Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘယ်သူ့အကြောင်းလဲ သိချင် ဖတ်ကြည့်ပါ

manawphyulayJanuary 29, 20111min84439

ကျွန်မရဲ့နာမည် ………… မနောဖြူလေး
ကျွန်မကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် ………… မနော
ကျွန်မဒီမှာနေတယ်………… နေစကြဝဠာ၊ ပြာလဲ့လဲ့မိုးကောင်းကင်ကြီးရဲ့အောက် ကမ္ဘာမြေပေါ်တစ်နေရာ
ကျွန်မဆီဖုန်းဆက်ချင်ရင်………… လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်သည် ဆက်သွယ်မှုအတွင်းတွင် ရောက်ရှိနေပါသဖြင့် ခေါ်ဆိုလို့ မရနိုင်ပါရှင်

ကျွန်မရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်………… မိုးပြာရောင်
အဝတ်အစားဆိုရင်………… သွားလို့လာလို့နေလို့ထိုင်လို့ သင့်တော်ပြီး သူ့နေရာနဲ့သူ ဝတ်စားဆင်ယင်မှု (မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အဝတ်အစား)
အစားအစာဆိုရင်………… စားချင်တဲ့အစားပဲစား မစားချင်တာ ကျွေးလို့မရ(ဝက်သား၊ အမဲသားမစား)
ပစ္စည်းဆိုရင်………… ကိုယ့်မှာရှိတာ မြတ်နိုးတယ်
သီချင်းဆိုရင်………… အိုင်စီအသဲစွဲ၊ အဲဒီထဲကမှ အငဲ၊ လေးဖြူရဲ့ မမေ့နိုင်သီချင်းပိုနှစ်သက်၊ မျိုးကျော့မြိုင်အသံစာသားကြိုက်၊ ရင်ဂို၊ ဖိုးကာ၊ လွှမ်းမိုး၊ အနိုင်တချို့စာသားကြိုက်၊ ရှိသေးတယ် မရေးတော့ဘူးနော်။
စာရေးစာဆရာ………… ပါရဂူ၊ နတ်နွယ်၊ မင်းကျော်၊ ကျော်အောင်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ဂျာနယ်ကျော်မမလေး၊ ခင်စောတင့်၊ မိုးမိုး(အင်းလျား)၊ ဝင့်ပြုံးမြင့်(ဂျာမန်ဘာသာပြန်)၊ တင်မောင်မြင့်(ဘာသာပြန်)၊ ကျန်သေးတယ်။ ရေးရင်တောင် နေရာဆန့်မှာ မဟုတ်ဘူး။ မရေးတော့ဘူးနော်။
စာအုပ်………… သွေး၊ မြန်မာပြည်မြောက်ပိုင်း(စစ်အခြေအနေ)၊ နေမင်းတစ်ထောင်(မြန်မာပြည်အကြောင်းအစစ်အမှန်)၊ မလိခ၊ ဝင့်ပြုံးမြင့်ရဲ့ မိသားစုတစ်စု၏ကျရှုံးခန်း၊ သေသော်မှသည် ဪ ကောင်း၏၊ အဖြူကို မည်သူ အနက်ဆိုးသနည်း… စသည်

