manawphyulaySeptember 11, 20111min1916
အရင်က ရွှေတောင်အကြောင်းပြောပြီး ပုံမတင်ပေးလို့ ပြောနေကြသူများအတွက် ကွန်နက်ရှင်နည်းနည်းအဆင်ပြေတဲ့အချိန် တင်ပေးလိုက်ပါတယ်နော်။ ရွှေတောင်မြို့မှ ကြိုဆိုပါတယ် ရွှေပြောင်ပြောင်ဘုရား ဖူးမြော်ကြရအောင်


manawphyulaySeptember 11, 20111min2179
မလာနိုင်မှန်းသိရက်နဲ့ မျှော်ခဲ့မိတာ အကြိမ်ကြိမ် မမြင်နိုင်မှန်း သိရက်နဲ့ ရှာခဲ့မိတာ အခါခါပါ။ အိပ်မက်မှာ စွဲလမ်း ရင်ထဲမှာ တမ်းတနေပေမယ့် အိပ်မက်က လန့်နိုး သူ့အရိပ်တွေ ပျောက်ဆုံးနေဆဲ လွမ်းရတဲ့ ဒီရင်ကို သူလေ မမြင်နိုင်ပါဘူး။ ပျောက်ဆုံးနေတဲ့ ချစ်သူ့အရိပ် မှန်းလို့ ဖွေရှာရင်း မလွှဲသာ ဟန်ဆောင်အပြုံးနဲ့ စောင့်မျှော်နေဆဲ ဆုံနိုင်ခွင့်မရှိသေးတဲ့ အဝေးတစ်နေရာမှာ သူ့အပြုံးတွေ မှန်းဆရင်း လွမ်းနေရပေမယ့်….. ဖြေသာတယ်။ မနောဖြူလေး ခံစားသီဖွဲ့သည်။


manawphyulaySeptember 10, 20111min2234
ဒီကနေ့မှာ လုပ်တဲ့ဟောပြောပွဲရဲ့ ဟောပြောချက်လေးကို ပြန်လည်တင်ပြလိုက်ရပါတယ်။ ဒီကနေ့ MBS ၅ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားမှာ ပြောခဲ့တဲ့ အကြောင်းလေးကို မတက်ရောက်ဖြစ်တဲ့ သူတွေ အတွက် ပြန်လည်ဖော်ပြ ပေးခြင်းဖြစ်ပါတယ်။ ဖိုးသူတော် ၁၀.၉.၂၀၁၁ ဘလော့ဂ်ဂင်းနှင့်စာဖတ်ခြင်း ( Learning to knowledge with blogging) ( ဘလော့ဂ်ရေးခြင်းနှင့် အသိပညာလေ့လာမှုဆီသို့ ) မင်္ဂလာပါခင်ဗျာ။ ကျနော်က မိုင်သော့မိုင်ဘလော့ (My Thought My Blog ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘလော့ဂ်ရေးတဲ့ ဖိုးသူတော်ဖြစ်ပါတယ်။ ဘလော့ဆိုတာ မိမိအတွေး မိမိအမြင်တွေကို သူသူငါငါ အများကို ချပြတဲ့ အင်တာနက်ပေါ်က စာမျက်နှာများဆိုတော့ သူသူကိုယ်ကိုယ် ဖတ်ကြမှာပဲဖြစ်ပါတယ်။ ဒီလို ချပြတဲ့အခါမှာ မိမိကိုယ်ပိုင်အတွေးအခေါ်အယူအဆ တွေပါသလို၊ […]


manawphyulaySeptember 9, 20111min1482
စင်္ကာပူနိုင်ငံတွင်လုပ်ကိုင်ရန်အတွက်အောက်ပါဝန်ထမ်းများအလိုရှိသည်။ 1. Packing (Food) Female (S-pass) Salary (S$900+170+OT) Rest days 2 days off per month Age Under 38 years English speaking No need 2. Nurse (Work permit) Salary (S$450 to 500) Meals & Accommodation Provided by company Rest days 1 day off per week Needed Qualification Diploma 3. Waitress (S-pass) Salary (S$950) Accommodation Provided by […]


manawphyulaySeptember 7, 20111min2389
ပြည်တွင်းတွင် ခန့်အပ်ရန် 1-SuperVisor For Air Con M(2)Post အသက်-28 မှ 35 AGTI, B-Tech (Mechanical & Electrical Power) – AutoCAD, Excel, Work ကျွမ်းကျင်ရမည် လုပ်ငန်းအတွေ့အကြုံ (3-5)နှစ်ရှိရမည် 2-Service Manager -အသက် 35-45 -AGTI, B-Tech, B.E (Mechanical & Electrical Power) – Auto CAD, Excel, Work ကျွမ်းကျင်ရမည် – လုပ်ငန်းအတွေ့အကြုံ (10) နှစ် လုပ်ငန်းကျွမ်းကျင်မှုကိုကြည့်ပီး အတွေ့အကြုံကိုစဉ်စားပေးမည်။ စိတ်ဝင်စားသူများ ဝ၉၇၃၀၅၀၆၀၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


