maungmoenyoJuly 31, 20101min1642
ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း ၅) (ယခင်အပိုင်းများကိုသရုပ်ပြဇယားများဖြင့် ဘယ်ဘက် menu ရှိ “2010 Election”  section တွင်သွားရောက်ကြည့်ရှုဝေဖန်နိုင်ပါသည်။) ရွေးကောက်ပွဲဝင်မည့်ပါတီများအနေအထား အဓိကပါတီဖြစ်သည့် NLD ပါတီကရွေးကောက်ပွဲကိုသပိတ်မှောက်ပြီးသည့်နောက်ယနေ့အထိမှတ်ပုံတင်ခွင့်ပြု သောပါတီအရေအတွက် (၄၀)ကျော်ခန်ရှိပါပြီ။ ကြံ့/ဖွံ့ပါတီမှလွဲ၍ကျန်ပါတီများရံပုံငွေ၇ရှိရေး၊ စည်းရုံးရေး၊ အမတ်၇ရှိရေး မှအစများစွာသောအကျပ်အတည်းများနှင့်ရင်ဆိုင်နေရပါသည်။ ကြံ့/ဖွံ့ပါတီကအကန့်အသတ် မရှိခြေလှမ်းသွက်နေသလောက် ကျန်ပါတီများကအချင်းချင်းမူဝါဒပြိုင်ခြင်း၊ အရေးမပါသော သာမာန်ကိစ္စများ နှင့်သာလုံး ပမ်းနေရင်းအချိန်ကုန်နေပါသည်။ ပါတီဦးဆောင်သူများကိုမီဒီယာများကမေးမြန်းသော်လည်းတိတိ ကျကျ လုပ်ငန်းစဉ်မပြနိုင်သေးပါ။ အောင်နိုင်ရေးကားမျှောိလင့်ဘွယ်မရှိ။ NLD ပါတီဝင်များ၏လူထုကြား ဝင်ရောက် စည်းရုံးနိုင်မှုအတိုင်းအတာတခုအထိမြင်ရသော်လည်းအများအားဖြင့်မြင်ရသောလှုပ်ရှား မှုမှာလူမှုရေးလှုပ်ရှားမှုများသာဖြစ်ပါသည်။ ဥပမာ- နာဂစ်မုန်တိုင်းကူညီပေးမှု၊ အဖမ်းဆီးခံမိသားစုများ ထံကူညီထောက်ပံ့မှုနှင့်ဆေးဝါး ကုသရေး၊ ဘာသာရေးကိစ္စများအတွက်စီစဉ်ဆောင်ရွက်မှုများကိုသာ တွေ့နိုင်ပါသည်။ စစ်အစိုးရ ကလည်းလုံးဝလှုပ်ရှား၍မရအောင် ပြင်းပြင်းထန်ထန်နှိပ်ကွပ်ကန်ု့သတ်မှုများ ကိုပြုလုပ်ထားသည်။ နိုင်ရေးအဖွဲ့ အစည်းတရပ်၏လှုပ်ရှားမှုမျိုး မပြုလုပ်နိုင်အောင်ဖိနှိပ်ထားပါသည်။ ဝမ်းနဲဘွယ်ကောင်းသည်မှာခေါင်းဆောင် ပိုင်းတွင်ရှိသောနိုင်ငံရေးပါတီ […]


maungmoenyoJune 3, 20101min1642
