manawphyulayJuly 17, 20112min1007
(၁၉ ဇူလိုင် မမေ့နိုင်) အို… မိတ်ဆွေအပေါင်းတို့နှစ်တွေကြာညောင်း ဘဝတွေ ဘယ်လိုပြောင်းပြောင်းဗိုလ်ချုပ်တို့ခွဲခွာ၊ နေရှိန်ထိုးကျလောကပိန်းမှောင်၊ အလင်းရောင်ပျောက် မိုးအောက်လေရင်၊ ဆူပွက်လတ်သော် လှိုင်းတွေရပ်သမုဒ္ဒရာ၊ ငြိမ်သက်ရှာကြတဒင်္ဂလျှင်ငါတို့အားလုံး ဝမ်းနည်းပူဆွေးဦးညွတ်ကြကုန်၏။ အို… သင်္ခါရ၊ အနိစ္စတည်းဗိုလ်ချုပ်တို့သွားနှင့်၊ ဖြစ်သဖြင့်ကြောင့် အောက်မေ့ခွင့်ကြုံ၊ ငါတို့ဆုံရဤဘဝ သောကတောင်ထုရှိချေပြီတကား….ထွက်ခွာသွားပြီ၊ တို့မျက်ရည်များ ဖြည်မဆည်နိုင်၊ မိုးနှင့် ပြိုင်ပြီအောက်မေ့တမ်းတ၊ လွမ်းရက်ရှည်ကြာ နောက်ဆုံးတော့ဘဝ တွေ့ကြုံဆုံကွဲတည်း…. ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုတဲ့အတိုင်းပဲ။ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ရန်ကုန်မိုးဟာ ဗြုန်းခနဲရွာပြီး တိတ်သွားသော်လည်း အခုတော့ ဘယ်အငြိုးကြောင့် ဒေါမာန်ကြီးစွာနဲ့ ရွာသွန်းနေရပါလိမ့်လို့ မနော စဉ်းစားနေမိတယ်။ လမ်းသွားလမ်းလာတွေလည်း မရှိသလောက် ဖြစ်နေပြီး မနောတစ်ယောက်ထဲ မိုးရွာထဲ လျှောက်သွားနေမိပါ တကား။ ဪ… ဘာလိုလိုနဲ့ မမေ့သင့်၊ မမေ့အပ်၊ မမေ့နိုင်တဲ့နေ့လေးတစ်နေ့ကို ရောက်တော့မှာပါလား။ ဒီလိုဘဲ […]


manawphyulayJuly 16, 20111min14415
ထောင့်ကိုးရာမျိုး ခုနစ်ဆယ့်ရှစ်၊ တည်ရှိမိုးနှောင်း လမြတ်ဝါဆို၊ လပြည့်ကျော်တွင် လဆန်းတစ်ရက် နေ့ဝယ်ကြာသပတေး၊ တစ်မနက်တွင် သံသရာတစ်ကြော လောကကြီးတွင်း ဖြစ်တည်လာခဲ့ အကျွန်ုပ်သည် လူ့ဘုံခန်းဝါ သုခဒုက္ခ အဖုံဖုံကြား လူမှန်းသိစ အရွယ်ကပင်၊ မာနဝင်ကာ တငါငါနှင့် စားကာသောက်ကာ ပျော်ပါးကာလျှင်၊ သာယာချိုမြ ကိုယ့်ဘဝကို ပြည့်ဝစုံလင် အဟုတ်ထင်ခဲ့… အရွယ်ရောက်လတ် ဘဝရုန်းကန် လူ့လောကထဲဝင်ကာမျှ ကျဆင်းစိတ်ဓာတ် အဖန်ဖန်တင်းရင်း ဘဝအမောတွေ ပြေခဲ့ရ နှစ် လ ရာသီ အလီလီပြောင်းရင်း မသေသေးသရွေ့ ဆက်လက်ဆောင်ရွက် လမ်းမှန်ကိုလျှောက် အောင်မြင်မှုကို ရှေးရှုနေရင်း တက်လှမ်းလာမည့် အနာဂတ်ခရီး မျှော်မှန်းရင်း အကျွန်ုပ်သည် အောင်မြင်မှု ပန်းတိုင်ဆီသို့……


