manawphyulayFebruary 22, 20121min2188
ခွဲရကြာလျှင် ရင်မှာ ဆယ်စင်း နေမင်းသို့ပင် လွမ်းလှပါ့အရှင် ကြင်သူယုယ သမုဒ္ဒရာနွယ်မျှင် တမ်းတရှာချစ်သူ မြင်မြင်သမျှ မင်းမှ မင်းထင် မှန်းဆပါရင် ချစ်သူ့ရုပ်သွင် ပေါ်လာပြီရှင်….


manawphyulayFebruary 22, 20121min63030
ခုနောက်ပိုင်း နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံမှာ နည်းပညာတွေ ဘယ်လောက်သုံးနေကြသလဲ။ ဘယ်သူတွေ သုံးနေကြသလဲ။ ဘာတွေသုံးနေကြသလဲဆိုတဲ့ စစ်တမ်းတစ်ခု ကောက်နေတာကို တွေ့ရတော့ အတွေးတစ်ချက်ဝင်လာတယ်။ သူများလိုတော့ နိုင်ငံအလိုက် မြို့နယ်အလိုက် စစ်တမ်းတွေ မယူနိုင်သေးပေမယ့် ရွာထဲမှာ စစ်တမ်းကောက်ရင်ကော ဘယ်လိုနေမလဲပေါ့နော်။ ဒါနဲ့ သိချင်တာလေးတွေ မေးမြန်းချင်မိပြန်တယ်။ ရွာထဲမှာ စစ်တမ်းကောက်ရရင်ကော ဘယ်လိုများနေမလဲ။ မနော သိချင်သလို ရွာထဲမှာ ရှိတဲ့သူတွေကော သိချင်နေလား… သိချင်တာလေးတွေ မေးမြန်းချင်မိတယ်။ ရွာတစ်ရွာမှာ ရွာသူကြီးရဲ့ လက်အောက်မှာ အိမ်ထောင်စုစာရင်း ဘယ်လောက်ရှိသလဲဆိုသလို ရွာထဲမှာ ဘယ်သူတွေ ဘာတွေလုပ်နေသလဲ။ ဘယ်သူတွေက ဘယ်အပိုင်းကို စိတ်ဝင်စားနေသလဲ။ ရွာလေးဒီထက်စည်ကားဖို့ ဘာတွေ လိုအပ်နေသလဲဆိုတဲ့ အချက်လေးတွေ သိချင်နေမိလို့ ရွာထဲကို စစ်တမ်းကောက်ချင်တော့ ဘာတွေသိဖို့လိုလာသလဲ အရင်စဉ်းစားမိတယ်။ အရင်ဆုံးကတော့ […]


manawphyulayFebruary 21, 20121min57715
money ဆိုတဲ့ ငွေအကြောင်း နည်းနည်းပြောကြည့်မယ်။ ငွေကြောင့် ဘာတွေပြောင်းလဲသလဲ။ ဒီတော့ အမြင်လေးတွေလည်း လိုချင်ပါတယ် Money ငွေ If a man runs after money, he is moeny man. ငွေနောက်လိုက်တော့ ဥစ္စာရူးတဲ့။ If he keeps it, he is capitalist. ငွေရှာပြီး စုဆောင်းတော့၊ ဓနရှင်ဖြစ်ပြန်ရော။ If he spends it, he is a play-boy. ငွေဖြုန်းတော့ လူ့ဘော်ကြော့လို့ ပြောကြတယ်။ If he doesn’t get it, he lacks ambition. ငွေရှာလို့ မရတော့၊ လူပျော့လူညံ့လို့ […]


