေတောင် လာမကောက်ကြပါဘူး။ အလုံးအဖန် ကြီးပြီး လှသလောက် စားရတာ အရသာမရှိလို့ပါပဲ။


manawphyulayJune 2, 20121min2298
ကြီးပွားရေးလမ်းကြောင်းလျှောက်လှမ်းရာတွင် မရှိမဖြစ်လိုအပ်သည့်အချက် ၁ဝ ချက် 1. အချိန်၏တန်ဖိုး အချိန်ကိုတန်ဖိုးရှိစွာသုံးပါ။ မဖြုန်းတီးပါနှင့်။ အချိန်နဲ့ ဒီရေသည် လူကိုမစောင့်တဲ့။ 2. ဇွဲ၊လုံ့လ၏ စွမ်းအား ဇွဲရှိပါ။ လုံးဝလက်မလျှော့ပါနှင့်။ မအောင်မြင်မချင်း ဆက်လက်လုပ်ဆောင်ပါ။ 3. အလုပ်အပေါ်ပျော်ပိုက်ခြင်း။ မပျင်းပါနှင့်။ တက်ကြွစွာဆောင်ရွက်ပါ။ စိတ်ပါဝင်စားစွာ အလုပ်လုပ်ခြင်းဖြင့် အလုပ်မှာ ပျော်မွေ့ပါစေ။ 4. သည်းခံခြင်း၏အစွမ်း။ စိတ်ရှည်ပါ ။ဒေါ်သမထွက်ပါနှင့်။ စိတ်မတိုပါနှင့်။ တစ်ခါတလေ သည်းမခံနိုင်တဲ့ထိ သည်းခံတဲ့အခါ သည်းခံခြင်းရဲ့ အကျိုးကို ခံစားရပါလိမ့်မယ်။ 5. လေးစားခြင်း လူသားအားလုံးအပေါ်လေးစားပါ။ ငယ်သည် ကြီးသည်မရွေး လေးစားပါ။ 6. တာဝန်သိတတ်မှု။ တာဝန်ကိုမရှောင်လွဲပါနှင့်။ တာဝန်သိပါ။ ကိုယ့်တာဝန် ကိုယ်ကြေပါ။ 7. သတိရှိခြင်း။ အချိန်တိုင်း သတိရှိပါ။ မပေါ့လျော့ပါနှင့်။ 8. […]


manawphyulayMay 29, 20121min2065
အင်တာဗျူးလေးလည်း မအားတာနဲ့ မမေးဖြစ်ဘူး။ ခုမှ ဆက်မေးဖြစ်တော့တယ်။ ခု မလေးကို အောက်လမ်းက သွားကြတယ်ပြောတယ်။ ဘယ်လိုလုပ်ပြီး သွားကြတာလဲဆိုတာလည်း သိရင် တစ်ဆိတ်လောက် ပြောပြပေးပါလား။ ကျွန်တော် ပြောခဲ့သလိုပေါ့ ထိုင်းမှာ အနေကြာလာတော့ စရိတ်ကလည်းပြတ်လာ သွားစရာနိုင်ငံ ၊အလုပ်တွေ မရှိတော့ မိမိ ကျွမ်းကျင်နေထိုင်ခဲ့ဘူးသော မလေးရှားသည်သာလျှင်နောက်ဆုံးခြေလှမ်းမို့ နယ်စပ်ကိုဆင်းလာခဲ့ပါတယ်ခင်ဗျာ။ထိုင်းနယ်စပ်ရောက်တော့ စုံစမ်းချက်အရ မိမိတို့အရင်ကအတိုင်း တရားဝင် ဝင်လို့ မရတော့တဲ့အတွက် ခိုးဝင်လမ်းတွေ ပေါ်လာပြီပေါ့ဗျာ။ ခိုးဝင်နည်းလမ်းများကတော့ လှေနဲ့ ခိုးဝင်နည်း၊ရထားဖြင့်ခိုးဝင်နည်း။နယ်စပ်တောလမ်းမှ ခိုးဝင်နည်း၊ ကားဘောနက်အဖုံးအတွင်းလိုက်ပါနည်း၊ကွန်တိန်နာ အတွင်းလိုက်ပါနည်း စသည်ဖြင့် နည်းမျိုးစုံပေါ်လာပြီပေါ့နော်။နယ်စပ် ရထား၊ကားဂိတ်တွေမှာ လူပို့အေးဂျင့်တွေကလည်း တန်းစီပြီး လူရှာကြတာပေါ့ဗျာ။ ကျွန်တော်လည်း ဟတ်ချိုင်း က ဝင်နည်းကို သိပ်မကြိုက်တာကြောင့် စွန်ဂိုင်းဂလုတ် ဆိုတဲ့ နောက်နယ်စပ်တစ်ခုဆီသို့ ဦးတည်ရထားစီးလာခဲ့ပါတယ်ခင်ဗျာ။ဘန်ကောက်က သူငယ်ချင်းပေးလိုက်တဲ့ […]


