mashwetoteJune 6, 20131min49149
ကိုယ်တိုင် ဟင်းမချက်ခင်တုန်းက ဟင်းချက်ရတာ ဘယ်လောက်ခက်လဲဆိုတာ မသိခဲ့ဘူး။ ဟင်းချက်နည်းကို သိရင်၊ ချက်တတ်ရင် ရပြီလို့ပဲ ထင်ခဲ့တယ်။ ကိုယ်တိုင်ချက်ကြည့်တော့မှ ဟင်းချက်ရတာ ဒီလောက်မလွယ်ပါလားလို့ သိလိုက်ရတယ်။ အိမ်မှာ နေ့တိုင်းဟင်းချက်ကျွေးတဲ့ အမေ့ကျေးဇူးကို ပိုသိတယ်။ အမေ ဘယ်လောက်ပင်ပန်းမလဲဆိုတာ ပိုနားလည်လာတယ်။ ဟင်းချက်တဲ့အခါ ဟင်းချက်တာ၊ ဟင်းမချက်ခင် ပါဝင်ပစ္စည်းတွေကိုပြင်တာ၊ ဟင်းချက်ပြီးတော့ သုံးပြီးတဲ့ ပန်းကန်၊အိုး၊ခွက်တွေကို ဆေးတာနဲ့တင်မပြီးပါဘူး။ ဒီနေ့ဘာဟင်းချက်ရမလဲဆိုတဲ့ မေးခွန်းက တော်တော်ဖြေရခက်ပါတယ်။ အိမ်မှာရှိတဲ့သူတွေ ဒီနေ့ဘာစားချင်လဲ၊ မနေ့ကကြက်သား၊ တစ်နေ့ကငါး ချက်ပြီးပြီဆိုတော့ ဒီနေ့ဝက်သားချက်ရမလား၊ ဝက်သားကို ဘယ်လိုချက်ရမလဲ။ ဒီလောက်တောင် ခေါင်းရှုပ်မှန်းမသိခဲ့ပါဘူး။ အဲဒါကတော်ပါသေးတယ်။ တစ်နည်းမဟုတ်တစ်နည်းတော့ ကြံစည်ရင်း အဖြေတစ်ခုတော့ ထွက်လာပါသေးတယ်။ အဆိုးဆုံးက ကိုယ်ချက်တဲ့ဟင်းကို စားမကောင်းဘူးလို့ပြောတာပါပဲ။ အဲ စားလို့မကောင်းဘူးလို့ပြောရုံတင်မကဘူး၊ ရွံဖို့ကောင်းတယ်လို့ ပြောလာတော့ စိတ်ထဲမှာနဲနဲတစ်မျိုးဖြစ်သွားတယ်။ […]


mashwetoteApril 6, 20131min35830
ငယ်ငယ်တုန်းက တီဗွီမှာလာတဲ့ Yan Can Cook ဆိုတဲ့ ဟင်းချက်အစီအစဉ်လေးကို မှတ်မိကြမလား မသိဘူး။ အခုကတော့ Yan Can Cook ရဲ့ နယူးဂျန်နရေးရှင်း၊ ရွှေတုတ်ရဲ့ ရမ်းသမ်းကွတ်ပေါ့နော်။ ပြီးခဲ့တဲ့အပတ်က ကျောင်းပိတ်တော့ ပျင်းပျင်းရှိတာနဲ့ ကြက်သားကို ကြော်စားမလားလို့မေးတော့ အိမ်က ကျေးဇူးရှင်လေးက ဆီများများစားရင် ကျန်းမာရေးထိခိုက်လို့ ကြက်သားကို ဆီမပါပဲ ကြော်ကြည့်ပါလားတဲ့။ တစ်ခါမှတော့ မကြားဖူးပေမယ့် ကောင်းကောင်း မကောင်းကောင်း သူစားပါ့မယ်လို့ ကတိပေးခိုင်းပြီး ရမ်းသမ်းကွတ်ပါတော့တယ်။ အရင်ဆုံး ကြက်သားကို အတုံးသေးသေးတုံးပြီး ဆားနဲ့ ငရုပ်ကောင်းနဲ့ နယ်ပြီး ခဏနှပ်ထားတယ်။ (ဓားကိုင်တာ သိပ်ကျွမ်းကျင်တဲ့သူဆိုတော့ ကြက်သားကို အရိုးထုတ်ပြီးသားပဲ ဝယ်ပါတယ်။) ပြီးတော့ ဆီမပါပဲကြော်ပါ ဆိုတော့ ဒီအတိုင်းတင်ပြီးအိုးကပ်လိုက်တယ်။ မြည်းကြည့်တော့ အရသာရှိပေမယ့် ကြက်သားက […]


