Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


marblecommetSeptember 12, 20121min3077
အသံတွေ တိတ်ဆိတ်လွန်းတဲ့အခါ ငါ့…အထီးကျန် ခံနိုင်ဝန်အားကို ထိန်းမရတော့…။ ညဟာ…တုန်ရင်နေတဲ့ သစ်ကိုင်းလို ဒုက္ခတွေ တန်းလန်းမိုးနေတယ် တရိပ်ရိပ်တက်လာတဲ့ စိတ္တဇအမြစ်နာနဲ့ ဝိဉာဉ်အဆုံးထိ ပြိုဆင်းလာနေတဲ့ သင်းကွဲမီးမြစ်တွေ ဖုံးနေပြီ…။ ညဟာ…အလင်းတွေ ပြာနှမ်းသွားအောင်မြင့်လွန်းတယ် ညဟာ…သွေးတွေ ခြောက်ခမ်းသွားအောင်နက်လွန်းတယ်…။ ဒီညမှာ…ငါဟာ အသက်ဓာတ်ရဲ့ ပြင်ပလက္ခဏာမှာ စိမ်းလန်းပြီး နှလုံးသား အံဝှက်လေး ကျိုးကြေကွဲအက်လို့ အချစ်က အမှောင်မှာ လောင်နေတာပဲ…။ ဒီညပါပဲ… သူမ နေရာချထားတဲ့အစီအစဉ်အတိုင်း မီးပြတိုက်တစ်ခုလို သတိရခြင်းကျောက်ဆောင်ကိုမိုးပြီး အရိပ်ထိုးထားတဲ့ ကြေကွဲဇာတ်မှာ ငါဟာ… သက်ငြိမ်နွေးထွေးမှုရဲ့ပြန်လင်းတန်းကို စောင့်လို့…။ 12.9.2012 (နံနက် 3း07)


marblecommetSeptember 1, 20121min41016
ဘဝတဏှာ စိတ်နှလုံး နွမ်းတစ်ခါပြုံးတစ်လှည့်ရယ်နဲ့ ရခဲလှ သက်ခန္ဓာတွဲလျက်ကယ် မြဲဖို့ပေပ ပူကြငှါန်း လူ့ကျဘန်း မဖြစ်စေဖို့ ကိုယ်အစွမ်း ကိုယ်ကျမ်းနဲ့ ထောက်ချင့် သက်ဆက်လှယ် တက်ရွက်စုံ ကျိုးစေငဲ့ အားမငယ်…။ မတစ်ထောင်သားတို့ ပြေ(တည်)တစ်ခွင်တွင်ဖြင့် ဆန်းတဘောင် များမြောင်လှ ဖြစ်ရပ်ထွေထွေကိုလ ကြုံဆုံရ ကံဘဝ နိစ္စထိုထိုတို့ ထွေခင်း ဖြေရှင်းလို့ မကုန်နိုင်လေခြင်း ဝီစိကိစ္ဆာ သိပ္ပဝိဇ္ဇ အဖုံဖုံရယ်ကြောင့် တစ်ကိုယ်သာ ပူဗျာ သည်မောင်ကမ်းမှာဖြင့် အကြင်သူ ရင်အကူ နံရိုးလေးကိုတဲ့ လွမ်းမိပါတယ်…။ ဟိုက်တက် ဂလိုဘယ် စပိခေတ် မလေ ဆိုက်အဖက် အသရေကံ(တွေ)ကလည်း များတာကြောင့် စိတ်အလို ရုပ်ကချည်းမလိုက်နိုင်ပေမဲ့ ဖြစ်လိုရာ ဖြစ်စေတော့လို့လည်း မယုတ်လွန် နှိုင်းချိန်ကာ စေ့ငုတဖြန်….။ သိုင်းခြုံကာ ပေါင်းဆုံမိကြတဲ့ အွန်လိုင်းပေါ်က ကွန်ယက်ဖြာတစ်ဝန်းမှာ […]


