manawphyulayApril 10, 20111min1392
ဪ….. နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လို့လာပြီ နှစ်သစ်မှာ ငါ ဘာတွေလုပ်မလဲ စဉ်းစားဖို့ လိုလာပြီ အခုမှ စဉ်းစားရမှာ တချို့ကပြောကြတယ် ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့ ကျွန်မအထင်ကတော့ ပြီးမယ် မထင်ဘူး ဘာလို့လဲဆိုတော့ အတိတ်ဆိုတာ လူတိုင်းမှာ ရှိတယ်လေနော် တမ်းတဖို့မှ မဟုတ်တာ၊ အနာဂတ်လဲဒီလိုပဲ စိတ်ကူးယဉ်နေရုံနဲ့ ဘာမှမဖြစ်လာဘူးလေ၊ အဓိက ကတော့ ယခုလက်ရှိအချိန်ဟာ အရေးကြီးဆုံးပဲလေ ဒီတော့ ဘာပဲလုပ်လုပ် အမှားအမှန် ခွဲခြားသိမြင်ပြီး မကောင်းမှုကို အဝေးကရှောင်ပြီး အသိတရားလေး ကိုယ်မှာကပ်ပြီး တစ်နေ့ထက် တစ်နေ့ အောင်မြင်တိုးတက်မှု ရှိဖို့ လိုအပ်နေတယ်လို့ ကျွန်မ သဘောပေါက်လိုက်မိပြီ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနိးကာလ၊ နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်မှာ ခြေမချခင် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင်သုံးသပ်ရပါမယ်။ နှစ်ဟောင်းကနေ နှစ်သစ်ကို […]


manawphyulayApril 9, 20111min1558
တည်းခိုခဲ့တဲ့ဘန်ဂလို အလုပ်ကနေ ငွေဆောင်လိုက်ပို့မယ်ဆိုလို့ ဝမ်းသာသွားမိပါတယ်။ ကမ်းခြေတွေမှာ စက်စဲ၊ ချောင်းသာ၊ ငပလီ တွေရောက်ဖူးပေမယ့် ငွေဆောင်ကိုတော့ တစ်ခါမှမရောက်ဖူးသေးတဲ့အတွက် လိုက်မယ်လို့ ပြောလိုက်မိတယ်။ ညဘက်ထွက်တော့ အလုပ်ကနေ စောစောပြန်ပြီး ချိန်းထားတဲ့အလုပ်တိုက်ကိုပဲပြန်လာခဲ့တယ်။ ထွက်တော့ ည ၁၂ နာရီ စထွက်ခဲ့ပြီး ငွေဆောင်ရောက်တော့ မနက် ၄ နာရီဝန်းကျင်လောက်ရောက်သွားတယ်။ ငွေဆောင်ရောက်တော့ နေမကောင်းတာတွေလည်း ခဏမေ့သွားတယ်။ ငွေဆောင်မှာ တည်းတဲ့သူတွေ သိပ်မရှိသလောက်ရှားပါးနေတာကိုတွေ့ရတယ်။ လာတည်းတဲ့သူတွေ မှန်သမျှက နိုင်ငံခြားသားတွေပဲ များတယ်။ မြန်မာတွေသိပ်မရှိဘူး။ ရောက်တော့လည်း ကမ်းခြေတစ်လျှောက် ကိုယ့်အဖွဲ့ပဲရှိတော့ အတော်ကို မျက်စိအေးပြီး ငြိမ်းချမ်းသွားတယ်။ ဒီမှာက အစားအသောက်လည်း နည်းနည်းတော့ရှားတယ်။ စားသောက်ဆိုင်ကတော့ ကန်ထရို်က်ယူထားတဲ့ဆိုင်တစ်ဆိုင်ပဲရှိတယ်။ ဆိုင်တွေအားလုံးက ရွာထဲမှာတော့ရှိတယ်။ ရွာထဲကိုသွားရင် ၉ မိုင်လောက်ဝေးတယ်လို့ပြောတယ်။ သွားစရာကလည်း ချောင်းသာလောက် […]


