manawphyulayAugust 28, 201010min850
1. အမေရိကန်ဆယ်ကျော်သက်များ အကြားအာရုံချွတ်ယွင်းမှုများလာ၊ 2. တစ်ဦးတည်းသော သားသမီးများ ပေါင်းသင်း ဆက်ဆံရေး အားနည်းချက်ရှိဆိုမှု သုတေသီများ ပယ်ချ ၊ 3. သန္ဓေ​တားဆေးများက​အ​ မျိုး​သ​မီး​များ​အား​ဉာဏ်ရည်​ထက်မြက်​စေ​နိုင် ၊ 4. ငွေစက္ကူအဟောင်းအနွမ်းများတွင်လူကိုသေစေနိုင်လောက်သောရောဂါများဖြစ်သည်.တီဘီရောဂါကဲ.သို.ရောဂါပိုးမွှားများပါဝင်သည် ၊ အမေရိကန်ဆယ်ကျော်သက်များ အကြားအာရုံချွတ်ယွင်းမှုများလာ ဒီဂျစ်တယ် Media Playerများ ခေတ်စားလာခြင်းနှင့်အတူ အကြားအာရုံ ပြဿနာ ထူပြောလာခြင်းကြောင့် အချို့သော သုတေသီများက မြီးကောင်ပေါက် လူငယ်များအနေနှင့် ၎င်းတို့အသုံးပြုနေသည့် Player များမှ အသံ Volume ကို လျှော့ချရန် အကြံပြုထား ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိကန် ဆယ်ကျော်သက် လူငယ်များတွင် အကြားအာရုံ ချွတ်ယွင်းမှု သိသိသာသာ မြင့်တက်လာကြောင်း စစ်တမ်းများက ဖော်ပြခဲ့သည်။ ဒီဂျစ်တယ် Media Playerများ ခေတ်စားလာခြင်းနှင့်အတူ […]


manawphyulayAugust 28, 20101min1878
အမေ မွေးစဉ်က ကလေးသာသာမို့ လူ့ပြည်မှာ ပထမ သုညက စခဲ့ရာ လူသားမှန် အရွယ်ရင့်ကာမှ ကြာမြင့်ချိန် တာရှည်ခဲ့ပေါ့ ကြီးခဲ့ရပြန် လူဟူသည် လူသားအတွက်ပေပေါ့ လူဟူသည် လူအများအတွက်ပေမို့ ကိုယ့်တွက်သာ ဘယ်မဟုတ်လေဟု လူ့သရုပ်ပီပြင်စွာ ထင်လာခဲ့ စိတ်အတွေး လှုပ်ရှားရုန်းကန် ဘဝလှိုင်းဒဏ်အကြား ချော်လဲတစ်ခါ ပြန်ထ တစ်လှည့် ဖြတ်သန်းခဲ့ရ ဒီလူ့ဘောင်တွင် ရှုံးတစ်ခါ နိုင်တစ်လှည့် သံသရာကို ရှည်စေခဲ့ ဆိုးကောင်း အတူမြဲပါလို့ ဒွန်တွဲလာ သင်္ခါရပေမို့ လူ့ရွာမှာ လူပီသအောင် အားတင်းကာ ကြိုးစားနေဆဲ…..


manawphyulayAugust 28, 20101min2123
ပညာရေးကိုမြန်မာတွေတန်ဖိုးထားရဲ့လား ဟူသောမေးခွန်းနှင့် ပင်ဒီဆောင်းပါးငယ်လေးကို နိဒါန်းပျိူးချင်ပါသည်။ ယင်းမေးခွန်းကို ကျွန်တော် ၂၄ နှစ် လွန်ခဲ့သော သုံးနှစ်တာ ကာလက မိမိကိုယ်ကိုယ် ပညာရေးတွင်စိတ်ဝင်စားရဲ့လား၊ တန်ဖိုးထားရဲ့လား ဟုအစပြု စဉ်းစားခဲ့ရာမှ ဒီမေးခွန်းနှင်းပတ်သက် ပြီး Survey အတော်များများလုပ်ခဲ့ဘူးပါတယ်။ ခုချိန်ထိလဲ လုပ်ဆောင်နေဆဲပါ။ ကျွန်တော် ထိုအတွက် အချိန်အများကြီးပေးခဲ့ရပါသည်။ မြန်မာ လူကြီးလူူငယ်အတော်များများ၊ S-Pass, EP, PR, Citizen နှင့်ကျောင်းသားအတော် များများကို အိတ်စိုက် လက်ဘက်ရယ်တိုက် စကားပြောဆိုကာ မသိသာတစ်မျိုး၊ သိသိသာသာ တမျိုးဖြင့် ယင်းတို့၏ ပညာရေးအမြင်များ ကို အစ်အောက်စကားနှိုက်ခဲ့ရပါသည်။ Survey ကိုတော့ Sampling Method နှင့် Population Method တို့ကိုအသုံးပြုကာ လူဦးရေ ၅၀၀ဝ တွင်အခြေခံထားပါသည်။ ၅ဝရာခိုင်နှုန်းမှာ […]


