manawphyulayAugust 10, 20101min1352
အမေသည် သားသမီးများအတွက် မီးရှူးတစ်ဆောင်သာ ဖြစ်ပါသည်။ အမေမရှိလျှင် သားသမီးလည်း မရှိနိုင်ပေ။ အမေသည်သာ သားသမီးများအတွက် ရှေ့ဆောင်လမ်းပြ မိခင်ဖြစ်ပါသည်။ ကိုးလလွယ် ဆယ်လဖွားစဉ်အခါကတည်းက အမေသည် ပျော်တစ်ပြုံးပြုံး။ “ဝါး… အူဝဲ“ ဟူသော အသံသည် သေမင်းနှင့် စစ်ခင်းနေသော အမေ့မျက်နှာအား အပြုံးရိပ်သမ်းသွားသည်။ မပီကလာ ပီကလာနှင့် “အမေ“ ဟု စခေါ်လိုက်သော သားသမီးရဲ့အသံ ကြားကြားချင်း တအံ့တဩပြုံးလိုက်သူမှာ အမေဖြစ်သည်။ သားသမီးက အမေ့နို့ကို စို့ရိုတင်မဟုတ်၊ သူ့သွားဖုံးလေးနဲ့ ဒါမှမဟုတ် သူ့သွားလေးတွေနဲ့ နာနာကျင်ကျင်ကိုက်နေတာကို အမေက ပြုံးပြုံးကြီးလုပ်ပြီး ပီတိဖြစ်နေတတ်သည်။ သူ့သားသမီး ငုတ်တုတ်စထိုင်တဲ့နေ့၊ လေးဘက်သွားတဲ့နေ့၊ မက်ရပ်စမ်းရပ်တဲ့နေ့၊ လမ်းလျှောက်တဲ့နေ့တွေမှာ အမေ့မျက်နှာပေါ်က အမေ့အပြုံးကို ဘယ်ပန်းချီမှ ရေးလို့ မမီနိုင်ပါ။ သူ့သားသမီး ဝလုံးလေး စရေးပြတတ်တာကို […]


manawphyulayAugust 10, 20101min2549
မိဘများ ၏ အမွေပြတ် စွန့်လွှတ်ခြင်း ကြေညာချက် နှင့်ပတ်သက် ၍ မျိုးစန္ဒီကျော်က ပြန်လည် ဖြေရှင်း ပြောကြား ၃-၈-၂၀၁ဝ ရက် ထုတ်ကြေး မုံသတင်းစာ၊ စာမျက်နှာ ၁ရ တွင်  ကြော်ငြာ ထားသည့် သမီး အဖြစ်မှ အမွေပြတ် စွန့်လွှတ် ကြောင်း အ များ သိစေရန် ကြေညာချက် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့ နယ်၊ သုမင်္ဂလာ အိမ်ရာ၊ သဇင် မင်းရိပ်သာ၊ အခန်း အမှတ်-၃၀၂၊ တိုက် B တွင် နေထိုင် သူများဖြစ် သော ဦးကျော်မင်းလွင် (၉/ပမန (နိုင်)၁၂၄၄၃၃) နှင့် ဒေါ်ခင်မျိုး နွယ် (၁၂/မဂတ(နိုင်)၀၁၁၇၅၂) တို့၏  လွှဲအပ် ညွှန်ကြားချက် အရ […]


manawphyulayAugust 10, 20101min1070
မီဒီယာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ဒစ်ဂျစ်တယ် ဗီဒီယိုနည်းပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့်“ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်းအပတ်စဉ်(၂)” အား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁) သင်တန်းခန်းတွင် ဩဂုတ်လ(၂၈) ရက်နေ့မှ စက်တင်ဘာလ (၂၆) ရက်နေ့အထိ စနေ/တနင်္ဂနွေတန်းခွဲအဖြစ် နံနက်(၁ဝးဝဝ)နာရီ မှ ညနေ(၄းဝဝ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။ သင်တန်းကြေးမှာ ၁၂၀ဝဝဝိ/-(တစ်သိန်းနှစ်သောင်းကျပ်တိတိ) ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင် များအား ၁ဝ% Discount ပေးမည် ဖြစ်သည်။ အဆိုပါသင်တန်းတွင်  ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊ ရုပ်သံအစီအစဉ်များနှင့် ရုပ်မြင်သံကြားကြော်ငြာများ၊ မှတ်တမ်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်မှုများ အကြောင်းကို စိတ်ဝင်စားစွာလေ့လာလိုသူများ၊ ကုမ္ပဏီများ၊ ဌာန ဆိုင်ရာများတွင် Video Presentation များဖြင့် […]