(အပိုင်း-၄) လာလတ္တံ့သောရွေးကောက်ပွဲအခြေအနေ ယခုဦးတည်နေသောရွေးကောက်ပွဲဘက်ကြည့်ကြပါစို့။ ဖေါ်ပြခဲ့သော (၁၅)နှစ်ကြာအချိန်ယူ (အချိန်ဆွဲ)ရေးဆွဲခဲ့သောဖွဲ့ စည်းပုံအခြေခံဥပဒေကိုကြည့်ပါ။ (မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအဆက်ဆက်နှိုင်းယှဉ်ချက်ဇယား) အုပ်ရေအနဲငယ်လောက်သာပုံနှိပ်ထုတ်ဝေပြီးပြည်သူအကြားတွင်ခေတ္တခနသာမြင်တွေ့လိုက်ရသောယင်းအခြေခံဥပဒေ၏ အနှစ်သာရသရုပ်မှန်ကိုထွက်ပြီးမကြာမှီအတွင်းပင်မျက်ဝါးထင်ထင်တွေ့လာရသည်။ ယင်းဥပဒေထွက်ပြီးပြည်တွင်းသာမက ပြည်ပနိုင်ငံအားလုံးကခြွင်းချက်မရှိကောက်ချက်ချသောသဘောထားမှာ’စစ်အာဏာ တည်မြဲသက်ဇိုးရှည်ရေးမှတပါး အခြားမရှိ’ဟူ၍ပင်။ စစ်ဗိုလ်ချုပ်ကြီးများ၏ယင်းမျက်နှာပြောင်တိုက်အာဏာလိုက်ကိုင်ထားရေးမဟာစီမံကိန်းကို တရုတ်နိုင်ငံကဲ့သို့မြန်မာနိုင်ငံရေံတွင်အမြဲကာဆီးကာဆီးလုပ်ခဲ့သောနိုင်ငံကြီးများကပင်ဩချရယုံမက’နဲနဲကြည်လုပ်ပါဦး’ ဟုတိုးတိုးတိပ်တိပ်ဖြောင့်ဖျရသည်အထိပင်။ ဥပဒေနှင့်အညီရွေးချယ်တင်မြှောက်ခြင်းမခံရသောအာဏာသိမ်းအစိုးရတို့၏ ထွက်ရပ်လမ်းကားရွေးကောက်ပွကြားမှန်၏။ သို့သော်မိမိအာဏာဆက်လက်ကိုင်စွဲနိုင်ရေးအတွက်ရွေး ကောက်ပွဲ ကျားကွက်ရွေ့ရာတွင်မဟာဗျူဟာနည်းလမ်းမှန်ရန်အထူးလိုအပ်ကြောင်း(၁၉၉၀) ရွေးကောက်ပွဲကသင်ခန်းစာပြထားသည် မဟုတ်ပါလား။ ‘မဆလ’တဖြစ်လဲ’တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ’ကယင်းရွေးကောက်ပွဲတွင်ကြိမ်းသေ နိုင်ပေါက်တွက်ကိန်းထုတ်ခဲ့သော်လည်းမှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်ခဲ့ရသဖြင့်မရှုမလှရှုံးနိမ့်ခဲ့ရပုံကိုယခုဗိုလ်ချုပ်ကြီး များမျက်စိထဲမြင်ယောင်နေဆဲဆိုသည်မှာယုံမှားဘွယ်မရှိပါ။ တောရောမြို့ပါ NLD အဖွဲ့အတွက်အိပ်သွန်ဖာမှောက်မဲထဲ့ခဲ့ သဖြင့်အပြတ်အသတ်နိုင်ခဲ့သည်မှာတိုင်းသိပြည်သိကမ္ဘာသိပင်။ ထူးခြားသည်ကားထိုစဉ်ကမြန်မာနိုင်ငံတွင်းသတင်း အချက်အလက်ဆက်သွယ်ရေးမရှိတံခါးပိတ်မျက်စိပိတ်ခဲ့သော်လည်းယနေ့ယခုအခါတွင်ကားပြည်တွင်းတောကြိုအုံကြားမကျန်မမှန်ကန်မှုများကအစသတင်းအသေးစိပ်ကိုမိနစ်ပိုင်းအတွင်းတကမ္ဘာလုံးကမကြားချင်အဆုံးတောမီးပမာသတင်းပျံ့နှံ နိုင်သည်မဟုတ်ပါလား။ ယင်းအတွက်လည်းပြီးခဲ့သောအခြေခံဥပဒေအတည်ပြုရေးဆန္ဒခံယူပွဲကိုကာလအနဲငယ်သာ ကြိုတင်အသိပေးပြင်ဆင်ပြီးလက်သိပ်ထိုးမဲလိမ်မှုများကိုနေရာအနှံ့ပြုလုပ်ခဲ့သည်မှာမဖုံးနိုင်မဖိနိုင်အောင်ပင်ဖြစ်သည်။ ယင်း’ယုံချင်ယုံမယုံချင်နေ’ဆန္ဒခံယူပွဲကားအကယ်စင်စစ် စစ်အစိုးရ၏မဟာဗျူဟာစမ်းသပ်မှုအောင်ပွဲဆိုလျင်မမှားပါ။ ယင်းတို့စမ်းသပ်ခဲ့သောအာဏာတည်မြဲရေးလမ်းစဉ်တွင်ဤနည်းကားအထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်းသက်သေ အထောက်အထားဖြစ်သွားသည်။ ယခုလာမည့်ရွေးကောက်ပွဲကိုလည်းဤနည်းကိုကြိမ်းသေပေါက်သုံးမည် ဆိုသည်ကားယုံးမှားဘွယ်မရှိပါ။ ရွေးကောက်ပွဲဥပဒေတွင်ငွေကြေးရံပုံငွေကောက်ယူထိမ်းသိမ်းသုံးစွဲခြင်း၊ ရွေးကောက်ခံကိုယ်စားလှယ်သတ်မှတ်ခြင်း၊ ရွေးချယ်ခံနယ်မြေသတ်မှတ်ခြင်းမှအစ ကိစ္စအဝဝတို့ကိုကျန်ပါတီများအတွက်ခက်ခက်ခဲခဲ ဖြစ်အောင်တမင်ဖန်တီးဥပဒေရေးဆွဲထားသည်။ ရွေးကောက်ပွဲကာလကိုလည်းယနေ့အထိနှစ်ဝက် ကျိုးလုတိုင်ဖြစ်သော်လည်းသတ်မှတ်ခြင်းမရှိသေးပါ။ မကြာမှီကမှပြဌာန်းခဲ့သောရွေကောက်ပွဲဥပဒေနှင့်နည်းဥပဒေများက ‘ကြံ့/ဖွံ့’ တဖြစ်လဲ‘ကြံ့/ဖွံ့ပါတီ’မှအခြားပါတီများအပေါ်အသာစီးများစွာဖြင့်ခိုင်မာအောင်တွန်းအားပေး သတ်မှတ် ပြဌာန်းမှုများပြုလုပ်ခဲ့သည်။ (၁၉၉၀)ရွေးကောက်ပွဲတွင်NLD၏ပြိုင်ဖက် […]


maungmoenyoJune 3, 20101min1290
(အပိုင်း-၃) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယောရေးနှင့်ဖွဲံ့ဖြိုးရေးကောင်စီခေတ် ၁၉၈၈-၈၉ ကာလတွင်အာဏာရယူခဲ့သော ဗိုလ်ချုပ်ကြီးစောမောင်မှာလည်း ‘ကျွန်တော်တို့စစ်သားတွေရွေးကောက်ပွဲပြီး ယင်စစ်တန်းလျားပြန်မယ်’ဟူသောကတိစကားကြောင့်၊အာဏာဆက်လက်ကိုင်စွဲလိုသူဗိုလ်ချုပ်ကြီးများကသူ့ကိုအာဏာမှဖယ်ရှားပြီး (၁၉၉၀) ရွေးကောက်ပွဲတွင်တရားဝင်အနိုင်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုအာဏာလွှဲမပေးဘဲ ခတ်တည်တည်နှင့်မသိကျိုးကျွံပြုခဲ့သည်မှာယနေ့အထိဖြစ်သည်။ ထိုနောက်ပိုင်းဗိုလ်ချုပ်ကြီးသန်းရွှေတက်လာခဲ့သည်။ ယနေ့မြန်မာပြည်သူဆို့၏အဓိကရေးကြီးဆုံး လိုအပ်ချက်ကား ‘ထမင်းနပ်မှန်ရေး’ပင်ဖြစ်သည်။ နိုင်ငံတကာ (အရှေ့တောင်အာရှနိုင်ငံများတွင်ပင်)ဖွံ့ဖြိုးတိုးတက်မှုများရှိ နေချိန်တွင်မြန်မာနို်င်ငံတွင်ကားအခြေခံအကျဆုံးစားဝတ်နေရေး အတွက်ပြည်သူသန်း(၆၀)နီးပါးကားနေ့တဓူဝရုန်ကန်ကြရဆဲပင်မဟုတ်ပါလား။ သင့်တင့်လျောက်ပတ်သောလူနေမှု စနစ်ဖြစ်ရန်နေနေသာသာ၊ထမင်းနပ်မှန် ရေးကိုလုံးပမ်းရသော လူဦးရေကားတနေ့တခြားကြီးထွားလာပါသည်။ ယင်းအခြေနေမှန်ကိုမသိကျိုးကျွန်ပြုလျက် (၁၉၉၃)မှစတင်၍ပြည်သူတရပ် လုံးကိုအခြေခံဥပဒေသည်မရှိမဖြစ်ဟူ သောလမ်းကြောင်းလွဲမှုနည်းဖြင့်အခြေခံဥပဒေကိုရေးဆွဲအချိန်ဆွဲခဲ့သည်မှာ (၂၀၀၈)ခုနှစ်အထိ (၁၅)နှစ်တိုင်အောင်ပင်။ ဆိုရလျင်ကမ္ဘာပေါ်တွင်နှစ်သက်အကြာဆုံးအခြေခံဥပဒေရေးဆွဲမှု ကိုပြပါဟုဆိုလျင်ဤအခြေခံဥပဒေ ကိုပြရမည် ဖြစ်ပါသည်။ ရန်ကုန်တွင်မူလအခြေစိုက်ထားသောအစိုးရဌာန အဆောက်အအုံများကို (၂၀၀၇)ခုနှစ်လယ်ပိုင်းမှစ၍ အမိန့်အာဏာသုံးကာပြောင်းရွှေ့ခဲ့ပါသည်။ သိရသလောက် ဦးနေဝင်းလက်ထက်ကပင်စစ်ရုံးချုပ်ကိုပျဉ်းမနားသို့ပြောင်း ရွှေ့ရန်အစီအစဉ်ရှိခဲ့သော်လည်းမူလအစီအစဉ်ထက်ပိုမိုထိ ရောက်သော အစီအစဉ်အဖြစ်အစိုးရအဖွဲ့အစည်းနှင့် စစ်ရုံးချုပ်ကိုပါပြောင်းရွှေ့ခဲ့ပါသည်။ အရေးအခင်းနှင့်နိုင်ငံမတည်ငြိမ်မှုမကြာခနဖြစ်တတ်သောရန်ကုန် မြို့ ကိုတစပြင်အဖြစ်ပစ်ထားခဲ့ပါသည်။ ယင်းပြောင်းရွှေ့သွားသောရုံးအားလုံးကိုလူနေအပေါက်အရောက်နဲယုံ မကစစ်ရေးအရအသာစီးရမည့်တည်နေရာဖြစ်သော တောင်ကြားချိုင့်ဝှမ်းနေရာကိုရွေးချယ်ကာအဆောက် အဦးများအခိုင်အခံ့ဆောက်လုပ်နေရာချခဲ့ပါသည်။ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါကအုပ်ချုပ်ရေးနှင့်စစ်ရေး […]


maungmoenyoJune 3, 20101min1762
(အပိုင်း-၂) တော်လှန်ရေးကောင်စီခေတ် တော်လှန်ရေးကောင်စီအာဏာသိမ်းယူပြီးမကြာမှီ (ဧပြီ ၃၀၊ ၁၉၆၃)တွင်’မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’ကိုထူထောင်မည် ဟုကြေငြာခဲ့ပါသည်။ ယင်းအမြုတေပါတီကိုလည်းပြည်သူ့ပါတီအဖြစ်အသွင်ပြောင်း၍ (မတ် ၂၊ ၁၉၇၄)တွင်’မူလပိုင်ရှင် ဖြစ်သောပြည်သူ့ထံသို့အာဏာလွဲသည်’ဟူသောစကားလုံးကိုသုံးကာမူလဘောင်းဘီဝတ်စစ်ဗိုလ်များကဘောင်းဘီချွတ် လဲပြီးနိုင်ငံရေးဇာတ်ခုံပေါ်တိုက်ပုံပုဆိုးဝတ်တို့ဖြင့်ပြန်တက်လာခဲ့ကြပါသည်။ (၁၉၇၂)ခုနှစ်မှစ၍ပြည်သူလူထုထံ (၃)ကြိမ်(၃)ခါတိုင်တိုင်ဆန္ဒခံခဲ့ပြီး(၉၀.