manawphyulayJanuary 29, 20111min94639
ကျွန်မရဲ့နာမည် ………… မနောဖြူလေး ကျွန်မကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် ………… မနော ကျွန်မဒီမှာနေတယ်………… နေစကြဝဠာ၊ ပြာလဲ့လဲ့မိုးကောင်းကင်ကြီးရဲ့အောက် ကမ္ဘာမြေပေါ်တစ်နေရာ ကျွန်မဆီဖုန်းဆက်ချင်ရင်………… လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်သည် ဆက်သွယ်မှုအတွင်းတွင် ရောက်ရှိနေပါသဖြင့် ခေါ်ဆိုလို့ မရနိုင်ပါရှင် ကျွန်မရဲ့အကြိုက်ဆုံးတွေက အရောင်ဆိုရင်………… မိုးပြာရောင် အဝတ်အစားဆိုရင်………… သွားလို့လာလို့နေလို့ထိုင်လို့ သင့်တော်ပြီး သူ့နေရာနဲ့သူ ဝတ်စားဆင်ယင်မှု (မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အဝတ်အစား) အစားအစာဆိုရင်………… စားချင်တဲ့အစားပဲစား မစားချင်တာ ကျွေးလို့မရ(ဝက်သား၊ အမဲသားမစား) ပစ္စည်းဆိုရင်………… ကိုယ့်မှာရှိတာ မြတ်နိုးတယ် သီချင်းဆိုရင်………… အိုင်စီအသဲစွဲ၊ အဲဒီထဲကမှ အငဲ၊ လေးဖြူရဲ့ မမေ့နိုင်သီချင်းပိုနှစ်သက်၊ မျိုးကျော့မြိုင်အသံစာသားကြိုက်၊ ရင်ဂို၊ ဖိုးကာ၊ လွှမ်းမိုး၊ အနိုင်တချို့စာသားကြိုက်၊ ရှိသေးတယ် မရေးတော့ဘူးနော်။ စာရေးစာဆရာ………… ပါရဂူ၊ နတ်နွယ်၊ မင်းကျော်၊ ကျော်အောင်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ […]


manawphyulayJanuary 29, 20111min2972
wordpress blogging engine ကိုအသုံးပြုထားတဲ့ website တွေနဲ့ blog တွေကို ဦးတည်ပြိး တိုက်ခိုက်လာတဲ့ တိုက်ခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ wordpress ထဲမှာ ပါဝင်တဲ့ worm တစ်ခုကြောင့် သူဟာ နောက်ကွယ်မှာ ကွယ်ဝှက် ထားတဲ့ administrator အကောင့် တစ်ခုကို ဖန်တီးပြီး အဲဒီ အကောင့်ရဲ့ username နဲ့ password ကို သိတဲ့ ဘယ်သူမဆို blog ရဲ့ admin dashboard နဲ့အတူ database တွေကို ဝင်ရောက်မွှေနှောက်နေနိုင်ပါတယ်။ WordPress ကလည်း ဒီလုံခြုံရေး ယိုပေါက်ကို အသိအမှတ်ပြုထားပြီး နောက်ဆုံးဗားရှင်း ဖြစ်တဲ့ ၂.၈.၄ ကိုအမြန်ဆုံး မြင့်တင့်ဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ wordpress ကို ကိုယ်ပိုင် […]


manawphyulayJanuary 28, 20111min2060
မန္တလေး Barcamp ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် ၁၃ ရက်နေ့များတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


manawphyulayJanuary 28, 20111min2924
အလုပ်တစ်နေရာရရှိဖို့ ခက်ခဲတဲ့အချိန်မှာ အလုပ်လိုချင်သူဘက်က သတ်မှတ်အရည်အချင်း တွေ ပြည့်မီဖို့ လိုအပ်သလို အလုပ်ကိုလိုအပ်မှုရှိမရှိ မျက်စိဖွင့်နားစွင့်ပြီး ကုမ္ပဏီတွေ၊ အင်န်ဂျီအိုတွေမှာ ကိုယ်ရေးအချက်အလက်မျိုး တွေပေးထားပြီး သေချာရှာသင့်တယ်လို့ MHR မှဆရာဦးအေးကျော်က အကြံပေးပါတယ်။ ဆရာဦးအေးကျော်က ‘ အလုပ်ရှာတဲ့အခါ အရင်ထက်ဝီရိယစိုက်ထုတ်ဖို့လိုတယ်၊ အလုပ်ခေါ်တဲ့ ကြော်ငြာတွေ တွေ့မှ အလုပ်လျှောက်တာထက် မိမိကစပြီး ဘယ်နေရာတွေမှာအလုပ်ခေါ်ဖို့ ရှိတယ်ဆိုတာ လိုက်စုံစမ်းပြီး လျှောက်တာ၊ အဲဒါကို pro-active လို့ခေါ်တယ်၊ ပုံမှန်အခြေအနေတွေမှာ re-active လို့ခေါ်တဲ့အလုပ်ခေါ်မှ သွားလျှောက်ရုံနဲ့ အဆင်ပြေနိုင်ပေမယ့် ဒီလိုအခြေအနေမှာတော့ pro-active ပါတွဲပြီးအလုပ်လျှောက်မှ အဆင်ပြေနိုင်မှာ’ လို့သူ့အမြင်ကို ပြောပါတယ်။‘ မိတ်ဆွေအပေါင်းအသင်းတွေထံကနေ တစ်ဆင့် အလုပ်လုပ်ချင်လို့ လူလိုတာရှိရင် ပြောပါဦးဆိုပြီး ရှာဖွေတာ၊ ကိုယ်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီတွေဆီသွားပြီး လူလိုလား၊ စီဗွီ(CV) ပေးထားလို့ […]