manawphyulayAugust 10, 20101min920
သူငယ်ချင်းများရဲ့ ကုသိုလ်အစုစုအတွက် အားလုံး သာဓုခေါ်လိုက်ကြရအောင်နော်။ ကျွန်မတို့သူငယ်ချင်းတွေ စကားပြောကြရင်းနဲ့ သူငယ်ချင်းတစ်ယောက်က ရွာသာကြီးစီးပွားရေးတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တာဆိုတော့ သူကအရင်စပြောခဲ့တယ်… စိတ်ကျန်းမာရေးဆေးရုံကိုသွားလှူချင်တယ်တဲ့.. ဒါနဲပဲ သူငယ်ချင်းတွေ ကိုယ်တတ်နိုင်သလောက်လေးစုပီးတော့သွားလှူကြမယ်ပေါ့.. ကျွန်မကတော့ အွန်လိုင်းကသူငယ်ချင်းတွေရော ကိုယ့်လိုပဲ ဒါနလေးလုပ်ဖြစ်အောင်ဆိုတဲ့စေတနာနဲ့ သူငယ်ချင်းတစ်ချို့ကိုအလှူခံခဲ့ပါတယ်… ဒါနဲ့ပဲကျမအပါအဝင်သူငယ်ချင်း (10)ယောက် 7-3-2010(sunday) မှာ စိတ်ကျန်းမာရေးဆေးရုံကိုချီတက်ခဲ့ပါတယ်..  ဆေးရုံရောက်တော့ ရုံးခန်းမှာ စစ်စတာဒေါ်လဲ့လဲ့ဝင်းက အလှူငွေကိုလက်ခံယူပါတယ်.. ဂုဏ်ပြု မှတ်တမ်းပြန်လည်ပေးပါတယ်.. အရမ်းကို ဝမ်းသာကြည်နူးမိပါတယ်.. ဆေးရုံလာတက်တဲ့လူနာပေါင်း (800) ကျော်ရှိတယ်လို့ပြောပါတယ်.. အမျိုးသားဦးရေ (500)ကျော် နဲ့ အမျိုးသမီးဦးရေ (200)ကျော် တက်ရေ​ာက်ကုသနေတယ်လို့ စစ်စတာဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်… လာရောက်တက်ကြတဲ့လူနာတွေထဲမှာ အမျိုးသားများက အရ​က်ကြောင့်လာတက်ကြတာလဲများတယ်ပြောပါတယ်… စစ်စတာဒေါ်လဲ့လဲ့ဝင်းက လူနာများနေတဲ့ အဆောင်များကိုလိုက်ပြပေးပါတယ်.. အမျိုးသားဆောင် ရောက်တော့ သူတို့ကို တံခါးပိတ်ထားတာတွေ့ရတော့ စိတ်ထဲကမှာ တော်တော်လေး […]


manawphyulayAugust 10, 20101min1080
နေလုံးက ဟန်မဆောင်တတ်တဲ့ ငါ့ရဲ့ ဆံကေသာပေါ်ဖြန့်ချလို့ ငါကတော့ ငါ့ဖဝါး ငါ့အရိပ် ငါ့နယ်နမိတ်နဲ့ ငါကိုယ်တိုင် လမ်းဖွဲ့လျှောက်ပေါ့။ နားလည်မှုနဲ့ ဝေးကွာခဲ့တဲ့ ငါ့ရဲ့အဖြစ်ကို ညီမလေးနှင်း နားလည်ပေးပါလို့ မတောင်းဆိုရဲပါဘူး။ ငါ့ကိုယ်ငါတောင် နားလည်မှုဆိုတဲ့ စကားလုံးကို ဝေခွဲမရစွာနဲ့ နားလည်နိုင်အောင် ကြိုးစားနေဆဲ ညီမလေးနှင်းပို့လိုက်တဲ့ မေးလ်ရောက်ခဲ့ ဘယ်နေရာရောက်ရောက် နားလည်မှုဆိုတဲ့စကားသံ ပဲ့တင်ထပ်အောင် ကြားစမြဲ ခုတော့ ညီမလေးနှင်း မေးတဲ့ မေးခွန်းတစ်ခု ”အမရဲ့ညီမလေးနှင်းအပေါ်ထားတဲ့ နားလည်မှုက ဘာလဲတဲ့” ငါ့ရဲ့နားလည်မှုကို ဘယ်လိုပြောရပါ့… အမှန်တော့ ငါဟာ နားလည်မှု မရှိတဲ့သူတစ်ယောက်ပါ…. ငါ ငါ့အတ္တကို အမြဲရှေ့တန်းတင်ခဲ့ ငါဟာ နားလည်မှုနဲ့ မထိုက်တန်တဲ့သူတစ်ယောက်… ငါဟာ ငါ့ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ အတ္တကြီးသူတစ်ယောက်ပါ ညီမလေးနှင်းရယ်… ပစ်ထားခဲ့ပါတယ်ဆိုတဲ့ ညီမလေးနှင်းရဲ့ စွပ်စွဲချက်တွေဟာ […]


