manawphyulayApril 18, 20121min24311
မြို့များစွာထဲမှ ရန်ကုန်မြို့သည် ဘာကြောင့် စည်ကားဆုံးမြို့ဖြစ်နေသနည်း အဖြေရှာကြည့်တော့ လူနေမှုထူထပ်နေခြင်းနဲ့ လူတန်းစားအလွှာအသီးသီးရှိခြင်းဆိုတဲ့အပေါ်တွင် မူတည်နေတာကို တွေ့ရပါတယ်။ ချမ်းသာသော လူတွေချည်းပဲ စုနေတာမဟုတ်သလို လက်လုပ်လက်စားတွေပဲ ရှိနေတဲ့ဝန်းကျင်လည်းမဟုတ်ပြန်ပါဘူး။ လူတန်းစားအလွှာ အသီးသီးရှိနေလို့ပါပဲလို့ ကောက်ချက်ချမိပါတယ်။ အရင်တုန်းကတော့ ရန်ကုန်မြို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်တယ်။ လတ္တီတွဒ် မြောက် ၁၆ ံ ၄၆ နှင့် လောင်ဂျီတွဒ် အရှေ့ ၉၆ ံ ၁ဝ ဆုံရာမှာ တည်ရှိပါတယ်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးချောင်းတို့ဆုံရာ အရပ်မှာ ရှိပြီး။ ပင်လယ်ကူးသင်္ဘောကြီးများဟာ ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းကို ဝင်ထွက်သွားလာနိုင်ကြတယ်လေ၊ ရန်ကုန်မြို့ဟာ ပြည်တွင်းကျောထောက်နောက်ခံနယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့နဲ့ ဆက်သွယ်ရေးလည်း ကောင်းတယ်။ […]


manawphyulayApril 2, 20121min121615
သင်၏ ငွေကြေးရေးရာ ကိစ္စရပ်များကို စည်းစနစ်တကျဖြစ်အောင် အရင်ဆုံး ဖန်တီးလုပ်ဆောင်ပါ။ မည်သည့်အသုံးစရိတ်အတွက် ငွေပမာမည်မျှ သုံးစွဲနိုင်သည် ဆိုသည့် အစီအစဉ်ရေးဆွဲထားခြင်း မရှိပါက ဝင်ငွေ၊ လစာများ နောက်တစ်ကြိမ် ဝင်မလာမီ ကျွန်မတို့ရဲ့ အသုံးစရိတ်များအား ပိုမိုသုံးစွဲထားမိတတ်ပါတယ်။ အဲဒီအခါကျရင် ဝင်ငွေအသစ်များ ဝင်ရောက်မလာမီ ကာလတစ်လျှောက် ကျွန်မတို့ရဲ့ လက်ချည်းသက်သက် မလောက်မငှ ဘဝနဲ့ အသက်ဆက်နေရမှာ ဖြစ်ပါတယ်။ ငွေကို အလွန်အရေးပါသော အရာများတွင် သုံးစွဲရန်အတွက်သာ တာစူထားသင့်ပါတယ်။ ငွေကို မည်သည့်အခါမျှ အလဟဿ ဖြုန်းတီးမပစ်သင့်ပေ။ ကျွန်မတို့ရဲ့ နေ့စဉ်ဝင်ငွေများအား စနစ်တကျ စိစစ်သုံးစွဲမှသာ ငွေကြေး ကြပ်တည်းမှုအခြေအနေကနေ လွတ်မြောက်နိုင်မယ်လို့ ကျွန်မ မြင်မိပါတယ်။ တစ်ခါတလေ ဝင်တဲ့ငွေနဲ့ သုံးတဲ့စရိတ်က မလောက်မငဖြစ်တတ်တာကို သင်တွေ့ရမည် ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ ကျွန်မ […]


manawphyulayMarch 31, 20121min1573
ငါ ပြုံးပြသော် သူက တန်ပြန် ပြုံးလေသည်။ ငါကမဲသော် ငါကဲ့သို့လျှင်၊ မဲ့ဟန်ဆင်၍ သူပင် တုံ့ပြန်တတ်လေသည်။ သစ်သားဘောင်ခတ်၊ ဤမှန်ချပ်သည် စိတ်ဓာတ်မပါ၊ သညာမရှိ သတိမဖက်၊ အသက်ဝိညာဉ် ကင်းလွတ်စဉ်လျှက်၊ တုံ့ပြန်ချက်သည် ငါ့အတွက် သင်ခန်းစာပါတကား။