manawphyulayJuly 14, 20111min680
ကျောင်းသားလူငယ်များအား UK အဆင့်မြင့်ပညာရေးစနစ်အကြောင်း နှင့် ပညာရေးမှတဆင့် ရယူနိုင်သော အောင်မြင်မှုများအကြောင်းကို သိရှိနားလည်စေရန် ရည်ရွယ်၍ Liverpool Hope University မှ Award Director နှင့် Lecturer ဖြစ်သူ ဒေါက်တာဆွေဆွေသန်းမှ “အဆင့်မြင် ပညာခရီး နှင့် အောင်မြင်ခြင်းပန်းတိုင်” ခေါင်းစဉ်ဖြင့် ပညာရေးဟောပြောပွဲတစ်ရပ်ကို ဇူလိုင်လ ၂၂ ရက် သောကြာနေ့ ညနေ ၅ နာရီခွဲ၌ ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျင်းပမည်ဖြစ်ပါသည်။ ဒေါက်တာဆွေဆွေသန်းမှ သူမ၏ ပညာသင်ဘဝအတွေ့အကြုံများ နှင့် စိတ်ဝင်စားဖွယ်အောင်မြင်မှုများ အကြောင်းကိုပါ ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ပြီး ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်ဖြေကြားမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် ဇူလိုင်လ ၂၂ ရက် သောကြာနေ့ […]


manawphyulayJuly 14, 20111min450
မနက်ဖြန်ဆို မြန်မာများရဲ့ ဝါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ဝါဆိုလပြည့်နေ့မှာမြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်ခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံတန်ခိုးပြာဋိဟာများကိုပြသတော်မူခြင်းဆိုတဲ့ ထူးခြားတဲ့နေ့ ဖြစ်ပါတယ်။ ဝါဆိုလပြည့်ကျော် ၁ရက်နေ့မှာ ရဟန်းသံဃာများ ပုရိမဝါကပ်ဆိုတော်မူကြပါတယ်။ ဒါကြောင့်ဝါဆိုလကို လထူးလမြတ်အဖြစ်သတ်မှတ်ထားကြပါတယ်။ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ဟာကျွန်မရဲ့ မြန်မာမွေးနေ့ရက်လည်း ကျရောက်ပါတယ်။ရှေးမြန်မာဘုရင်များသည် ဗုဒ္ဓသာသနာတော် တိုးတက်စည်းကားပြန့်ပွားရေးနှင့်ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များကို ရရှိရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်တို့ကိုအကြောင်းပြုပြီး ဝါဆိုလမှာ ပဉ္စင်းခံရှင်ပြုပွဲတော်ကြီးကိုရာသီပွဲတော်အဖြစ် ကျင်းပလေ့ရှိပါတယ်။ ဝါဆိုလပြည့်နေ့မှာ ဖြစ်စေ၊လပြည့်ကျော် ၁ ရက်နေ့မှာ ဖြစ်စေ၊ ဝါဆိုလမှာ ဖူးပွင့်ကြတဲ့ ပုန်းညက်ပန်းစတဲ့ ပန်းမျိုးစုံတို့ကိုစေတီပုထိုးများမှာ သွားရောက်လှူဒါန်းဖို့ဝါဆိုပန်းခူးထွက်တဲ့ ကျွန်မတို့ရဲ့ မြန်မာများရဲ့ ကြည်နူးကျေနပ်စရာယဉ်ကျေးမှုဓလေ့တစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါတာဆိုရင်ဖြင့်ခုချိန်တိုင်ထိပေါ့လေ။အချို့ကတော့ သံဃာတော်များ ဝါဆိုတဲ့အခါ ပူဇော်ဆက်ကပ်နိုင်ဖို့ဝါဆိုပန်းနှင့် ဝါဆိုဖယောင်းတိုင်ကြီးတွေကို ဘုန်းတော်ကြီးကျောင်းများမှာလှူဒါန်းကြပါတယ်။ ထို့အပြင် သင်္ကန်းများကိုလည်းကပ်လှူကြပါတယ်။ဝါဆိုတော့မယ့် သံဃာတော်များအား ဝါဆိုလဆန်းမှာပင်လှူဒါန်းကြတဲ့သင်္ကန်းဖြစ်တာကြောင့် “ဝါဆိုသင်္ကန်း” […]