manawphyulayAugust 9, 20101min980
အမှတ် (၂) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင်ထုတ်လုပ်ရေးလုပ်ငန်းမှ အသစ်ထုတ်လုပ်လိုက်သည့် ့်ပြည်တွင်းဖြစ် မော်တော်ယာဉ်အမျိုးအစားသစ်များကို သတ်မှတ်အရောင်းပြခန်းများတွင် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ထိုလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အသစ်ထုတ်လုပ်လိုက်သည့် မော်တော်ယာဉ်အမျိုးအစားများမှာ Sport Utility Vehicle (SUV), Station Wagon စသောဇိမ်ခံကားများ၊ Micro Bus, Mini Bus စသောဘတ်စ်ကားများ၊ Path Finder နှင့်Estate Wagon Jeep အစရှိသည့် ကားများဖြစ်ပြီး ထိုကားအားလုံးကို “မြန်မာ” အမှတ်တံဆိပ်ဖြင့် ပြည်တွင်းတွင်ထုတ်လုပ်ခြင်းဖြစ်သည်။ “Single Cab နဲ့ Double Cab ကားတွေကို ကျပ်သိန်း ၄၅ဝ ဝန်းကျင်နဲ့ SUV ကားတွေကို ကျပ် ၄၂၅ သိန်းဝန်းကျင်နဲ့ရောင်းဖို့ အ ကြမ်းမျဉ်းလျာထားပါတယ်။ Micro […]


manawphyulayAugust 9, 20101min1061
ဒေါက်တာ မြင့်ဦး (ဂျီပီ) တုပ်ကွေးရောဂါ ကုသရာမှာ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးရတာ အပြင် အရည်များများသောက်ပြီး အနားယူပေးဖို့ တိုက်တွန်းထားတာကို တွေ့ရှိရပါတယ်။ ရေသောက် ခြင်းဟာ အစွမ်းထက်တဲ့ ဆေးကုသခြင်းတစ်မျိုးဖြစ်တာကြောင့် ဒီတစ်ပတ်မှာ ရေသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးအာနိသင်တွေကို တင်ပြပေးပါ့မယ်။ ဘာလို့ရေသောက်ဖို့လိုအပ်ပါသလဲ လူ့ခန္ဓာကိုယ် အသွေးအသားတွေ တည်ဆောက်ထားရာမှာ ၆ဝ ရာခိုင်နှုန်းက ရေဓာတ်တွေ ဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်လည်ပတ်နေစေဖို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေဓာတ်တွေ သူ့နေရာနဲ့သူ အချိုးအစားမျှတစွာ ရှိနေဖို့ လိုအပ်ပါတယ်။ သွေးထဲမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်နေရပြီး ကြွက်သားတွေထဲမှာ ၇၅ ရာခိုင်နှုန်း၊ ခန္ဓာကိုယ်အဆီအပြင်တွေထဲမှာ ၁၄ ရာခိုင် နှုန်းနဲ့ အရိုးတွေထဲမှာ ၂၂ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ဦးနှောက်၊ အဆုတ်၊ အစာအိမ်၊ […]


