manawphyulayMarch 14, 20121min4117
မရေရာတဲ့နေ့တစ်နေ့ကို မပျော်မွေ့တဲ့ အချိန်များနဲ့ ခြောက်ခန်းမသွားစေချင်… ကော်ဖီတစ်ခွက်နဲ့ သက်ပြင်းအခါခါချ ကုန်ဆုံးသွားတဲ့ကာလတွေကို နှမြောမိတယ်….. မရေရာတဲ့ ခြေလှမ်းတွေက ကမ္ဘာမြေကို နမ်းရှိုက်ရင်း တွယ်ရာမဲ့တဲ့ဘဝတွေမို့ ဘယ်ဆီဘယ်ဝယ်ထိ လေလွင့်နေမယ်ဆိုတာ ငါ့ကို ငါ မသိသေးပါတကား….။


manawphyulayMarch 9, 20121min2176
အဦးအဆ မိနဲ့ဖ ပြီးရင် ဆရာသမားများသည် မမေ့သင့်သော အရာထဲမှာ တစ်ပါးအပါအဝင်ပါပဲ လူ့ဘောင်လောက ရောက်လို့လာ ရတနာသုံးပါး ဦးထိပ်ထား မိဘများနဲ့ အနန္တငါးပါးဂိုဏ်းဝင် ဂုဏ်အင်အထူး မြင်းမိုရ်တောင်မက ကျေးဇူးကြီးတာ၊ မြတ်ဆရာ…. ဖြူစင်မေတ္တာ နာသုံးနာဖြင့် ကြင်နာဆပွား၊ တပည့်များကို တတ်သည့်ပညာ မနေသာပဲ ရှိရှိသမျှ ပညာရပ်ကို အိမ်သွန်ဖာမှောက် သွန်သင်ဆုံးမ သင်ကြားပြရင်း လိမ္မာတိုးတက် အောင်မြင်စေရေး ရှေးရှုရင်းဖြင့် ယုယပျိုးထောင် ကောင်းကျိုးဆောင်သည့် ပညာပြည့်ဝ နှလုံးလှတာ၊ မြတ်ဆရာ… ဆရာသခင်၊ ကျေးဇူးရှင်တို့ ဂုဏ်အင်ကြီးမား၊ မေတ္တာများကို ထူးခြားသိမြင် ကျေးဇူးတင်ပြီး ချစ်ခင်မြတ်နိုး ရိုကျိုးညွတ်တွား စဉ်မြဲအားဖြင့် လေးစားကြည်ညို သဒ္ဓါပိုလျက် လက်ဆယ်ဖြာချီ ထိပ်ဆီအုပ်မိုး ရှိခိုးကော်ရော် ပူဇော်အပ်ကာ မြတ်ဆရာ…. မြတ်ဆရာ အာစရိသို့ ဝန္ဒာမိ […]


manawphyulayMarch 8, 20123min3396
ဘုရားရောက်တုန်းလေးမှာ ဘုရားမှာပြသထားတဲ့ ဓာတ်ပုံတွေကို အများသူငှာ ဖူးမြော်နိုင်အောင် ရိုက်လာခဲ့ပါတယ်။ ရှေးဟောင်းပုံတွေကို သိမ်းထားချင်တာလည်းပါပါတယ်။ အရင်တုန်းက မြင်ကွင်းနဲ့ ခုမြင်ကွင်းပုံလေးတွေရဲ့ ကွာခြားချက်လေးတွေပေါ့။


manawphyulayMarch 6, 20121min1796
သူများအကြောင်းပဲ ကိုယ်က အမြဲရေးဖြစ် ပြောဖြစ်ပေမယ့် ကိုယ့်ရဲ့အကြောင်းကို သူများက အမှတ်တရ ကဗျာစပ်လာပေးတဲ့အခါမှာ ရင်ထဲမှာ ပြောမပြတတ်အောင် လှုပ်ခတ်ပြီး မျက်ရည်ကျမိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ခွဲခွာခြင်းဆိုတာ စတင် မွေးဖွားလာထဲက ရှောင်လွှဲလို့မရဘူးဆိုတာ နားလည်ထားပေမယ့် တကယ် ခင်မင်မှုများနဲ့ သံယောဇဉ်လေးတွေ ဖြစ်လာတဲ့ဝန်းကျင်ကနေ ခွဲခွာရတဲ့အခါမှာ ဖော်မပြတတ်အောင် ဝမ်းနည်းမှုကို ဖြစ်စေခဲ့ပါတယ်။ ဝမ်းနည်းမှုတွေ ပေါင်းစုနေတဲ့အချိန်မှာ ကိုယ့်အတွက် ရေးစပ်ထားတဲ့ကဗျာလေးတစ်ပုဒ်ကို ဖတ်လိုက်ရမယ်ဆိုရင်ကော သင်လည်း ဘယ်လိုနေမလဲဟင်… မနောလိုများ ကဗျာဖတ်ရင်း မျက်ရည်ကျနေမှာလား… ကိုယ်တိုင်က ကိုယ်ကိုယ့်ကိုယ် ဘာလဲ ဘယ်သူလဲ ဘယ်လိုလဲဆိုတာသေချာမစမ်းစစ်ရသေးခင်မှာ ကိုယ့်ရဲ့စိတ်နေ ဘယ်လိုပါလဲဆိုတာ သူ့ရဲ့ကဗျာဖတ်လိုက်မိမှ ဝမ်းနည်းဝမ်းသာ အလွန်ဖြစ်မိပါတယ်။ ကဗျာလေးကို အားလုံးမျှဝေခံစားကြည့်ချင်လား… ခံစားပြီးရင် မနော ဒီရွာထဲက မောင်နှမတွေရဲ့ ရေးစပ်ပေးတဲ့ကဗျာလေးတွေလည်း မျှော်လင့်နေမယ်နော်…. အပြုသဘောပဲဖြစ်ဖြစ် […]


