ရန်ကုန်တစ်မြို့လုံး ပိတောက်တွေပွင့်ကုန်ပြီ

manawphyulayApril 28, 20111min24219


နေရာတိုင်းမှာ ဝါထိန်နေပြီး တစ်မြို့လုံး မွှေးပြန့်နေတယ်။ သင်္ကြန်မတိုင်ခင်သာ ပွင့်မယ်ဆိုရင် သင်္ကြန်ရနံ့လေး သင်းနေမယ်ထင်ပါတယ်။ ခု တစ်မြို့လုံးအပြင် လူတိုင်းခေါင်းမှာ ပိတောက်ပန်းတွေ ဝေနေအောင် မြင်ရတာ မနက်ခင်းရဲ့ အလှကို ပိုပြီး ကြည်နူးမိစေပါတယ်။

အောက်ဆုံးပုံကတော့ ပိတောက်နဲ့အပြိုင် ရန်ကုန်တက္ကသိုလ် ULB ဆောင်ဘေးက အပင်ပဲဖြစ်ပါတယ်။ မနက်က သဘောကျလို့ ရိုက်လာခဲ့တာပါ။

19 comments

  • PaukPhaw

    April 28, 2011 at 4:36 am

    ဟုတ်ပါ့ဗျာ..
    တစ်မြို ့လုံး ဝါထိန်နေတာပါပဲ…

    ဒါပေမဲ့….ဒီပုံတွေကတော့ 2008 ကဆိုလားပဲ

    • etone

      April 29, 2011 at 1:50 am

      ပေါက်ဖော်ရေ… 2008 ကဟာမှန်းဘယ်လိုသိလည်း ။ ကြည့်နည်းလေး ပေးပါဦး ။
      အ ခုလေးတင် စာတစောင်ဝင်လာတယ်… mrsorcerer@googlegroups.com ကပါ… မေမွန်ကျော်ဆိုတဲ့ တယောက်က ကူးပြီး ပို့တာလား ၊ ဘယ်သူက ကူးတာလဲ သေချာမသိပေမဲ့ …. သတိတရလေး မှတ်သားထားလိုက်တယ်… ။ မေမွန်ကျော်ရဲ့ စာထဲက ပုံတွေ လိုကေးရှင်းထောက်ကြည့်တော့ ဂေဇက်ကဟာဖြစ်နေတော့ သူကူးတာပဲဖြစ်မှာပါ … ပေါက်ဖော်က 2008လို့ ပြောတာနဲ့ ဇဝေဇဝါနဲ့ အံ့ဩနေတာ … ။
      ———————————
      MayMonkyaw 27 wrote:
      > ရန်ကုန်တစ်မြို့လုံးပိတောက်တွေဝေနေပြီ။
      > နေရာတိုင်းမှာ ဝါထိန်နေပြီး တစ်မြို့လုံး မွှေးပြန့်နေတယ်။ သင်္ကြန်မတိုင်ခင်သာ
      > ပွင့်မယ်ဆိုရင် သင်္ကြန်ရနံ့လေး သင်းနေမယ်ထင်ပါတယ်။ ခု တစ်မြို့လုံးအပြင်
      > လူတိုင်းခေါင်းမှာ ပိတောက်ပန်းတွေ ဝေနေအောင် မြင်ရတာ မနက်ခင်းရဲ့ အလှကို
      > ပိုပြီး ကြည်နူးမိစေပါတယ်။ပိတောက်ချစ်သူများအတွက်အမှတ်တရပေါ့။

      (ပုံသုံးပုံလည်းပါတာ တွေ့ပါတယ် )

      aurorageneration@googlegroups.com, mrsorcerer@googlegroups.com

  • maylekha

    April 28, 2011 at 5:17 am

    ဟုတ်တယ်။ဒို့မြို့မှာလည်းပွင့်တယ်။ဝါထိန်နေတာပဲ

  • hokg

    April 28, 2011 at 6:09 am

    ပိတောက်တွေ ပွင်.နေတာတော.တော်တော်လှတယ်
    ဒါပေမယ်. မသိလို.မေးပါရစေ ။
    ီပုံတွေက ဒီနေ.မနက်မှာ ပွင်.တဲ.ပုံတွေလားဟင်………

  • hmee

    April 28, 2011 at 6:38 am

    ပိတောက်တွေ မြင်တော့ အိမ်ကို ပိုပြီးလွမ်းလာပြီ။

  • အစ်မ ပိတောက်ပန်းတွေကလေ အပြင်က အလှနဲ့ ဓာတ်ပုံထဲကအလှနဲ့ နည်းနည်းကွာတယ်နော်။ ဒါပေမဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလှတရားကတော့ အတူတူပါပဲနော်။

  • m

    April 28, 2011 at 11:08 am

    ကိုနေဝန်းနီ ရေးတဲ့ ကဗျာ တစ်ပုဒ် ဖတ်ဖူးတယ် –
    ဘာတဲ့ – ………….. သစ္စာမဲ့ တဲ့ ပိတောက် တစ်နှစ်လုးံလမ်းလျှောက်နေတယ်တဲ့ . . . . . .
    ဘယ်နေ့ ပွင့် ဦး မလဲ မသိဘူး – နော် –