manawphyulayAugust 9, 20102min1202
Programming နဲ့ပက်သက်ပြီး လေ့လောနေဆဲဖြစ်တဲ့ Beginner များ သိထားသင့်တဲ့ လှျို့ဝှက်ချက်အချို့ကို ပြောပြချင်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို မသိလို့ လမ်းပျောက်နေသူ၊ စိတ်ပျက်နေသူ ပရိုဂရမ်မာ အများအပြားကို တွေ့ဖူးတဲ့အတွက် အခုလိုပြောပြရခြင်း ဖြစ်ပါတယ်။ တစ်ချို့လည်း ပရိုဂရမ်ရေးစားတာထက် အင်တာနက်ဆိုင်မှာ လုပ်တာကမှ ပိုက်ဆံရသေးတယ်လို့ ပြောနေကြသလို တစ်ချို့လည်း ကွန်ပြူတာတက္ကသိုယ်တွေတက်၊ သင်တန်းတွေတက်ပြီး အချိန်တွေ ငွေတွေသာ ကုန်လာတယ် ဘာမှမဖြစ်လာလို့ဆိုပြီး နယ်ပြန် ဈေးရောင်းတော့မယ်ပြောနေတာတွေ တွေ့ဖူးနေပါတယ်။ ဒါတွေဟာ အခုပြောမယ့် လျှို့ဝှက်ချက်တွေကို မသိလို့ ဖြစ်နေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို မသိထားရင် ပရိုဂရမ်မာတစ်ယောက်အဖို့ ရပ်တည်ဖို့တောင် ခက်ခဲတက်ပေမယ့်၊ သိထားမယ်ဆိုရင်တော့ ပရိုဂရမ်မာဆိုတာဟာ အကောင်းဆုံး Career လမ်းကြောင်းတစ်ခု ဖြစ်လာမှာပါ။ လှျို့ဝှက်ချက်တွေလို့ ပြောပေမယ့် ဖြတ်လမ်းတွေ၊ Cheat တွေ […]


manawphyulayAugust 4, 20101min1703
ဆေးလိပ်ဖြတ်ရာတွင် အစားထိုး အသုံးပြုနေကြတဲ့ နီကိုတင်းဓာတ်ပါတဲ့ ပီကေ (Chewing gums ) နှင့် ငုံဆေးပြား (Lozenges) များစားသုံးခြင်းကြောင့် ခံတွင်းနှင့် လည်ချောင်း ကင်ဆာဖြစ်ပွားစေကြောင်း လန်ဒန်ကွင်း မေရီ တက္ကသိုလ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သုတေသနဌာန ပညာရှင်များက လေ့လာစမ်းသပ်တွေ့ ရှိခဲ့ရကြောင်း အင်တာနက်သတင်းများမှာ ဖော်ပြထားပါတယ်။ ဆေးလိပ်သောက်သူတွေဟာ စီးကရက်ထဲမှာပါတဲ့ ဆေးရွက်ကြီးများရဲ့ ဆိုးကျိုးအန္တရာယ်အဖြစ် ကင်ဆာ ရောဂါအမျိုးမျိုးနဲ့ နှလုံးရောဂါများ ဖြစ်ပွားစေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်သူများဟာ ဆေးလိပ်အစားထိုး ပီကေနဲ့ ငုံဆေးများကို ရေရှည်သုံးစွဲခြင်းဖြင့် ခံတွင်းနဲ့လည်ချောင်း ကင်ဆာများဖြစ်စေကြောင်းကို လူနာ (၂၅) ဦး အား သုတေသနပြုလေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်အစားပီကေငုံဆေးပြားများ သုံးခြင်းဖြင့် ခံတွင်းမှာထိခိုက်ပွန်းပဲ့အနာ(Oral Lesion) ဖြစ်ပေါ်စေပြီး၊ ခံတွင်း ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ပိုရှိနိုင်ကြောင်း သုတေသီတို့က […]


manawphyulayAugust 4, 20101min1422
ဲပဲခူးတိုင်း၊အင်းတကော်မြို့နယ် ၊ အလိုင်နီဆည်ရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မိုးရာသီဖြစ်သည့်အတွက် ကလေးငယ်များ အလွန်အမင်းဖျားပြီး ဆေးဝါးလိုအပ်မှု နှင့်ကလေးတွေအတွက် ကျမ်းမာရေးစောင့်ရှောက်မှု လိုအပ်သည့်အခြေအနေများဖြစ်ပေါ်နေပါသည်။ ကျောင်းတွင် ကလေး အယောက် ၂၅ဝ ကျော်ရှိတာ အယောက် ၈ဝ ကျော်လောက်မှာ ဖျားနာနေကြသည်။ ထိုကြောင့်လိုအပ်သည့် ဆေးဝါးနှင့် ကျမ်းမာရေးပစ္စည်းများလှူဒါန်းနိုင်ကြပါသည် ကိုထွန်း အမှတ် (၁၅၉)၊ ၄၈လမ်း (အထက်)၊ ဗိုလ်တထောင်၊ ရန်ကုန်မြို့။ Ph: 09-8640206 ပိုစ့်ကိုဖတ်ချင်တော့ http://www.mmdailynews.com/ မှာဖတ်လို ့ရတယ် မနောဖြူလေး (http://manawphyulay.mmsarpay.org)


