အတိတ်ရဲ့ခြေရာ

manawphyulayApril 22, 20111min1847

ရန်ကုန်တက္ကသိုလ်ရဲ့ ချစ်သူလမ်းကြားလေး
ဒါကတော့ လွမ်းမောစရာ စစ်ကိုင်းလမ်းလေးပေါ့

ဂျပ်ဆင်ထိပ်မှာ လရိပ်မရှိပေမယ့် ကျောင်းတက်တဲ့ မနက်တိုင်း အေးချမ်းမှုကို ပေးပါတယ်။

ရှင်သန်နေဆဲ ဂျပ်ဆင်ရှေ့က သစ်ပင်

7 comments

  • ဆူး

    April 22, 2011 at 3:09 pm

    ထိုနေရာလေးကို မရောက်တာ နှစ်အတော် ကြာသွားပြီ။

  • kotun

    April 22, 2011 at 3:27 pm

    စိတ်ရှည်သည်းခံပြီးစောင့်ပါ သူငယ်ချင်းတို့ရယ် . . (အကုသိုလ်ကောင်တွေ သူ့စရိတ်နဲ့သူသွားတော့မှာပါ) အမေ့ရဲ့လက်နဲ့ ငါတို့ရဲ့စိတ်ဝမ်းနှလုံးရွှင်ပြုံးချမ်းသာစေရမှာပါ . . ။ အဲဒီနေရာလေးတွေမှာ တို့တွေ ပြန်လည်ပျော်ရွှင်ကြရတော့မှာပါ ။

  • nature

    April 22, 2011 at 5:10 pm

    တကယ့်ကိုအမှတ်တရလွမ်းစရာနေရာလေးပါဘဲ။

  • parlayar46

    April 22, 2011 at 5:17 pm

    အမိတက္ကသိုလ်ကြီးကို သံတိုင်တွေလျှောက်ကာပြီး မွေးမြူရေးခြံကြီးလို လုပ်ပစ်လိုက်ကတည်းက ကျုပ်မရောက်တော့တာ။ ခြင်္သေ့တံခါးမကြီးကိုလဲ တဝက်ပိတ် တဝက်ဖွင့်လုပ်ထားပြီး ချီးဒုတ်အကြားကြီး ကန့်လန့်တားထား တာတွေ့ဘူးတယ် ။ အထဲများဝင်မိရင် ပုံစံအထိုင်ခိုင်းမလား တောင်မသိဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 22, 2011 at 7:37 pm

    ကျွန်တော်က တစ်ကယ်ရိုးသားစွာမေးတာပါ
    သစ်ပင်ကိုတော့
    ထင်းလို ့ဘဲမြင်ပါတယ်
    ဂျပ်ဆင်ဆိုတာ သီချင်းထဲမှာကြားဘူးပါတယ်
    အဲ့သည်ဂျပ်ဆင်ဆိုတာက အပေါ်မှာလက်ဝါးတိုင်ကြီးနဲ ့
    ထပ်ခိုးတွေရှိသလား
    မြက်တောထဲမှာမထိုင်နဲ ့နော်
    မြွေပါးကင်းပါး
    ခင်ဗျားတို ့မှာကြင်နာတတ်တဲ့နှလုံးသားလေးတွေရှိကြမယ်ဆိုရင်ဖြင့်
    ခုနစ်တန်းမအောင်တဲ့ကျုပ်ကို
    ဂျပ်ဆင်ဆိုတဲ့အကြောင်းပြောပြစေခြင်ပါတယ်ဗျာ

  • kokolatt

    April 24, 2011 at 2:40 am

    ရန်ကုန်တကသိုလ်ကြီးထဲမှာ လွမ်းစရာတွေကတော့အများကြီးပဲ တစ်နေကုန်ထိုင်လွမ်းတာတောင်ကုန် မှာမဟုတ်ဘူးလို့ထင်တယ် နော်….သစ်ပုပ်ပင်ကြီးကိုလဲ ..လွမ်း၊ ဂျပ်ဆင်ကိုလဲ..လွမ်း၊ကျောင်းထဲက ကင်တင်းတွေကိုလည်း..လွမ်း၊ အဓိပတိလမ်းမကြီးကိုလည်း..လွမ်း၊ ကံ့ကော်ပင်အောက်ကခုံလေးတွေကိုလည်း..လွမ်း၊ ဘွဲ့နှင်းသဘင်ခန်းမကြီးကိုလည်း..လွမ်း၊ ပြီးတော့…… ( physic department နောက်ကပန်းခြံကလေးဆို ပိုလို့တောင်လွမ်းဖို့ကောင်းသေးတယ်..အဟိ။ )

  • manawphyulay

    April 24, 2011 at 9:35 am

    ခုက ကန်တင်းက စားစရာတွေကတော့ ဈေးနည်းနည်းတက်သွားပြီ ဒါပေမယ့် အရင်အတိုင်းပါပဲ။ ကျောင်းတက်တုန်းက အရသာနဲ့ ခုဒီပလိုမာတက်တဲ့အရသာကတော့ နည်းနည်းကွာခြားသွားတာပေါ့။

Leave a Reply