ကျွန်မရဲ့ဝါသနာ………… စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ကွန်ပျူတာကလိခြင်း၊ ဂိမ်းကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘောလုံးကန်ခြင်း၊ မိုးရွာထဲ စက်ဘီးလျှောက်စီးရခြင်း၊
အလိုချင်ဆုံးလက်ဆောင်………… ကျွန်မဝန်းကျင်မှလူသားအားလုံးရဲ့မေတ္တာစေတနာ
ကျွန်မရဲ့ အချစ်ဆုံးသူ………… အဲ… ဘယ်လိုပြောရမလဲ ဖေဖေနဲ့မေမေပေါ့
ကျွန်မရဲ့ အလေးစားဆုံးသူက………… ကျွန်မကို ဦးဆောင်လမ်းပြပေးတဲ့ ဖေနဲ့မေရယ် ပတ်ဝန်းကျင်က သင်ဆရာ မြင်ဆရာ ကြားဆရာအားလုံး… အားလုံး… အားလုံးပေါ့။
ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းက………… ကျွန်မကိုအများဆုံး နားလည်မှုပေးနိုင်ပြီး အရာအားလုံး လိုက်လျောညီထွေစွာနေတတ်သူ
ကျွန်မကို အများဆုံးနားလည်မှုပေးနိုင်သူက………… လောလောဆယ် ဖေရယ်မေရယ် မောင်နှမတွေရယ် သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရယ်… ရယ်….
ကျွန်မရဲ့ အမုန်းဆုံးသူ………… ကျွန်မဘက်က ၁၀ဝ ရာခိုင်နှုန်းမရှိ
ရင်အခုန်ဆုံးအချိန်………… ဟိုတစ်လောက အလုပ်မှာ ရင်အခုန်မြန်ပြီး အသက်ရှူရပ်သွားဖူးတယ်။ (ဆရာဝန်က ပြောတယ် လည်ပင်းအရိုးကျီးပေါင်းဖြစ်တာတဲ့။ နားရမယ်တဲ့ ဟိုက်ရှာလပတ် သေရော)
အကြောက်ဆုံးအချိန်………… ကောင်းတဲ့အိပ်မက်ကနေ လန့်နိုးမှာကိုပဲ
အပျော်ဆုံးအချိန်………… ရှိခဲ့လား မရှိဘူးလားဆိုတာတောင် မမှတ်မိ
အမှတ်တရနေ့………… အင်း အများကြီးရှိတာပေါ့ ငယ်တည်းကဆို ပြောလို့ဆုံးမှာတောင် မဟုတ်ဘူး။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… နတ်လူသတ္တဝါအပေါင်း ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများပြည့်စုံကြပြီး အေးချမ်းမှုအပေါင်း ရရှိနိုင်ကြပါစေ…
အချစ်ဆိုတာ………… ပြောရရင်တော့ အစစ်ပဲလိုချင်တယ်။ အတ္တကြီးတယ်ပြောပြော တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော။ နှစ်ဦးနှစ်ဖက် တကယ် မြတ်နိုးကြင်နာနားလည်မှုပေးနိုင်တဲ့ဘဝ၊ အေးချမ်းတည်ငြိမ်တဲ့ ဘဝ
အမုန်းဆိုတာ………… အရှုံးသမားအတွက်လို့ လူတွေပြောကြပေမယ့် အရှုံးသမားတိုင်းဟာ အမုန်းသမားမဖြစ်ကြပါဘူး။ မုန်းတယ်ဆိုတာဟာလည်း ချစ်နေသေးလို့ပဲလို့ ခံယူမိတယ်လေ။
အလွမ်းဆိုတာ………… လွမ်းတယ်ဆိုတာ ဘာကို ဘယ်လိုလွမ်းရမှန်းမသိဘူးဖြစ်နေတာ လွမ်းတော့လွမ်းတယ်။ ဘာကို လွမ်းရမှန်းမသိ။
သံယောဇဉ်ဆိုတာ………… သံယောဇဉ်ကြိုးဟာ တစ်ဦးနဲ့တစ်ဦး မမြင်ရပေမယ့် ရင်ထဲကိုယ်စီရှိနေကြမယ်ဆိုရင် ရေရှည်တည်မြဲခိုင်မာပြီး သစ္စာရှိနေမှာ ဖြစ်ပါတယ်။
ဘဝဆိုတာ………… ခုလောလောဆယ်တော့ ရုန်းကန်ခြင်းဆိုတာထက် တိုးကန်ခြင်း အဲ ဘတ်စ်ကားစီးတာကို ပြောတာပါ။ တိုးတက်နေရတုန်းလေ။
သူငယ်ချင်းဆိုတာ………… ကိုယ့်အပေါ်အရမ်းကောင်းပြီး လိုအပ်နေချိန်မှာ အမြဲကူညီနေတဲ့သူ၊ အရာအားလုံး သည်းခံခွင့်လွှတ်နားလည်ပေးတဲ့သူ(ကျွန်မအနားမှာတော့ ပြည့်စုံနေပါတယ်။)
ချစ်သူဆိုတာ………… ဒါကတော့ ခြွင်းချက်ပေါ့။ မဖြေတတ်ဘူးရှင့်။
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… လိုအပ်ချက်တွေ များနေသောသူ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်။ မဖြစ်နိုင်တာ မရှိဘူး။ မဖြစ်သေးတာဘဲရှိတယ်။(ဘုရားရှင်လက်ထက်တော်ထဲက ရဟန္တာမ အပါးငါးရာ ပေါ်ပေါက်ခဲ့သေးတာပဲ)
အပြောချင်ဆုံးစကားများ………… ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပါ။ ဖြစ်ချင်တာတွေကို စိတ်မှ စွဲမြဲနေအောင် ထားပါ။ ပြီးတော့ လုပ်ပါ။ မိဘကျေးဇူးဆပ်နိုင်အောင် ကြိုးစားပါ။ ဘာလုပ်လုပ် စဉ်းစားဆင်ခြင်ပြီးမှ ဆုံးဖြတ်ပါ။ မည်သူကိုမဆို အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ပါ ပြောပါ။ အားပေးပါ။ အမြဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ မဟုတ်ဘူးဆိုတာ သဘောပေါက်နားလည်ထားပါ။ စိတ်ညစ်ရင် ပျော်တဲ့စိတ်ကို တွေးကြည့်ပါ။ အရာအားလုံးကို အပြုံးနဲ့ရင်ဆိုင်နိုင်ကြပါစေလို့ စိတ်ရဲ့အရင်းခံနဲ့ ပြောလိုက်ပါရစေ။

