manawphyulayJanuary 22, 20111min2703
Folders Guard version 8.2 ကွန်ပျူတာက ဖိုလ်ဒါတွေကို သော့ခတ်သိမ်းချင်တဲ့ သူတွေ အများကြီးပါ။အခု Win-Ability Software Corp. (http://www.winability.com) က ထုတ်လုပ်တဲ့ Folder Guide ကို သုံးကြည့်ပါဦး။ ရက် ၃ဝ တော့ အခမဲ့ စမ်းသပ်နိုင်ပါတယ်။ သဘောကျရင် ၂၉.၉၅ ဒေါ်လာနဲ့ ဝယ်နိုင် ပါတယ်။ Folder Guide သည် သင့်ရဲ့ အရေးကြီးတဲ့ ကိုယ်ပိုင် ဖိုင်နဲ့ ဖိုလ်ဒါများကို password နဲ့ ကာကွယ်ပိတ်ပေးနိုင်ပါတယ်။ ဒါတင် မက အမြင်ကနေ ဖျောက်ထားနိုင်ပါတယ်။ စွမ်းရည်မြင့် ဆော့ဖ်ဝဲ ဖြစ် လို့ သတိထား လုပ်ဆောင်ဖို့တော့ လိုပါမယ်။ Folder Guide သည် CD-ROM […]


manawphyulayJanuary 21, 20111min4470
ICT-Laboratory “Demonstration of Cisco devices password hacking and Cisco IOS backup restore” ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ Net-Info မှ (Lecturer) Complete ICT Solution Provider ဦးအောင်ထွန်းလင်းမှ ဇန်နဝါရီလ (၂၉) ရက်တွင် နေ့လည် ၁းဝဝ နာရီမှ ၅းဝဝ နာရီအထိ “Demonstration of Cisco devices password hacking and Cisco IOS backup […]


manawphyulayJanuary 21, 20111min47511
ကျွန်မ နားလည်သလောက် သိမှတ်သလောက် ဆွေးနွေးချင်ပါတယ်။ ဒါဟာ ဘာလဲဆိ်ုတော့ ယူနီကုတ်လို့ ခေါ် တဲ့ Unicode Standard အကြောင်းပါပဲ။ ကျွန်မလည်း တတ်လို့ နားလည်လို့တော့ မဟုတ်ပါဘူး။ နည်းနည်းလည်း သိတာလေးတစ်ခုပါ။အင်း ပြောရရင် ပြဿနာက ကျွန်မတို့ရဲ့ ဘာသာစကားကို ကွန်ပျူတာက မပြောဘူး။ အလုံးစုံအားဖြင့် သူတို့က ဒစ်ဂျစ်တယ်ချည်းပဲလေ။ စာသားတွေကို သိုလှောင်ဖို့ ဒါမှမဟုတ် ကိုင်တွယ်တည်းဖြတ်ဖို့ရာ မပြုလုပ်ခင် စာလုံးတိုင်း၊ သင်္ကေတတိုင်း၊ ပုဒ်ဖြတ်ပုုဒ်ရပ် အမှတ်အသားတိုင်းကို ပထမဆုံး ကိုယ်စားပြု ဂဏန်းများသို့ ပြောင်းပစ်ရမယ်။ ဒါဆို ကွန်ပျူတာ သုံးသူတွေ ဘယ် code ဂဏန်းတွေ သုံးကြသလဲ။ ကျွန်မတို့ ကွန်ပျူတာ မကိုင်ဖူးခင်ကတော့ ကွန်ပျူတာဆိုတာ တော်တော်ကြီးကျယ်ခမ်းနားမှာပဲ။ ဘယ်လိုလူမျိုးတွေ သုံးတာလဲ။ ကျွန်မ […]