manawphyulayMarch 29, 20121min46812
နိုင်ငံတကာပညာရေးပြပွဲမှာ လာရောက် ရောင်းချတဲ့ ကိုရီးယားနိုင်ငံထုတ် ဂေါက်ကွင်းတစ်ခု အိမ်ပေါ်မှာတင် ရှိရုံနဲ့ ဂေါက်ကွင်းရောက်နေသကဲ့သို့ ခံစားရိုက်နိုင်အောင် ဖန်တီးထားတာကို တွေ့ရှိရပါတယ်။ အိမ်တော့ ကျယ်မှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဂေါက်ကွင်းကဲ့သို့ အသုံးပြုလို့ရတဲ့အပြင် ရုပ်ရှင်ပိတ်ကားအဖြစ်လည်း အသုံးပြုနိုင်ပါတယ်တဲ့။ ခြံကျယ်တဲ့သူအတွက်လည်း အဆင်ပြေပါတယ်။ အိမ်ပေါ်တင်ပြီးလည်း ရိုက်နိုင်တာပေါ့နော်။ ဒါနဲ့ မနောလည်း စိတ်ဝင်စားလို့ သွားရောက်စုံစမ်းရင်း ဈေးနှုန်းလေးပါ မေးကြည့်ခဲ့မိပါတယ်။ ဈေးနှုန်းကတော့ ခုလျှော့ဈေးနဲ့ရောင်းချနေပါတယ်။ ယခုလက်ရှိ ၂၂၅ သိန်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါတယ်လို့ ပြောကြားပါတယ်။


manawphyulayMarch 26, 20122min2139
နိုင်ငံတကာ ပညာရေးပြပွဲပေမယ့် ဒီပြင်ပြပွဲတွေလို လူစည်ကားတာ မတွေ့ရဘူး။ ပညာရေးနဲ့ပတ်သက်လို့ လေ့လာမှု အားနည်းတာ တွေ့ရတယ်။ ပညာရေးအားပေးတဲ့ မိဘများနဲ့ ကျောင်းသားအနည်းစုသာ တွေ့ရတယ်။ ပညာရေး အတော် တိုးတက်လာပြီလို့ ဆိုရမှာပေါ့။ ပညာရေးကျောင်းတွေကလည်း ပိုက်ဆံရှိသားသမီးတွေမှသာ တက်ဖို့အဆင်ပြေတဲ့ လမ်းဖြစ်နေတာကိုး။


manawphyulayMarch 23, 20121min1712
Global Education Show Yangon- Myanmar ပြပွဲ ပညာရေး ပြပွဲများ လေ့လာချင်သူများအတွက် အထူးသတင်းကောင်း ဖြစ်ပါတယ်။ Exhibition March 23- 25, 2012 ပြပွဲ – မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေရာကတော့ တပ်မတော်ခန်းမ ဖြစ်ပါတယ်။ မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဦးဝိစာရလမ်း တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည့် Global Education Show တွင် Asia Masters, ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်း ဝင်ရောက်ပြသရန် အသင့် ဖြစ်နေပုံဖြစ်ပါတယ်။ မိမိတို့ရဲ့ သားသားမီးမီးတို့အတွက် ပိုကောင်းတဲ့ Education ပေးလိုသူများ၊ မိမိတို့ကိုယ်တိုင် Life long learning […]


manawphyulayMarch 21, 20121min49916
သင်္ကြန်အတာ၊ ခုချိန်ခါမှာ ဗျာပါပူဆွေး၊ ချစ်သူလေးကို ရေအေးမေတ္တာ၊ လောင်းလိုပါငြား မေကားတနယ်၊ မောင်ဝယ်တကျေး ခရီးဝေးလျက်၊ ကြင်သူသက်ကို ဖြန်းပက်သွန်းခွင့် မသာပြီ။ ပိတောက်နံ့မွှေး၊ နံ့သာအေးကို မေ့ပါးပြင်ထက်၊ မွတ်မွတ်ညက်တွင် ညင်သာဖွဖွ၊ လိမ်းလိုလှလဲ လက်တွေ့မကျ၊ ဝေးလျလျမို့ မှုန်းချယ် သ-ခွင့် မသာပြီ။ ဘယ်လိုပင်ဝေး၊ ကြားလေသွေးလဲ မောင့်ကြင်နာနွေး၊ ချစ်စိတ်ထွေးဖြင့် စိတ်ခြင်းလက်ဆက်၊ ချစ်ခြင်းထပ်ကာ မေတ္တာရင်းမှန်၊ သည်းထန်ထန်သည် နီးဖို့အားအင် ဖြစ်မည်တကား … လက်ချင်းဆက်ဆက် မြဲစေသား။