39 comments

  • ဆူး

    January 29, 2011 at 2:16 pm

    လောကကြီးမှာ ကိုယ်က နေတတ်ရင် ပျော်ရပါတယ်။

  • ကြယ်လေး

    January 29, 2011 at 2:25 pm

    ခိ ခိ
    ရွာ ထဲမှာ သူများတွေ စွံ တာကြည့်ပြီး အားမလို အားမရနဲ့ profile တွေ ဖွင့်ချကုန်ပြီ 😛

  • ကြယ်လေး

    January 29, 2011 at 2:30 pm

    အိုင်စီအသဲစွဲ၊ အဲဒီထဲကမှ အငဲ၊ လေးဖြူရဲ့ မမေ့နိုင်သီချင်းပိုနှစ်သက်၊ မျိုးကျော့မြိုင်အသံစာသားကြိုက်၊ ရင်ဂို၊ ဖိုးကာ၊ လွှမ်းမိုး၊ အနိုင်တချို့စာသားကြိုက်၊

    ဒါဆို ၃ဝ + – အသက်

  • manawphyulay

    January 29, 2011 at 2:30 pm

    ဘဘကြယ်နော် သူ့လိုများ အောင်းမေ့နေလား………….. ဘာရေးရမှန်းမသိသေးလို့ ရေးမိတာကိုများ….. လာဖတ်ပြီးတော့ တူများကို နိုလိုက်မှာနော်…..

  • ဆူး

    January 29, 2011 at 2:31 pm

    စမော စတား နော် ဟွမ်း…
    တူညား အပျိုကြီး လုပ်ပါမယ် ချိုမှ.. ဟွင့်..
    ထော်တော့ဝူး…
    ဒါဗြဲ.. လမ်းတွေ့ရင် မနှုတ်ဆက်တော့ဘူး။ 😛

  • naywoonni

    January 29, 2011 at 2:42 pm

    မနှုတ်ဆက်တော့ဘူး) မလုပ်ပါနဲ့ နှုတ်မဆက်တော့ဘူးလို့ ပြောပါ ချူးမရဲ့ အကုန်လိုက်ပြောနေရတာပဲ
    30စွန်းရုံလောက်ပဲ ရှိသေးတာ ကို အားမလျော့နဲ့ တိရား မနောရေ ……………

    • hello! everybody

      January 30, 2011 at 2:17 pm

      ဆူးက၃ဝ စွန်းလို့လား ကိုဂျပန်အလံရ သူက ဟို အမေရိကန်မှာ နွားတင်းဂုတ်ကိုလေယဉ်ဝင်ပြီးခလုတ်တိုက်တုံးကမှ ၁ဝ တန်းဖြေပြီးစရှိသေးတာ။…..