manawphyulayAugust 28, 20101min1262
အေးချမ်းတည်ငြိမ်နေတဲ့ ကျွန်မတို့ရဲ့ဝန်းကျင်မှာ ရှင်ဟာ ရှင့်ရဲ့အရိုင်းအစိုင်းဒေါသတွေနဲ့အတူ ရောက်ရှိလာခဲ့တယ်နော်… ရှင့်မို့ လုပ်ရက်တယ် နာဂစ်ရယ် သစ်ပင်ပန်းမန်တွေနဲ့ စည်ကားနေတဲ့ ကျွန်မတို့နေရာကို လိုက်လံနှောင့်ယှက်ခဲ့တယ်နော်။ နာဂစ်ဆိုတဲ့ လေမုန်တိုင်း လေမုန်တိုင်းကို ဟန့်တားထားတဲ့ တင့်တောင့်တင့်တယ် နေထိုင်မှု ကန့်လန့်ကာကို ရှင် ဆုတ်ဖြဲပစ်လိုက်တယ် မယုံကြည်နိုင်ခဲ့ဘူး။ အခုတော့… စည်းစနစ်ကျနမှုနံရံ ပြိုလဲ့ခဲ့ရပြီ။ ကြောက်လန့်ဖို့ကောင်းတဲ့ အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ ကျီးအတွေ အာလို့ မြင်မကောင်းတဲ့ မြင်ကွင်းတွေနဲ့အတူ ရှင် ဖန်တီးခဲ့တယ်။ ရှင့်ကြောင့် အပြစ်မဲ့သူတွေ သေကြေခဲ့ကြတာ ခုတော့… အများသူငါ လေတိုက်မှာတောင် ကြောက်နေကြတဲ့ဘဝမျိုးရောက်အောင် ဖန်တီးခဲ့တဲ့ ရှင့်ကို အပြစ်ဖို့လို့နေရုံမှတစ်ပါး အခြားမရှိတော့ပြီပေါ့… ဝန်းကျင်တကာမှာ အပိုင်းပိုင်း အပြတ်ပြတ်နဲ့ သစ်ပင်တွေ ပြိုလဲနေပြီး အိမ်တွေ ပျက်စီးနေတဲ့ မြင်ကွင်းမျိုးကို ကျွန်မရှေ့မှာ ဘောင်ခတ်ပစ်ချင်ပြီ […]


manawphyulayAugust 27, 20101min1490
MCPA အသိအမှတ်ပြု စာမေးပွဲဆိုတာ ဘာလဲ? မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသ်းက ကြီးမှူးပြီး – ကွန်ပျူတာ ပညာရှင်များ ကွန်ပျူတာပညာရပ်နှင့်ပတ်သက်ှု၍ နားလည်ပြီး ကျွမ်းကျင်မှုအဆင့် တိုးတက်မြင့်မားလာစေရန်။ – သတင်းအချက်အလက် နည်းပညာနယ်ပယ်တွင် နားလည်တတ်ကျွမ်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြုစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါတယ်။ MCPA က ဘာစာမေးပွဲတွေကို ကျင်းပနေလဲ? MCPA အနေနဲ့ Software Engineering နဲ့ Network Engineering တို့အတွက် စာမေူးပွဲများကို ကျင်းပပေးနေပါတယ်။ ယခုအခါမှာ – MCPA Certified Fundamental Engineer – MCPA Certified Network Associate အောင်လက်မှတ်များပေးမည့် စာမေးပွဲ (၂) ခုကို ကျင်းပပေးလျက်ရှိပါတယ်။ ထိုစာမေးပွဲများမှာ အိုင်တီနယ်ပယ်သို့ စတင်ဝင်ရောက်ရန်အတွက် […]


