ဂျာနယ်တစ်စောင်တွင် မီတာဈေးနုန်းကို ဖတ်လိုက်ရပြီး အံဩမိသည်။မီတာ ကစုစုပေါင်းမှ ၈၅၀၀ဝပဲကျသည် နယ်မြို့တွေနှင့်ကွာခြားသည်မှာခေါက်ချိုးကွာ၏။ မီတာသည်မိမိမပိုင်။အစိုးရပိုင်သည်။မီတာပျက်စီးလျှင် ဖျက်စီးလျှင် ဥပဒေပုဒ်မ၆၊၁နှင့်အရေးယူနိုင်သည်။ မီတာမရှိဘဲမီးကြိုးဆွဲသုံးလျှင်ပုဒ်မ၃၈ဝနှင့်အရေးယူနိုင်သည်။မီးခိုးမူသည် ခိုးမူပုဒ်မနှင့်အတူူပင်။အခုအီးပီစီလျှပ်စစ်ဝန်ထမ်းတွေ နယ်မြို့တွေမှာ လုပ်စားနေကြသည်။ မီးတာကို တစ်သိန်းသုံးသောင်းနှင့်လျှောက်ယူကြရသည်။ပွဲစားနှင့်လုပ်လျှင် တစ်သိန်းခွဲ၊လုပ်ပုံကလှသည်။လျှပ်စစ်ဝန်ထမ်းကမီတာလျှောက်မလား၊ ပေးပိုက်ဆံပင်ဖြစ်ပါသည်။ ပိုက်ဆံကို တစ်ဝက်သွင်းရင် မီတာကမရှိပဲမီးချိတ်ပေးလိုက်သည်။မီတာခမပေးရပဲသုံးလို့ရနေသည်။၎င်းပိုက်ဆံကို ရင်းနှီးသုံးစွဲထားသည်။မီတာလျှောက်သူက လည်း မီတာခမပေးရ၍ ပြဿနာမလုပ်။နောက်လူတွေလျှောက်လာလျှင်လည်းဒီအတိုင်းလုပ် မရသေးဘူးလားပြဿနာလုပ်သူကို တပ်ပေးလိုက်သည်။ နောက်လူတွေပိုက်ဆံဖြင့်အရင်လူကိုတပ်ပေး၊အရင်ပိုက်ဆံက လှည့်သုံးထား။အင်မတန်ကောင်းမွန်ပေသည်။ မီးကို ကြိုသွယ်လျှင်၊မီတာမရှိပဲခိုးသုံးလျှင် ပုဒ်မ၃၈ဝ ဖြင့် အရေးယူနိုင်သည်ဆိုက နယ်မြို့များတွင် ဖမ်းရလျှင်ထောင်မဆန့်နိုင်အောင်များနိုင်သည်။ ဧရာဝတီတိုင်းလျှပ်စစ်ဝန်ကြီး ကြည့်လျှင်သိနိုင်သည်။ မီတာခတွေက တစ်ယူနစ်ကို ၃၅ကျပ် အိမ်ရှေ့မှာ ဆိုင်သေးသေးလေးရှိရင်တော့ လုပ်ငန်းရှင်ဆိုပြီး ၇၅ကျပ်ကောက်သည်။ကျူရှင်ဆိုလျှင် လည်း၇၅ကျပ် ကောက်လို့ ကျူရှင်ဆရာတစ်ယာက်က မကျေမနပ်ပြောဖူးသည်။ နယ်မြို့တွေမှာ မီတာမရှိလည်း မီးလင်းအောင် လျှပ်စစ်ဝန်ထမ်းတွေက လုပ်ဆောင်ပေးသည်။ကောင်းလေစွ။မီတာလျှောက်သူတွေကိုလည်းရုံးလာစရာမလို သူတို့ […]