  • unclegyi1974

    January 29, 2011 at 2:53 pm

    မနော လည်ပင်းကျီးပေါင်တက်တာဆို
    ကျွန်တော့်ကိုယ်တွေ့ အသိတယောက်ဖြစ်တာပြောပြမယ်
    သူကိုယ်တိုင်အင်္ဂျင်နီယာ သူ့အမျိုးသမီးလည်း
    ဆရာဝန် သူ့အဖေလည်းဆရာဝန်ကြီး
    တိုတိုပြောရရင်သူ့လည်ပင်းကျီးပေါင်းတက်ရော
    ရောဂါကပြင်းလာရော မခွဲရင်မရတော့ဖူး
    သူကလည်းမခွဲချင်ဖူး ခွဲရင်လည်း ၅၀=၅၀
    နောက်ဆုံးနိုင်ငံခြားထွက်ခွဲမယ်လုပ်နေတုန်း
    မြန်မာအနှိပ်အကြောပြင်ဆရာတယောက်နဲ့တွေ့ပြီး
    အဲဒီဆရာကုပေးလိုက်တာနိုင်ငံခြားသွား
    စရာမလိုတော့ဖူးပျောက်သလောက်ထင်တာပဲ
    ဒါပေသိအဲဒီဆရာကသေသွားပြီ
    ကျွန်တော်ဆိုလိုတာကအနောက်တိုင်းဆေးပညာ
    နဲ့ဆိုနောက်ဆုံးအဆင့်ရောက်ရင်ခွဲရမယ်
    တိုင်းရင်ဆေးနဲ့ဆိုပျောက်နိုင်တယ်ဆရာကောင်း
    တော့ရှာရမယ်

    • ဆူး

      January 29, 2011 at 3:32 pm

      ဂျကား မပီ ဆို အခုမှ ခယေးဘဲ ချိသေးတာကိုး….

  • အပေါ်ကပို့စ်မှာ တစ်ခုမှားနေပါတယ်။ ဝင့်ပြုံးမြင့်(ဂျာမန်ဘာသာပြန်)လို့ ရေးထားတာပါ။ ဝင့်ပြုံးမြင့်က အင်္ဂလိပ်ဘာသာပြန်ပါ။ ဘာသာပြန်ပုံ ထူးခြားတယ်။ ကျွန်တော့်အကြိုက်ဆုံး စာရေးဆရာတွေထဲက တစ်ယောက်ပါ။ ခုရက်ပိုင်းလေးတင် သူ့စာအုပ်ကြော်ငြာ သတင်းစာထဲမှာပါလာတယ်။ ၂၂ရက်နေ့ မြန်မာ့အလင်းသတင်းစာထဲမှာပါ။ စာအုပ်က တကယ့်အကျော်အမော်စာအုပ်။ A Thousand Splendid Suns ပါ။ စာအုပ်ကို အမြန်ဖတ်ချင်နေပေမယ့် ခုထိ ရန်ကုန် မတက်နိုင်သေးတာကလည်း ဒုက္ခတစ်မျိုး။

  • kopauk mandalay

    January 29, 2011 at 3:56 pm

    မနောရယ် ဒီလောက်ကို စိတ်ချမ်းသာစရာတွေနဲ့ ပြည့်စုံနေတဲ့သူကများ
    အေးချမ်းမူ့ကိုရှာဖွေနေသူလိုများ စာရေးထားရသေးတယ်

  • kai

    January 29, 2011 at 11:08 pm

    ယောကျာင်္းတွေက ..အရည်အချင်းတဲ့..။
    မိန်းမတွေက ..အဆင်းတဲ့..။
    ရှေးကစကားတွေပါ..။

    ဒီခေတ်တော ့…မိန်းမလည်း အရည်အချင်းရှိရင်.. ခေါင်းခေါက်ရွေးယူလို့ရပါတယ်….။

    ဆိုတော့…
    အရည်အချင်းရှိရင်. ခေါင်းခေါက်ပြီး..မြန်မြန်လေးရွေးစေလိုပါကြောင်းနဲ့..ရွေးပြီးရင်.. တူတူနေကြည့်ပါ… အပျော်ဆုံးအချိန်တွေ ထပ်နေမှာဖြစ်ပါကြောင်း.. ။
    ( ရွာထဲက.. ပျိုပျိုမေ..ပျိုပျိုဖေ..တွေအကုန်ကို ဆိုလိုတာဖြစ်ပါကြောင်း…)

  • nanmyat

    January 30, 2011 at 2:39 am

    နန်းမြတ်ကတော့အန်တီမနောရဲ့ဆောင်ပုဒ်လေးကိုသဘောကျသွားပြီ။
    နန်းမြတ်လည်းအဲဒီ့ဆောင်ပုဒ်လေးကိုလက်ကိုင်ထားတော့မယ်နော်။
    အန်တီမနောအားပေးသွားတယ်နော်

    • etone

      January 31, 2011 at 8:49 am

      နန်းမြတ်ရေ အန်တီမနောတဲ့ လား..
      ခေါ်ခံရတဲ့လူတော့ မသိဘူး ၊ ကြားက ဖတ်ရတဲ့လူတောင် နင်သွားတယ်..။