manawphyulayJanuary 27, 20111min2520
ဘဝကို ဘယ်လိုဖျက်သန်း ရမယ်ကို လမ်းပျောက်ခဲ့ရတဲ့ နှစ် လ ရက်တွေ လဲ မနည်းလှရှိခဲ့ပါ ပြီ။ လူသက်တန်းရဲ့ ထက်ဝက်နီးပါး ကုန်ဆုံး ခဲ့ရပါပြီ။ ကျန်ရှိနေသေးတဲ့ အချိန်တွေကို ဘယ်လိုဖျက်သန်း ရပါမလဲ။ဘာအတွက် လုပ်ဆောင်နေတယ် ဘာအတွက် ရှင်သန်အောင်ကြိုးစား နေရတယ်ဆိုတာကိ မသိခဲ့ပါ။တစ်နေလာ အလုပ်သွားလိုက် ပြန်လာ ကိုယ်ရဲ့ဝေယျာဝစ္စတွေကို လုပ်နဲ့နေတာ ဖျက်သန်းနေရတဲ့ ရက်တွေကို ညဉ်းငွေလှပါပြီ။ကျန်ရှိသေးသော အချိန်တွေကို မသိချင်းတွေနဲ ပြည့်ှနှပ်နေသော ကိုယ်ကိုတိုင်ဘာဖြစ်မှန်းမသိနိုင် ဘာအတွက်လုပ်ဆောင်နေတယ်ဆိုတာကိုမသိနိုင် ဘယ်ကိုသွားမယ်ဆိုတာကိုလဲမပြောတက်ပါ။ လုပ်ဆောင်နေရတဲ့ အလုပ်တွေကလဲမှားနေလားမှန်လားလဲ မခွဲခြားနိုင်ပါ။ အသိတရားတွေက ဘာတွေလဲ ဆိုတာရယ် အတက်ပညာဆိုတာရယ် ဒါတွေကရော ဘာအဓိပ္ပာယ်တွေပါလဲ။တစ်ခါတစ်လေ ပီတိဖြစ် ကြည်နူးသလို ခံစားနေရပြီး တစ်ခါတစ်လေ တွေးတောထိုင်းမှိုုင်း နေခဲ့တယ်။တစ်ခါတစ်လေတော့လဲ အကြောင်းအရာ တစ်ခုကို စိတ်မျောပါပြီး ကုန်ဆုံးနေခဲ့တယ် […]


manawphyulayJanuary 27, 20111min70422
ယခု သတိထားသင့်သည်မှာ အင်တာနက်သရဲများအပြင် လမ်းတိုင်းတွင် ကြံ့ဖွံ့မှ ကျောက်တိုင်များ နယ်မြေနေရာများ အတော်များများတွင် စိုက်ထူလျက်ရှိနေပါသည်။ ဒီတော့ နဖူးပြောင်သောသူများ၊ ထိပ်ပြောင်နေသောသူများအတွက် သတိထားသင့်သူများ ကြိုတင်ရှောင်ရှားနိုင်ရန် နဖူးတွင် နယ်မြေလာရောက်သတ်မှတ်မည်မှာ မကြာခင်အချိန်အတွင်း ဖြစ်ပွားနိုင်ဖွယ်ရှိမည်လို့ ထင်မြင်မိပါကြောင်း သတိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။


