manawphyulayMay 12, 20111min2297
စာရေးဆရာ ဦးနတ်နွယ် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီ ဖြစ်ပါသည်။ မိုးဝေမဂ္ဂဇင်း၊ နွယ်နီ မဂ္ဂဇင်း တို့ကို ဦးစီးတည်ထောင်သူနှင့် အယ်ဒီတာချူပ် တာဝန်ယူခဲ့သူ စာရေးဆရာကြီး နတ်နွယ် သည် ယမန်နေ့ မနက်ပိုင်း ၁ဝ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်သွားခဲ့သည်။ ဒီကတော့ ဆရာ နတ်နွယ်ရဲ့ မြန်မာပြည်မြောက်ပိုင်းပွဲမှာ တွေ့ဆုံကြတဲ့ ဆရာ နတ်ရယ်၊ ဆရာ ဆင်ဖြူကျွန်းအောင်သိန်းရယ်၊ ဆရာ ပါရဂူရဲ့ အမှတ်တရပုံလေးပါ။ ၇ရ နှစ်ပြည့်မွေးနေ့တုန်းက ဆရာ ဒဂုန်တာရာနဲ့ အမှတ်တရ


manawphyulayMay 6, 20111min1733
ညနေခင်း ရွှေတိဂုံဘုရားသွားတော့ မိုးရွာပြီးစ အေးချမ်းမှုတွေနဲ့ ဘုရားကို ကြည်ညိုစွာ ဖူးမြှော်ရတာ အလွန်ပဲ အေးချမ်းလှပါတယ်။ ကုန်းတော်ပေါ်မှာလည်း ဘုရားဖူးနည်းပြီး အေးချမ်းလှပါတယ်။


manawphyulayMay 4, 20111min1837
စာအုပ်ဆိုင်များ အရောင်းအ သွားမည်ကို စိုးရိမ်ရကြောင်း တွေ့ရှိရပါတယ်။ ဖွင့်ပွဲအထူးနှုန်းအဖြစ်၅ % မှ ၃ဝ % ထိ အထူးလျော့ဈေးဖြင့် စာအုပ်၊ ဂျာနယ် စုံလင်စွာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါတယ်။


manawphyulayApril 28, 20111min24319
နေရာတိုင်းမှာ ဝါထိန်နေပြီး တစ်မြို့လုံး မွှေးပြန့်နေတယ်။ သင်္ကြန်မတိုင်ခင်သာ ပွင့်မယ်ဆိုရင် သင်္ကြန်ရနံ့လေး သင်းနေမယ်ထင်ပါတယ်။ ခု တစ်မြို့လုံးအပြင် လူတိုင်းခေါင်းမှာ ပိတောက်ပန်းတွေ ဝေနေအောင် မြင်ရတာ မနက်ခင်းရဲ့ အလှကို ပိုပြီး ကြည်နူးမိစေပါတယ်။ အောက်ဆုံးပုံကတော့ ပိတောက်နဲ့အပြိုင် ရန်ကုန်တက္ကသိုလ် ULB ဆောင်ဘေးက အပင်ပဲဖြစ်ပါတယ်။ မနက်က သဘောကျလို့ ရိုက်လာခဲ့တာပါ။


manawphyulayApril 27, 20111min1250
Shipping (Forwarding) Account တက်ကျွမ်း နားလည်သော Officer တယောက် အမြန် လိုအပ် ပါသည်။ Accounting Software တခုခု ကိုကျွမ်းကျင်စွာ ကိုင်တွယ် နိုင်ရပါမည်။ Peach Tree တက်ကျွမ်းလျှင် ပိုမို သင့်ေတော်ပါသည်။ CV နှင့်တကွ သက်ဆိုင်ရာ စာရွက် စာတမ်း များနှင့် လူကိုယ်တိုင် ရုံးချိန် အတွင်း လာရောက် လျှောက်ထားနိုင်ပါသည်။ Aquamarine Shipping Company Limited No 503, 5th Fl, Excel Treasure Tower, Shwe Gone Dine, Bahan, Yangon. cntc : 09 730 85414


manawphyulayApril 27, 20111min2449
သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသည်။ မြို့ဟောင်းရာသည် ဘဲဥပုံလည်းမက စက်ဝိုင်းပုံလည်းမကျသော အဝန်းအဝိုင်းပုံသဏ္ဌာန်ရှိ၍ တောင်မြောက်နှစ်မိုင်ခွဲခန့်နှင့် အရှေ့အနောက်နှစ်မိုင်ခန့် ကျယ်ဝန်းလေသည်။ ရန်ကုန်မှ ပြည်မြို့သို့ သွားသော မီးရထားလမ်းသည် သရေခေတ္တရာမြို့ဟောင်းကို အရှေ့တောင်မှ အနောက်မြောက်သို့ ဖြတ်သန်းသွား၍ ပြည်မှ ပေါက်ခေါင်းသို့ သွားသော မော်တော်ကားလမ်းကို မြောက်ဘက်မြို့ရှိးပေါ်သို့ ဖြတ်၍ ပြုလုပ်ထားသည်။ မြို့ဟောင်းအတွင်း၌ ယခုအခါ ရွာငယ်အများအပြားရှိ၍ မြောက်ဘက်ပိုင်းကမူ လယ်ကွက်များပြည့်နှက်နေ၏။ မှော်ဇာဘူတာရုံသည် မြို့ဟောင်း၏ ဗဟိုနေရာမှ အရှေ့မြောက်ယွန်းယွန်းတွင် တည်ရှိသည်။ ရှေးဟောင်းအဆောက်အအုံများသည် မြို့တွင်း၌သာမက မြို့ပြင်၌လည်း အနှံ့အပြားကျန်နေသေးရာ သရေခေတ္တရာထွန်းကားစဉ်က ထင်ရှားခဲ့သော မြို့ပတ်ဝန်းကျင် နယ်နမိတ်မှာ ကျုံးနှင့် မြို့ရိုးပတ်ရံသည် မြို့တွင်းထက် လေးဆခန့်မျှ ကျယ်ဝန်းကြောင်း သိနိုင်လေသည်။ မြို့တွင်းအလယ်ဗဟိုလောက်တွင် နန်းတော်ကုန်းဟုခေါ်သော စတုဂံအုတ်ရိုးကာရံထားသည့် ကုန်းမို့မို့ကို တွေ့နိုင်သေးသည်။ […]


