manawphyulayFebruary 7, 20121min39025
မနော အလှူ သဂျီးကောင်းမှုဆိုတဲ့အတိုင်းပါပဲ။ မန်းဂေဇက်ရွာထဲသို့ ၂၀၁ဝ ခုနှစ် မေ ရ ရက်မှာ မနော စတင်ရောက်ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မေ ရ ရက်ဆိုရင်ဖြင့် မနော ရောက်ရှိခဲ့တာ ၃ နှစ်တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ ၃ နှစ်မပြည့်ခင်အတွင်း လှူဒါန်းခွင့်ကြုံဆုံလာခဲ့ပါတယ်။ မနော လှူတယ်ဆိုပေမယ့်လည်း စာမူခ တစ်သိန်း ပေးအပ်တဲ့ သဂျီးကို အလွန်တရာမှ ဒီနေရာလေးကနေ ဂါရဝပြု ကျေးဇူးတင်လိုက်ပါတယ်။ ကိုယ့်ရဲ့စာမူခအဖြစ် ဒီလို ရရှိလာမယ်လို့ မနော ဘယ်တုန်းကမျှ မတွေးမိပါဘူး။ စိတ်ထဲလည်း မရှိခဲ့ပါဘူး။ ဝါသနာကြောင့် ကိုယ်ပိုင်ဆိုက်တွေ ဖိုရမ်တွေ ဝင်ရောက်ရေးသားရင်း မန်းဂေဇက်ရွာထဲမှာ နွေးထွေးပျော်ရွှင်လာခဲ့ရပါတယ်။ ဒီအရာကတော့ ဘာနဲ့မှ မလဲနိုင်အောင် ဖြစ်မိတာပါပဲ။ မိတ်ဆွေတွေ အပေါင်းအသင်းတွေ နှစ်နှစ်ကျော် […]


manawphyulayFebruary 4, 20122min1373
ဓာတ်ပုံပြပွဲမှာ လာရောက်ကြည့်တဲ့သူတွေကို ကော်ဖီတိုက်တဲ့အပြင် ကံစမ်းမဲလက်မှတ်တွေလည်း မဲ ဖောက်ပေးပါသေးတယ်။ မနောတောင် ဦးထုပ်ပဲ မဲပေါက်ခဲ့တယ်။ တချို့က နေပြည်တော်ဟိုတယ်မှာတစ်ညတည်းခိုခွင့်ကဒ်ရတဲ့သူလည်း ရှိသေးလို ၂၀၀ဝ ဖိုး မုန့်စားခွင့် ကဒ်ရတဲ့သူလည်းရှိတယ်။ နေပြည်တော်မှာတော့ ၂၀၁၃ အတွက် ဟိုတယ်ကြီးတွေ အပြိုင်အဆိုင် ဆောက်လုပ်နေကြတာကို တွေ့ရပါတယ်။


manawphyulayFebruary 3, 20121min28816
နေရာတိုင်းမှာ လူအင်အားသုံးပြီး ရန်ကုန်လမ်းညွှန်ကြေငြာတွေကို ဒီလိုမျိုးလေးတွေ ကြေငြာနေတာ တွေ့ရတယ်။ လူတိုင်းကတော့ ပြုံးစိစိနဲ့ ကြည့်သွားကြတာပေါ့လေ။ တစ်မျိုးတော့ တစ်မျိုးပဲ။ စာရွက်မကမ်းတော့ပဲ ကြေငြာ အက်ရှင်တစ်မျိုးကို ၂၀၁၂ နှစ်မှာ ထူးခြားစွာ တွေ့ရှိရတယ်။ ရန်ကုန်မြို့လယ်တစ်ဝိုက်မှာ ဒီလိုပုံလေးတွေ တွေ့နေရတယ်။