manawphyulayFebruary 20, 20121min36210
Laptop သုံးသူများအတွက် ဘက်ခရီစွမ်းအင် ဘယ်လောက်ရှိနေသေးတယ်။ ကုန်ခါနီးပြီ စတာတွေကို အလွယ်သိနိုင်တဲ့ ဆော့ဖ်ဝဲတွေ ရှိပါတယ်။ တ်စခါတလေ ဘက်ထရီ အားမသွင်းပဲ သုံးနေရင်းနဲ့ အရေးကြီး စာဖိုင်များ မသိမ်းခင် Laptop ပိတ်သွားတတ်ပါတယ်။ အဲဒီလို မဖြစ်အောင် ကြိုတင်သိနိုင်မယ့် နည်းတွေ ရှိပါတယ်။ ဘာတွေလဲဆိုတော့ Power Meter Plus ဆိုတာပဲ ဖြစ်ပါတယ်။ Matt Collinge, Copyright 2003 (www.mattcollinge.co.uk) မှ ထုတ်လုပ်တဲ့ Power Meter Plus v.1.6.1 ဆော့ဖ်ဝဲဟာ screen မှာ ဆလင်းဒါလိုပုံနဲ့ ဘက်ထရီအား ဘယ်လောက်ရှိနေသေးတယ်ဆိုတာ ပြပေးပါတယ်။ Toolbar(ညာဘက်အစွန်)က icon ကို မောက်စ်နဲ့ ထောက်ကြည့်ရင်လည်း Laptop ကို ဘက်ထရီပါဝါနဲ့ […]


manawphyulayFebruary 18, 20121min65422
နည်းပညာတွေ တိုးတက်လာနေပြီဆိုတော့ သိချင်တာလေးတွေလည်း များပြားလို့လာပါတယ်။ ဒါကြောင့် သိချင်တာလေးတွေ မေးမြန်းစပ်စုလိုက်ပါတယ်။ ဖြေပေးပါဦးနော်။ ဒီနေ့ခေတ်မှာ အကြီးမားဆုံး နည်းပညာကုမ္ပဏီကြီးတွေအဖြစ် ယခုအချိန်အထိ ရပ်တည်နေကြတဲ့ Cisco/ Microsoft/ Apple/ IBM စတဲ့ ကုမ္ပဏီကြီးတွေက ဘယ်လိုထုတ်ကုန်တွေနဲ့ စပြီး လုပ်ကိုင်ခဲ့ကြသလဲဆိုတာကို သိချင်မိတယ်။ ဒီနေ့အချိန်မှာ ရှေ့ဆုံးမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ ထုတ်ကုန်တွေနဲ့ ကွဲပြားခြားနားတာတွေလည်း ရှိနိုင်တယ်။ အစဉ်တစိုက် စထုတ်ခဲ့တဲ့ ထုတ်ကုန်ကို အခြေခံထားတဲ့ ထုတ်ကုန်တွေနဲ့လည်း ရှိနိုင်တယ်ပေါ့။ ဒီတော့ သိနေရင် ဖြေကြည့်ပေးပါနော်။ ၁။ Cisco ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာလဲ။ ၂။ Microsoft ရဲ့ ပထမဆုံး ထုတ်ကုန်က ဘာဖြစ်ပါသလဲ။ ၃။ HP ရဲ့ ပထမဆုံး ထုတ်ကုန်က […]


manawphyulayFebruary 16, 20121min59818
ဒီကနေ့ မနက်တော့ အဓိပတိလိုင်းကား အမျိုးသမီး သီးသန့်ယာဉ်လိုင်းဆိုတဲ့ဆိုင်းဘုတ်နဲ့ကား တက်စီးလာမိတယ်။ ကားပေါ်မှာက အမျိုးသမီးများသိပ်တော့မပါဘူး။ ဒါနဲ့ နှစ်ယောက်ထိုင်ခုံမှာ မနော ထိုင်လိုက်ပါတယ်။ ရှေ့က နှစ်ယောက်ထိုင်ခုံမှာ ထိုင်နေတဲ့အမတစ်ယောက်က ဘေးက သူတွေကို မေးနေတာ တွေ့ရတယ်။ ခုလိုမျိုးကားစီးရတော့ ဘယ်လိုနေပါသလဲ။ ဘယ်လိုခံစားရပါသလဲလို့ မေးနေတာကို နားစွင့်လိုက်မိပါတယ်။ အန်တီတစ်ယောက်က ဖြေပါတယ်။ “သမီးရေ ဒီလိုစီးရတာ အဆင်ပြေပါတယ် ဒါပေမယ့် သားအမိနှစ်ယောက်စီးမယ်ဆိုရင်ကော ရလားတဲ့ သားလေးက ၆ နှစ်ရှိပါပြီတဲ့” ဒီတော့ မေးတဲ့အစ်မက ပြန်ပြောတယ်။ “ဟုတ်ကဲ့ ဒါတော့ ကျွန်မတို့ကို ဘာမှမပြောထားပါဘူးတဲ့” အင်း သူပြောသလို ဖြစ်သင့်တာပေါ့နော်။ ရင်ခွင်ပိုက်သားသည်အမေတွေကော စီးခွင့်မရှိတော့ဘူးလားပေါ့။ ကားဂိတ်တိုင်း အတွဲတွေ စီးမယ်လုပ်တော့ ယောက်ျားလေး တက်ခွင့်မရှိလို့ အမျိုးသမီးက တက်ပြီးမှ ပြန်ဆင်းရတာတွေလည်း […]