manawphyulayJanuary 21, 20111min2470
နှစ်များစွာ ကြာ ရှည်ဖြတ်သန်း သည်နေရာ သည်ဝန်းကျင် အခြေတည် အစပြုခဲ့ ကြိုးစားလုပ်ဆောင်နေရင်း အောင်မြင်မှုရရှိခဲ့ချိန်မှာ ငါဟာ ကျောခိုင်းထွက်ခွာခဲ့ရ အားလုံးကို နှုတ်ဆက်ဖို့ရာ စကားလုံးတစ်လုံးတောင်မှ ရှာမရခဲ့ပါဘူး။ ငါ့ရင်မှာ ဖြစ်တည်ခဲ့ ကြေကွဲမှု သံယောဇဉ် တစ်စတစ်စ ကြီးထွားလာခဲ့ တိုးတက်မှုလမ်းမပေါ်လျှောက်ရင်း အစက ပြန်စခဲ့ရ အားလုံးကို ဥပေက္ခာပြုနိုင်အောင် ကြိုးစားရင်း ငါ့လျှောက်မယ့်လမ်းကို မှန်းဆ အတိတ်က အရိပ်ကို လွမ်းဆွတ်ရင်း အောင်မြင်မှုပန်းတိုင်ကို ရှေ့ဆက်လှမ်းတော့မယ်….


manawphyulayJanuary 21, 20111min3335
ယူနီကုတ်တွေ ပြောင်းသုံးနေကြပြီဆိုတော့။ မန်းဂေဇက်လည်း ပြောင်းသုံးတော့မည်လား။ ခုလက်ရှိ ဆိုက်တစ်ချို့တော့ ပြောင်းလဲကုန်ပြီ မြန်မာ ၃ သုံးတဲ့သူနဲ့ ဧရာဖောင့် သုံးတဲ့သူတွေနဲ့ မန်းဂေဇက်ကော ဘယ်ယူနီကုတ် ပြောင်းသုံးမည်လည်းဆိုတာ မန်ဘာများအားလုံး သိချင်နေမိပါသည်။


manawphyulayJanuary 19, 20111min97517
ဘဝရဲ့ ခါးသီးမှုပမာ မနောတို့ ဝေးခဲ့ကြပြီဆိုပါတော့ အားလုံးကို နှုတ်ဆက်ဖို့ရာ စကားလုံးတစ်လုံးတောင် ရှာမရခဲ့ဘူးဆိုပါတော့ ဝဋ်ရှိရင်လည်း ပြေပါစေ လူခြေတိတ်တဲ့ ထောင့်လေး တစ်နေရာမှာ တစ်ယောက်ထဲ ကြေကွဲနေပါ့မယ်….. လောကမာယာ အားလုံး ဖြတ်သန်း လရောင်ဆန်းတဲ့အချိန်မှာ မနော့ကို မေ့ထားလိုက်ပါလေ… အဆင်မပြေမှုတွေ များနေတဲ့အချိန် မနော့နာမည်ကို သတိရပါလေ….


manawphyulayJanuary 16, 20111min3563
သင့်ရဲ့ကိုယ်ရေး အကျဉ်းချုပ်သည် သင့်အလုပ်ရည်မှန်းချက်ထက်ပို၍ အကျိုးသက်ရောက်စေသည်။ “အလုပ်အကိုင် ရည်မှန်းချက်သည် အလုပ်ကိုဗဟိုပြု၍၊ အကျဉ်းချုပ် ဖော်ပြချက်သည် အလုပ်ရှာသူအတွက် ဗဟိုချက်ဖြစ်သည်”။ အကျဉ်းချုပ်ဖော်ပြချက်သည် သင့်အတွေ့အကြုံ၊ ကျွမ်းကျင်မှုများကို ခြုံငုံဖော်ပြသော ဝါကျအားဖြင့် (၁) ကြောင်း၊ (၂) ကြောင်းမျှသာ ဖြစ်သည်။ သင်သည် အရည်အသွေးပြည့်ဝပြီး အခြားအလုပ် လျှောက်သူများနှင့် ကွဲပြားပြီး (ပိုတော်တဲ့) လျှောက်ထားသူဖြစ်ကြောင်း ဒီအကျဉ်းချုပ်ဖော်ပြချက်က သိသာထင်ရှားစေမှာ ဖြစ်ပါတယ်။ Highlighting Your Achievements (သင့်အောင်မြင်မှု အရည်အသွေးများကို သိသာထင်ရှားပါစေ) – တစ်ခါတစ်ရံမှာ အလုပ်ရည်မှန်းချက် တစ်ခုတည်းဟာ ရွေးချယ်စရာ မရှိဘဲကန့်သတ်ထားသလို ဖြစ်တတ် ပါတယ်။ – ကိုယ်ရေးအကျဉ်းဟာလည်း သင့်ရဲ့ပြီးမြောက်ခဲ့သော အလုပ်တွေကို ဖော်ပြနိုင်ဖို့ရန် သိပ်ကို တို