manawphyulayAugust 3, 20101min1232
လောကမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။ လူတွေရဲ့ ပြောင်းလဲမှု မြန်ဆန်ပုံလေးပေါ့။ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ။ သူဟာ လူတွေအားလုံးကို မုန်းနေတယ်။ နောက်ဆုံး သူ့ကိုယ်သူလည်း မုန်းတယ်။ ဘာလို့လဲဆိုတော့ သူဟာ မျက်မမြင်လေးတစ်ယောက်မို့လို့ပေါ့။ ဒါပေမဲ့ သူမ မုန်းတဲ့ထဲမှာ မပါဝင်တာကတော့ သူမရဲ့ချစ်သူ ကောင်လေးတစ်ယောက်ပဲရှိတယ်။ သူ့ချစ်သူဟာ သူ့နားမှာ အမြဲတမ်းနေပေးတယ်လေ။ တစ်နေ့တော့ သူ့ချစ်သူကို ပြောတယ်။ သူသာ ကမ္ဘာလောကကြီးတစ်ခုလုံးကို မြင်ရရင် ရှင့်ကို လက်ထပ်ပါမယ်လို့ ပြောတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က သူ့မအတွက် မျက်စိတစ်စုံ လှူဒါန်းခဲ့တယ်။ သူမဟာ ကမ္ဘာလောကကြီးရယ်၊ သူ့ချစ်သူရယ် အရာအားလုံးကို မြင်ခွင့်ရခဲ့ပြီလေ။ သူ့ချစ်သူကောင်လေးက ပြောတယ်။ အခု မင်း မြင်ချင်တဲ့ ကမ္ဘာလောကကကြီးတစ်ခုလုံးကို မြင်ရပြီနော်။ မင်း ငါ့ကို လက်ထပ်မှာလားလို့ […]


manawphyulayAugust 3, 20101min1461
(ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ပက်သက်တဲ့ ဆောင်းပါးလေးပါ။) ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို ့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေစဉ်မှာ ရေနွေး သောက်သုံးတဲ ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကို ကျွန်တော်တို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့ သက်ရောက်မှု ရှိပါတယ်။ […]


manawphyulayAugust 2, 20101min2017
အအောင်မြင်ဆုံး ပြည်ပဝက်ဘ်ဒီဇိုင်နာများ၏ ဒီဇိုင်း ၁၀၀ဝ ကျော်၊ ကိုယ်တိုင်အွန်လိုင်းမှ ပြင်ဆင်နိုင်ခြင်း၊ စာမျက်နှာကန့်သတ်ချက် မရှိခြင်း၊ ကမ္ဘာ့အကောင်းဆုံး email ၊ မြန်မာ့နံပါတ်တစ် hosting* ကျွမ်းကျင်ပညာရှင်များ၏ အထိရောက်ဆုံး ဝန်ဆောင်မှုတွေလည်း ရရှိမှာ ဖြစ်ပါတယ်။ ကဲ ဘာတွေ လုပ်လို့ရသလဲ ကြည့်ရအောင်နော်။ သင်ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်ပါ တရားဝယ်ဝယ်ယူထားသော ပြည်ပမှ အအောင်မြင်ဆုံး ဝက်ဘ်ဒီဇိုင်းပေါင်း ၁၀၀ဝ ကျော်တွင် သင် ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်နိုင်ပါသည်။ ဒီဇိုင်းတစ်ခုခြင်းစီသည် agency class ရှိပြီး ပြည်တွင်းဒီဇိုင်းအများစုထက် ပိုမိုသေသပ်လှပရုံသာမက ကုန်ကျစရိတ်လည်း သက်သာပါသည်။ ပါဝင်မည့် စာမျက်နှာများကို သင်ကိုယ်တိုင်ရေးသားပါ သင့်ဝက်ဘ်ဆိုက်တွင် ပါဝင်လိုသော အချက်အလက်များကို ရေးသားရမည် ဖြစ်ပါသည်။ iHost တွင် အခြားဝန်ဆောင်မှုများနှင့် […]