ဝဠာ ခွင်…သလ္လာဆင်မြန်း ပါလို ့ ဒေဝါရှင် ..အာကာ နန်းတွင် လ အာဏာရ ကာ…ရွာမယ်ပြင်…. မှိုင်းညို့ကာ အနောက်တောင်ရပ်ဆီမှ ပြိုးပျက်ကာ….ရွာမလို ခြိမ်း ပါနဲ ့ လျှပ်ပန်း နွယ်တို ့…ကကြိုးဆင်… ရွာစေ့ချင်…စံပါယ်တွေမွှေး အောင်ပ မြတ်လေး ရယ်…ခတ္တာပန်း စုံတို ့ ထုံသင်း ဝေ…မိုးရေ ထဲ လှပေခြိမ့်.. ရွာ စမ်း ပါ့….ရွှေမိုး ညို…. မြစ်၊ချောင်း၊ကန်၊အင်း၊အိုင် ပြည့်လျံမောက်ရုံမက ဆည်၊မြောင်းပါ မကျန်…. ပြိုမယောင်…ညိုမှောင်ကာ ခြိမ်းပါနှင့် ဝသာန်ခါ…အာကာမှာ…အာဏာရသူမို ့ ဒို ့ပြည်မဟာ….အေးချမ်းသာ…စွေရွာ လိုက်ပါတော့……. မိုးနတ် ဒေဝါ..။။။