manawphyulayJanuary 16, 20111min2250
သင့်ရဲ့ကိုယ်ရေး အကျဉ်းချုပ်သည် သင့်အလုပ်ရည်မှန်းချက်ထက်ပို၍ အကျိုးသက်ရောက်စေသည်။ “အလုပ်အကိုင် ရည်မှန်းချက်သည် အလုပ်ကိုဗဟိုပြု၍၊ အကျဉ်းချုပ် ဖော်ပြချက်သည် အလုပ်ရှာသူအတွက် ဗဟိုချက်ဖြစ်သည်”။ အကျ


manawphyulayJanuary 16, 20111min2060
ငါ့စိတ်တွေကို ပင်လယ်ပြင်မှာ ရွက်လွှင့်လိုက်ရင် ဘယ်ကမ်းကပ်မယ် မင်းတို့ထင်လဲ ဝေဟင်မှာ တိမ်တိုက်တစ်ခုလို လွင့်မျောလိုက်ရင် ဘယ်ကိုရောက်မယ် မင်းတို့ထင်လဲ ဒါပေမဲ့… ငါ့ဦးနှောက်ကို ငါသာ ပိုင်၍ ငါ့နှလုံးသားကို ငါနိုင်ရမည် မင်းတို့ကို ချစ်ငြား အောင့်ကာထား၍ ငါ့ပန်းတိုင်သို့ ရောက်အောင်သွားမည် ခွင့်လွှတ်ပါတော့ ညီမလေးတို့ရယ်….


manawphyulayJanuary 15, 20111min2400
ဆောင်းဦးအဝင် မြူတွေဆိုင်းစ ကာလမှာ ပွင့်ကာစ ဆောင်တော်ကူးတွေရဲ့ ပန်းချီကားချပ်နှင့်အတူ မြက်ပင်ရှည်ရှည်တွေ လေယူရာယိမ်း ဖွေးလှုပ်နေတာ ငေးကြည့်ရင်း ကျွန်မ ပျော်မိတယ်… မမြင်နိုင်တဲ့ တစ်နေရာဆီက သခင့်ရဲ့သတင်းကို ဆောင်ယူလာခဲ့ လေပြည်တွေဟာ ကျွန်မကို နှုတ်ဆက်ပြီး ကျောခိုင်းသွားကြတယ်လေ… ကျွန်မရင်ထဲက လှုပ်ရှားပျော်မွေ့ရင်း ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း နားထဲမှာ ချိုမြနေတယ်… အရုဏ်ဦးကနေ ကြယ်ကလေးတွေ မြင်ရသည်အထိ သဘာဝရဲ့ အလှတရားတွေကို ကျွန်မ ခံစားနေမိတယ်…. ကျွန်မ သိခွင့်မရှိတဲ့ တစ်ချိန်ချိန်မှာ ကျွန်မအတွက် တောက်ပတဲ့နေ့ရက်တွေ ရောက်လာတော့မယ်ဆိုတာ ကျွန်မ သိနေခဲ့ပါတယ်… သည်အခါမှာ ကျွန်မတစ်ယောက်ထဲပဲ ကျေနပ်စွာ ပြုံးနေလိုက်တယ်… သည်အချိန်မှာ နှင်းငွေ့တွေဟာ ချစ်ခြင်းရနံ့တွေနှင့် သင်းပျံ့စွာ လှလို့ နေပါတော့တယ် သခင်ရယ်…


