manawphyulayAugust 12, 20111min1497
ကျွန်မဟာ အထီးကျန်လမ်းမှာ လျှောက်နေတယ်….. ဒါ ကျွန်မ သိကျွမ်းတဲ့ တစ်ခုတည်းသော လမ်းပါ ဒီလမ်းက ဘယ်ကိုရောက်မှာလဲ ကျွန်မ မသိဘူး ဒါပေမဲ့ ဒီလမ်းက ကျွန်မအိမ်ပဲမို့ တစ်ကိုယ်တည်း လျှောက်နေရပါတယ်။ ဟာလာဟင်းလင်း လမ်းမကို ကျွန်မ လျှောက်လာတယ် အပိုင်းအစ အိပ်မက်များရဲ့ လမ်းလယ်ကောင်မှာပေါ့ မြို့ကြီးက အိပ်စက်နေလေရဲ့ ကျွန်မကတော့ တစ်ယောက်တည်းပဲ ဘယ်ဟာ ဆိုးကောင်းဆိုတာ မျဉ်းတွေရဲ့ကြားမှာ ကျွန်မ မှန်းဆကြည့်မိတယ် အသက်ရှင်ဖို့ လိုအပ်တဲ့ အဓိကအရာတွေကို ဆန်းစစ်ရင်း ကျွန်မ တစ်ကိုယ်တည်း ဆက်လျှောက်ခဲ့မိပါတော့တယ်….. ရေးသားသူ – မနောဖြူလေး


manawphyulayAugust 12, 20111min1140
ဒူဘိုင်းနိုင်ငံ Shangri-La Hotel တွင်လုပ်ကိုင်ရန်အတွက် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။ h5.jpg h2.jpg h4.jpg h3.jpg h1.jpg 1. Desk concierge 2. Lobby Assistant 3. Receiving Clerk 4. Laundry Attendant 5. Housekeeping Supervisor 6. Housekeeping Attendant 7. Restaurant Manager 8. Food & Beverage Captain 9. Hostess 10. Waitress & Waiter 11. Bar Captain 12. Security CCTV Operator 13. Female Health Club Attendant […]


manawphyulayAugust 10, 20111min38120
တစ်ခါတလေ အပျင်းပြေ ဒီဇိုင်းလေးတွေကို ဖန်တီးဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် မဟုတ်ပေမယ့် ရွာသားတွေရဲ့ အားပေးမယ့် အားဆေးတစ်ခွက်ကိုတော့ မျှော်လင့်နေမိပါတယ်။ နာမည်လေးတွေလည်းကို ဖန်တီးမိပါတယ်။ စိတ်ကူးရတာလေးတွေ လုပ်ကြည့်မိတာပါ။


manawphyulayAugust 8, 20111min29611
စကား၊ စကား၊ ပြောပါများ၊ စကားထဲက ဇာတိပြ လို့ ကြားဖူးကြမယ် ထင်ပါတယ်။ စကားဆိုတာ စလိုက်ရင် ကားသွားတတ်ပါတယ်။ ဒါကြောင့် လူတွေရဲ့ ပါးစပ်ဖျားမှာ စကားနည်း ရန်စဲဆိုတဲ့ စကားလုံးကို တွင်တွင်သုံးနေကြတာ ဖြစ်ပါလိမ့်မယ်။ အဲ စကားဆိုတာကလည်း စကားပြောတိုင်း ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို ဆင်ခြင်ကြရပါမယ်။ ဘုရားရှင်သည် စကားခြောက်ခွန်း၊ လူဝယ်ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ် လို့ ရှေ့ပညာရှိများရဲ့ လင်္ကာစကားနှင့်အညီ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူတစ်ပါး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အကျိုးမရှိသော စကားမျိုးကို မပြောမဆိုဘဲ မှန်ကန်၍ အကျိုးရှိသော စကားမျိုးသာ ပြောဆိုတော်မူပါလို့ မိန့်တော်မူခဲ့ပါတယ်။ သုဂတ… သု = ကောင်းသော စကားကို၊ ဂတ = ဆိုတော်မူသော မြတ်စွာဘုရား။ […]


manawphyulayAugust 8, 20111min25110
နေပြည်တော်ရှိ တိုင်းရင်းသားကျေးရွာအတွင်းမှ ပုံရိပ်များ ဖြစ်ပါတယ်ရှင်။ တိုင်းရင်းသားကျေးရွာထဲမှ မြင်ကွင်းများ ဖြစ်ပါတယ်။ ဆော့စရာလေးတွေလည်း စီစဉ်ပေးထားပါသေးတယ်။ ရေလွှာချောစီးဖို့လည်း အတော့်ကို ကျယ်ဝန်းလှပါတယ်။ နေကတော့ ထုံးစံအတိုင်း ပူပြင်းလှပါတယ်။