manawphyulaySeptember 7, 20111min1683
အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မတို့ရဲ့ မြန်မာဘလောဂ့်ဂါအဖွဲ့အစည်းရဲ့ ၅ နှစ်ပြည့် အခမ်းအနားနဲ့ နည်းပညာဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်မည် ဖြစ်ပါသဖြင့် မောင်နှမများအားလုံးကို လာရောက်စေချင်ပါတယ်။ လာကြမယ်လို့လည်း မျှော်လင့်နေမိပါတယ်။ မနောလည်း ရှိနေမှာပါရှင်။ နည်းပညာများအပြင် လာရောက်သူများမှလည်း ကိုယ်ပြောချင်သော ခေါင်းစဉ်များနဲ့ ဝင်ရောက်ဆွေးနွေးနိုင်ပါသေးတယ်။ မြန်မာဘလောဂ့်အဖွဲ့အစည်းကြီး အခက်အခဲပေါင်းများစွာကြားက ရပ်တည်လာခဲ့တာဆိုရင်ဖြင့် ခုဆိုရင် ၅ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ပြည်ပ မီဒီယာတွေမဝင်အောင် ပြည်တွင်းအွန်လိုင်းမီဒီယာတွေကနေ ဘလောဂ့်ဆိုတာ ဘယ်လိုအကျိုးရှိခဲ့တယ်ဆိုတာ ခုလို ၅ နှစ်ပြည်မှာ အများအတွက် အကောင်အထည်ဖော်နိုင်ခဲ့တာ အလွန်တရာမှ ဝမ်းသာကြည်နူးမိပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေ တိုးတက်လာခဲ့သလို နိုင်ငံအတွင်းမှာ ရပ်တည်မှုတစ်ခုလည်း ရရှိလာခဲ့ပါတယ်။ နောက် ပရဟိတအလုပ်တွေလည်း အများကြီး လုပ်ဆောင်ဖော်ဆောင်နိုင်ခဲ့တဲ့အတွက်လည်း များစွာ ဂုဏ်ယူမိပါတယ်။ အားလုံးကို လာခဲ့စေချင်ပါတယ်။ အချိန်ပြည့် မလာနိုင်တဲ့သူများကလည်း […]


manawphyulaySeptember 5, 20111min29216
မင်းနဲ့တွေ့တိုင်း ဒိန်းခနဲမြည်တတ်တဲ့ ရင်ခုန်သံ ဖျတ်ခနဲ ပွင့်သွားတတ်တဲ့ ငါ့ရဲ့အသည်းတံခါး မင်းမသိအောင် တိတ်တိတ်ပြန်ပိတ် ငါ့နှလုံးသားကို အတင်းပြန်အိပ်ခိုင်းလို်တယ် ချစ်ခြင်းကို ဝန်ခံဖို့ ငါ့ရဲ့သတိ္တတွေက ဘာကြောင့်မှန်းမသိအောင် ထိတ်လန့်မှုနှင့်အတူ ပျောက်ဆုံးနေပါရဲ့ကွယ်…. မနောဖြူလေး ခံစားသီဖွဲ့သည်။


manawphyulaySeptember 4, 20112min31411
မြန်မာတို့ရဲ့ ဓလေ့စရိုက်ဖြစ်တဲ့ သားသမီးတွေကို သာသနာ့ဘောင်ထဲ လုပ်ဆောင်ပေးခြင်းဟာ မြန်မာတွေရဲ့ ချစ်စရာ အမူအကျင့်လေးတွေဖြစ်ပါတယ်။ ဒါပုံလေးတွေကတော့ ကျွန်မတို့အညာဒေသတစ်ခုရဲ့ အလှူမင်္ဂလာ ရှင်ပြု၊ နားသပွဲပဲဖြစ်ပါတယ်။ လောကီမင်္ဂလာ ၁၂ ရက်မှာ နာမည်ပေးခြင်း၊ နေပြခြင်း၊ ကွမ်းစတဲ့ ၁၂ ရပ်ပါပါတယ်။ ရှေ့မင်းတွေလက်ထက်ထဲက လုပ်ခဲ့တဲ မင်္ဂလာထဲက အမျိုးသမီးဆို နားထွင်းတဲ့ မင်္ဂလာပါပါတယ်။ ခုချိန်တိုင် ရှေးအစဉ်အလာအတိုင်း မပျက်မကွက် ကျင်းပလာကြတာဆိုရင်ဖြင့် အတော်ကို သာသနာတော်အတွက်လည်း တည်တံ့ခိုင်မြဲပြီး မြန်မာတို့ရဲ့ ချစ်စရာ့ အသွင်အပြင် အစဉ်အလာကတော့ ဘယ်သူမှ မြန်မာကို မယှဉ်နိုင်တဲ့ အကြောင်းတရားပဲ ဖြစ်ပါတော့တယ်ရှင်။ မြန်မာတို့ရဲ့ ချစ်စရာ ရိုးရာ ဓလေ့ ရှင်ပြုပွဲပဲဖြစ်ပါတယ်။ ရွာဓလေ့ရဲ့မြင်ကွင်းကို အလှူမဏ္ဍပ်အတွင်း မြင်ရတာ ဖြစ်ပါတယ်။ ရှင်ပြုပွဲရဲ့ တစ်ယောက်တစ်မျိုး အမြင်ဆန်းတဲ့ဝတ်စုံတွေနဲ့အတူ […]