manawphyulayMarch 5, 20121min61116
လှတောက လူတွေ စကားတတ်တယ်ဆိုတာ အရင်တုန်းကတော့ စာအုပ်တွေဖတ်ဖူးလို့ သိရပါတယ်။ ခုတော့ သူတို့စကားပြောပုံတွေက ဥပမာလေးတွေနဲ့ ပြောပုံဆိုပုံအပြင် နဘေ ကာရန်နဲ့လည်း ပြောတတ်ကြတာ တွေ့ရတယ်။ နောက် နှိုင်းယှဉ်ပြီးလည်း ပြောတော့ ရယ်စရာမပြောလည်း ရယ်ဖို့ အတော်ကောင်းတယ်။ ပြောလိုက်ရင် ကွက်ကွက်ကွင်းကွင်းကို ဖြစ်ဖြစ်သွားတယ်။ သူတို့ပုံစံတွေကတော့ အတော့်ကို ရိုးသားကြတယ်။ ခင်မင်ဖွယ်လည်း ကောင်းတယ်။ မရောက်ဖူးတဲ့နေရာမှာ အထူးအဆန်းကိုဖြစ်နေတော့တာပါပဲ။


manawphyulayMarch 1, 20121min36415
မနေ့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ ပြောပြတဲ့ ဥပမာလေးကို အရမ်းသဘောကျမိတယ်။ သူကတော့ ခုလက်ရှိစီးပွားရေးနယ်ပယ်မှာ ရပ်တည်မှုတစ်ခုရရှိနေတဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်နေပါပြီတဲ့။ တစ်ချိန်တုန်းက သူ ၁ဝ တန်းအောင်စဉ်က အစိုးရဝန်ထမ်းအဖြစ် ရရှိအောင် ကြိုးစားနေတုန်းမှာ ဝန်ထမ်းဘဝနဲ့ နေတဲ့အထက်လူတွေက တစ်ဦးပြီး တစ်ဦး ထွက်နေကြတယ်တဲ့။ ဒါနဲ့ သူ စဉ်းစားတယ်ပေါ့လေ.. ငါက ဝင်ဖို့ ကြိုးစားနေချိန်မှာ သူတို့ ဘာကြောင့် ထွက်ဖို့ကြိုးစားနေကြတာလဲ… ဒီတော့ မဖြစ်သေးဘူး ငါ မဝင်သေးပဲ နေကြည့်ဦးမယ်ပေါ့ အဲလိုနဲ့ နေလာခဲ့တာ ခုလက်ရှိ လုပ်ငန်းရှင်ဖြစ်သာလာတယ်။ အစိုးရဝန်ထမ်း မလုပ်ခဲ့ရဘူးတဲ့။ ဒါနဲ့ သူက လူငယ်တွေ သင်တန်းတွေတက်ကြ တစ်ခုပြီးတစ်ခုသာ တက်နေတယ် အလုပ်ကို ရရှိနိုင်ဖို့ မကြိုးစားကြတာတွေလည်း တွေ့ရှိရတယ်တဲ့။ သူ ဥပမာလေး တစ်ခုပြောပြချင်ပါတယ်တဲ့။ ကိုလိုနီခေတ်က […]


manawphyulayFebruary 29, 20121min55218
ချစ်သူ့လက်ဖဝါး အနားနားရှိစဉ်တုန်းကများ အရာရာဟာ တခမ်းတနားနဲ့ လှပခဲ့ဖူးတာပေါ့။ ခုတော့ ချစ်သူရဲ့အဝေးမှာ အလွမ်းတွေ ရက်ဆက်ခဲ့ရပေါင်းများပေမယ့် ရင်ထဲက တစ်စုံတစ်ရာကတော့ အတိုင်းအတာ တစ်ခုထိတောင် လျော့မသွားခဲ့ပါဘူး။ ဆုံဆည်းခွင့်ဆိုတဲ့ ခေါင်းစဉ်ကို စောင့်ခဲ့ရတာ ကြာလှပြီဆိုတာ မောင်ကတော့ မသိ ကျွန်မ ရင်ထဲမှာတော့ မချိခဲ့ပါဘူး။ မက်လိုက်ရတဲ့အိမ်မက်တွေ ရေတွက်မရအောင် အသင်္ချေနှင့် ကျွန်မ ချစ်ရတဲ့ မောင့်ကို ပိုင်ဆိုင်ဖို့အရေး နှလုံးသားနှင့် လောင်းကြေးထပ်ခဲ့ရတယ်ဆိုတာ မောင် တစ်ယောက် သိပါစေလေ……။


