ရေသောက်မြစ်တစ်ခုလိ်ု ငြိမ်သက်နေသော မင်းအကြောင်းများ၏အတွေးတွင် ငါ အေးခဲ့ရပ်တန့်နေသည်။ အကြောင်းအမျိုုးမျိုးကြောင့်မဟုတ်ဘဲ ရင်ဆိုင်နေရသော ပြသနာအမျိုးမျိုးမှာ ငါ့ရင်ပူသည်။ ထို့ကြောင့်ပိုရု် လက်တံရှည်လာသော အရက်ပုလင်းထဲတွင် ပျော်ရွှင်ခြင်းများ ဝမ်းနည်းနေပါ၏။ ငါသည် အချစ်အား ဖဲပွတ်သလိုပွတ်၏။ ပြီးသောအခါ အချစ်သည် ရှက်ရွှံ့ဖွယ်သိပြီးသား ဖဲတစ်ချပ်ဖြစ်လို့နေသည်။ အစိမ်းရောင်ဖြင့်လောင်သော အခန်းတစ်ခုတွင် ငါနေသည်။ ထိုအခန်းထဲတွင် အရပ်ပုပြီး မျက်ဝန်းလှသော ကောင်မလေးတစ်ယောက်အား နာမ်လောက တွင်ဖွက်ထား၏။ ရာသီဥတုသာယာသော နေ့တစ်နေ့တွင် သူမအား ခိုးပြီးသွားချောင်းကြည့်ခဲ့သည်။ လသာသော ညတစ်ညတွင်လည်း သူမအား အိပ်မက်ထဲတွင် ဖမ်းချုပ်လိုက်သည်။ ငါသွားလေရာ ခေါ်နေမိသော သူမသည် အလိုအလျှောက် သူမဘာသာဖြူဖြူလွင်လွင်ရယ်နေသည်။ ငါနှင့်မည်သို့မျှမဆိုင်။ ပုတ်သင်ညိုတစ်ကောင်လို ပြောတိုင်းယုံတတ်သော အမှုကိစ္စကို ဆန့်ကျင်ရန်အတွက် အတ္တကို ကိုယ်ရောက်ဖျောက်ထားသော ကဗျာဆရာယောင်ဆောင်ထားသူ တစ်ယောက်နှင့်ဆက်ဆံခြင်းမှ ရပ်တန့်လိုက်သည်။ အကြောင်းအရာ […]