manawphyulayAugust 6, 20111min2027
WORK PERMIT PIPE FITTER / STEEL FITTER HIGH LEVY $ 18 ~ 20 + OT LOW LEVY (MARINE) $ 24 ~ 26 + OT HOUSING PROVIDE (အင်တာဗျုးအတွက် သင်တန်းများကို အခမဲ့ပေးနေပါသည်) မှတ်ချက် ။ ။ ဝန်ဆောင်ခအပြည့်မတတ်နိုင်သူများအတွက် အကြွေးစနစ်ဖြင့် ဝန်ဆောင်ခပေးနေပါသည်။ INTERVIEW DATE THIRD WEEK OF AUGUST S-PASS MECHANICAL ENGINEER SALARY S$ 2000 WORKING HRS 10HRS PER DAY REST DAY SUNDAY […]


manawphyulayAugust 5, 20111min27713
လူတိုင်းဟာ စိတ်ချမ်းသာမှု့ရှာနေကြတာ။ ဘယ်လိုနည်းနဲ့များ စိတ်ချမ်းသာမှု့ကို ရမယ် ထင်နေကြသလဲ။ များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကိုယ့်ခေါင်းထဲထည့်ပေးတဲ့ အယူအဆဖြစ်တဲ့ ” သူများထက်ပိုပြီး အဆင့်အတန်းမြင့်မြင့်နေနိုင်ရင် စိတ်ချမ်းသာမယ်၊ ပိုက်ဆံများများရှိရင် စိတ်ချမ်းသာမယ်၊ ရာထူးတွေအမြင့်ကြီးရှိရင် စိတ်ချမ်းသာမယ် ” လို့ ထင်နေကြတယ်။ ဒီလိုလူတွေဟာ စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လားဆိုတာ တကယ်လက်တွေ့ အကဲခတ်ကြည့်စမ်းပါ။ အချို့ကိစ္စတွေမှာ ပစ္စည်းဥစ္စာ၊ ရာထူးအဆင့်အတန်းမြင့်မားတဲ့လူတွေဟာ စိတ်အဆင်းရဲဆုံးလူတွေဖြစ်နေတာ တွေ့ရတယ်။ If I devalue you, I devalue myself. သူတပါးကိုတန်ဖိုးချလိုက်ရင် ကိုယ့်ကိုကိုယ်ပါ တန်ဖိုးချရာရောက်တယ်။ သူတစ်ပါးကို မလေးမစား ဆက်ဆံပြီဆိုရင် ကိုယ့်ကိုကိုယ်လည်း လေးစားလို့မရတော့ဘူး။ အဲဒီလိုသိဖို့ဆိုတာ ကိုယ်စိတ်ကိုသိနိုင်တဲ့ နူးညံ့သိမ်မွေ့မှုရှိတဲ့သူ၊ သတိ သမာဓိ ဉာဏ်ပညာရှိတဲ့သူမှသာ သိနိုင်ပါတယ်။ သတိ သမာဓိ […]


manawphyulayAugust 5, 20111min28013
တကယ့်ကို မကြုံဖူးတဲ့နေ့ကို ကြုံဆုံလိုက်ရတာပဲ ဖြစ်ပါတယ်။ မနေ့က အလုပ်က ပြန်တာလည်း နောက်ကျ၊ ကားကမရနဲ့ ရတဲ့ကားကို စီးတော့ ထိုင်ခုံမရှိဘူးတဲ့ ဒါနဲ့ လှိုင်သာယာပြန်မယ့် ၃၆ ယာဉ်လိုင်းကားကို တက်စီးမိတယ်။ အင်းစိန်ပြန်မှာဆိုတော့ မိုးတွေက အရမ်းရွာထားတော့ ကားက တစ်စီးမှ မရှိတာနဲ့တက်စီးလာခဲ့တာ ရ နာရီ ၁၅ မိနစ်လောက်ရှိတော့ ပိတောက်ချောင်းမှတ်တိုင်နားရောက်နေပြီ။ ဒါနဲ့ ကားက ရှေ့ကို ဆက်သွားလို့မရတော့ဘူး။ ဘာဖြစ်လို့လဲပေါ့ ကြည့်လိုက်တော့ ရှေ့တစ်လျှောက်လုံး ကားတန်းကြီးပိတ်နေတာ ၄ တန်းလောက်ရှိတယ်။ ဟိုဘက်က ပြန်တဲ့ကားလမ်းတောင် မရှိသလောက်ဖြစ်နေတယ်။ ဒါနဲ့ ကျွန်မ စီးလာတဲ့ကားက ကားတန်းကို ကျော်တက်လိုက်တာ ကားတန်းက ၅ တန်းဖြစ်သွားတယ်။ ကျော်တက်လာတုန်း လူတွေ လမ်းလျှောက်လာတာ တော်တော်များများတွေ့ရတယ်။ လှိုင်သာယာစက်မှုဇုံထိကားတန်းပိတ်နေတာ ညနေ […]