manawphyulayJanuary 26, 20121min1493
သည်မှာ ဘုရား၊ သည်တရားပင် သည်ကား သံဃာ၊ သည်မှာ မိဘ ဂုဏ်ကိုပြ၍ သည်က ဆရာ လင်္ကာပန်းစုံ သီကုံးပုံသည် သီတဂူဆရာတော်ကြီး လက်ရာတည်း။ ငါးပါးအနန္တ ဦးခိုက်ကြသော် သာသနာရေး ရှေ့က ဦးဆောင် နိုးကြားတက်ကြွ ဆော်ဩကာဖြင့် သီတဂူသာသနာပြုအဖွဲ့ကြီး ဖြစ်တည်ခဲ့သည်။ သီတဂူအရေး တို့အရေးဟု ဝင့်ကြွားဂုဏ်ရောင် ပညာရောင်ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပေါ်ပေါက်ခဲ့သည်။ သာလိမ့်ကျက်သရေ တက်ဖြိုးဝေဟု စာပေဆော်ဩ ဘုရားဟောနှင့် ပုတ္တောဝါဒ ဆုံးမစာဖြင့် ဘာသာအရေး ပြန့်ပွားစေခဲ့သည်။ လူ့ဘောင်သာသစ်၊ တရားချစ်ကြ တားမြစ်မရ၊ အိုကြရလိမ့်….. တားမြစ်မရ၊ နာကြရလိမ့်…. တားမြစ်မရ၊ သေကြရလိမ့်…. ဘဝမငြိမ် ခန္ဓာအိမ်ကို အချိန်နှင့် ဆောက်၊ အပျောက်နှင့်ရှု အပြုနှင့် ပြင်၊ အလှဆင်လော့ အိုလူသားတို့…. နိုးဆော်ရင်းဖြင့် […]


manawphyulayJanuary 24, 20121min26310
တစ်ခါတလေ စိတ်ကူးပေါ်ရင် ပေါ်သလို စမ်းသပ်တီထွင်ထားကြည့်မိတာပါ။ ကိုယ်ပိုင်အမြင်လေးတွေဆိုပါတော့။ တတ်လို့တော့မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မဖြစ်စလောက် လက်ရာလေးနဲ့ ရွာလေးထဲမှာ စည်ကားချင်နေမိလို့ပါ။


manawphyulayJanuary 21, 20121min45821
အတွေးတွေ ပြည့်သိပ်နေတဲ့ ညလယ်ကောင်တွေထဲ သတိရခြင်းက ငါ့ရင်ဘတ်ပေါ် အလွမ်းတွေက ပြိုကျ မျှော်လင့်တိုင်း မက်ခွင့်မရတဲ့ အိပ်မက်တွေက ညနံရံတွေကို တစ်စစီ ရိုက်ခတ်တိုက်စားလို့ နာရီတွေသာ အချိန်မှန် ပုံမှန်လည်ပတ်နေမြဲ အချိန်တွေကို ဝါးမြို တစ်စတစ်စနဲ့ ရာသီတွေအလီလီပြောင်း နှစ်ဟောင်းတွေကုန် နှစ်သစ်တွေကူးပြန်ပါပေါ့ မပြောင်းလဲသေးတဲ့ ဘဝနဲ့လောကတွင်း ဖြတ်သန်း လွမ်းမိတိုင်းလည်း စဉ်းစားမရ ဘာကို ဘယ်လိုလွမ်းမိမှန်းလည်း မသိ အလွမ်းသံသရာသာ ရှည်လျားနေခဲ့ တမ်းတမိတဲ့ အိပ်မက်တိုင်း မင်းရဲ့အရိပ်များ ညစဉ်မက်စေခဲ့ ငါ့ရဲ့အတ္တများ ခုတော့… အိပ်မက်တွေနဲ့ မျောပါခဲ့ပေါ့ လွမ်းတိုင်း မက်ခွင့်မရှိတဲ့ အိပ်မက်ချစ်သူရယ် ညတိုင်း အိပ်မက် မက်ခွင့်ပေးပါ….