၁၉ရာနှုန်း)ဖြင့်အတည်ပြုခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေကိုထိုုစဉ်ကကော်မီရှင်ဥက္ကဌလည်းဖြစ်နောင်အခါနိုင်ငံတော်ကောင်စီဝင်ပင်ဖြစ်ခဲ့သူ ဦးဒိန်ရတန်ကယင်းအခြေခံဥပဒေတွင်ပြည်သူတို့၏ဆန္ဒအမှန် တကယ်ပါသည်ဟုမဆိုနိုင်ကြောင်း(၁၉၈၈)အရေးအခင်းကာလတွင်ဖွင့်ဟဝန်ခံခဲ့ပါသည်။ ထိုစဉ်ကမြို့နှင့်နယ်အရပ်ရပ် တွင်ပါတီနှင့်ကောင်စီအဖွဲ့အစည်းအဆင့်ဆင့်တို့၏အာဏာချုပ်ကိုင်မှု၊အလွဲသုံးစားမှုတို့ကို မကြေနပ်သူတို့တွင်စစ်တပ်က လဲပါခဲ့သည်မှာထင်ရှားလှပါသည်။ သို့သော်မကြေနပ်ပုံချင်းတော့ကွာပါသည်။ ပြည်သူတွေကမတရားဖိနှိပ်ချယ်လှယ်ခံရ၍မကြေနပ်ကြသော်လဲ။အခွင့်ရေးခွဲတမ်းလုပ်ရာတွင်ပါတီ၊ကောင်စီပြီးမှအကြွင်းအကျန်ကိုသာရသောနယ်ခံစစ်တပ်တို့ကမနာလိုဖြစ်ကြသည်မှာမဖုံးနိုင်မဖိနိုင်အောင်ပင်ဖြစ်ခဲ့ရကြောင်း(၁၉၈၈) ’နိုင်ငံတော်ငြိမ်ဝပ်ပ်ပြားမှုတည်ဆောက်ရေးအဖွဲ့’ အမည်ခံ’နဝတ’တက်လာမှမြင်တွေ့ရပါသည်။ အထူးသဖြင့် နယ်ဖက်တွင်ပိုမိုသိသာထင်ရှားစွာတွေ့လာရပါသည်။ ရန်ကုန်(အင်းစိန်)ကြို့ကုန်းစက်မှုတက္ကသိုလ်လဘက်ရေဆိုင်တွင် ကျောင်းသားများသီချင်းအကြိုက်ရွေးကြယင်းစကားများရန်ဖြစ်ရာကစခဲ့ရသောရန်ပွဲအသေးအမွှားကိစ္စမှဖြစ်ပွားခဲ့သော ‘ရှစ်လေးလုံးအရေးတော်ပုံ’ မှပါတီနှင့်အုပ်ချုပ်ရေးအာဏာပိုင်အဆောက်အအုံကြီးဘုန်းဘုန်းပြိုလဲသွားရသည့် အဖြစ်ကားယုံလောက်ဘွယ်ပင်မရှိပါ။ ပြည်သူတရပ်လုံ၏အနှစ်နှစ်အလလကချုတ်တီးလာခဲ့သောဒေါသသည် ထိမ်းမနိုင်သိမ်းမရပေါက်ကွဲထွက်လာခဲ့ပါသည်။ အနယ်နက်အရပ်ရပ်တွင်ပေါ်ပေါက်ခဲ့သောဆူပူအကြမ်းဖက်မှုများသည် ခေါင်းဖြတ်သတ်မှုများအဖြစ်တမဟုတ်ချင်းပြောင်းသွားကာမြန်မာနိုင်ငံကဲ့သို့သောဗုဒ္ဓဘာသာနိုင်ငံတွင်မယုံနိုင်လောက် အောင်ပင်ပြန့်နှံသွာခဲ့ပါသည်။ သမိုင်းစာမျက်နှာတွင်ရှက်ဖွယ်ရာအမဲကွက်ကြီးအဖြစ်စွန်းထင်ကျန်ရစ်သည် မှာဝမ်းနဲဘွယ်မဟုတ်ပါလား။ ထိုစဉ်ကနိုင်ငံအာဏာကိုကိုင်စွဲခဲ့သောဦးနေဝင်းအားလက်အောက်ငယ်သားတို့က နိုင်ငံအတွင်းဖြစ်ပျက်ခဲ့သောအထွေထွေယို့ယွင်းမှုအဖြစ်မှန်များကိုတင်ပြခြင်းမရှိဘဲထိမ်ချန်မှုများရှိခဲ့ခြင်းတို့ကြောင့်ပင်ဖြစ်ပါသည်။ ပါတီနှင့်ကောင်စီအဆင့်ဆင့်၏လဘ်စားအကျင့်ပျက်မှုများမဖုံးနိုင်မဖိနိုင်အောင်ပင်ဖြစ်လာပြီး၊ ပြည်(ပေါက်ခေါင်း)မြို့နေဦးနေဝင်းအမျိုးများအပေါ်ပင်မတရားမှုများပြုလာကြောင်းအမျိုးများကဦးနေဝင်းအားအတင်းဝင် တိုင်ကြားရာမှဒေါသပေါက်ကွဲသည်အထိဖြစ်လာရပါသည်။ (ဇူလိုင် ၂၃၊၁၉၈၈)တွင်ကျင်းပသောပါတီအရေးပေါ်ညီလာခံ တွင်ပါတီအထွေထွေအတွင်ရေးမှူးဦးအေးကိုမှတင်သွင်းရန်ရှိသောဈေးကွက်စီးပွားရေးစနစ်ထူထောင်ရေးစီမံကိန်းကိုပင် တင်သွင်းခွင့်မပြုတော့ဘဲ‘ပါတီစုံစနစ်ကိုကြိုက်လား၊ပါတီစုံစနစ်ကိုကြိုက်လား၊ တပါတီစနစ်ဖြင့်သွားရန်သဘောတူ လျင်သူအပါအဝင်ပါတီခေါင်းဆောင်ပိုင်းနိုင်ငံရေးလောကမှအနားယူမည်’ဟုကြွေးကျော်ကာသူနှင့်အတူထိပ်တန်းပါတီ ခေါင်းဆောင်တော်တော်များများကိုခေါ်ယူသွားကာနိုင်ငံရေးဇာတ်ခုံမှအနားယူခဲ့ပါသည်။ နောင်တွင်စစ်တပ်ကမိုးပေါ် ထောင်၍မပြစ်ဘဲတည့်တည့်ပစ်မည်ဖြစ်ကြောင်းခြိမ်းခြောက်စကားပြောသွားပါသည်။ ဦးနေဝင်းမြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီဥက္ကဌတာဝန်ယူစဉ်ကယခုလက်ရှိအာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေကားဧရာဝတီတိုင်းတိုင်မှူးနှင့်ဒေသပါတီဥက္ကဌအဆင့်မှဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဖြစ်လာသူဖြစ်ခဲ့ပါသည်။ […]


maungmoenyoJune 3, 20101min1190
ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း-၁) တော်လှန်ရေးကောင်စီမတိုင်မှီ’ဖဆပလအစိုးရခေတ် ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းဦးနုှက သူ့ထံမှအာဏာကို သူအတော်ယုံကြည်ရသောဗိုလ်ချုပ်နေဝင်းမှ (၁၉၆၂) မတ်လတွင်သိမ်းယူလိုက်သောအခါ သူမည်မျှအထိခံစားခဲ့ရကြောင်း “တာတေစနေသား”တွင်ဖွင့်ဟဝန်ခံခဲ့သည်။ နီးစပ်သောအစိုးရအဖွဲ့ဝင်တို့ကကြိုတင်သတိပေးခဲ့သော်လည်း သူ့အပေါ်ဗိုလ်နေဝင်းမည်မျှသစ္စာရှိကြောင်းကြွားဝါခဲ့ပုံများ ကိုဖေါ်ပြထားခဲ့သည်။ အာဏာသိမ်းပြီးကာလအထိမ်းအသိမ်းခံနေရစဉ်အတွင်းပင်ဗိုလ်နေဝင်းကသူ့ကိုကြိမ်းသေလာ ကယ်ထုတ် လိမ့်မည်ဟုမှားယွင်းစွာတွက်ချက်မိခဲ့သည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တခုကျော်လောက်မှာပင် စစ်ဗိုလ်များကြီးစိုး သောအာဏာရှင်စနစ်မွေးဖွားလာခဲ့သည်။ ပင်လုံစာချုပ်ကမွေးဖွားသန့်စင်ပေးလိုက်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကပေးထားသည့်အခွင့်အရေးကိုအသုံးပြုလျက်ရှမ်းစော်ဘွားများကဖက်ဒရယ်မူကို တောင်းဆိုလာမည်ကိုစိုးရိမ်သည်ကတကြောင်း၊ ယင်းမူတောင်းဆိုချက်နှင့်အတူကူးစက်လာနိုင်သောအင်ဒိုချိုင်းနားအရေး ကိုစိုးရိမ်မိသည်ကတကြောင်း နှင့်ထိုစဉ်အခါက ဆန်းသစ်လာသော ဆိုရှယ်လစ်စနစ်ကိုထူထောင်ရန်စိတ်အားသန်သူ နိုင်ငံရေးသမားများကကြီးစိုးလာ သည်တို့ကတကြောင်းတို့ကြောင့် (၁၉၆၂)ခုမတ်(၂)ရက်နေ့တွင်ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သောတော်လှန်ရေးကောင်စီက အဏာကိုသိမ်းယူခဲ့ပါသည်။ နိုင်ငံ၏အခြေအနေမှာလည်း ‘ရန်ကုန်အစိုး၇’ ဟုခေါ်ရလောက်အောင် ပင်ဗဟိုအစိုးရအုပ်ချုပ်မှု အာဏာမှာအင်အားချည့်နဲခဲ့ရပါသည်။ ထိုစဉ်အခါကပြည်သူအပေါင်းတွင် ဘဝအာမခံချက် ကိုပေးနိုင်မည့် “ဗိုလ်ချုပ်အစိုး၇” ဟုမျှော်လင့်ချက်ပြင်းပြခဲ့သည်မှာအမှန်ပင်။ (၁၉၆၃) ဇူလိုင်လ(၇)ရက်တွင် ဖြစ်ပွာခဲ့သောကျောင်းသားအရေးအခင်းမှစ၍ လက်နက်အားကိုးနှင့်အုပ်ချုပ်လိုသောစစ်အစိုးရ၏ သရုပ်မှန်ကိုပြည်သူ အပေါင်းကမျက်ဝါးထင်ထင်မြင်လိုက်ရသည်မှစ၍စစ်တပ်အပေါ်ယုံကြည်အားကိုးမှုမှာ တရိပ်ရိပ်ကျဆင်းလာခဲ့ပါသည်။  သမိုင်းဆရာတို့ကဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ချုပ်ဆိုပေးခဲ့သောပင်လုံစာချုပ်၏ […]