manawphyulayFebruary 28, 20121min1867
ဝေ့ဝိုက်လာတတ်တဲ့ ရီဝေတဲ့အကြည့်မှာ မြတ်နိုးမဝစွာ ပင့်သက်တွေလည်း…. အခါခါ။ ရွှမ်းလဲ့လဲ့ မျက်ဝန်းနဲ့ နှုတ်ခမ်းတစ်စုံရဲ့ အပြုံးတစ်ပွင့်ကို “လှစ်ခနဲ” တွေ့လည်း ထွေးပွေးသိမ်းဆည်း အမြဲနီးဖို့…. ရင်ထဲမှာ။ ခေါင်းဝှေ့ပျော်ရွှင်တတ်တဲ့ လေညှင်းလေးရဲ့ ဆံနွယ်တစ်ခက်ကို နမ်းရှိုက်တဲ့ စိတ်ကူးနဲ့ ရင်ခွင်ထဲထိ အေးမြစေတဲ့ ဆည်းဆာရဲ့ ညနေတိုင်းဟာ “ထာဝရသစ္စာ” တရားတွေနဲ့ လှပစေသား……..။


manawphyulayFebruary 23, 20121min116538
အချိုရည်ထုတ်ကုန်ဖြစ်သော အချိုရည်များ ထုတ်လုပ်သော ကန်ထဲသို့ AIDS ရောဂါရှိသော အလုပ်သမားတစ်ဦးဧ။် လက်တစ်ဖက်ပာာ အလုပ်လုပ်ရင်း စက်ချို့ယွင်းပြီး ပြတ်တောက် ပြုတ်ကျ သွား၍ Max အချိုရည် ထုတ်ကုန်များကို လိုက်လံသိမ်းဆည်းနေကြောင်း သတင်းကြားသိရ၍ အချိန်မီ ရှောင်ကြဉ်နိုင်ကြရန် အသိပေးအပ်ပါသည်…။။။။။။ (လက်ဆင့်ကမ်းပေးကြပါ…) ဆိုတဲ့ စာ မနေ့ထဲက အတော့်ကို အွန်လိုင်းမှာ ပြန့်နှံ့နေပါတယ်။ လူအတော်များများက ကြောက်လန့်တကြားနဲ့ ဟုတ်လား၊ တကယ်လားပေါ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အအေးဆိုင်တွေကလည်း MAX အချိုရည်ကို မမှာကြတော့ပါဘူး။ တချို့ကလည်း ဆိုင်တွေက ပြန်သိမ်းနေတယ်ပြောကြတော့ ခရစ်ရှာက အအေးကားလာတော့ မေးကြည့်တော့ မဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒီကိစ္စက တကယ်လား သူတို့ ဘယ်လိုပြန်ဖြေရှင်းမလဲ။ ဦးဦးစိန်သော့ကတော့ ပြောပါတယ်။ အရင်ကလည်း တစ်ချိန်က မန္တလေးမှာ […]


manawphyulayFebruary 23, 20121min1282
နော်ဝေနိုင်ငံမှ အေအုိုင်တီ (Asian Institute of Technology Thailand, AIT) မပာာတန်းအတွက် တစ်နှစ်ကိုု မြန်မာကျောင်းသား ၄ဝ ယောက်နှုန်းနှင့် ၃ နှစ်စာ ပညာသင်ဆုုပေးမယ့်အကြောင်း ကြေညာလုိုက်ပါတယ်။ အေအိုင်တီ တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ နာမည်ရှိပြီးသား သုတေသန တက္ကသိုလ်အဖြစ် ထင်ရှားပါတယ်။ အေအုိုင်တီ ကျောင်းဝင်ခွင့် စံနှုန်းစံထားများဖြင့် ကိုက်ညီသော မြန်မာနုိုင်ငံသားတုိုင်း နော်ဝေ AIT စကော်လားရှစ် လျှောက်ထားနုိုင်ပြီး ၂၀၁၂ ဩဂုုတ်လ စာသင်နှစ်ကနေ စတင်မှာ ဖြစ်ပါတယ်။ ဒီပညာရေးထောက်ပံ့ဆုများတွင် မဟာဘွဲ့သင်တန်း ကျောင်းလခ၊ ကျောင်းလျှောက်လွှာကြေး၊ သုုတေသနစရိတ်၊ နေထိုုင်စားသောက်စရိတ်၊ လိုအပ်သော အကြိုဝင်ခွင့် ကုန်ကျစရိတ် (၄ပတ်တာ ကာလကို မြန်မာပြည်တွင်)၊ လိုအပ်သောအကြိုဝင်ခွင့် ကုန်ကျစရိတ် (AIT ကျောင်း တွင် […]