marblecommetAugust 28, 20121min51822
ထုံးစံအတိုင်း ခေါက်ရိုးကျိုးနေတဲ့ အိပ်မက်အသေတစ်ခုထဲက နိုးလာတယ်။ မနက် (၆)နာရီ။ ထုံးစံအတိုင်း တန်းလန်းကျန်နေသေးတဲ့ အိပ်မက်အသေကိုပဲ ဆယ့်ငါးမိနစ်လောက် ဆွဲဆန့်ထားကြည့်ပြန်တယ်။ ပြီးတော့ ထုံးစံအတိုင်းပါပဲ အဲဒီ အိပ်မက်ကို စိတ်ပျက်လက်ပျက်နဲ့ ခြင်ထောင်ကြိုးတန်းပေါ်ကို လုံးထွေး ပစ်တင်လိုက်တယ်။ လမ်းလှမ်းမီရာ အိပ်ရာဘေးက ရေဘူးကို လှမ်းဆွဲလိုက်တော့ ဆေးလိပ်ပြာခွက်ကို တိုက်မိပြီး မွကြေနေတဲ့ ဆေးလိပ်အတိုအစတွေနဲ့ ပြန်မှုန်တွေ အိပ်ရာဘေးမှာ ပြန့်ကြဲသွားတယ်။ ပြီးတော့မှ ရေဘူးကို ဖမ်းဆုပ်မိပြီး စိတ်အချဉ်ပေါက်ချင်နေတဲ့အတွေးတွေနဲ့ အားရပါးရရောသောက် ပစ်လိုက်တယ်။ ငါ တစ်နေ့ နိုုးထရပြန်ပြီ…..။ …………xxx……….. ထုံးစံအတိုင်း အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်တော့ ဝရန်ဒါလက်ရမ်းမှာ ခိုနားနေကြတဲ့ စာကလေးတွေကလည်း အမှတ်မရှိ ကြောက်လန့်တကြားနဲ့ ပျံပြေးသွားကြတယ်။ ပြီးတော့ ညက်ကနဲ တိုးဝင်လာတဲ့လေညှင်းတစ်အုပ်ကို အမှတ်မရှိ ကြက်သီးထစွာနဲ့ အငမ်းမရရှူရှိုက်မိပြန်ပါ […]


marblecommetAugust 19, 20121min48615
ငွေစက္ကူ တစ်သောင်းတန်ကို မြင်ဖူးရုံနဲ့ ငါဟာ…. တစ်ခါက မျက်နှာစုံညီ ထမင်းဝိုင်းကို သတိရ ရတယ်လို့….။ ခက်တာက … ငါ့ရဲ့ ရိုးအမှုဟာ အသံထက် မြန်နေတာပါပဲ….။ သူတစ်ပါးကို အားနာလို့ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်မိတဲ့ အပြစ်တစ်ခုပဲ ရှိတယ်…..။ ပြီးတော့ ပိုမို ကျစ်လျစ်လာတဲ့ ကမ္ဘာကြီးကိုလည်း ချစ်လျက်နဲ့ မုန်းယောင်ဆောင်ရင်း ပရိုယဉ်ကျေးမှုကို ကြောက်လန့်နေတာလည်း ဝန်ခံရပါစေ…။ ငါဟာ သရောကြီးကျတဲ့ ခေတ်မှာမှ ရောမန္တိကကို အရှက်မရှိ ဂငယ်ကွေ့ ပြန်ကွေ့လို့ သူမကလည်း ခေတ်နဲ့ လျှော်ညီစွာ ကိုယ့်ကို ချစ်ပုံက လမ်းခွဲရမလား မသိဘူး ကိုကိုရယ်တဲ့….။ …… ငါဟာ ကိုယ်လေးလက်ဝန် ကို တောကျလို့….။ ။ 18 . 8 . […]