manawphyulayFebruary 15, 20121min940
အချိန်။ ။ မွန်းလွဲ(၁၀)နာရီမစတင်မည်။ နေ့စွဲ။ ။16/2/2012 နေရာ။ ။မြောက်ဒဂုံ ၇၊၈ လမ်းဆုံအနီးရှိ Myanmar Y.E.P B-ceit သင်တန်းကျောင်း Myanmar Y.E.P နှင့် မြန်မာခေတ်ပြိုင်ကဗျာဆရာများ ပူးပေါင်းစီစဉ်သော ဒုတိယအကြိမ်မြောက် လ(ကဗျာWorkshop+ ကဗျာ ရွတ်ဆိုခြင်း)ပွဲ ကျင်းပရန်သွားမည်ဖြစ်သည်။ ခေတ်ပြိုင် ကဗျာဆရာများနှင့်Myanmar Y.E.P လူငယ်များမှလူငယ်နှင့်ခေတ်ပြိုင်ကဗျာများ အကြောင်း၊လူငယ်နှင့်ပရဟိတ ဆိုင်ရာ ဖွံ့ဖြိုးမှုများအကြောင်းဆွေးနွေးသွားမည်ဖြစ်ပြီး ခေတ်ပြိုင်ကဗျာ ဆရာမျာမှ ကဗျာရွတ်ဆိုခြင်းအစီစဉ်များ ပါရှိမည်ဖြစ်ပြီး ပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်မှာ တိုးတက်ပြောင်းလဲလာသောခေတ်ရေစီးကြောင်းနှင့်အညီ လိုက်ရောညီထွေမှုဖြင့်ပြောင်းလဲလာသည့်မြန်မာကဗျာ အနုပညာအပေါ် လူငယ်များမှ စီးဝင်ခံစားနိုင်စေရန် ဖြစ်သည်။ လူမှုဖွံ့ဖြိုးရေး လုပ်ကိုင်နေသော လူငယ်များနှင့်ခေတ်ပြိုင် ကဗျာဆရာများချိတ်ဆက်၍ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်သာမက မြန်မာခေတ်ပြိုင်ကဗျာနှင့်ရသစာပေအပေါ် လူငယ်များစိတ်ဝင်စားမှုမြင့်ထက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။ ပါဝင်ရွတ်ဆိုကြမည့် […]


