သင်္ကြန်တွင်း ဘာတွေလုပ်ခဲ့မိလဲ

manawphyulayApril 19, 20111min1421

သင်္ကြန်ပိတ်တော့ အရင်ဆုံး အလုပ်က နားရတော့ပေါ့လို့ တွေးခဲ့ပေမယ့် စံပြမှတ်တိုင်နားက အောင်စကြာဓမ္မရိပ်သာမှာ တရားထိုင်ဖြစ်ခဲ့တယ်။ အောင်စကြာဓမ္မရိပ်သာမှာ ဒီနှစ်မှ စတဲ့ မိုးကုတ်ဆရာတော် ဘုရားကြီးလမ်းစဉ် အလုပ်ပေး တရားစခန်းကို သွားရောက်ခဲ့ပါတယ်။ တရားဝင်တဲ့ ယောဂီတွေအတွက် စားစရိတ်မပေးရဘဲ ပထမဆုံးအကြိမ် ပြုလုပ်တာ ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ပဋိစ္စသမုပ၌ာဒ် စက်ဝိုင်းဒေသနာ လည်ပုံ ပြတ်ပုံအကြောင်းကို ဟောပြ လမ်းညွှန်ပေးတဲ့ ဆရာတော်ကတော့ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ အောင်စကြာ ဘဒ္ဒန္တစန္ဒသူရိယ ဆရာတော်ပဲဖြစ်ပါတယ်။ တရားပြ အလွန်ကောင်းပြီး ကျွန်မတို့လို လူတွေတောင် နားလည်လွယ်ပါတယ်။ ယောဂီများအနေနဲ့ကတော့ မနက် ၄ နာရီ ထရပြီး တရားထိုင်၊ အာရုံထမင်းစားနဲ့ နောက် တရားထိုင် နေ့လည်ထမင်းစားပြီး ဆရာတော်ကြီး တရားဟောကြားချိန်က ၁၂ နာရီမှ ၁ နာရီပဲ ဖြစ်ပါတယ်။ နောက် ၁ နာရီခွဲမှာ ဝိပဿနာရှူမှတ်ပွားရပါတယ်။ ၂ နာရီခွဲမှာ တစ်ချိန်နားပြီး ၃ နာရီကနေ ၄ နာရီတစ်ချိန်ပြန်စပါတယ်။ ၄ နာရီခွဲကနေ ၅ နာရီခွဲ နောက်တစ်ကြိမ်ပြန်ထိုင်ရပါတယ်။ နောက်တစ်ကြိမ်ကတော့ ၆ နာရီကနေ ရနာရီ၊ရ နာရီခွဲကနေ ၈ နာရီခွဲထိ ဆက်တိုက် နာရီဝက်နားပြီး တရားထိုင် ဝိပဿနာရှူရပါတယ်။ နောက် ၉ နာရီမှာ ယောဂီများအားလုံး အိပ်ယာဝင်ရပါတယ်။ သင်္ကြန်တွင်း အတွေ့အကြုံကတော့ တကယ့်ကို အကျိုးရှိခဲ့ပါတယ်။ နောက် နှစ်ဆန်းတစ်ရက်ကို ရွှေတိဂုံဘုရားမှာ လာရောက်သမျှ ဘရားဖူးဧည့်သည်များအတွ်က် အအေးလှူဒါန်းမှုကို ပြုလုပ်ခဲ့ပါတော့တယ်။

One comment

  • bigcat

    April 19, 2011 at 4:52 am

    သာဓု သာဓု သာဓု။ တရားတော်ကြောင့် ရခဲ့တဲ့ အသိအမြင်တွေကို စာအဖြစ်ချရေးပါအုံး။ ရွာထဲက ဘဒ္ဒန္တများ ကျွတ်သွားအောင်လို့ပါ။

Leave a Reply