manawphyulayJuly 12, 20111min23113
သူက မုန်းလည်း…. အမုန်းမဖက် မေတ္တာလက်နှင့် ပွေ့ဖက်ခေါ်ငင် ပြုံးပန်းဆင်ပါ။ သူက ငြိုငြင်… အပြစ်တင်လည်း ချစ်ခင်ရိုးသား မြတ်စိတ်ထား၍ စကားချိုမြ နှုတ်စကားလှကို ဖွဖွဆိုပါ။ သူက ရန်ရှာ…. ပြုမူပါလည်း ညင်သာသက်သက် ခွင့်လွှတ်လျက်နှင့် နှစ်ဖက်နှစ်ဝ အေးငြိမ်းရအောင် လမ်းပြဆောင်ပါ။ မေတ္တာ၊ သစ္စာ… အနှစ်နာနှင့် ဘယ်ခါမဟူ စိတ်ထားဖြူစွာ နေတတ်ပါမှ သင်၏ဘဝ အေးချမ်းရလိမ့်…… ရေးသားသူ – မနောဖြူလေး


manawphyulayJuly 10, 20111min923
လူတွေကို ပိုပြီး စိတ်ချမ်းသာစေခြင်းသည် ပိုက်ဆံလား ဒါမှမဟုတ် ပျော်ပျော်နေတတ်သော မိတ်ဆွေများနှင့် ကိုယ့်ရဲ့အနီးဝန်းကျင်မှ လူတွေလား။ ပျော်ပျော်နေတတ်သော မိတ်ဆွေများရှိခြင်းကြောင့် ကိုယ်တိုင်ကလည်း ပျော်ရွှင်ရကြောင်း လေ့လာမှုအသစ်တွင် တွေ့ရှိရပါတယ်။ အနေအနီးအဝေးပေါ်မူတည်ပြီး မိတ်ဆွေများအကြား အပျော်သက်ရောက်ပုံကလည်း ကွာပါတယ်။ ဥပမာ တစ်မိုင်ခန့်အကွာတွင် မိတ်ဆွေတစ်ယောက်နေလျှင် ပျော်ရွှင်မှု ၂ဝ ရာခိုင်နှုန်းရနိုင်ပြီး ကပ်လျက်တွင် ပျော်ပျော်နေတတ်သော သူတစ်ယောက်ရှိလျှင် အပျော် ၃၄ ရာခိုင်နှုန်းလောက် ရသည်လို့ဆိုပါတယ်။ ထိုမိတ်ဆွေများကြောင့် ရရှိသော ပျော်ရွှင်မှုသည်လည်း တစ်နှစ်ခန့် တာရှည်သည်ဟု ဆိုထားကြပြန်ပါတယ်။ သင်လည်း သင့်အနီးမှ ပျော်ရွှင်မှုပေးနိုင်သော/ပေးနေသော မိတ်ဆွေသူငယ်ချင်းများကို အမြဲသတိရ/အမှတ်ရနေမယ်လို့ ထင်ပါတယ်နော်။ လူတိုင်း ဝန်းကျင်မှ မိတ်ဆွေအပေါင်းအသင်းများကို ပျော်ရွှင်မှုဝေမျှနေကြမယ်ဆိုရင် အားလုံးသည် ပျော်ရွှင်မှုများနဲ့ အသက်ရှင်နေသူများ ဖြစ်ပါလိမ့်မည်။ သင်လည်း ဘေးပတ်ဝန်းကျင်မှ မိတ်ဆွေသူငယ်ချင်းများနဲ့ […]