  • zippo

    January 30, 2011 at 2:50 am

    ဘဒူရေးရဲ ဟင် ? ခရေးရေးတေ ကဂျားနေဒယ်..ရူကြီး မရာရ…။
    ငြမ်းငြတ် က ခရေးရား..ရူကြီးရား..ကျောပါ..။

  • Gipsy

    January 30, 2011 at 3:00 am

    ဟဲယို ဟဲယို ညမ်ညမ် ရွေး ရင်…ဟောဒီ ဂျစ်ဂျစ် ရေးကိုရဲ ရွေးကြည့်ပါ….
    အတူနေကြည့်ပါ….ကျော်ကျာ်ကြီးနေချင်ရို့ပါ…
    အကျော်ရေးတေ ထပ်နေရပါစေ့မယ်…

  • nanmyat

    January 30, 2011 at 3:38 am

    ဘာတွေပြောနေမှန်းမသိဘူး။ကြောက်လာပြီ။ဦးကြောင်ကြီးကယ်ပါအုံး။

  • zippo

    January 30, 2011 at 5:00 am

    လှရက်ပါပေ့..ကြောက်ပါနဲ့ကွယ်..ဓါတ်ပုံလေးလှလို့သဘောကျလို့ပါ..
    နာမည်လေးက ငြမ်းညတ် တဲ့လားကွယ်..

  • zippo

    January 30, 2011 at 5:39 am

    ဦးကြောင်ကြီးက ကြွက်သွားဖမ်းနေလို့ တဲ့…။
    ကယ်ပါ့မယ် တဲ့…

  • zippo

    January 30, 2011 at 6:11 am

    တကယ်နော်..။
    မညာရနော်…။
    အရမ်းကာရော ကို ဘာမှန်းမသိ စွတ်ကယ်ချင်နေတာ….။
    အော်…ငြမ်းညတ်..။

  • cobra

    January 30, 2011 at 9:52 am

    ဘာအဓိပ္ပာယ်လည်း?
    သားကိုလည်းရှင်းပြဦးလေ…

  • Gipsy

    January 30, 2011 at 10:32 am

    သူတို့လေးတွေအဆင်ပြေနေကြတာ မင်းမသိ ဘူးလား
    မင်းကလဲကွာမနာလိုမဖြစ်စမ်းပါနဲ့ ။

  • naywoonni

    January 30, 2011 at 11:07 am

    ဖြစ်မှာပဲ ဖြစ်မှာပဲ ငါ့ကိုလာမတားနဲ့×××ရို့ရို့

  • nanmyat

    January 31, 2011 at 2:06 am

    ကိုနေဝန်းနီဘာတွေဖြစ်နေတာလဲ။

  • nanmyat

    January 31, 2011 at 2:08 am

    ကိုနေဝန်းနီဘာတွေဖြစ်နေတာလဲ။

  • zaw min

    January 31, 2011 at 4:22 am

    ဘာမှမဖြစ်ပါဘူး၊ဦနီကို အနောက်က သူ့မိန်းမက ကြီမ်လုံးနဲ့ ရိုက်လိုက်လို့ အားရို့..အားရို့..လို့ အော်သွားတာပါ။

  • photwenty

    January 31, 2011 at 5:01 am

    မမနော် ရေ.
    အလုပ်အကိုင်လေးလဲပြောပါအုံး
    ကျနော.ဦးလေးကသိချင်လို.တဲဗျို.

  • Yin Nyine Nway

    January 31, 2011 at 7:11 am

    ဟုတ်ဒယ် ဟုတ်ဒယ်…ဒါကျတော့ ဒိုင်းရှိုထားတာလား..ဟီး

  • manawphyulay

    January 31, 2011 at 12:56 pm

    လက်လုပ်လက်စားပါရှင်။ လက်လုပ်မှ ပါးစပ်လုပ်ရမယ့်ဘဝပါ။ တစ်လလုံးလုပ်မှ ထမင်းနပ်မှန်အောင် စားနေရသူတစ်ဦးပါ။ မေးနေကြပုံထောက်တော့အလုပ်ပေးမလို့လားဟင်