manawphyulayJanuary 20, 20121min28511
ဟာ့ဒ်ဒစ်ကို ပြန်စီမယ် ဟာ့ဒ်ဒစ်မှာ နေရာပြန့်ကျဲနေတဲ့ ဖိုင်၊ အချက်အလက်တွေကို ပြန်စီတဲ့ defragment လုပ်ငန်းစဉ်က ထူးခြားလှတယ် မဟုတ်ပါဘူး။ ဝင်းဒိုးစ်စနစ်မှာလည်း ပါရှိလို့ သီးခြား disk defragmenter ဆော့ဖ်ဝဲတွေကို သိပ်မသုံးကြတာပါ။ ဒါပေမယ့် Piriform က ထုတ်လုပ်တဲ့ Defraggler v2.00.230 ကို အခမဲ့ ရယူသုံးနိုင်လို့ ညွှန်းပေးလိုက်ပါတယ်။ ဖိုင်အရွယ်အစား 2.88MB နဲ့ freeware ဖြစ်တဲ့ Defraggler tool မှာ ဟာ့ဒ်ဒစ် partition တစ်ခုလုံးကို defrag မလုပ်ချင်ရင် ဖိုင်တစ်ဖိုင် ဒါမှမဟုတ် ဖိုင်များကို သီးခြားရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ ဟာ့ဒ်ဒစ် partition ကို defrag လုပ်နေချိန်မှာလည်း ဘယ်ဖိုလ်ဒါ၊ ဘယ်ဖိုင်ကို defrag လုပ်နေတယ်ဆိုတာ ပြပေးပါတယ်။ […]


manawphyulayJanuary 18, 20121min1775
တကယ်တော့ ဘားကမ့်ဟာ လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အခြေခံမယ့် အပြန်အလှန် အနီးကပ်ဆုံး ဆွေးနွေးနိုင်တဲ့ပွဲတွေဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးပြောကြားမယ်ဆိုတာကို ပွဲအတွင်းရောက်မှသာခံစားသိရှိနိုင်တဲ့အတွက် ဘားကမ့်ကို တက်ရောက်လာသူတွေကသာ ပွဲကို ပုံဖော်သွားကြတဲ့အတွက် တစ်ဦးကနေအများဆိုတဲ့ အစဉ်အလာမဟုတ်တော့ဘဲ အများကနေ နောက်ထပ် အများကို ထပ်ပြီး လက်ဆင့်ကမ်းပေးတဲ့ နှီးနှောဖလှယ်ပွဲတွေ ဖြစ်ပါတယ်။ ဘားကမ့်တွေကို ကဏ္ဍအမျိုးမျိုးအတွက် ဆင်ယင်ကျင်းပလာကြပေမယ့် ဒီအစဉ်အလာကတော့ပျောက်ပျက်မသွားဘဲ ပုံမှန် ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေကနေ ခွဲထွက်လာခဲ့ပြီး လူကြီး လူငယ် ပညာရပ်နည်းပညာ စတာတွေကို စုစည်းပေါင်းစုံပေးတဲ့ ပေါင်းကူးလို့လည်း ပြောလို့ရပါတယ်။ ဘားကမ့်ရန်ကုန် ပထမအကြိမ်တုန်းကတော့ နိုင်ငံတကာ ဘားကမ့်တွေထက် ပိုမိုစည်းကားတာကို တွေ့ရှိခဲ့ရပါတယ်။ယခုတစ်ကြိမ် ဘားကမ့်ရန်ကုန် ထပ်လုပ်မှာဆိုရင်တော့ မြန်မာနိုင်ငံအတွက်ရော ရန်ကုန်မြို့အတွက်ပါ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမြို့ကြီးတွေနဲ့ […]


manawphyulayJanuary 17, 20121min29210
သတ္တမအကြိမ် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန ၁။ လျှောက်လွှာလက်ခံချိန်။ ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့မှအပ) နံနက်ပိုင်းတွင် ၈ : ၃ဝ နာရီမှ နေ့လည် ၁၂ : ဝဝ အထိ မွန်းလွဲပိုင်းတွင် ၁ : ၃ဝ နာရီမှ ညနေ ၅ :၀ဝအထိ လျှောက်လွှာပုံစံများကို လူကိုယ်တိုင်လာရောက်ထုတ်ယူပြီး လျှောက်ထားနိုင်ပါသည်။ လူဦးရေကန့်သတ်ထားသည့်အတွက် လျှောက်ထားသူဦးရေ ပြည့်သွားပါက လျှောက်လွှာလက်ခံခြင်းအား ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတိပြုစေလိုပါသည်။ ၂။ လျှောက်လွှာတင်ရမည့်နေရာများ ရန်ကုန်မြို့ ။ ။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန အမှတ် […]