manawphyulayJuly 10, 20111min2199
Now We need 50 Pipe Fitters for Express Engineering. Express Engineering မှ ပိုက်ဆက်ဝန်ထမ်း (၅၀) ဦး အလိုရှိပါသည်။ Pipe Fitter (New Worker) – Salary SGD 20 per day.. (we will give them free training @ Labour Training Center) ဝန်ထမ်းအသစ်ဖြစ်ပါက တစ်ရက် စင်္ကာပူဒေါ်လာ ၂ဝ ရပါမည်။ (သင်တန်းကျောင်းတွင် အခမဲ့သင်ကြားပေးပါမည်) Pipe Fitter (U-turn Worker) – Salary SGD 24 to 25 per day […]


manawphyulayJuly 9, 20111min34019
EUCALYPT (ယူကလစ်) Bar & Restaurant လိုအပ်လျှက်ရှိသော ဝန်ထမ်း စားပွဲထိုး ကျား (၁) ဦး စားပွဲထိုး မ (၁) ဦး အလုပ်ချိန် နံနက် (၀၈း၃၀) နာရီမှ ည (၁၁းဝ၀)နာရီထိ နံနက် (၀၈း၃၀) နာရီမှ နေ့လည် (၀၂း၃၀)နာရီထိ အလုပ်ချိန် တစ်ချိန် (နံနက် (၁၁းဝ၀) နာရီမှ နေ့လည် (၁၁း၃၀)နာရီအတွင်း နေ့လည်စာကျွေး) နေ့လည် (၀၂း၃၀)နာရီမှ (၀၆း၃၀)နာရီထိ အားလပ်ချိန် ညနေ (၀၆း၃၀)နာရီမှ ည (၁၁းဝ၀) နာရီထိ အလုပ်ချိန်တစ်ချိန် လစာ ၄၀၀၀ဝိ/-မှ ၄၅၀၀ဝိ/- (ကျပ်လေးသောင်းတိတိ) မှ (ကျပ်လေးသောင်းငါးထောင်) အစားအသောက် နေ့လည်စာနှင့်ညစာကျွေး အစမ်းခန့်ကာလ (၁၅) ရက် […]


manawphyulayJuly 9, 20112min1162
ခုတစ်လော လူတွေကို အင်တာဗျူးရတာ အတော်စိတ်ဝင်စားနေတဲ့ မနောတစ်ယောက် နေပြည်တော် ခဏလေးသွားတော့လည်း ပလောင်တွေရဲ့ ဘဝနေနည်း၊ ဘယ်အသက်မှာ လည်ပင်းကွင်းတွေစွတ်ရတာလဲ။ ဘယ်ချိန်မှာ ရပ်လဲ။ ဘယ်အသက်ပိုင်းခြားလိုက် ဘယ်လိုနေမှုထိုင်မှုတွေလုပ်သလဲနဲ့ သွားရောက်စပ်စုမိပြီးသကာလ…. နောက်ထပ် စပ်စုမိတာကတော့ သင်္ဘောပေါ်မှာ ဘယ်လိုအတွေ့အကြုံတွေနဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းနေလဲဆိုပြီး ခင်မင်ရတဲ့ သင်္ဘောသားတစ်ယောက်ကို ခုလက်ရှိအခြအနေလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။ သိရပြန်တော့ သူတို့ရဲ့ဘဝက တကယ့်ကို ပင်လယ်နဲ့ အမြဲရင်ဆိုင်နေရပြီး အသက်ကို အပ်နှံထားရပါလားလို့ ခံစားမိပါတယ်။ အရင်တုန်းကတော့ သင်္ဘောသားတွေ ကမ်းပေါ်နားပြီ ဆိုရင် ဟိုယောင်ယောင်ဒီယောင်ယောင် လျှောက်သွားနေလို့ ပြောခဲ့သေးတာပဲ။ နောက်တော့မှ သူတို့ရဲ့ဘဝကဟာ ပင်လယ်ပြင်မှာ ဘဝမျိုးစုံ ကျင်လည်ခဲ့ရတာပါလားလို့ သိလာရတယ်။ ခုလည်း မနေ့က သူတို့ရဲ့သင်္ဘောပေါ် အတွေ့အကြုံလေးကို မေးမြန်းခဲ့တာလေးကို တင်ပြလိုက်ပါတယ်။ စကားစမြည် သင်္ဘောပေါ်မှာ […]