  • manawphyulay

    January 31, 2011 at 1:03 pm

    တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။ said: >>>
    ဝင်းပြုံးမြင့်က စာရေးဆရာမတစ်ဦးရဲ့နာမည်ပါရှင်။ သူက ဂျာမန်ဘာသာပြန်တွေ ရေးတာ ပိုများပါတယ်။ သူ့ရဲ့ ပထမဆုံးလုံးချင်းဝတ္ထုက ပီယမ်နိုကျူနာ ကို ဘာသာပြန်ကို အရင်ဆုံးရေးသားခဲ့ပါတယ်။ စာပေစစ်ဆေးရေးတင်တော့ သူ့ရဲ့ကလောင်နာမည်နဲ့ စာအုပ်နာမည်ကိုကော ထုတ်ခွင့်မပြုပါဘူး။ ပြင်သစ်စန္ဒယားဆရာတစ်ဦးက စော်ဘွားတွေဆီလာရောက်တဲ့အကြောင်းတွေဆိုတော့ ထုတ်ခွင့်မပြုလို့ သူ့ရဲ့မူရင်းနာမည်နဲ့ စာအုပ်ကိုလည်း ခေါင်းစဉ်က အစ ပြန်ပြောင်းပြီ ပြန်တင်မှ ထုတ်ဝေခွင့်ကျခဲ့တာပါ။ နောက်တစ်အုပ်ကတော့ ဟစ်တလာ မီးရှို့တုန်းက ပါသွားတဲ့ ဂျာမန်ဘာသာပြန်စာအုပ်ဖြစ်တဲ့ ဘူဒင်ဘရွတ်ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ မီးရှို့ပြီးနောက်ပိုင်းမှ ဒီစာအုပ်က နာမည်ရလာတာ ဖြစ်ပါတယ်။ မြန်မာလို ပြန်ထုတ်တော့ မြန်မာနာမည်ကို မိသားစုတစ်စုရဲ့ ကျရှုံးခန်း ခေါင်းစဉ်နဲ့ ရေးသားထုတ်ဝေထားပါတယ်။ နောက်ပိုင်းစာအုပ်တွေလည်း ဂျာမန်ဘာသာကို မြန်မာဘာသာပြန်ပြောင်းထုတ်ဝေထားပါသေးတယ်။ ကျန်တဲ့စာအုပ်တွေ မနောမှာ မဝယ်နိုင်လို့ မရှိပေမယ့် ခုပြောတဲ့စာအုပ်တွေကတော့ မနောဆီမှာ ဖတ်ချင်ရင် လာငှားလို့ရပါတယ်။

  • manawphyulay

    January 31, 2011 at 1:11 pm

    unclegyi1974 said: On January 29, 2011

    မနော လည်ပင်းကျီးပေါင်တက်တာဆို
    ကျွန်တော့်ကိုယ်တွေ့ အသိတယောက်ဖြစ်တာပြောပြမယ်
    သူကိုယ်တိုင်အင်္ဂျင်နီယာ သူ့အမျိုးသမီးလည်း
    ဆရာဝန် သူ့အဖေလည်းဆရာဝန်ကြီး
    တိုတိုပြောရရင်သူ့လည်ပင်းကျီးပေါင်းတက်ရော
    ရောဂါကပြင်းလာရော မခွဲရင်မရတော့ဖူး
    သူကလည်းမခွဲချင်ဖူး ခွဲရင်လည်း ၅၀=၅၀
    နောက်ဆုံးနိုင်ငံခြားထွက်ခွဲမယ်လုပ်နေတုန်း
    မြန်မာအနှိပ်အကြောပြင်ဆရာတယောက်နဲ့တွေ့ပြီး
    အဲဒီဆရာကုပေးလိုက်တာနိုင်ငံခြားသွား
    စရာမလိုတော့ဖူးပျောက်သလောက်ထင်တာပဲ
    ဒါပေသိအဲဒီဆရာကသေသွားပြီ
    ကျွန်တော်ဆိုလိုတာကအနောက်တိုင်းဆေးပညာ
    နဲ့ဆိုနောက်ဆုံးအဆင့်ရောက်ရင်ခွဲရမယ်
    တိုင်းရင်ဆေးနဲ့ဆိုပျောက်နိုင်တယ်ဆရာကောင်း
    တော့ရှာရမယ်

    အန်ကယ်ကြီးရေ ဗမာဆရာနဲ့ပြတော့ ဘယ်မှာပြရမှာလဲဟင်။ ဗမာဆေးမပြောနဲ့ အင်္ဂလိပ်ဆေးတောင်မသောက်တော့ လေ့ကျင့်ခန်းကလည်း မလုပ်ဖြစ်တာကြာပြီ ခုကတော့ နည်းနည်းသက်သာနေတယ်။ ခုလို ပြောပြပေးတာ ကျေးဇူးအရမ်းတင်ပါတယ်။ မနောက အလုပ်ကော ပညာရေးကော လောဘက ခပ်ကြီးကြီးရယ်မို့……….