manawphyulayAugust 27, 20101min1570
Myanmar DCR Co., Ltd မှ ဝန်ထမ်းရွေးချယ်မှုနှင့်ပတ်သက်သော ရှင်းလင်းပွဲ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ.လွန်တက်နေသော ကျောင်းသားကျောင်းသူများနှင့် ITနှင့် ဂျပန်စာတွင်စိတ်ဝင်စားသော လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း Myanmar DCR Co.,Ltd(Yangon)မှ ဝန်ထမ်းရွေးချယ်မှုရှင်းလင်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်သည်၊၊ နေ့ရက်           – ၂၀၁ဝခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်။ (တနင်္ဂနွေနေ.) ပထမအကြိမ်ရှင်းလင်းပွဲ    – ၁ဝးဝဝ မှ ၁၂းဝဝ နာရီ (Reception Time ၉း၃၀ နာရီ) ဒုတိယအကြိမ်ရှင်းလင်းပွဲ  – ၁၄းဝဝ မှ ၁၆းဝဝ နာရီ (Reception Time ၁၃း၃၀ နာရီ) နေရာ   […]


manawphyulayAugust 27, 20104min1806
စနေနေ့ နေ့လည် ဟောပြောပွဲကို ၂ နာရီမှ စတင်ပြီး အရင်ဆုံး ပြောကြားတဲ့သူကတော့ ဦးရဲကျော်သိန်းဖြစ်ပါတယ်။ Security တွေ ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ပြောပါတယ်။ ဒါပေမယ့် မှတ်မိသလောက်ပဲ တင်ပြပါမယ်။ Range of Security -Generate -General Security Concept အီးမေလ်းတို့ ဆာဗာတို့မှာလည်း လုံခြုံမှုလိုအပ်ကြောင်း နောက် Security ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ Commuation Authentication Web based Service – Secure Sockets layer/Transport layer Security (SSL/TLS) – Secure Hypertext Transfer Protocol (S- HTTP) – Directory Services – Linghtweight […]


manawphyulayAugust 20, 20101min1260
ခုချိန်တိုင် ကြိုးစားနေရတယ်ဆိုသူ ဘိုကလေးတင့်အောင်၏ ငယ်ဘဝဖြတ်သန်းရာ ‘ခုချိန်ထိလည်း ဘဘတို့က ကြိုးစားနေရတယ်။ အနုပညာအလုပ်တွေဆိုတာ စာမေးပွဲတွေလိုပဲ၊ တစ်ပွဲပြီးတစ်ပွဲ အောင်မြင်နေမှ အောင်မြင်မှုဆိုတာရှိမှာ ၊ အဲဒီလိုမဟုတ်ဘဲ တစ်ပွဲမှာကျသွားတာကို တင်းတိမ်လိုက်မယ် ဆိုရင် နောက်ပိုင်းတောက်လျှောက် ကျဆုံးသွားနိုင်တယ်’လို့ ဆိုသူ တေးရေး၊ ပြဇာတ်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ ဘိုကလေးတင့်အောင်ရဲ့ ငယ်စဉ်ဘဝက လျှောက်လှမ်း၊ ဖြတ်သန်းခဲ့တဲ့ပုံရိပ်တွေကို ငယ်ဘဝဖြတ်သန်းရာ ကဏ္ဍမှတစ်ဆင့် ပြန်လည်ဝေငှ ပေးလိုက်ပါတယ် . . . ဘိုကလေး တင့်အောင်ဟု နောင်တွင် အနုပညာနယ်ပယ်၏ အခန်းကဏ္ဍများ၌ အောင်မြင်စွာလှုပ်ရှား လုပ်ကိုင်လျက်ရှိသူကို ၁၉၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ မွေးဖွားခဲ့ပါသည်။  အဖဦးဘသင်၊ အမိဒေါ် ဖွားသိမ်းတို့ရဲ့သားသမီးခြောက်ဦး အနက် ဒုတိယမြောက်သားဖြစ်ပြီး အမည်ကို […]