marblecommetAugust 10, 20121min3278
+ လောကဓံ ဦးတုန်းက မော်ကြွားခဲ့ဖူးတဲ့ နှလုံးရင်လှိုင်းတွေကို ငါ့ ပစ္စုပ္ပန်မှာ သယ်ဆောင်လို့ နစ်မွန်းမြုပ်ပိနေတဲ့ ပိတုန်းရောင် ညတွေအကြောင်း သက်တန့်ရောင် ပစ်တာအိုထဲ ပစ်ထည့် ဖောက်ခွဲ လခြမ်းတွေ ခဏခဏ ကြွေခဲ့ဖူးတယ် . . .။ ++ ရွက်စိမ်းမှာသာ တွဲလွဲ ခိုတတ်တဲ့ ကောင်းကင်မတင် မြေမကျ နှင်းတစ်စက် ရင်သွေ့ ငှက်တစ်ကောင်အတွက် အသက်ဖြစ်ချင် ဖြစ်လိမ့်မပေါ့ . . .။ +++ တေလေ တစ်ယောက်ရဲ့ လေဖိအားနည်း ရပ်ဝန်းမှာ လပြည့်ဝန်းလို မို့မောက်တဲ့ ရင်ခုန်သံတွေ ရုန်းကြွနေပါတယ် . . .။ ++++ တစ်နင့်တစ်ပိုး ရှက်သွေးဖြာနေတဲ့ ပါးပြင်လေး . . . စိုက်လိုက်မတ်တပ် […]


marblecommetAugust 5, 20121min31414
အခန်းထဲမှာ ပြေးလွှားနေကြတဲ့ ဝိဉာဏ်တွေဟာ ငါ့ကို လှောင်ရယ်နေကြတယ် ပြီးတော့ သူတို့ဟာ ငါ့စိတ်မှာ လောင်နေတဲ့ရနံ့ကို ခိုးယူ စားသုံးကြတယ် ဒါပေမဲ့ အခန်းထဲမှာ ငါမွေးထားတဲ့ ကြယ်တွေတောင် အတော်များလာပါပြီကော သူမ မောင်းထုတ်လိုက်တဲ့ သီချင်းကလေးတွေ ငိုလာကြပြီဆို ငါ့ ကြယ်ကလေးတွေကလည်း ဝမ်းနည်းကြတယ် ကြယ်ခမောက်နဲ့ ပန်းလိပ်ပြာမလေးက င့ါကို အမြစ်ကနေ တူးသွားတော့ ငါ့ ပင်စည်လည်း ဘိုင်းဘိုင်းလဲတယ် သူမရဲ့ ဆီလီကွန် နှလုံးသားကြောင့်(ပဲ) ငါ့ ရင်ခုန်သံလေး ကင်ဆာဖြစ်ခဲ့ရ မိုးဦးလေဦးလေးရယ် စံပါယ်တွေ မွှေးတိုင်း ရောက်ရာ အရပ်က အမြန်ပြန်လာဖို့ကိုပဲ ညှို့မိတယ် မင်းဟာ ငါ့ရဲ့ နေ့နဲ့ ညကို စနစ်တကျ လောင်ကျွမ်းနေတဲ့ အအေးမြဆုံး မီးတောက်လေး တစ်ပွင့်မို့ လူငယ်တစ်ယောက်ရဲ့ နံရံကို […]


marblecommetAugust 1, 20121min55713
ပဉ္စဂုဏံ အဟံ ဝန္ဒာမိ။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တည်းဟူသော အနန္တောအနန္ဒ ငါးပါး ဟူသည်လတ်ကား ကျွန်ုပ်၏ ကိုးကွယ် ဆည်းကပ်ရာပါပေ။ အကျွန်ုပ်၏ နှလုံးသည်းပွတ်သည်ကား ဤအရာ ငါးပါး၌ သိပ်သည်းပျော်ဝင်ပါပေါ ဘိ၏။ သို့မို့ကလိုကြောင့် အနှီလို ဘုရား၊ တရား၊ သံဃာ၊ မိဘ တည်းဟူသော ကျေးဇူးတော်ရှင်များကို ဦးထိပ်မှာ ထားပြီး သကာလ ဆရာတည်းဟူသော ကျေးဇူး ရှင်သည်လည်း ကျွန်ုပ်ဘဝ၌ များမြောင်လှစွာသော ကျေးဇူးအနန္ဒကို ပြုခဲ့ကြသူများ ဖြစ်ပါချေဘိ၏။ xxxxxxx အခု ကျွန်ုပ်ရည်ညွှန်းလိုဘိသည့် ဆရာတစ်ပါး ရှိချေ၏။ အကျွန်ုပ်တည်းဟူသော အပုပ်ကောင် ရုပ်ဆောင်သည့် အကုသိုလ် အတုံးအခဲလေး၏ ပကတိ ပစ္စုပ္ပုန် လက်ရှိအခု အစာအာဟာရ မှီခိုရာ […]