manawphyulaySeptember 3, 20111min61811
ကွန်ယက်အဖွဲ့အစည်းတစ်ခုနှင့် ဆက်သွယ်ခြင်းဖြင့် အရာအားလုံးပြီးပြည့်စုံသွားပြီလို့ ဆိုနိုင်ပါတယ်။ သင်အလုပ်အကိုင်ရှာနေပါသလား၊ လုပ်ငန်းအသစ်တစ်ခု တည်ထောင်ချင်ပါသလား၊ ဆက်သွယ်ရေး နယ်ပယ်ချဲ့ထွင်ချင်ပါသလား၊ အလုပ်ရုံတွင် လူတော်တစ်ယောက်ဖြစ်လိုပါသလား။ ထိုအရာအားလုံးကို ကွန်ယက်အဖွဲ့အစည်းတစ်ခုထဲ၌ပင် ရရှိနိုင်ပါသည်။ သင့်ကိုအပြန်အလှန်ဆွေးနွေးပေးမည့်သူ (သို့) သင်ပြောသမျှကို လက်ခံနားထောင်ပေးမည့်သူများအား ရွေးချယ်နို်င်သည်။ ထိုအဖွဲ့အစည်း၌ ပုံမှန်တက်ရောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံအစစ်အမှန်ကို ရရှိမည်ဖြစ်သည်။ သင့်ဆန္ဒနှင့် ကိုက်ညီမည့်အဖွဲ့အစည်းတစ်ခုကို ရွေးချယ်လိုက်လျှင်လိုက်ခြင်း ထိုအဖွဲ့အစည်းတွင် ကိုယ့်သဘောနှင့် ကိုယ်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သင်၏အသိဉာဏ်ကို တိုးတက်စေပါတယ်။ အလုပ်အကိုင်အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော The Jennings Company ၏အကြီးအကဲ Kathleen Jenning က ‘ကွန်ယက်ဆက်သွယ်ရေးသည် သင်သိသောအရာမဟုတ်၊ သင့်ကိုသာ သိသောအရာဖြစ်သည်’ ဟုဆိုသည်။ အလုပ်အကိုင်ကွန်ယက်များဖြင့် ဆက်သွယ်နိုင်ခြင်း၊ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူများ၏ မိန့်ခွန်းပြောကြား ချက်များအား နားဆင်နိုင်ခြင်း၊ အလုပ်အကိုင်များတွေ့ရှိနိုင်ခြင်း (သို့) […]


manawphyulaySeptember 2, 20111min29510
ခါတစ်လှဲ့ လာခဲ့ပေါ့ မန်းဂေဇက်ကို ဝေးမကွာ ပြေးလာလျှင် တာမထောက်ပါဘူး connection ကောင်းစဉ်ခါ ဖွင့်တဲ့ချိန် ကိုးနက်ရှင် နောက်သမို့ ခဏတော့ ချော့မြူရရှာ စိတ်ရှည်ကာ သည်းခံစောင့်ပါလို့ တစ်ခေါက်ကယ် အလည်မရောက်ရင်ဖြင့် ကြုံခဲ့လျှင် နောက်တစ်ကြိမ်ပေါ့ ကြောက်မက်ဖွယ် ကိုးနက်ရှင်ကို ကျော်လွှားခါ အရောက်လှမ်းခဲ့ပေါ့ ဖိတ်ခေါ်တဲ့ ဒီဘလောဂ့်မှာဖြင့် ရေးကူကို တွေးပူရတာကြောင့် ဆွေးပူရရှာ…… မနောဖြူလေး ခံစားသီဖွဲ့သည်။


manawphyulaySeptember 1, 20111min2634
တရုတ်ပြည်ရဲ့ တန်ခိုးအကြီးဆုံး ဗုဒ္ဓစွယ်တော်တည်ထားတဲ့စေတီနဲ့ ဗုဒ္ဓစွယ်တော်အနီးကပ်ပုံတွေဖြစ်ပါတယ်၊ ရခဲတဲ့ပုံတွေပါ၊ သူတို့ပြည်သူ့တွေတောင် ဓါတ်ပုံရိုက်ခွင့်မရကြပါဘူး။ သူငယ်ချင်းရဲ့ကြုံတောင့်ကြုံခဲ မှတ်တမ်းလေးကို ပြန်လည်တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။