manawphyulayFebruary 15, 20121min1562
2012 ဘားကမ့်ရန်ကုန်ပွဲကို တက်ရောက်ခဲ့တာ လူဦးရေ ၅၀၀ဝ ကျော် များပြားလှပါတယ်။ ပွဲမှာ ပြောချင်တဲ့သူတွေ ရင်ဖွင့်စရာ နေရာအဖြစ် အခန်းများ စီစဉ်ထားရှိပေးခြင်းမှာလည်း အတော်ပင် အားရစရာ ကောင်းလှပါတယ်။ ပြည်သူချစ် ဒေါ်စုကလည်း အချိန်မအားမလပ်တဲ့အတွင်း လာရောက်ဖွင့်လှစ်ပြီး လူငယ်များနဲ့ တစ်ရင်းတနှီးပြောကြားသွားခြင်းဖြင့် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဆောင်ရွက်ဖို့ အားရှိသွားပါတယ်။ ((တတိယအကြိမ်မြောက်ဘားကမ့်ရန်ကုန်တွင် ပြောကြားခဲ့သောဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြုမိန် ့ခွန်း ကောက်နှုတ်ချက်)) ဘားကမ့်ရဲ ့ အခြေခံသဘောတရားက အများကနေ လွတ်လပ်စွာနဲ ့ပါဝင်ဆွေးနွေးလို ့ရတယ်။ ကိုယ်သိတဲ့ ဗဟုသုတတွေကိုမျှဝေချင်တယ်။ နောက်ဆုံးအရေးအကြီးဆုံးအချက်က တစ်ဦးနဲ ့တစ်ဦးမျှဝေပေးရမယ်။ ကျွန်မတို ့မြန်မာတွေမှာ စကားပုံတစ်ခုရှိပါတယ်။ ဆရာစားချန်တယ်ဆိုတာလေ။ အမှန်က အဲဒီစိတ်ဓာတ်ကကောင်းတာမဟုတ်ဘူး။ ဒီစိတ်ဓာတ်တွေကို ကျွန်မတို ့ဖယ်ရှားပေးရမယ်။ မီးထွန်းထားတဲ့ ဖယောင်းတိုင်ကနေ တခြားဖယောင်းတိုင်တွေကို […]


manawphyulayFebruary 11, 20121min1772
အန်တီစု တက်ရောက်ပြီး လူငယ်နှင့် နည်းပညာအကြောင်း ဟောပြောသွားခဲ့ပါတယ်။ “ဘာပညာမဆိုကောင်းတဲ့ ဘက်ရှိသလို ဆိုးတဲ့ဘက်ရှိပါတယ် အခု … နည်းပညာလူငယ်ရှင်များဟာ ကောင်းတဲ့ဘက်ကို သုံးသွားကြပါ။ကျွှန်မတို့ရဲ့ ကမ္ဘာကြီးကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ လူသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့နိုင်ငံသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ ပြည်သူပြည်သားတွေကောင်းမွန်ဖို့ အတွက် ဘယ်လို နည်းပညာတွေသုံးမလဲဆိုတာစဉ်းစားစေချင်တယ်။အခုကျွှန်မဒီခေါင်းစဉ်ကိုဘာဖြစ်လို့ သဘော ကျလဲဆိုတာ barcamp ရဲ့ အခြေခံသဘောတရားကိုကအများပါဝင်ခြင်း၊အများကနေပြီးတော့ လွတ်လွတ်လပ်လပ်ဆွေး နွေးခြင်း၊ မျှဝေခြင်း၊နောက်ဆုံးမှာဒီမျှဝေခြင်း ဆိုတာ ဆိုစကားရှိတယ်မဟုတ်လားဆရာစားချန်ခြင်းဆိုတာ ဒီစိတ်ဟာ ကောင်းတာမဟုတ်ဘူး ကျွှန်မတို့ အရှေ့တိုင်းရဲ့အဆိုအမိန့်ဆိုတာ တခုရှိတယ် စကားပုံတခုပေါ့ ဖဖောင်းတိုင် တတိုင်ကနေ ဖယောင်းတိုင် အများကြီးကိုညှိလိုက်ရင် မူလဖဖောင်းတိုင်ကလည်းအလင်းရောင် မလျော့သွားဘူး အားလုံးကလည်းအလင်ရောင်ပိုလာတယ် ၊အဲဒီတော့ ပညာနဲ့ပတ်သတ်လို့ မျှဝေခြင်းဟာပညာ တွေလျော့သွားမှာ မဟုတ်ဘူး အများအတွက်ပညာတွေတိုးပွားစေတယ်။ ကျွှန်မတို့လောကကြီးအ တွက် အလင်းရောင်ဆိုတာ ပိုများလာပါတယ် […]