marblecommetJuly 28, 20121min77232
တစ်နေ့သောအခါ . . . ကောင်းကင်အမိုးပြာကြီးရဲ့ ကြယ်တာရာတွေ ကြားမှာ ရင်ခုန်သံ တုန်လှုပ်နေတဲ့ ရမ္မက် မီးသင်္ဘောလေး တစ်စင်း ခုတ်မောင်းနေပါတယ် . . .။ တစ်နေ့သောအခါ . . . တံတားအောက်က စီးဆင်းသွားတဲ့ မြစ်ရေတွေမှာ ပျိုမြစ်ခြင်းကို မောက်မာထားကြတယ် . . .။ တစ်နေ့သောအခါ . . . ကံတရားရဲ့ စစ်သည်တော်တွေဟာ အချစ်နဲ့ မူးမိုက်သမ်းဝေနေတဲ့ ကောင်လေး တစ်ယောက်ကို လောက ကမ်းပါးပေါ်က ပြစ်ဒဏ်ချမှတ်လိုက်တယ် . . . ။ တစ်နေ့သောအခါ . . . ခြောက်ကပ်နေတဲ့ မျက်နှာစုံညီ မိသားစု ထမင်းဝိုင်းပေါ်က မြော့မြော့လေး လွတ်ကျသွားတဲ့ […]


marblecommetJuly 18, 20121min63724
အခန်း။ ။ (ဝင်္ကပါ) ဦးနှောက်ကို ခဏအနားပေးပြီး ပကတိစိတ်နဲ့ တွေးကြည့်တယ်။ ဝင်္ကပါ ဆိုတာ ဘာလဲ ကိုကိုရဲ့..။ ဝင်္ကပါဆိုတာ သိပ်ကိုချွန်မြနေတဲ့ အဝန်းအဝိုင်းဖြစ်စဉ်ကြီးတစ်ခုပါကွာ။ အနားသပ်မျဉ်းလည်း သိပ်ကို ပိရိသပ်ရပ်တယ်။ ကိုဩဒနိတ်လည်း သိပ်ကို တိကျတယ်။ အလျှင်နှုန်း၊ အရွေ့လည်း သိပ်ကို စမတ်ကျတယ်။ အဲဒါ ဝင်္ကပါလို့ ခေါ်တာပေါ့ ပန်းဝါ။ ဒါက အဓိပါယ်ကောက်နုတ်ချက် တစ်ခုလား ကိုကို…။ ……. ကိုယ်တို့ဘဝမှာ ဗျူဟာတွေ ရှိကြတယ်။ ဘဝကို တည်ဆောက်ပြုပြင်ခြင်းဗျူဟာ။ စာသင်ကျောင်းက သင်ပေးလိုက်တဲ့ဗျူဟာ။ မိမိကိုယ်ကို သိတတ်တဲ့အချိန်မှာ တည်ဆောက်ထားတဲ့ဗျူဟာ။ စသည်ဖြင့်ပေါ့။ ဒါက သမားရိုးကျ ဗျူဟာတစ်ခု ဆိုပါစို့။ ဒါက ကောက်ကျစ်မှုမပါ။ စနစ်တကျ ကြံစည်ပြုမူခြင်းမပါတဲ့ ဗျူဟာပေ့ါ။ …. တချို့ […]