manawphyulayAugust 20, 20101min900
‘ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်’ဇာတ်ကား စတင်ပြသမည့် စနေ၊ တနင်္ဂနွေတွင် နံနက် ၈ နာရီပွဲစဉ် တစ်ပွဲအား တိုးချဲ့ပြသမည် ‘ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်’ ရုပ်ရှင်ဇာတ်ကားအား စတင်ပြသမည့် ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက် စနေ၊ တနင်္ဂနွေတို့တွင် နံနက် ၈နာရီပွဲစဉ်တစ်ပွဲအား တိုးချဲ့ပြသရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ “အခုတစ်ပတ်ကစပြီး ရုံတင်ပြသ မယ့်ဒီဇာတ်ကားကလည်း ကြိုတင် လက်မှတ်ရောင်းချရတဲ့ အနေအထား ကများတဲ့အပြင် နံနက် ၈ နာရီပွဲစဉ် ကိုလည်း မရှိဘူးလားလို့ လှမ်းမေးတဲ့သူ များတာကြောင့် အခုတစ်ပတ် မှာ ၈ နာရီပွဲစဉ် တစ်ပွဲတိုးပြီး ပြသ ဖြစ်ပါမယ်။ စနေ၊ တနင်္ဂနွေနှစ်ရက် ထဲပါပဲ။ နောက်တစ်ပတ် ထပ်လုပ်ဖြစ်၊ မလုပ်ဖြစ်ဆိုတာကတော့ ကြားထဲမှာ ကြိုတင်လက်မှတ် […]


manawphyulayAugust 18, 20101min980
သူငယ်ချင်းတို ့ရေ တော်တော်များများကတော့ အပျိုကြီး လူပျိုကြီးတွေမှာ ရှိတက်တဲ့ အမှတ်အသားတွေပဲ။ သူငယ်ချင်းတို ့လဲ ဟုတ်မဟုတ် နဲနဲ လေ့လာ ကြည့်ပေါ့။ ဖြူ မှာတော့ ………………………….။ အများစုသောအပျိုကြီးလူပျိုကြီးတို့၏ စရိုက်လက္ခဏာများ ၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။ ၂။ ဇီဇာကြောင်တတ်သည်။ ၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။ ၄။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။ ၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။ ၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။ ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုးရွေးရခက်နေတတ်သည်။ ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။ ၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။ ၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။ ၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း […]


manawphyulayAugust 17, 20101min1291
အကယ်၍သာ အကယ်၍ သင်ဟာ သာမန် မိသားစုက ကြီးပြင်းလာခဲ့ရင် အကယ်၍ သင်ရဲ့ မိဘတွေ သက်ရှိထင်ရှား ရှိနေသေးရင် အကယ်၍ သင်ဟာ မိဘတွေနဲ့ အတူနေသည်ဖြစ်စေ မနေသည်ဖြစ်စေ….. အကယ်၍ တစ်နေ့မှာ အိမ်ရှိ မီးဖိုချောင်ဟာ အရင်လို မသပ်ရပ်တော့ဘူးလို့ သင်သတိထား မိခဲ့ရင် အကယ်၍ တစ်နေ့မှာ ပန်းကန် ခွက်ယောက်တွေဟာ အရင်လို မသန့်ရှင်းတော့ဘူးလို့ သင်သတိထား မိခဲ့ရင် အကယ်၍ တစ်နေ့မှာ ထမင်းအိုးတွေ မည်းညစ်နေတယ်လို့ သင်သတိထားမိခဲ့ရင် အကယ်၍ တစ်နေ့မှာ ပန်းခြံထဲက ပန်းတွေ ညှိးနွမ်းနေပြီး မြက်တွေ ထူထပ်နေ တယ်လို့ သင်သတိထားမိခဲ့ရင် အကယ်၍ တစ်နေ့မှာ ဘီရိုတွေ၊ ကြမ်းတွေဟာ မတောက်ပြောင်ဘဲ ဖုန်တွေနဲ့ ဖုံးလွှမ်းနေပြီလို့ သင်သတိ ထားမိခဲ့ရင် […]