  • pwint pwint

    April 28, 2011 at 1:41 pm

    ဒီနှစ်ပွင့်တဲ့ ပိတောက်တွေဆိုရင်လည်း ပုံပိုင်ရှင်ကို ခရက်ဒစ်ပေးပြီး ဖြန် ့မလို ့၊ ကောမန် ့တွေဖတ်ကြည့်ပြီး ဇဝေဇဝါဖြစ်သွားရတယ်။ ကိုယ်ရိုက်တဲ့ပုံ ကိုယ်ကိုယ်တိုင်ရေးတဲ့စာ မဟုတ်ပါ၊ အမှိုက်ပုံက ကောက်ရပါသည် စသဖြင့် ဝန်ခံချက်လေး ရေးပေးခြင်းဖြင့် ဘယ်သူပွိုင့်ပေးပေး မပေးပေး ကိုယ့်ကိုယ်ကို ပွိုင့်ပေးကြရင် မနက်ခင်းတိုင်းဟာ ပိတောက်ပွင့်တဲ့ မနက်တွေ ဖြစ်လာမှာ။

  • manawphyulay

    April 28, 2011 at 2:51 pm

    နောက်တစ်ခါ ပုံတွေမှာ ကိုယ့်ရဲ့လိုဂိုတံဆိပ်လေး တပ်ပြီး လုပ်ပေးပါမယ်။ ခုက မနက်က တန်းတင်လိုက်လို့ပါနော်။

  • nayzaw

    April 28, 2011 at 3:00 pm

    ဟင်ရန်ကုန်တစ်မြိုလုံးမဟုတ်ပါဘူးတစ်ပြည်လုံးပွင်နေတာနဲတူတယ်နော်

  • တညင်သား

    April 28, 2011 at 5:20 pm

    ရွာသားတွေပြောမှပဲ အိမ်ဘေးက နာဂစ်ထဲပါသွားတဲ့ ပိတောက်ပင်းလေးကို ပြေးသတိယမိတယ်…………………

  • linear80

    April 28, 2011 at 9:52 pm

    Oh! Good! I miss Padauk so much and haven’t seen that for a couple of years! Thank you. (manawphyulay)

  • weiwei

    April 29, 2011 at 4:11 am

    ဒီနေ့လဲ စက်ရုံထဲမှာတော့ ပိတောက်ပန်းတွေ လှိုင်နေတုန်းပဲ …

    ဒီပုံနဲ့တစ်ပုံစံထဲတူတဲ့ ဓါတ်ပုံတွေ ဖော်ဝပ်မေးလ်ထဲကနေရဖူးတယ် …

  • ဆူး

    April 29, 2011 at 5:06 am

    မနေ့က ပုံနဲ့ ဒီနေ့ ပုံ မတူပါဘူး ကွယ်…

    • etone

      April 29, 2011 at 8:42 am

      ဟုတ်ပါ့ ဆူးရေ… မနေ့ကပုံက 2008 ကဆိုလို့ ဖြုတ်ပြီး တခြားပုံပြန်တင်ပေးတာလားမသိဘူးနော်… ။ ဒီတခါ ကိုယ်တိုင်ရိုက်တယ်လို့ပါပါတယ် ။

  • weiwei

    April 29, 2011 at 6:05 am

    အနိစ္စသဘော ချက်ခြင်းတွေ့လိုက်ရတယ် .. အခုလေးတင် လေတွေတိုက်ပြီး မိုးရွာလိုက်တာ ပိတောက်ပွင့်တွေ ကြွေပါရောလား …. နေ့မြင် နေ့ပျောက်ပဲ …

  • kai

    April 29, 2011 at 9:13 am

    နိုင်ငံတွေမှာ .. အမျိုးသားအထိမ်းအမှတ်တွေရှိကြတယ်…။
    ပန်းလည်း ..အမျိုးသားပန်းအနေနဲ့ရှိကြတာပဲ..။
    မြန်မာတို့ရဲ ့အမျိုးသားပန်းကဘာလည်း သိကြသလား…
    ပိတောက်တဲ့..။

    မှတ်သိဖူးသလောက်တော့ ..ပိတောက်ဟာ..တရက်ပဲခံတယ်ဖြစ်တာမို ့.. အမျိုးသားပန်းအဖြစ် နိုင်ငံတော်ဝေဒအဖွဲ ့က တွက်ချက်တာမှာ.. အဆင်မပြေဖြစ်ပြီး ..မလုပ်ဖြစ်ဖူးတဲ့..။
    ဒါပေမဲ့..ဝိကီမှာတော့ .. ပိတောက် လို့ပဲ…ဆိုပါတယ်..။
    Myanmar
    Myanmar – Pterocarpus indicus (paduak)
    http://en.wikipedia.org/wiki/Floral_emblem#Myanmar

    အဲဒါ. အဲဒီအကြောင်း..သူတေသနနဲ့..တယောက်ယောက်က… .ဆောင်းပါးလေးများရေးပေးရင်ကောင်းသား..။
    တချို ့က တော်ဝင်သဇင်ကို ကြိုက်ကြလေရဲ့..။
    ကဲ..သိတာလေးတွေ ချရေးပေးကြပါဦး..။ ပိတောက်နဲ့ဆိုင်တာလေးတွေ…။ ကိုပေါက်ကိုလည်းအားကိုးပါရဲ့.. သီချင်းတွေထဲက ရှာပုံတော်ဖွင့်ကြည့်ပါဦး..။

    တယောက်ဆိုတယောက် ပိတောက်ဆိုပိတောက်
    ဟေလာယောက်ျား ပိတောက်သား

    • ဆူး

      April 29, 2011 at 12:23 pm

      ပိတောက် ပင်ကြီးလဲ.. မောင့် ရင်ကြီး ကွဲ..
      သူများတွေ အော်ပြီး နောက်တာ ကြားဖူးတယ်။

  • char too lan

    April 29, 2011 at 9:28 am

    တစ်ယောက်ဆိုတစ်ယောက် တစ်နေ့ကိုတစ်ယောက်ပဲ 🙂

Leave a Reply