mashwetoteDecember 27, 20121min25820
စင်္ကာပူမှာ ကောလိပ်တက်တုန်းက မရွှေတုတ်နဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းရှစ်ယောက်ရှိပါတယ်။ ရွှေတုတ်အပါအဝင်ဆို ကိုးယောက်ပေါ့။ တစ်ယောက်မှရွှေတုတ်ရဲ့ အတန်းဖော်တော့ မဟုတ်ပါဘူး။ Co-curricular Activity (မြန်မာလို ဘယ်လို ဘာသာပြန်ရမလဲတော့ မသိ။ ကျောင်းမှာ ကျောင်းစာအပြင် တခြား လှုပ်ရှားမှုတစ်ခုကို မဖြစ်မနေယူရတာပါ။) က သူငယ်ချင်းတွေပါ။ ရွှေတုတ်ယူထားတဲ့ အဲဒီ activity ကတော့ Interact Club လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့ပါ။ ကျောင်းသားတွေက ဦးဆောင်ပြီး ပရဟိတလုပ်ငန်းတွေကို စီစဉ်ရတဲ့ အဖွဲ့အစည်းပေါ့။ အဲဒီ အဖွဲ့အကြောင်း အသေးစိတ်ကိုတော့ နောက်အချိန်ရရင်ရသလို ရေးပါဦးမည်။ ရွှေတုတ် စလုံးကို မပြန်ဖြစ်တော့ဘူးဆိုတာသိတော့ အဲဒီသူငယ်ချင်းတွေထဲက ခုနစ်ယောက် မနက်(၆)နာရီမှာ လေယာဉ်ကွင်းကို လိုက်ပို့ကြပါတယ်။ တစ်ယောက်ကတော့ အိမ်ကပေးမသွားလို့ လိုက်မပို့ဖြစ်ပါဘူး။ :'( လိုက်ပို့တော့ ခုနစ်ယောက်သား […]


mashwetoteJanuary 13, 20121min39430
မနှစ်က စာမေးပွဲအပြီး လုပ်စရာမရှိ၊ အားနေတာနဲ့ အစ်မတစ်ယောက် ပြောတဲ့ Three Idiots (ငပေါသုံးကောင်) ဆိုတဲ့ ဟိန္ဒူရုပ်ရှင်တစ်ခုကို ကြည့်မိတယ်။ ဟိန္ဒူရုပ်ရှင်တွေဆိုရင် ဘာကြည့်ရမှန်းမသိတာရယ်၊ သိပ်အကြိုက်မတွေ့တာရယ်ကြောင့် သိပ်မကြည့်ဖြစ်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ သူက အရမ်းရယ်ရတယ် ကြည့်ကြည့်ဆိုလို့ ဘာမှလုပ်စရာမရှိတာနဲ့ပဲ ကြည့်ဖြစ်သွားတယ်။ ကြည့်လိုက်တော့မှ ရယ်ရရုံတင်မက၊ အဓိပ္ပါယ်ပါရှိတယ်ဆိုတာ သိလိုက်ရတယ်။ ရုပ်ရှင်က (မြန်မာပြည်နဲ့ အတော်ဆင်တူတဲ့) အိန္ဒိယပြည်ရဲ့ ပညာရေးစနစ်ကြောင်းကို ရိုက်ထားတာပါ။ အိန္ဒိယပြည်က စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝကို အခြေခံပြီးရိုက်ထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဇာတ်ဆောင်က စက်တွေကိုမြတ်နိုးလွန်းလို့၊ စက်တွေနဲ့ တီထွင်ရတာကို သဘောကျလွန်းလို့ စက်မှုတက္ကသိုလ်ကို သွားတက်တဲ့သူ၊ “လူကြမ်း” ကတော့ စာကိုမျက်စိမှိတ်ပြီး အလွတ်ကျက်တဲ့စနစ်ကို သဘောကျတဲ့ စက်မှုတက္ကသိုလ်က ပါမောက္ခ။ ဇာတ်ဆောင်မင်းသားနဲ့ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်ကတစ်ဖက်၊ “လူကြမ်း” […]