manawphyulayAugust 4, 20111min23814
နေပြည်တော်မြို့ကြီးရဲ့ အထင်ကရ ဥယျာဉ်ကြီးဆိုလည်း မမှားပါဘူး။ နာမည်ကိုက ဆာဖာရီဥယျာဉ်လို့ သုံးနှုန်းထားတာကိုတွေ့ရှိရပါတယ်။ နေရာတော့ အတော်ကိုကျယ်တာကို တွေ့ရှိရပြီး နေရာအတော်စုံစုံကို တစ်နေကုန်သွားမှာ အဆင်ပြေမှာဖြစ်ပါတယ်။ နေကတော့ ပူပေမယ့် တိရစ္ဆာန်လေးတွေကိုလည်း ဒီတိုင်းလွှတ်ထားတော့ တောထဲရောက်သွားသလို ခံစားမိပါတယ်။ ဒါကတော့ အဝင်ဝလေးပဲဖြစ်ပါတယ်။ နေရာက အတော်ကျယ်တော့ မနက်စောစောသွားရင်ပိုအဆင်ပြေပါတယ်ရှင်။ နေရာတော့ အတော်ကို ကျယ်ကျယ်ဝန်းဝန်းယူထားတာတွေရပါတယ်။ နေပြည်တော်တစ်ဝိုက်မှာ မြေနေရာတွေ အတော်ပေါနေပုံရပါတယ်။  


manawphyulayAugust 3, 20111min2899
Life is short. ဘဝဟာ တိုတယ်တဲ့။ အသက်ရှည်နေတယ်ဆိုရင် ဘဝဟာ မတိုပါဘူး။ Life is Dream. ဘဝဟာ အိပ်မက်ပဲတဲ့။ အဲဒါလည်း ဖွဲ့နွဲ့ခံစားပြောတာပါ။ ဘဝဟာ အိပ်မက်မဟုတ်ဘူး။ အိပ်မက်က အကောင်အထည်မရှိဘူး။ ဘဝက အကောင်အထည်ရှိတယ်၊ လက်တွေ့ရှိတယ်။ Life is always full of struggle. ဘဝဟာ အစဉ်အမြဲ ရုန်းကန်နေရတယ်တဲ့။ အဲဒါကတော့ အမှန်ဆုံးပါပဲ။ မိခင်ဝမ်းထဲက ထွက်ကတည်းက ဘဝဟာ ရုန်းကန်နေရတာပဲ။ မွေးစကတည်းက ရုန်းကန်ရတာ သေတဲ့အထိဆိုလည်း မမှားပါဘူး။ ဘဝကို လှော်တက်ဆိုတဲ့အရာနဲ့သာ ထိန်းသိမ်းဖို့လိုတာပါ။ ကဲ မိတ်ဆွေကော ဘယ်လို မြင်လဲ….


manawphyulayAugust 3, 20111min2392
ဒီနေ့တော့ photoshop သုံးသူများ ကြုံတွေ့ရတဲ့အကြောင်းအရာလေးကို တင်ပြလိုက်ပါတယ်။ ဒါဟာ ဘာလည်းဆိုတော့ Memory နေရာလွတ်အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ Photoshop Program ကို အသုံးပြုတဲ့အခါ Memory မလောက်ဘူး (run out of Memory, insuffcient Memory) ဆိုတဲ့ သတိပေးချက် စာသားတွေကို မြင်တွေ့ဖူးပါလိမ့်မယ်။ အများအားဖြင့် Plug-in-Fiter တွေကို အသုံးပြုတဲ့အခါ အတွေ့များပါတယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ မိမိပြုလုပ်နေတဲ့ ပုံတွေဟာ ပုံအကြီးတွေဖြစ်ပြီး ပြုလုပ်ခဲ့သမျှ အကြောင်းအရာတွေအတွက် Memory မှာ နေရာယူထားတာ ဖြစ်ပါတယ်။ လုပ်ဆောင်ရမှာကတော့ Edit Menu ထဲက Purge ကို ရွေးချယ်ပါ။ နဂိုက ပြုလုပ်ခဲ့တဲ့ အကြောင်းအရာတွေကို History ထဲမှာ […]


