manawphyulayApril 19, 20111min2381
သင်္ကြန်ပိတ်တော့ အရင်ဆုံး အလုပ်က နားရတော့ပေါ့လို့ တွေးခဲ့ပေမယ့် စံပြမှတ်တိုင်နားက အောင်စကြာဓမ္မရိပ်သာမှာ တရားထိုင်ဖြစ်ခဲ့တယ်။ အောင်စကြာဓမ္မရိပ်သာမှာ ဒီနှစ်မှ စတဲ့ မိုးကုတ်ဆရာတော် ဘုရားကြီးလမ်းစဉ် အလုပ်ပေး တရားစခန်းကို သွားရောက်ခဲ့ပါတယ်။ တရားဝင်တဲ့ ယောဂီတွေအတွက် စားစရိတ်မပေးရဘဲ ပထမဆုံးအကြိမ် ပြုလုပ်တာ ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ပဋိစ္စသမုပ၌ာဒ် စက်ဝိုင်းဒေသနာ လည်ပုံ ပြတ်ပုံအကြောင်းကို ဟောပြ လမ်းညွှန်ပေးတဲ့ ဆရာတော်ကတော့ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ အောင်စကြာ ဘဒ္ဒန္တစန္ဒသူရိယ ဆရာတော်ပဲဖြစ်ပါတယ်။ တရားပြ အလွန်ကောင်းပြီး ကျွန်မတို့လို လူတွေတောင် နားလည်လွယ်ပါတယ်။ ယောဂီများအနေနဲ့ကတော့ မနက် ၄ နာရီ ထရပြီး တရားထိုင်၊ အာရုံထမင်းစားနဲ့ နောက် တရားထိုင် နေ့လည်ထမင်းစားပြီး ဆရာတော်ကြီး တရားဟောကြားချိန်က ၁၂ […]