manawphyulayFebruary 10, 20121min1311
သီတဂူဆရာတော်ကြီး ၇၅ နှစ်ပြည့်အတွက် စာပေပန်းကုံး (၂) တပည့်တော် ဆက်လက်ပူဇော်ချင်တာကတော့ ဆရာတော်ဘုရားကြီးရေးသားခဲ့သောစာများအကြောင်းပင် ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးကို တပည့်တော် နာဂစ်အလှူပြုသွားမှသာ အနီးကပ်မြင်ဖူး၊ ဖူးခဲ့ရပါသည်။ တပည့်တော်တို့ သွားရောက်လှူဒါန်းခဲ့စဉ်က ကားတန်းစီပြီး စောင့်နေတုန်းအချိန်တွင် ဘေးချင်းကပ်ကားမှ ဆရာတော်ကြီးသာသနာပြုအဖွဲ့နဲ့အတူ ဦးဆောင်လာခဲ့စဉ်က ဖူးမြော်ခဲ့ရပါသည်။ လှူသောနေရာ မတူညားလည်း အလှူတရားလက်ကိုင်ထားလို့ လမ်းကြောင်းကတော့ တစ်ကြောင်းတည်းပဲလို့ စိတ်ဝယ်မှတ်သား ပီတိဖြစ်ခဲ့ရပါသည်။ နောက်တစ်ချိန်ပြန်ဆုံချိန်ကတော့ ရေအလှူသွားလှူစဉ်ကပင် ဖြစ်ပြန်ပါသည်။ တပည့်တော်သည် မိသားစုစီးပွားရေးအခြေအနေအရ အလှူအတန်းကို ဇောက်ချမလုပ်နိုင်သည့်တိုင်အောင် အဖွဲ့လေးများဖြင့် ကြိုကြား ကြိုကြား ပရဟိတအလုပ်မှာ တတ်နိုင်သလောက်သာ ပါဝင်နိုင်ခဲ့သဖြင့် ကိုယ်တိုင် အားမလိုအားမရဖြစ်မိခဲ့ပါသည်။ ဒါပေမယ့် အများအတွက် နှမ်းတစ်စေ့နဲ့ ဆီမဖြစ်မှန်းသိပေမယ့်လည်း နှမ်းစေ့တစ်စေ့နဲ့ အာသာပြေ လှူဒါန်းနိုင်အောင် ကြိုးစားခဲ့ပါသည်။ ဆရာတော်ကြီးရဲ့ သာသနာအလှူ၊ ကျောင်းတွေအလှူ၊ […]


manawphyulayFebruary 8, 20122min1442
နားခိုချွေးသိပ် ဆည်းဆာရိပ် ဆည်းဆာကညို အဘွားအို ငိုပါနဲ့ အားတင်းပါကွဲ့။ ညနေချိန်ဆို အဘိုးအို ပျိုချိန်ငဲ့ တမ်းတပါရဲ့။ အဘိုးနဲ့ အဘွားအို ပျိုချိန်ကို မျှော်ကာတမ်းလို့ လွမ်းပါနဲ့ဗျို။ ပျိုစဉ်က ဟန်မာန်ပို ကြံဖန်ကာ လှုပ်ရှား ကြင်ဖက်ပါ သားနဲ့သမီးတွက် သွက်တဲ့လုပ်အား။ ဝဋ်ကြွေးရယ် ရှောင်မရလို့ ကြုံကြတဲ့ ကံကြမ္မာ ဆိုးချက်ကနာ။ သမီး သား ကြင်ဖက်ပါ ဝဋ်ကြမ္မာဖယ်ရှား။ ဇရာအို ကံတရားက ဆိုးလှချည်လား။ နေဝင်ချိန် အရွယ်မှည့် တွယ်ရာမဲ့ ဘိုးဘွားအို စိတ်ပျက်နဲ့ဗျို။ သဒ္ဓါတရား ပိုမို ကုသိုလ်က ဆပွား ဆည်းဆာဆို ဒီအရိပ်မှာ ချွေးသိပ်ပါလား။ လက်ယာ(မေတ္တာတံခွန်) ဒီအဘိုးက ဇာတ်သဘင်လောကက ဇာတ်မင်းသား ဦးဗျာကစိန်လို့ပြောပါတယ်။ ခုက ဖျားနေတယ် သူက နေကောင်းနေရင် […]