  • နာစိတ်တိုလာပြီနော်။ ဝင့်ပြုံးမြင့်က အင်္ဂလိပ်ဘာသာပြန်ပါဆို။ (နောက်တာပါ)
    အခုနောက်ဆုံးထုတ် “နေအသင်္ချေလအနန္တ“ ကမှ လွှတ်ကောင်းတာဗျ။ လက်က မချနိုင်ဘူး။ မိုးလင်းသွားတယ်။ ဝင့်ပြုံးမြင့်က စာရေးဆရာမလား။ ကျွန်တော့်မှာဖြင့် အရူးအမူးပါပဲ။ ငြိနေပြီ။ စာအုပ်ကိုပြောတာ။

  • Nay Aye

    February 1, 2011 at 4:14 am

    သေသော် မှ သည်..ဪ ကောင်း၏…။…။
    မ..က လွှတ်ပွါးတော့……………ကျွန်တော်..ဖတ်ရင်းနဲ့ ဂွမ်းသွားပြီ….။
    အဲဒီတော့…သေသော်မှ သည် လွှတ်ကောင်း၏..။….။
    ပက်ပက်စက်စက်ကောင်း၏..။
    ဟီဟိ.. ..နောက်တာ..။

  • M&E engineer

    February 4, 2011 at 3:43 pm

    Manaw
    I would like to apologize for u @ G talk. It is my info
    Please see who I am
    by Sithu Nyo

    ကိုယ့်နာမည်- Sithu ayeko

    ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်ကြတယ်- Piper, Sithu nyo mae’ pyar net net tu ( it was by sarpati, when we r @ MTU)

    ကိုယ့်မွေးရာသီခွင်က- ( Leo)

    ကိုယ်ဒီမှာနေတယ်- Singapore now ( lived at Mandalay for 22 years and YGN 3 years and pathein 2 years)

    ကိုယ့်ကိုဆက်သွယ်ချင်ရင်-sithuayeko07@gmail.com

    ကိုယ့်အကြိုက်တွေကတော့…Traveling around Asia countries

    Dancing with Cha Cha ( when I am alone), Dancing Break Dance ( When i feel very happy @ room), Playing the Guitar (Vemp) and sing the Old heavy rock

    အရောင်ဆိုရင်- Black
    အဝတ်အစားဆိုရင်- Docker,Le Cupa,Levis

    ဆံပင်ပုံစံနဲ့အရောင်- Deeply Black
    စားစရာ- Meet noodle (when i m @ KL), (Chinese food @ Spore),( Mutton Prata @ Mumbai)

    သောက်စရာ- Jack Denial, Baron,Espresso

    ကိုယ်အဝယ်ဖြစ်ဆုံးအရာ- Books and album
    ကိုယ်စုဆောင်းလေ့ရှိတဲ့အရာ- Ideas

    ကိုယ်အနှစ်သက်ဆုံးဂီတ- Heavy Rock

    အခုလက်ရှိ အကြိုက်ဆုံးသီချင်း- Lu Chun Lu kaung ( current status only)

    ပြည်တွင်းအဆိုတော်-Herry Lin

    ပြည်ပအဆိုတော်- Lady Ga Ga, GNR,Stevie,Eminen, 50 Sent

    တေးရေးဆရာ- Ko Htoo ein thin, Aw yatha,Thaw D wai,Lin Lin

    စာရေးဆရာ- Thomas Flamene

    စာအုပ်-The word is flat

    ဂိမ်းကစားနည်း-No time for game until Feb 2011 ( not sure for after Feb 2011)

    ကိုယ့်ဘဝမှာ…..

    အရေးအကြီးဆုံးသူ- XXX ( but still no reply SMS n mail from her by 29 days and 8 hours)(GMT 6:30 @ 111:40 pm)

    ကိုယ်အချစ်ဆုံးသူ- Parent

    ကိုယ်အမုန်းဆုံးသူ- NO ( not the singers from Myanmar)

    ကိုယ်အလေးစားဆုံးလူ- Bill Gate ( for Gate foundation only) and Daw Aung Sun Su Kyi

    အပျော်ခဲ့ဆုံးနေ့- 8.8. 1988 ( just only next three months)

