အလှရှာသူ

manawphyulayMay 24, 20121min1448

အလှတရား
ရင်မှာထား
ရေကြည်တစ်အိုး
ထမ်းပိုးလှူကာ
အလှရှာသူ….။
ကြာငုံတစ်ဖူး
ဆွတ်ခူးလှူကာ
အလှရှာသူ…။
ဆီမီးတစ်ခွက်
တင်ဆက်လှူကာ
အလှရှာသူ…။
ပုတီးတစ်ကုံး
စွဲသုံးမွေ့စွာ
အလှရှာသူ…။
ယူတတ်လျှင်ရ
လှူတတ်လျှင် လှသတဲ့…။
ဘဝမှာ အလှရှာ
ရှာတတ်ရင် ခရီးမဝေး
ကုသိုလ်ရေးမို့
ပီတိဝေစေဖို့
တစ်နိုင်တစ်ပိုင်
အလှူပြုကြပါစို့….

8 comments

  • whitestar

    May 24, 2012 at 2:58 pm

    ဘဝ မှာအလှရှာတာ နဲ့ ကုသိုလ်အလှူပြုတာ
    သွယ်ဝိုက်သုံး နှုန်းထားတာ
    ဝင်္ကဝုတ္တိ အင်္လကာ မြောက်ပါပေတယ်

  • ညလေး

    May 24, 2012 at 9:58 pm

    အလှတရား
    ရင်မှာထား…………လှလိုက်တဲ့စကားလုံးလေးပါ..
    မမ မနောရေ အားပေးရင်း အလှတရား ရှာယူသွားပါတယ်နော်………

  • ပေစိ

    May 24, 2012 at 10:32 pm

    အလှလား အဝေးကြီးမရှာနဲ့ နီးနီးမှာပဲရှိတယ် ဗမာနာမည်အလှ ကုလားနာမည် အမီနာ ၆၂ လမ်း ယူနန်မှာ ညနေ ရ နာရီဆို ဗယာကြော်ဗန်းနဲ့ရောက်နေပြီ အဟိ စတာနော် း )

  • ahnyartamar

    May 25, 2012 at 10:28 am

    ကဗျာကောင်းပြီး ပုံလေးပါလှပါ၏။

  • htet way

    May 27, 2012 at 10:28 am

    ကဗှာ က ကာရန်ကဗျာလေးပါ
    ဖတ်သွားပါတယ် အလှ ရှာ ဖို့ ဆောင်ရွက်ပါ့ယ်

  • krystal lin

    May 29, 2012 at 12:07 pm

    အလှူ လှူတယ်ဆိုတာ လူ့ဘဝမှာ တကယ်မွန်မြတ်တဲ့ ဒါနတစ်ခုပါပဲ။

Leave a Reply