marblecommetJuly 18, 20121min73024
အခန်း။ ။ (အိပ်မက်) အိပ်မက်တစ်ခုထဲ ရောက်နေသည်။ ရှေ့တူရူမှာ ပွဲတော်၏ အသံများ ဆူညံပျံ့လွင့်နေ၏။ ကိုယ်တို့နှစ်ယောက်လည်း ထိုနေရာသို့ တရွေ့ရွေ့ တလွင့်လွင့်။ စိမ်းမြမြ မြက်ခင်းဆီက နိမိတ်ပုံတစ်ခု သယ်ဆောင်လာတဲ့ လေညှင်းတစ်ချက်က သုတ်ခနဲ တိုက်ခတ်သွားတဲ့အခါ အရိုးထဲထိ အေးစက်တုန်ခါသွားသည်။ နွေးလျလျ လက်ကလေး တစ်ဖက် ကိုယ့်လက်ကိုလာထိကိုင်သည်။ ကိုယ် လှည့်ကြည့်လိုက်သောအခါ သူမနှင့် အကြည့်ချင်းဆုံကြသည်။ ကိုယ်တို့ တစ်ယောက်စိတ်ကို တစ်ယောက်သိနေကြတယ်။ ဟုတ်တယ်။ ဟုတ်တယ်။ သူမ မျက်ဝန်းမှာ ပွင့်နေတဲ့ စံပါယ်တွေကို ကိုယ်ကလွဲလို့ ဒီကမ္ဘာပေါ်မှာ ဘယ်သူတစ်ဦး တစ်ယောက်ကမှလည်း တွေ့ရှိရမှာ မဟုတ်ပါဘူး။ စကားပြောဖို့ အလျှင်းမလိုတဲ့ ကိုယ်တို့ ဘာသာစကားနဲ့ ကိုယ်တို့ဟာ ရှေ့သို့ တရွေ့ရွေ့ . . .။ […]


marblecommetJune 27, 20121min44113
မိသားစု ထမင်းဝိုင်း အကြောင်း တွေးပြီဆိုရင် စိတ်ပရိဒေဝက ခရီးအဆုံးမိုးရွာ…။ ရင်ထဲက စုန်းမီးတောက်လေးလင်းလာတော့ သူမအတွက် တစ်ခါပဲ ပြောလိုက်ရတဲ့စကားတစ်ခွန်းကို အဆွေးက နောက်ပြန်လန်…။ ကိုယ့်လူတွေနဲ့ လောကဓမ္မဆွေးနွေးခန်းမှာ ငွေကြေးကို ချစ်ရ မုန်းရမယ့် အဓိပါယ်…။ ပြန်မရနိုင်တော့တဲ့ ပန်းပွင့်ဝတ်ဆံပွင့်ဖတ်လေးကို မျှော်လေတိုင်း အရိုးဆွေးတဲ့ မျက်ရည်ညတွေရှည်…။ ကိုယ်လုံးကိုယ်ပေါက်လှတဲ့ အနုပညာကိုပဲ ညစဉ်ညတိုင်း အမှောင်မှာသင်ယူ…။ ဘဝအရေး လိုအပ်တဲ့ အသွေးအသားကို လောကပါလ တရားလေးနဲ့ ဆင်ခြင်…။ ကျောင်းတုန်းက သူငယ်ချင်းအချို့ အခုတော့ အရသာ ပြောင်းသွားတဲ့ဝိုင်…။ ကိုယ်မသိရသေးတဲ့ ဒုက္ခသီချင်းကို ဒီ့ထက်မက ချိုမြိန်အောင်နမ်းဖို့ သစ္စတရားအတိုင်း တေလေမယ့် မနက်ဖြန်…။ ကမ်းဝေး (ဇွန်၊ 27၊ 2012၊ နံနက် 1နာရီ ငါးဆယ့်တစ်)


marblecommetJune 22, 20121min44113
ကောင်းကင်ကို အလင်းဖွဲ့ ပင်လယ်ပြင်ကို Principal axis လုပ် မင်းရဲ့ . . . ချစ်ခြင်းမေတ္တာ ရိုက်လင်းတန်း သက်ငြိမ် နွေးထွေးမှုနဲ့ အလင်းပြန်တဲ့အခါ ငါ့ . . .နှလုံးသားမှာ ဆုံချက် (Focus) ဖြစ်ပါစ . . .။ ဒါပေမဲ့ . . . လွဲမှားခြင်းတွေနဲ့ ဖွဲ့သီ ငါ့ဘဝ ပုစ္ဆာကိုယ်က သီဝရီ . . .အချိုးမညီဘူး ဘဝဆိုတာ… အစက်ပြ မျဉ်းတစ်ကြောင်းလို လမ်းစ ပျောက်သွားမှာကို ထိတ်လန့်နေရ ဝတ္ထုဖြစ်စဉ်က (Virtual image) တစ်ခုသာ ရင်မှာ ဒဏ်ရာဖြစ်ခဲ့ပေါ့ . . .။ ။ ……….. ……… […]