    ဝမ်းအနည်းခဲ့ဆုံးနေ့- The day failed the second year exam at MTU

    ရင်အခုန်ခဲ့ဆုံးအချိန်- waiting the reply from first love

    ကိုယ့်ရဲ့ဝါသနာ- Engineering Design + Guitar playing + Reading

    ကိုယ်အဖြစ်ချင်ဆုံး ရည်မှန်းချက်- Senator ( selected from Real election, when i m over 40 years old)

    ကိုယ်အခု မျှော်လင့်နေမိဆုံးအရာ- To sell the book from i-store

    ကိုယ်သည်းမခံနိုင်ဆုံးလုပ်ရပ်- pretending and waste of time for nonsense people talking
    ကို်ယ်ကောင်းကောင်းလုပ်နိုင်တာက- , Playing the Guitar , Writing (electrical CP)and sleeping

    ကိုယ်လုံးဝမလုပ်နိုင်တာက- Myanmar font typing ( now) and kneeing

    အားလပ်ချိန်သွားတတ်တဲ့နေရာ- Club ( when i m @ Spore), China town ( @ KL),Massage ( BK)
    အားလပ်ချိန်မှာကိုယ်လုပ်လေ့ရှိတာက – planning for books and writing ,playing the Guitar

    ကို်ယ်အသွားချင်ဆုံး တစ်နေရာ- Eiffel tower (with the one i love)

    ကိုယ်ခံယူထားတဲ့ ….

    အချစ်ဆိုတာ- Essential

    အမုန်းဆိုတာ- I hate the hate

    အလွမ်းဆိုတာ- painful feeling when loved one departed

    ဘဝဆိုတာ- 30%- studying, 20% my family, 40% love (platonic),10% – planning for future

    ကိုယ်အချိ်န်အားရင် ဘာလုပ်လေ့ရှိသလဲဆိုရင်…

    (A) Internet သုံးတယ်
    (B) ဖုန်းပြောတယ်
    (C) ရုပ်ရှင်/TV ကြည့်တယ်
    (D) သီချင်းနားထောင်တယ်
    (E) အိပ်တယ်
    (F) ဈေးဝယ်ထွက်တယ်
    (G) တစ်ဆိုင်ဆိုင်ထိုင်တယ်

    အဖြေတွေက… (A), Playing Guitar, Reading the books,writing and …

    ကိုယ့်ရဲ့ချစ်သူဟာ ဒီအချက်တွေရှိရမယ်…

    (A) ရုပ်ချောသူ
    (B) ပညာတတ်
    (C) ကြွယ်ဝချမ်းသာသူ
    (D) အရည်အချင်းရှိသူ
    (E) ကိုယ့်အပေါ်မှာသစာရှိတဲ့သူ
    (F) နားလည်မှုရှိတဲ့သူ
    (G) ကိုယ့်ကချစ်တဲ့သူ
    (H) ကိုယ့်ကိုချစ်တဲ့သူ
    အဖြေတွေက… (D),(E),(F)

    အနာဂတ်ဘဝမှာ ကိုယ်လိုချင်တာတွေက…

    A) အောင်မြင်ကျော်ကြားမှု
    (B) ကြွယ်ဝချမ်းသားမှု
    (C) ပညာရည်မြင့်မားမှု
    (D) ရိုးရှင်းငြိမ်းချမ်းမှု
    (E) ကျန်းမာမှု
    အဖြေတွေက…(C),(D), (E)

  • ဆူး

    February 4, 2011 at 3:50 pm

    မနောတော့ စမ်းပွင့်ကုန်ပြီ။ အပျိုကြီး ဂိုဏ်းထောင်တာ ပျက်တော့မယ်နဲ့ တူတယ်။

  • စန်း ပါနော်။ စမ်းရေ မဟုတ်ပါ။ ကိုယ်ရေးအကျဉ်းတွေ ဖတ်ကြည့်တော့ IQ မှာရော၊ EQ မှာရော၊ မနောက ပိုမြင့်နေပါလား။ ဖြစ်သေးဘူး ဖြစ်သေးဘူး။

  • M&E engineer

    February 5, 2011 at 2:46 am

    @ Ma Sue
    I just looking for friends only. Anyway thanks for reading of my profile.
    @ manaw
    Yap. U r better than me in religion and web technology.
    Now i am preparing the plan for Myanmar( fresh graduate, the Rector’s signature ink is not dry until now), to teach the electrical scope n M&E nature by FOC.
    I can save n cover the Myanmar engineer in this way only b attacking other nationality.
    Some of the people waste not only numerous time but also time @ Gtalk n….
    I hope u may understand me….
    Let me say three times well done for your knowledge sharing

Leave a Reply