manawphyulayMay 25, 20121min29914
ခေတ်တစ်ခေတ်ရဲ့ခြေလှမ်း လှမ်းအဝင်မှာ ပြောင်းလဲခြင်းတွေ စနေပြီတဲ့ လူအများ ပြောတဲ့စကား ယုံလိုက်ရမလား… ဘတ်စ်ကားစီးရင်း စဉ်းစား ကားလမ်းကြောကလည်း ပိတ်လိုက်တာ ဟိုနားဒီနား စီးတာတောင် နှစ်ညအိပ်သုံးရက် အဝေးခရီးသွားနေသလို ရောက်တဲ့ခရီး ဝမ်းသာအားရ ဆင်းနေစဉ် အမှောင်ကမ္ဘာထဲ စလျှောက်လှမ်းမိ ဟိုက်… ငါတို့ရပ်ကွက် မီးပျက်နေပါလား…. ဒါကြောင့် ပြောင်းလဲခြင်းသဘောတရားပေလား…. ဘတ်စ်ကားခရီးစဉ်ကအစ i Pay card နဲ့ ပြောင်းလဲကျင့်သုံးလာ i Pay Card နဲ့ စီးပြန်တော့ စက်ပျက်နေသတဲ့ စပယ့်ယာအသံ ကြားယောင်ပြန် ဖြည်းဖြည်းလျှောက်ရင် ဝေးဝေးရောက်မယ် စကားများများကိုလည်း မနက်ဖြန်မှ ပြောတော့မယ်….. ၂၄.၅.၂၀၁၂ ည ၉ နာရီ ၃ဝ မိနစ်တွင် ဖယောင်းတိုင်ထွန်းပြီး မနောဖြူလေး ခံစားရေးဖွဲ့သည်။


manawphyulayMay 24, 20121min2098
အလှတရား ရင်မှာထား ရေကြည်တစ်အိုး ထမ်းပိုးလှူကာ အလှရှာသူ….။ ကြာငုံတစ်ဖူး ဆွတ်ခူးလှူကာ အလှရှာသူ…။ ဆီမီးတစ်ခွက် တင်ဆက်လှူကာ အလှရှာသူ…။ ပုတီးတစ်ကုံး စွဲသုံးမွေ့စွာ အလှရှာသူ…။ ယူတတ်လျှင်ရ လှူတတ်လျှင် လှသတဲ့…။ ဘဝမှာ အလှရှာ ရှာတတ်ရင် ခရီးမဝေး ကုသိုလ်ရေးမို့ ပီတိဝေစေဖို့ တစ်နိုင်တစ်ပိုင် အလှူပြုကြပါစို့….


manawphyulayMay 22, 20121min44423
ဪ… ကမ္ဘာ့ရွာတဲ့။ လူအများပြောတဲ့စကား နားမှာ ပဲ့တင်ထပ် အထပ်ထပ်ကြားယောင် လိုင်းကားပေါ်တက် ကားခအပေး စပယ့်ယာအသံ “ဟယ်လို”တဲ့…..။ ၂ သိန်းတန်ဖုန်း ကျယ်ပြန့်နေပြန် လမ်းဘေးဈေးသည် ဈေးဝယ်ကို သူ စိတ်မဝင်စား သူ ပြောနေတာ “ဟယ်လို” တဲ့……။ လမ်းလျှောက်ရင်း ဝင်တိုက် တောင်းပန်တဲ့အပြော ကြားရလေမလား ဂရုစိုက် နားထောင် “ဟယ်လို” ကြားရလားတဲ့။ ရွာတော့ ရွာပဲ တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှုမဲ့ရွာများ ဖြစ်သွားမှာ စိုးရိမ်မိတယ် “ဟယ်လို” တို့ရယ်……။


manawphyulayMay 22, 20121min1391
မလေးရှားကနေ မြန်မာပြန်တော့ ထိုင်းနိုင်ငံဘက် ရောက်ခဲ့သေးတယ်ဆို။ အဲဒီမှာ တွေ့ကြုံပုံလေးတွေလည်း ပြောပြပေးပါလား။ မလေးရှားမှာ ဒုက္ခနဲ့ သုခပေါင်းစုံ ခံစားရင် မြန်မာပြည်ကို လေးနှစ်နဲ့ နှစ်လ အကြာမှာ suband လေဆိပ်မှ တစ်ဆင့် ပြန်လာခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်သော်လည်း နိုင်ငံခြားမှာ နေခဲ့သူမို့ ကိုယ့်နိုင်ငံမှာ ငွေရှာဖွေရ ခက်ခဲသေးတာကြောင့် ဒုတိယမြောက် ပြန်ထွက်ဘို့ တာဆူရပြန်ပြီပေါ့ဗျာ။ဒီလိုနဲ့ မြန်မာပြည်မှာ ခြောက်လလောက်နေခဲ့ပြီးတဲ့ အခါမှာတော့ passport ပြန်လျှောက်ပြီး နိုင်ငံခြားပြန်ထွက်ဘို့လုပ်ခဲ့ရပြီပေါ့နော်။(နိုင်ငံခြားမှာ ရှိတဲ့ မြန်မာသံရုံးမှာ အခွန်တွေဆောင် ဒဏ်ကြေးတွေပေးနဲ့ နိုင်ငံတော် အတွက် ငွေတွေ ကုန်ခဲ့တာကိုတော့ သိလိုမှာ မဟုတ်တဲ့အတွက် ချန်ထားပါရစေနော်။အသေးစိတ်သိလိုသူများ ရှိရင်တော့လည်း အခါအခွင့်သင့်ရင်ဖြင့် ဖော်ပြပေးပါမယ်ခင်ဗျာ။)ဒီတစ်ခေါက်တော့ ပထမ တစ်ခေါက် အတွေ့အကြုံအရ ထိုင်းနိုင်ငံ ဗီဇာ မယူခဲ့ပဲ […]