manawphyulayJanuary 27, 20111min2090
Unicode Standard သည် encoding တစ်ခု တစ်နည်းအားဖြင့် အက္ခရာများကို ဂဏန်းသတ်မှတ်ပေးခြင်းသာ ဖြစ်သော်လည်း ၎င်းသတ်မှတ်ချက်အတိုင်း လိုက်နာပြီး မြန်မာစာ စနစ်တစ်ခုဖန်တီးရန်မှာ ဖောင့်တစ်ခုတည်းဖြင့် မဖြစ်နိုင်ပါ။ မြန်မာစာလုံးများကို screen ပေါ်တွင် ပေါ်နိုင်ရန် “Rendering Engine”၊ ၎င်းနှင့် အလုပ်လုပ်နိုင်သော “Smart Font” နှင့် မြန်မာစာကို ရိုက်ရန် “Input Engine” တို့ လိုအပ်ပါတယ်။ ဥပမာ ‘ပစ္စည်း’ တွင်ပါသော ‘စ’ နှစ်လုံးတွင် မည်သည့် ‘စ’ သည် အောက်ဆင့်စ ဖြစ်မည်ကို “Smart Engine” မှာ ရေးသားရပါတယ်။ ဒီအချက်အလက်ကို “Rendering Engine” က သိရှိပြီး Screen တွင် မှန်ကန်သော ပုံစံကို […]


manawphyulayJanuary 26, 20111min67036
Group ဆိုတာ ဘာကိုခေါ်တာလဲ ကျောင်းမှာ ပရောဂျက်စပြီဆိုတော့ အဖွဲ့ ဖွဲ့ကြရပါတယ်။ တစ်ဖွဲ့ကို ၅ ယောက်လုပ်ဖို့ ဆရာက ဖွဲ့ခိုင်းပါတယ်။ အဖွဲ့ဆိုတာ ဘာလဲ။ ဘာကြောင့် အဖွဲ့ဖွဲ့ခိုင်းတာလဲ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲဆိုတာ သုံးသပ်ကြည့်မိပါတယ်။ “စည်းလုံးခြင်းသည်အင်အား”ဆိုသော မနောတို့ မြန်မာလူမျိုးတိုင်းက သိကြပြီးသားဖြစ်ပါတယ်။ စည်းလုံးခြင်းဆိုတဲ့ နေရာမှာ အတူတကွ ပူးပေါင်းပါဝင်မှသာ စည်းလုံးခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖော်နိုင်မှာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်အားနဲ့ လုပ်ကိုင်လို့ မရတဲ့နေရာတွေမှာ အားလုံးပူးပေါင်း ပါဝင်ပြီး လုပ်ကိုင်မှသာ အောင်မြင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ပူးပေါင်းပါဝင်မှုဆိုတာ တိုင်းတာနိုင်တဲ့ ပေတံတစ်ခုကို ဖော်ပြလိုက်ပါတယ်။ အမှန်တကယ် ပူးပေါင်းပါဝင်မှုကို ဖော်ပြတဲ့ အနေအထား (၆)ရပ် ရှိပါတယ်။ ၎င်းတို့မှာ…………. ၁)စုပေါင်းသိရှိမှုရှိခြင်း၊ ၂)စုပေါင်းတွေးခေါ်မှုရှိခြင်း၊ ၃)စုပေါင်းလုပ်ဆောင်ကြခြင်း၊ ၄)စုပေါင်းကောင်းကျိုးခံစားကြခြင်း၊ […]


manawphyulayJanuary 26, 20111min2522
မနော ကင်မရာထဲက ကတ်ထဲက ဓာတ်ပုံတွေကို မှားပြီး ဖျက်မိပါတယ်။ လူက ပြာသွားပါရော။ သူများ မွေးနေ့အမှတ်တရ ရိုက်ထားတာတွေ အကုန်ကုန်ပြီဆိုပြီးတော့ ဘယ်လိုပြန်လုပ်ရမလဲ စဉ်းစားတယ်။ စက်ပေါ်တင်လိုက်တာကိုလည်း စက်က ပြန်ရမ်းလိုက်တော့ အကုန်ပြောင်သွားတယ်။ အင်တာနက်ဆိုင်က ကောင်လေးတွေက အမ စက်ပေါ်က ဒေတာတွေက ပြန်မရတော့ဘူးတဲ့ မနောကို ပြောတော့ မဖြစ်နိုင်ဘူးပေါ့။ ဘာလို့ ပြန်မရတော့မှာလဲဆိုတော့ ကျွန်တော်တို့ စက်ကို အသစ်ဖြစ်အောင် ဆော့ဝဲလ်ရှင်းတဲ့ဟာ ထည့်ထားတာပါတဲ့ ကဲ ဒါဆို အရင်ဒေတာတွေ အကုန်ပြန်ပေါ်ရင် ကော်ဖီတိုက်မလားလို့ မေးပြီး မနောပဲ ဘယ်ရမလဲ ဆော့ဝဲလ်တွေရှာပြီး လုပ်တော့ ဒေတာတွေအကုန်ပြန်ပေါ်တယ် ဆိုင်ကလဲ အံ့ဩနေတယ်။ ကျွန်တော်တို့လုပ်ကြည့်ဖူးတယ် မရဘူးတဲ့။ ဘာဆော့ဝဲလ်သုံးလည်းပေါ့ မေးတော့ ပေါ်တာပဲရှိတယ်လို့ ခုသုံးတဲ့ဆော့ဝဲလ်က အန်ခရစ်တွေ ဒီခရစ်ပြန်လုပ်မှ […]