manawphyulayAugust 17, 20101min1692
တစ်နေ့ကို ကြိမ်ဖန်များစွာ ခေါင်းဖြီးရင် ဆံပင်ကျန်းမာသန်စွမ်းတယ် ထင်နေသလား။ ဆံပင်အဖျားတိတိပေးရင် ဆံပင်အရှည်မြန်တယ်ဆိုတာကော တကယ်ပဲလား။သင့်ဆံပင်နဲ့ ပတ်သက်တဲ့ ကြားဖူးတဲ့အချက်တွေ မှန်ရဲ့လား။တကယ့်အမှန်တရားတွေကကောဘာလဲဆိုတာသိချင်ရင် ဒီဆောင်းပါးကို ဖတ်ကြည့်သင့်ပါတယ်။ ဆိုပြီးမေးလ်ရောက်လာလို့ ပြန်လည် မျှဝေလိုက်ပါတယ်။ ၁။ ဆံပင်အဖျားတွေ တိတိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။ မဟုတ်ပါဘူး။ ဆံပင်အဖျားတိတိ၊ မတိတိဆံပင်အရှည်တစ်လကိုလက်မဝက်လောက်ပိုတိုးလာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။ ဆံပင်တိပေးလို့ပိုုရှည်လာတာမဟုတ်ပါဘူး။ ဟော်မုန်း တွေကြောင့် ပါ။ ဆံပင်တိပေးခြင်းအားဖြင့် ဆံပင်နှစ်ခွဖြစ်တာတွေကိုသာ ဖယ်ရှားပေးပြီး ဆံပင်ကျန်းမာ လှပစေနိုင်ပါတယ်။ ၂။ စိတ်ဖိစီးမှုက ဆံပင်ပို ကျွတ်စေနိုင်သလား။ ဆံပင်တွေဟာအချိန်တိုင်းလိုလိုကျွတ်နေတတ်ပြီးပုံမှန်အနေနဲ့တစ်နေ့ကိုဆံပင်ပေါင်း ၅ဝ မှ ၁၂ဝ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။သင့်ဘဝအတွက် ကြီးကျယ်တဲ့ပြောင်းလဲမှုတွေ ( ဥပမာ – အိမ်ထောင် ပျိုကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း) တို့ကြောင့် အလွန်အမင်း […]


manawphyulayAugust 17, 20101min670
ဒီနေ့တော့ လုပ်ငန်းရှင်တွေက အလွန်တော်သော လူတော်လူကောင်းများကို လိုချင်တဲ့အတွက် လာရောက် အကူအညီတောင်းထားပါတယ်။ ‘ဘာလဲဆိုတော့ သူတို့လုပ်ငန်းမှာ လိုအပ်တဲ့နေရာမှာ ခန့်အပ်ချင်လို့တဲ့ လစ်လပ်သောနေရာကို ဖော်ပြပေးထားပါတယ်။ လုပ်ငန်းနေရာများကတော့ လိုအပ်သော အရည်အချင်းက ချက်ပြုတ်နည်းသင်တန်း အောင်လက်မှတ်ရှိရမှာဖြစ်ပါတယ်။ လုပ်ရမဲ့နေရာကတော့ သံရည်ကျိုစက်ရုံမှာ ကျိုပြီးသား သံရည်များကို အပေါ့ အငန် မြည်းပေးရမှာ ဖြစ်ပါတယ်။ လစာကတော့ ညှိနှိုင်းလစာပါတဲ့။ ကဲ ဘယ်လိုလဲ။ နောက် လုပ်ငန်းရှင်ကလည်း သူ့အလုပ်အတွက် လာပြောထားပါသေးတယ်။ သူကတော့ ဘာအရည်အချင်းရှိရမလဲဆိုတော့ ယာဉ်မောင်းတတ်ရမယ်တဲ့။ ယာဉ်မောင်းလိုင်စင်ရှိရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။ လုပ်ရမဲ့ အလုပ်အတွက်တော့ ယပ်တောင်ယူလာခဲ့ရမယ်တဲ့။ ဒါဆိုရင်တော့ လုပ်ငန်းသဘောကို သိလောက်ပါပြီနော်။ ဒီတစ်ခုနဲ့ အဆင်မပြေသေးရင်လည်း နောက်အလုပ်နဲ့ အဆင်ပြေမှာပါ။ စိတ်ဓာတ်မကျပါနဲ့။ အဲ ခုလုပ်ငန်းကတော့ သင်္ဘောတက်ချင်သူများအတွက် အထူးအခွင့်အရေးကောင်းတစ်ခုပဲ […]