manawphyulayJanuary 15, 20111min3865
ကွန်ပျူတာ Keyboardတွင် ရိုက်နှိပ်လိုက်သမျှ စာလုံးအားလုံးကို မှတ်သားထားနိုင်သည့် Hardwareတစ်မျိုး ပေါ်ပေါက်နေကြောင်း သိရှိရသည်။ Black Deviceဟု အမည်ပေးထားကြသည့် အဆိုပါ ကိရိယာလေးအား System Casingနှင့် ချိတ်ဆက်ထားသည့် Keyboardကြိုးတွင် ကြားခံတပ်ဆင်ထားရပြီး အမှတ်မထင် ကြည့်ရှုပါက Keyboard Adaptorတစ်ခုနှင့် ပုံစံချင်း ဆင်တူသည်။ ထိုကိရိယာကို ကွန်ပျူတာတွင် ရိုက်နှိပ်လိုက်သမျှ အချက်အလက်များကို ခိုးယူသိမ်းဆည်းထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တီထွင်ထားခြင်းဖြစ်သည်။ စာလုံးတိုင်း၊ အက္ခရာတိုင်းကိုသာမက Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်သဖြင့် Privacyအတွက် အလွန်ကြောက်စရာကောင်းသည့် Deviceတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ အင်တာနက်ကဖေးများတွင် အဆိုပါကိရိယာငယ်များ တပ်ဆင်ထားမှု ရှိမရှိကို သတိပြုသင့်ပြီး Credit Cardနံပါတ်များ ထည့်သွင်းကာ Onlineဈေးဝယ်စနစ် ထွန်းကားနေသည့် နိုင်ငံကြီးများတွင် ပိုမိုသတိထားရမည့် ကိရိယာလည်းဖြစ်သည်။ ထိုကိရိယာကို […]


manawphyulayJanuary 15, 20111min2841
ကန်တော်မင်းကျောင်းဆရာတော်ရဲ့ ကဗျာလေးဖြစ်ပါတယ်။ ပညာမျက်စိ မြင်မရှိဘဲ မသိတရား အယူမှားလျက် စီးပွားမမြော် ကျိုးမပေါ်သား သူတော်မဟုတ် ယုတ်သည့်စရိုက် လူသူမိုက်ကို မကြိုက်မချစ် ရန်သူစစ်သို့ မနှစ်သက်ဘဲ ဝေးစွာရှဲ၍ အမြဲခွာရှင်း ဖဲ့ကြဉ်မင်း တဲ့။ ” လောကမှာ ဖတ်ဖို့အလိုအပ်ဆုံး ဖတ်ဖို့အရေးကြီးဆုံး ဖတ်စာအုပ်နှစ်အုပ် ရှိတယ် ၊ တစ်အုပ်က ‘မိမိကိုယ်’ ဆိုတဲ့စာအုပ် ၊ နောက်တစ်အုပ်က ‘မိမိပတ်ဝန်းကျင်’ ဆိုတဲ့စာအုပ် ၊ အဲဒီစာအုပ်နှစ်အုပ်ကို သေသေချာချာဖတ်ပြီး အကြောင်းအကျိုး ဆက်စပ်တွေးမယ်ဆိုရင် လောကမှာ အောင်မြင်နိုင်တယ် ၊ မြတ်စွာဘုရားဆိုရင် မိမိကိုယ်ကို အဖတ်ကောင်းလို့ ဘုရားအဖြစ်ကိုရခဲ့တာပဲ” လို့ ဘုရားဟောထဲမှာ ဖတ်ဖူးပါတယ်။ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးယုတ်စေမဲ့ အလုပ်မျိုးကို လုပ်သောသူသည် လူဖြစ်သော်လည်း လူမမြည်တဲ့။ […]