manawphyulayApril 6, 20111min21520
လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က ဂျီမေးလ် သူများ လုပ်ကြံတာ ခံခဲ့ရသလို ခုတစ်ချိန်လည်း ဂျီမေးလ်ကို သူများ အသုံးပြုခြင်း ခံခဲ့ရပြန်ပါတယ်။ ၂၀၀၆ ခုနှစ်ကတော့ သုံးနေကြအင်တာနက်ဆိုင်မှာ လာသုံးနေကျဖြစ်တဲ့ ဗရုတ်သုတ်ခ ကောင်လေးအဖွဲ့ရဲ့ လက်ချက်ဖြစ်မှန်း သိခဲ့ရတယ်။ ဂျီမေးလ်ထဲမှာက ကျွန်မနဲ့ ခင်တဲ့သူတွေရဲ့ အကောင့်တွေရယ်၊ ဆရာတော်ကြီးများရဲ့ အကောင့်တွေနှင့် ဘလော့ရေးသားတဲ့ မောင်နှမတွေရဲ့ ဂျီမေးလ်ပဲ ရှိခဲ့တာဆိုတော့ မေးလ်ထဲမှာ ရှိတဲ့သူတွေက ဘယ်သူလဲ ဘယ်ကလဲ ဝိုင်းမေးခဲ့ပေမယ့် ဟိုပြော ဒီပြောနဲ့ လုပ်ခဲ့တဲ့အပြင် ဂျီတော့မှာ အတော်မိုက်ရိုင်း ယုတ်ညံ့တဲ့ ပုံကို တင်ပြီး လုပ်ခဲ့တာကို ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။ ကျွန်မဆီကို မေးလ်ထဲက သူငယ်ချင်းတွေက ဖုန်းဆက်လာပြီး နင့် ဂျီမေးလ်ကို ပတ်စဝေါ့ ပြန်ချိန်းလိုက်ပါ သူများ […]


manawphyulayMarch 30, 20111min2226
၅ဝ ရာခိုင်နှုန်း လျော့ရောင်းမယ့် ပရိုမိုးရှင်းလေးပေါ့။ ကားဝယ်ချင်သူများအတွက် သတင်းကောင်းလေးပါ။ ဒီဆိုက်လေးမှာ http://www.jotform.com/form/10831729172 ဖြည့်လိုက်နော်။


manawphyulayMarch 27, 20111min1182
တို့တွေ မနက်ဖြန် မခံနိုင်လွမ်း မတွေ့ကြနဲ့ ဝေးကြရတဲ့ရက်ပေါင်းတွေထဲ အလွမ်းတွေကို သီဖွဲ့အလီလီ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူး တစ်မျိုးတိုးလို့ အချစ်တွေထူး ဘယ်မြို့ဘယ်ဝယ် ရောက်နေသိမသိ အိမ်မက်ထဲက သခင်တစ်ယောက် ရည်ရွယ်မျှော်ကာ မှန်းဆကာလွမ်း သတိရကာ တမ်းတနေလဲ အကြောင်းမထူးတာဖြင့် အတာတန်ခူးကို ရောက်ရှိခဲ့ပြန်ပေါ့ ကံကြမ္မာ ယိုးမယ်ဖွဲ့ရရင်ဖြင့် ဆုံနိုင်ဖို့ အခွင့်ရှိရင်ကွဲ့ ကံဇာတ်ဆရာရယ် ဒီတန်ခူး နှစ်ကူးမှာ အလှည့်ပေးလှည့်ပါဦး….