manawphyulayApril 24, 20111min760
ဖြစ်ချင်တာတွေ မြိုသိပ် ကြိတ်မှိတ်ခံစား ဒါ ဘဝတဲ့လား… လောကဒဏ်ကို အံတု ကမ္ဘာမြေကို ဗဟိုပြု လျှောက်ခဲ့တဲ့လမ်း ကြမ်းတမ်းနေပါလား…. လမ်းအစ လမ်းအဆုံး မျှော်ကိုးရင်း လျှောက်ခဲ့တဲ့လမ်း သာယာတော့မည်လား… မရေမရာ မသေမချာ အတွေးတွေနဲ့ စိတ်ကူးကိုပုံဖော် လောကကို ထုဆစ် ဆက်လျှောက်မည့်လမ်း ဖြောင့်ဖြူးလာပါလား… မှုန်ရီ ဝိုးတဝါးနဲ့ အကောင်းအဆိုး ဒွန်တွဲ ဖြစ်ခြင်း ပျက်ခြင်း မတည်မြဲ နင်လား လောကဒဏ် အားမတန် မာန်တင်း ကြိုးစားဆက်လျှောက် အောင်မြင်မှုက လက်တစ်ကမ်းမှာ မနှေးမမြန် ရောက်တော့မည်ပါတကား……


manawphyulayApril 24, 20111min2179
တိုင်းရင်းသားကျေးရွာ အဝင် တိုင်းရင်းသားကျေးရွာအတွင်းက မြောက်ဦးစေတီ ကချင်ရိုးရာအိမ်ရှေ့လေးပေါ့။ ကယားအိမ်ဘေးကလေ တိုင်းရင်းသားများ စည်းလုံးနေပုံ နန်းမြင့်မျှော်စင်ပေါ်ကနေ ရိုက်ခဲ့တာပါ။ ကျေးရွာအတွင်း မြင်ကွင်းလေးတစ်ခုပေါ့။


manawphyulayApril 22, 20111min1657
ရန်ကုန်တက္ကသိုလ်ရဲ့ ချစ်သူလမ်းကြားလေး ဒါကတော့ လွမ်းမောစရာ စစ်ကိုင်းလမ်းလေးပေါ့ ဂျပ်ဆင်ထိပ်မှာ လရိပ်မရှိပေမယ့် ကျောင်းတက်တဲ့ မနက်တိုင်း အေးချမ်းမှုကို ပေးပါတယ်။ ရှင်သန်နေဆဲ ဂျပ်ဆင်ရှေ့က သစ်ပင်


manawphyulayApril 19, 20111min1241
သင်္ကြန်ပိတ်တော့ အရင်ဆုံး အလုပ်က နားရတော့ပေါ့လို့ တွေးခဲ့ပေမယ့် စံပြမှတ်တိုင်နားက အောင်စကြာဓမ္မရိပ်သာမှာ တရားထိုင်ဖြစ်ခဲ့တယ်။ အောင်စကြာဓမ္မရိပ်သာမှာ ဒီနှစ်မှ စတဲ့ မိုးကုတ်ဆရာတော် ဘုရားကြီးလမ်းစဉ် အလုပ်ပေး တရားစခန်းကို သွားရောက်ခဲ့ပါတယ်။ တရားဝင်တဲ့ ယောဂီတွေအတွက် စားစရိတ်မပေးရဘဲ ပထမဆုံးအကြိမ် ပြုလုပ်တာ ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ပဋိစ္စသမုပ၌ာဒ် စက်ဝိုင်းဒေသနာ လည်ပုံ ပြတ်ပုံအကြောင်းကို ဟောပြ လမ်းညွှန်ပေးတဲ့ ဆရာတော်ကတော့ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ အောင်စကြာ ဘဒ္ဒန္တစန္ဒသူရိယ ဆရာတော်ပဲဖြစ်ပါတယ်။ တရားပြ အလွန်ကောင်းပြီး ကျွန်မတို့လို လူတွေတောင် နားလည်လွယ်ပါတယ်။ ယောဂီများအနေနဲ့ကတော့ မနက် ၄ နာရီ ထရပြီး တရားထိုင်၊ အာရုံထမင်းစားနဲ့ နောက် တရားထိုင် နေ့လည်ထမင်းစားပြီး ဆရာတော်ကြီး တရားဟောကြားချိန်က ၁၂ […]


manawphyulayApril 18, 20111min21010
အားလုံးနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပြီး ကောင်းကျိုးအဖြာဖြာ ပြုလုပ်နိုင်ကြပါစေလို့ ရွာသူရွာသားအပေါင်းအား မေတ္တာပို့သလိုက်ပါတယ်ရှင်