manawphyulayMarch 21, 20121min1673
We request the pleasure of your company at the seminar on “ ရွေးကောက်ပွဲ ဒီမိုကရေစီမှ လစ်ဘရယ် ဒီမိုကရေစီသို့ ” “ From Electoral Democracy to Liberal Democracy ” by Author Kyaw Win Programme Date : 24th March (Saturday) Time : 02:00 PM Venue : Myanmar Fisheries Federation, Bayintnaung Road, West Gyogone, Insein Township, Yangon.


manawphyulayMarch 20, 20121min89328
လိုင်းကားစီးရတာလည်း အလုပ်သွားချိန်ဆို ဒုံးပျံစီးပြီး သွားချင်စိတ်ပဲ ပေါက်မိတယ်။ အဓိပတိကလည်း ကြာလိုက်တာမှ အီကြာကွေးဆွဲနေသလိုပါပဲ။ အမျိုးသမီးကားကတော့ တစ်ခါတလေ မြန်တယ်။ ဒီတော့ မနက်အလုပ်သွားချိန်ဆို မြန်တဲ့ကားပဲ စောင့်စီးဖြစ်တယ်။ တစ်နေ့တော့ ၄၈ ကားစီးလာတာ မြို့ထဲမရောက်ခင် အလုံမြို့နယ် စာရင်းစစ်ချုပ်ကျောင်းနားလည်း ရောက်ရော ဘေးက ကွန်တင်နာကို ဟို်င်းလတ်ကားတစ်စီးက ဖြတ်တက်ပါရော။ ဘာမပြော ညာမပြောနဲ့ ဖြတ်တက်တော့ ကွန်တင်နာက ကားဟွန်းတီးလိုက်တယ်။ ဖြတ်တက်တဲ့ကားက မနော စီးလာတဲ့ကားရှေ့ရောက်တော့ လက်ပြတားတယ်။ ကားပေါ်ကို လှမ်းကြည့်တော့ ဟိုင်းလတ်ကားကလှည့်ကင်းကားဖြစ်နေတယ်။ သူပဲ ဘာမပြော ညာမပြောနဲ့ ဖြတ်တယ်။ ပြီးတော့ လက်ပြတားတယ်။ တားတော့ ကားသမားက ရပ်ပေးတယ်။ ဆရာတို့ ဘာကြောင့် လက်ပြတားရတာလဲပေါ့။ ကားပေါ်မှာလည်း မတ်တတ်ရပ်နေတဲ့သူဆိုလို့ စပယ်ယာနှစ်ယောက်ပဲရှိတယ်။ ဒါနဲ့ မော်တော်ပီကယ်က […]


manawphyulayMarch 19, 20123min54317
တစ်ခါတလေ အပြင်မထွက်ဖြစ်တဲ့အခါမှာ ခြံထဲမှာစိုက်ထားတဲ့ပန်းပင်တွေနဲ့ အလုပ်ရှုပ်တတ်ပါတယ်။ စိတ်လည်း အပန်းဖြေတာပေါ့နော်။ ငါးကန်လေးတွေလည်း အလှမွေးထားတော့ မျက်စိအေးစရာလေးပေါ့။


manawphyulayMarch 15, 20121min37212
တစ်ခါတလေ ရောက်တုန်းလေး ရိုက်ကြည့်ထားတာပါ။ ဘုရားကြီးမျက်နှာတော်သစ်ရေကပ်တာကတော့ ဗီဒီယိုဖိုင်တွေပဲ ရိုက်ခဲ့ပါတယ်။ ခဏလေးအတွင်း ဘယ်မှမရောက်ဖြစ်ဘူး။ ရောက်တဲ့နေရာလောက်ပဲ မှတ်တမ်းတင်ခဲ့မိပါတယ်။