manawphyulayMarch 24, 20111min2398
သိပ္ပံပညာရှင်ကြီး အေဒီဆင်သည် သူ၏ စမ်းသပ်ရှာဖွေမှု အောင်မြင်သည့်အတွက် အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်နေသည်။ ပါတီ တက်ရောက်လာသော သတင်းစာဆရာ တစ်ဦးက သိပ္ပံပညာရှင်ကြီး အေဒီဆင်ကို ဆရာ အောင်မြင်မှုဟာ ဆရာရဲ့ကံကြောင့်လား။ ဟု မေးလိုက်သည်။ သတင်းစာဆရာတစ်ဦးမေးသော မေးခွန်းကို အေဒီဆင်က ပြုံးပြီး အဖြေပြန်ပေးသည်။ ကံ မလို့ ကျုပ် အောင်မြင်တာ မဟုတ်ဘူး။ ကျုပ်အောင်မြင်မှုရဲ့ အကြောင်းတရားကို ရှာကြည့်မယ်ဆိုရင် ဉာဏ်က တစ်အောင်စလောက်ပါပြီး ဝီရိယက တစ်တန်လောက်ပါတယ်။ အေဒီဆင်၏စကားကို အသေအချာ စဉ်းစားကြည့်သင့်သည်။ မိမိတို့၏ လုပ်ငန်းကိစ္စတစ်ခုခု အောင်မြင်မှုမရှိလျှင် ကံကို ရိုးမယ်ဖွဲ့ပြီး ငါ ကံဆိုးလှချည်လား ဟု မြည်တမ်းနေကြသည်။ မိမိတို့၏ လုပ်ငန်းကိစ္စထမြောက်အောင်မှု မရှိခြင်း၌ ဝီရိယ၏ အပိုင်းအစ ဘယ်လောက်ပါသနည်းဆိုသည်ကိုမူ ထည့်တွက်ရမှန်းမသိ ဖြစ်နေကြသည်။ […]


manawphyulayMarch 24, 20111min1381
ကျွန်မနေတဲ့ လမ်းထဲတွင် မနက် – ည လူသူရှင်းလင်းလျက် အစဉ်အမြဲရှိနေတတ်ပါတယ်။ နေ့ခင်း နေ့လည် လူရှိ မရှိတော့ ကျွန်မလည်း သေချာမသိပါ။ မိုးလင်းမိုးချုပ်သွားနေသဖြင့် လမ်းထဲဘယ်နေရာတွင် ဘာရှိသည်ဆိုတာကိုလည်း ကောင်းကောင်း သတိမထားမိတတ်ပါဘူး။ တစ်နေ့ မနက်စောစောတွင် ကျွန်မ သင်တန်းရှိသဖြင့် စောစော တစ်ယောက်ထဲ လျှောက်လာရင်း တစ်ယောက်ထဲ လျှောက်ရတဲ့ အရသာဟာ အလွန်အေးချမ်းတယ်လို့ စဉ်းစားမိတော့ လမ်းအလယ်ရောက်တော့ ရေချမ်းစင်လေးတစ်လုံးကို ကျွန်မ သတိပြုမိပါတော့တယ်။ ရေချမ်းစင်ဆောက်လုပ်ထားပုံလေးကလည်း သပ်ရပ်ပြီး အချိုးကျလှတာကို တွေ့ရှိရပါတယ်။ ရေချမ်းစင်လေးရဲ့ ကိုယ်ထည်ကို အညိုရောင်ဆေးသုတ်ထားပြီး ရေချမ်းစင်ဘေးပေါင်တွေကို အစိမ်းရောင် သုတ်ထားပါတယ်။ ရေအိုးလေးရဲ့ ဘေးပတ်လည်ကို ကြည့်မိတော့ စပါးပင်လို မြက်ရိုင်းရှည်လေးတွေ စိုက်ထားတာကို တွေ့ရခြင်းအားဖြင့် နေပူကျဲကျဲတွင် ရေငတ်လာသူများကို အလွန်တရာအေးချမ်းမှုပေးပြီး စိတ်ကို […]