manawphyulayAugust 2, 20111min45025
*** လူတစ်ယောက်ကို ကံကောင်းစေတဲ့စိတ်ဆိုတာ စိတ်ကို ကောင်းအောင် ကြိုးစားချင်တဲ့စိတ်ပါပဲ။ *** မိမိအရည်အချင်းကို အသုံးမပြုဘဲ ထားချင်သောစိတ်သည် အပြင်ရန်သူထက် ပို၍ ကြောက်မက်ဖွယ်ကောင်း၏။ *** သင်လိုချင်သော်လည်း အလွယ်တကူမရနိုင်သည်မှာ ပျော်ရွှင်ခြင်းဖြစ်၏။ သင်မလိုချင်သော်လည်း အလွယ်တကူရနိုင်သောအရာမှာ ဝမ်းနည်းခြင်းပင် ဖြစ်သည်။ *** အနာဂတ်ကာလ၏ လျောက်ရမယ့်လမ်းကို အကောင်းဆုံးထုဆစ်ပေးနိုင်သူမှာ အတိတ်ဘဝ၌ ကျန်ခဲ့သော မှားယွင်းမှုများပင် ဖြစ်သည်။ :e ***ပျားရည်လို ချိုမြိန်သော အချစ်၊ ပန်းတစ်ပွင့်လို လှပသောဘဝ ထိုနှစ်ခုကို ဆုံစည်းဖို့ နှလုံးသားကို လမ်းခင်းပေးပါ။ ****ကံကောင်းချင်သူများကတော့ သူတို့ ရွေးချယ်ထားသောအလုပ်ကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းအောင် လုပ်ကြတယ်။ ကံမကောင်းသူများကတော့ အလုပ်တစ်ခုမှတစ်ခုသို့ အလွယ်တကူ ပြောင်းလဲလေ့ရှိကြသည်။ စာဖတ်သူကော ဘယ်ထဲမှာ ပါဝင်နေသလဲဟင်…. ဒါလေးတွေ ဖတ်ဖြစ်ခဲ့မယ်ဆိုရင်တော့ […]


manawphyulayAugust 2, 20112min30819
မနောတို့အိမ်မှာ အပင်စိုက်တာ ဝါသနာပါသလို အပင်တွေဝယ်တာလည်း အတော်ကို လုပ်ကြတဲ့မိသားစုဆိုလည်း မမှားပါဘူး။ အိမ်မှာက တွေ့တဲ့နေရာမှာ ကိုယ်လိုချင်တဲ့အပင်တွေ့တာနဲ့ဝယ်ဖြစ်ကြပါတယ်။ ပထမအပတ်ကတော့ နှင်းဆီပင်တွေဝယ်တယ်ပေါ့လေ။ ဟော ဒီအပတ်လည်းဝယ်ခဲ့တဲ့ အပင်တွေကတော့ ရယ်ရမလို ငိုရမလိုဖြစ်ခဲ့ရတယ်။ အိမ်ရောက်မှလည်း သိတော့ ဘယ်လိုမှသွားလည်းမပြောတော့ဘူးပေါ့လေ။ ဘာလို့တစ်ခါစားအတွက်ပဲ သူတို့လုပ်စားနေကြသလဲဆိုတာ မစဉ်းစားတတ်တော့ဘူး။ အပင်ရောင်းတော့ အမြစ်ပါမှ တချို့အပင်တွေက ရှင်သန်တာရှိတယ်။ တချို့ကျတော့လည်း ကိုင်းပဲ စိုက်တာနဲ့ရှင်တာရှိတယ်။ ခုဟာက တမင်ကို ပင်ပန်းခံပြီးလုပ်ထားတာကိုအိမ်ရောက်မှသိရတယ်။ အပင်ပေါက်မဟုတ်ပဲ ကိုင်းကို ချိုးပြီး အမြစ်တွေပုံစံနဲ့တူတယ် အရာတွေနဲ့ အမြစ်တွေကို ဖွာထားပြီး ကြိုးနဲ့ပြန်ချည်ပြီး ရောင်းတာကို ဝယ်ခဲ့မိပါရောလေ… ဈေးနှုန်းလေးကတော့ သက်သာပါတယ်။ တစ်ထောင်ဖိုး သုံးပင်ဆိုတော့ အမယ် ဒီတစ်ခါ ဈေးသက်သာလှချည်လားပေါ့ ဝမ်းသာအားရနဲ့ဝယ်လာခဲ့မိတာ အိမ်ရောက်မှာ အိုးထဲပြောင်းစိုက်မယ်လုပ်မှ ရယ်ရမလို ငိုရမလို […]