manawphyulayJuly 8, 20111min16310
အမြင်ဒီဇိုင်းပညာရပ်ဆိုတဲ့ Visual Art & Design ကိုတော့ အခြေခံအားဖြင့် သိနားလည်ထားဖို့လိုပါတယ်။ အမြင်ဒီဇိုင်းပညာဟာလည်း အနုပညာက ရှေးဆုံးကလို့ ဆိုလို့ရပါတယ်။ အင်း ဒါကြောင့် အနုပညာ ပါရမီရှင်များအဖို့တော့ အမြင်ဒီဇိုင်းဆိုင်ရာ အမြင် ခံစားနိုင်မှု၊ နားလည်သဘောပေါက်မှု၊ ဖန်တီးနိုင်စွမ်းဆိုတဲ့ အရာတွေဟာ မွေးကတည်းက ပါလာကြတာမို့ ဒီပညာရပ်ကို သိမထားပဲ ဖန်တီးနိုင်ကြပါတယ်။ ထူးခြားတဲ့ အနုပညာပါရမီရှင်များကို ချွင်းချက်ထားပြီး ဒီဇိုင်းပညာရပ်ကို တကယ်ဝါသနာပါ လိုက်စားလိုသူတွေအတွက် အမြင်ဒီဇိုင်းပညာရပ်ရဲ့ အခြေခံတွေကို မသိလို့ မဖြစ်နိုင်ပါဘူး။ ဒီပညာရပ်မှာ အရေးအကြီးဆုံးထားပြီး ပထမဆုံးအနေနဲ့ သိနားလည်ဖို့ လိုအပ်တာကတော့ ခံစားနားလည်မှု၊ ဝေဖန်အကဲဖြတ်နိုင်မှု စွမ်းရည် Appreciation ပါပဲ။ ဒီဇိုင်းတစ်ခုကို မြင်တဲ့အခါ ဒီဇိုင်းရဲ့အလှအပကို ခံစားနားလည်နိုင်မှု စွမ်းရည်ရှိမှသာ ကိုယ်ကိုယ်တိုင် ဒီဇိုင်းဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် […]


manawphyulayJuly 8, 20111min1012
9 July 2011 | 10:00 am to 4:00 pm | PARKROYAL Hotel, Yangon Free CEO Forum with Mr Johnny Tan (NUSS) and Mr Khoo Swee Chiow (Dare to Dream) 1:00 pm to 3:00 pm For registration, please call: 250388 Ext:333, 09 5001512 Free Teachers Workshop (Limited Seats) 9:00 am to 11:30 am For registration, please […]


manawphyulayJuly 3, 20111min1839
အားလုံး မင်္ဂလာပါရှင်။ ဇူလိုင်လ ၃ ရက်နေ့သည် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျွန်မ သိထားသမျှကို ပြောပြချင်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးများရဲ့ ရှေးခေတ်ဘဝဟာ ကမ္ဘာပေါ်မှာရှိတဲ့ အခြား အခြားသော နိုင်ငံများက အမျိုးသမီးများလိုဘဲ အားနွဲ့သူလို့ သတ်မှတ်ခံခဲ့ကြရ ပါတယ်။ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ ဆိုတဲ့ ဆုံးမစာအတိုင်း လုပ်ကိုင် ခဲ့ကြရပါတယ်။ အပြင်ထွက် ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ အခွင့်အလမ်းတွေ အလွန်ပဲ နည်းပါးပြီး အခွင့်အလမ်းမရရှိခဲ့ကြပါဘူး။ အဲဒီထဲကမှ ထူးချွန်တဲ့ အမျိုးသမီးကောင်းတွေလည်း ရှိလာခဲ့ပါတယ်။ အထူးသဖြင့် စာပေနယ်မှာ စစ်ကြိုခေတ်က ပထမဆုံး ပေါ်ထွန်းလာခဲ့တယ်လို့ ပြောရမဲ့သူကတော့ စာရေး ဆရာမကြီး ဒဂုန်ခင်ခင်လေးဆိုတာပါဘဲ။ သူက ၁၉၀၄ ခု ဖွားဆိုတော့ အတော်ကို စောပါတယ်။ […]