mashwetoteDecember 29, 20111min2114
ရန်ကုန်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးဖြစ်တယ်ဆိုလို့ Facebook မှာကြည့်လိုက်တော့ သတင်းတွေတက်နေပါပြီ။ မင်္ဂလာတောင်ညွန့်ဘက်က ဂိုဒေါင်ပေါက်ကွဲတာလို့ကြားရပါတယ်။ ဒီနေ့မနက် ၂နာရီလောက်ကပေါက်တာပါ။ လူ ၁၅ယောက်လောက် သေဆုံးပြီး ဒဏ်ရာရသူ ၁၂ယောက်ခန့်ရှိတယ်လို့ ကြားရပါတယ်။ သတင်းအတိအကျကိုဖတ်ချင်ရင်တော့ ဒီမှာ နဲ့ ဒီမှာ ဖတ်လို့ရပါတယ်။ ဒီသတင်းကတော့ အဆစ်ပါ။ ပေါက်ကွဲမှု သတင်းအတွက် Facebook တက်တုန်း တွေ့လိုက်ရလို့ ရွာသားတွေစိတ်ဝင်စားမယ်ထင်လို့ပါ။ စိတ်ဝင်စားရင်တော့ ဒီမှာ ဖတ်ပေါ့နော်။


mashwetoteDecember 24, 20111min35341
ရွာထိပ်ရှိ မာလကာပင်အောက်ကနေ ရွာသားအားလုံးကို နှုတ်ဆက်လိုက်ပါတယ် မင်္ဂလာပါ။ ဒီရွာထဲက ပို့စ်တွေကို ဝင်ဝင်ဖတ်နေတာကြာပါပြီ။ ရွှေတုတ်အချစ်ဆုံးဒေါ်လေး (ဒူလဲတော့ ပြောတော့ပါဘူး။ ခုနကဝင်တော့မှတွေ့လိုက်တယ်။ တော့ပ်ပိုစတာ ဆိုတဲ့အထဲမှာ တူ့နာမည်ကြီး။) အင်ထရိုလုပ်တာနဲ့ ဝင်ဖတ်ကြည့်တာပါ။ ဖတ်ရင်းနဲ့ တတ်သည့်ပညာ မနေသာဆိုသလို ကီးဘုတ်ယားလာတာနဲ့ အခုပဲ register လုပ်ပြီးဝင်လာတာပါ။ အခုမှဝင်လို့ rank က newbie ပဲရှိသေးတာနဲ့ အထင်တော့မသေးလိုက်ပါနဲ့။ ချစ်ဒေါ်လေးကျေးဇူးနဲ့ ဂေဇက်ရွာနဲ့ နည်းနည်းပါးပါးတော့ရင်းနှီးနေပါပြီ။ ရွာကဒိတ်ဒိတ်ကြဲတွေအကြောင်း နည်းနည်းတော့ တီးခေါက်မိတယ်လေ။ ရွာသူရွာသားတွေနဲ့လည်း ပိုရင်းနှီးဖို့ မျှော်လင့်ပါတယ်လို့။ ဝင်သာဝင်ရတာ လန့်တော့ခပ်လန့်လန့်ပါပဲ။ ရွာသားတွေ လက်သံပြောင်တယ်လို့ နာမည်ကြီးတယ်လေ။ အဲဒီတော့ အခုကတည်းက ကြိုပြောထားပါရစေ မှားတာရှိရင် ခွင့်လွှတ်ပါလို့။ ထပ်ပြီးကြိုပြောရဦးမယ်။ ရွှေတုတ်က အခုစလုံးမှာ ကျောင်းတက်နေတာကြောင့် အိမ်မှာမြန်မာလိုပြောနေပေမယ့်လည်း မြန်မာစာမရေးတာကြာပြီမို့ […]