တွေးမိတွေးရာ အတွေးများ
ဘဝကို ဘယ်လိုဖျက်သန်း ရမယ်ကို လမ်းပျောက်ခဲ့ရတဲ့ နှစ် လ ရက်တွေ လဲ မနည်းလှရှိခဲ့ပါ ပြီ။ လူသက်တန်းရဲ့ ထက်ဝက်နီးပါး ကုန်ဆုံး ခဲ့ရပါပြီ။
ကျန်ရှိနေသေးတဲ့ အချိန်တွေကို ဘယ်လိုဖျက်သန်း ရပါမလဲ။ဘာအတွက် လုပ်ဆောင်နေတယ် ဘာအတွက် ရှင်သန်အောင်ကြိုးစား နေရတယ်ဆိုတာကိ
မသိခဲ့ပါ။တစ်နေလာ အလုပ်သွားလိုက် ပြန်လာ ကိုယ်ရဲ့ဝေယျာဝစ္စတွေကို လုပ်နဲ့နေတာ ဖျက်သန်းနေရတဲ့ ရက်တွေကို ညဉ်းငွေလှပါပြီ။ကျန်ရှိသေးသော
အချိန်တွေကို မသိချင်းတွေနဲ ပြည့်ှနှပ်နေသော ကိုယ်ကိုတိုင်ဘာဖြစ်မှန်းမသိနိုင် ဘာအတွက်လုပ်ဆောင်နေတယ်ဆိုတာကိုမသိနိုင် ဘယ်ကိုသွားမယ်ဆိုတာကိုလဲမပြောတက်ပါ။ လုပ်ဆောင်နေရတဲ့ အလုပ်တွေကလဲမှားနေလားမှန်လားလဲ မခွဲခြားနိုင်ပါ။
အသိတရားတွေက ဘာတွေလဲ ဆိုတာရယ် အတက်ပညာဆိုတာရယ် ဒါတွေကရော ဘာအဓိပ္ပာယ်တွေပါလဲ။တစ်ခါတစ်လေ ပီတိဖြစ် ကြည်နူးသလို ခံစားနေရပြီး
တစ်ခါတစ်လေ တွေးတောထိုင်းမှိုုင်း နေခဲ့တယ်။တစ်ခါတစ်လေတော့လဲ အကြောင်းအရာ တစ်ခုကို စိတ်မျောပါပြီး ကုန်ဆုံးနေခဲ့တယ် လုပ်ကိုင်နေရင်းနဲ့ကုန်ဆုံးနေခဲ့ရတယ်။
လာခဲ့တယ်ဆိုကလဲ ဘာကြောင့်ရောက်လာခဲ့ တာလဲ သွားနေတာကလဲ ဘယ်ကိုသွားနေတာလဲ တစ်ဖြည်းဖြည်းနဲ့ အတွေးတွေက ရှုပ်ထွေးလာတယ်။ဒီလိုတွေ
ဘာကြောင့်များဖြစ်နေရတာလဲ မသိခဲ့ပါ။ကိုယ်ကိုမွေးဖွားပေးခဲ့ မိဘတွေကတော့အရာရာကိုဖြည့်စည်းပေးခဲ့သင်ကြားပေးခဲ့ပါ။ကိုယ်ကိုတိုင်မသိတဲ့အရာတွေကလဲ
များမှများပါပဲလို့ခံစားရတဲ့နေ့တွေကလဲ မရေတွက်နိုင်တော့ပါ။ အခုဘဝ မျက်စိမရှိပဲလမ်းလျောက်နေရသလို မှောင်မိုက်လွန်းလှတဲ့ညမှာသွားလာလုပ်ကိုင်နေရသလိုခံစားနေရပါလား။ ကိုယ်ထိတွေလုပ်ဆောင်လိုက်တဲ့အရာတွေအားလုံးက ကိုယ်ပြန်ခံစားနေရပါတယ်။ပြောဆိုလိုက်တာပဲ ဖြစ်ဖြစ်လုပ်ဆောင်လိုက်တာဖြစ်ဖြစ် ကူညီလိုက်တာဖြစ်ဖြစ် ကျေနပ်မှုဆိုတာကိုရတယ်မရှိပါ။ အရာအားလုံးကူညီချင်ပါသော်လဲ မလုပ်ဆောင်နိုင်ခဲ့ပါဘူးကူညီချင်း မကူညီချင်းဆိုတဲ့အရာတွေကိုလဲ ဘယ်လိုနားလဲနိုင်မလဲ။ အချိန်နဲအမျှလုပ်နေသော်လဲ ဘာကိုပိုင်ဆိုင်ချင်းဆိုတာ မရှိခဲ့ရပါဘူး။ ပိုင်ဆိုင်မှုကိုသိနေတာတော့ကုန်ဆုံးနေတဲ့အချိန်တွေရယ် ငြီးငွေ့နေတဲ့စိတ်တွေပဲ ရှိနေခဲ့ပါတယ်။ဘာမှန်းမသိသောဘဝကိုနာကျင်နေသော်လဲ ဘယ်လိုလွတ်အောင်ရုန်းထွက်နိုင်ပါ့မလဲ။ လူတွေရဲ့ လုပ်ဆောင်ချက်တွေကို သတိထားကြည့်တော့လဲ မိသားစုတစ်ခုကနေ ဖောင်လေးတစ်ခုပမာ တည်ဆောက်လှော်ခပ်နေပြီး ဖေါင်လေးက အချိန်သိပ်မကြာလှပါ ပျက်စီးပြီး ကိုယ်စီကိုယ်စီ ဆွဲမိဆွဲရာလေးဆွဲပြီးကူးခက်နေသလို ရုန်းကန်နေရတဲ့ဘဝကိုယ်စီပါလား ဆိုတာရယ်နောက်မတူညီတဲ့သဘာဝကိုပိုင်ဆိုင်ထားသူတစ်ဦးနဲ့တစ်ဦးပေါင်းဆုံပြီးဖေါင်လေးတစ်ခုမဖြစ်တည်ထောင်လိုက်ရော
ဒီလိုနဲ့ပဲ ကုန်ဆုံးနေပါလား။
ဪ ငါ့နှယ် တွေးမိတွေးရာ ရောက်ရာပေါက်ရာတွေ တွေးနေမိပါလား……… မဟုတ်သေးပါဘူး။ လုပ်စရာရှိတာလုပ်ပြီး ဘဝကို ဆက်လက်လျှောက်ရမှာ ငါ့တာဝန်ပါပဲ။