manawphyulayJanuary 25, 20111min3796
Total Video Player 1.31 Video format တွေ များလွန်းလို့ ဗွီဒီယိုတစ်ဖိုင် ရလာရင် အဲဒီ ဗွီဒီယိုကို ကြည့်ဖို့ player ရှာရ၊ converter လုပ်ရနဲ့ အလုပ် ရှုပ်တတ်ပါတယ်။ iTinySoft (www.effectmatrix.com/) က ထုတ်လုပ်တဲ့ E.M. Total Video Player 1.31 ကို ဆောင် ထား ရန် သင့်အတွက် ဒီ အခက်အခဲတွေ လျော့ပါးသွားပါလိမ့်မယ်။ Total Video Player သည် အရွယ်အစား 3.66MB သာဖြစ်ပြီး အခမဲ့ သုံးနိုင်ပါတယ်။ ဘယ်လို format မျိုးတွေ ဖွင့်နို်င်လဲလို့ မေးရင် ဗွီဒီယို အပိုင်းမှာ format ၂၉ မျိုးနဲ့ […]


manawphyulayJanuary 23, 20111min2643
ဆီးချိုရောဂါ ကာကွယ်ရန်မှာ လူတစ်ဦးချင်းဆီ၏ တာဝန်သာဖြစ်သည်။ အဝလွန်စေမည့် အစားအသောက်များကို ဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသည်။ ယုတ်စွအဆုံး ဓာတ်လှေကား အသုံးပြုမည့်အစား ရိုးရိုးလှေကား အသုံးပြုခြင်းသည်ပင် ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေပါသည်။ ကလေးငယ်များသည်လည်း TYPE – 2 ဆီးချိုရောဂါဖြစ်ပွားမှု တိုးတက်လျက်ရှိသဖြင့် မိဘများက မိမိသားငယ်၊ သမီးငယ်များကို ကွန်ပျူတာ၊ ရုပ်မြင်သံကြား၊ ဗီဒီယိုရှေ့တွင် အချိန်မကုန်စေရန်၊ ကိုယ်လက်လှုပ်ရှားမှုပြုရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ စားသောက်ပြီး ဆင်ခြင်စရာရှိသည်တွေကို ဆင်ခြင်ဖို့ ပြောဆို သင်ယူရန် လိုအပ်ပါသည်။ ဒါကြောင့် ဆီးချိုရောဂါများ မဖြစ်စေရန် ဖြစ်နေသော သူများကလည်း ဆောင်ရန် ရှောင်ရန်များကိုပြောပြပြီး ဆင်ခြင်စရာများကို ဆင်ခြင်စေရန် ပြောစေချင်ပါသည်ရှင့်။


manawphyulayJanuary 23, 20111min75627
တကိုယ်တည်း အပျိုကြီးပေမယ့် ဟဲ့- တို့သွေးကို လာမစမ်းနဲ့ ပြာနှမ်းသွားမယ်။ မပူချင်တာကို မယူချင်လို့ မထင်စမ်းနဲ့ လာလာသမျှ ခါခါချနေရတာ စာဖွဲ့ပြမနေချင်ပါဘူး။ အပျိုကြီး … အပျိုကြီးနဲ့ ခနဲ့တဲ့တဲ့ စကားလုံး ပြုံးတုံ့တုံ့ မျက်နှာပေး အပျိုကြီးဖြစ်ခြင်း သူ့အဘ စီးပွားအိုး တုတ်နဲ့ထိုးမိသလား။ မနိုင်ဝန်ဒဏ် သူခံနေရလို့လား။ တို့မှာ သိက္ခာရှိတယ်။ မာနရှိတယ်။ (အပျိုကြီးဆိုတဲ့) ဂုဏ်ရှိတယ်။ ဝင်ငွေရှိတယ်။ ရည်ရွယ်ချက်ပန်းတိုင်ဆိုတာရှိတယ်။ လျှောက်ရမယ့်လမ်း စမ်းတဝါး ဖြစ်မနေဘူး အရူးတွေအလုပ် အရှုပ်ထုပ် တို့မလုပ် အဟုတ်ထင်မနေကြနဲ့။ တို့ဘဝမှာ အိမ်ရာထွက်လည် ချုပ်ချယ်မယ့်သူ ရှိဘူး။ ဒီကို ဟိုသွား တားမြစ်မယ့်သူ မရှိ စီးပွားတွက်ခက် ရိုက်နှက်မယ့်သူလည်း ဝေးတာမို့ ပူပင်ကင်းလှ အေးချမ်းလှတဲ့ ဒီဘဝကို နေသားကျခဲ့ပြီလေ…..