********ငွေရတု တိုင်ခဲ့လေပြီ*********** ၈၈၈၈ အရေးအခင်းတဲ့ သေချာတော့မသိလိုက်ပါဘု အဲတုန်းက ကလေးကိုး………. မှတ်မိခဲ့သေးပါတယ်လေ စာရွက်လေးတွေနဲ့ တောင်အော်မြောက်အော် ဟိုအော် ဒီအော်နဲ့ …နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဆိုလား…. သေချာတော့ သိလိုက်ပါဘု ဟိုချီတက်ပွဲ ဒီချီတက်ပွဲ ဟိုမှာဟိုဟာကျွေး ဒီမှာ ဒီဟာကျွေး စားခဲ့ရတဲ့ အားရပါးရတွေ… နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ… သေချာတော့ သိလိုက်ပါဘု တစ်နှစ်မြောက် နှစ်နှစ်မြောက်နဲ့ ဆယ်နှစ်မြောက်တွင်းမှာတော့ ခွေးပြေးဝက်ပြေး မပြေးခဲ့ရင် ဂျပန်တွေထက် ဆိုးတဲ့ အကျဉ်းထောင်မှာ…….. နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ့….. သေချာတော့ သိလိုက်ပါဘု တော်လှန်ရေး တော်လှန်ရေးနဲ့ ရရာလက်နက် စွဲကိုင်မယ်ဆိုပြီး ထွက်သွားလိုက်ကြတဲ့သူတွေ ဒုနဲ့ဒေးပေါ့ နည်းနည်းကြာလေတော့ ပြန်ဝင်လာတဲ့သူတွေလဲ ဒုနဲ့ဒေးပေါ့ နိုုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ့…. သေချာတော့ သိလိုက်ပါဘု ခုတော့ မြန်မာပြည် ဒီမိုဆိုဆိုပြီး […]


ဆိုးရွားလိုက်တဲ့ ကော်နက်ရှင် ဂူကယ်လေးတောင် မတက်ချင် ရာဟူးဆို ဝေလာဝေး လုံးဝမတက်ဘူးလေး ဖေ့ဘုတ်လေးရော ကောင်းသလားဗျာ အတူတူနဲ့ အနူနူပါ ကွက်လပ်တွေတာ များတယ်ဟေ့ ဘာကိုကြည့်မလဲလေး ဒါဆိုရင် မေးလ်စစ်မယ် ဂျီမေးလ်ဖွင့်စမ်းကွယ် သူတော့တက်တယ် တက်တယ်ကွဲ့ ဒါပေမယ့်လဲ လုတ်ဒင်း(LOADING)တဲ့ ဒါဆိုရင်လဲ အပျင်းပြေ ယူကျွတ်ကြည့်မယ်ကွယ် အဲဒါကပိုဆိုးသေး နက်ဝပ် အဲဒါ(Network Error)လေး အဲလိုဆိုရင် ဂျီတော့ဝင် ကြူကြူစိန် လုပ်မယ်ခင် ဒါပေမယ့်လဲ စိတ်ပျက်စရာ စာတွေမရောက်ပါ ကြိုးကြိုးစားစား သုံးရမှာ မြန်မာအင်နက်တာပါ စိတ်ရှည်သည်းခံ သုံးရမယ် မြန်မာအင်တာနက်ကွယ် ချော့မော့သုံးစွဲ ငွေကုန်သတဲ့ အဲဒါ မြန်မာအင်တာနက် 😛 (အပျော်သဘောပါ)


တန်ဖိုးနည်းဖုန်းနဲ့ မန္တလေး နိုင်ငံတော် သမ္မတကြီးကတော့ တန်ဖိုးနည်းဖုန်း ငွေကျပ်(၁၅၀၀)တန် simကဒ် ဆိုပြီး ဒီနှစ် ဧပြီလမှာ စတင်ပြီးထုတ်ပေးမယ့်ဆိုပြီး ကြေငြာခဲ့ပါတယ်။ဖုန်းလိုင်းကဒ် ထုတ်ပေးမယ်လို့ ပြောတော့ ဖုန်းတွေတောင် မပေးရသေးဘူး။မန္တလေးမြို့က ဖုန်းအရောင်းဆိုင်တွေကို (၁၅၀၀)တန် sim card ထွက်လို့ရောင်းရင် ဘယ်လောက်ရမလဲ ဆိုပြီးတော့ နန်းတွင်းထဲက စစ်ဗိုလ်တွေလာလာမေးကြပါတယ်။သူတို့ကဘယ်လောက် နဲ့ကောက်မလဲလို့ လာမေးကြတယ်ဆိုတော့ များများ ရောင်းလု့ိရအောင် သူတို့က တစ်ဦးကို ကဒ်ဘယ်လောက် ရမှာမု့ိလုို့လဲ…………….ခင်ဗျာ…… ဒါကလဲ ဖုန်းအရောင်းဆိုင်က ဝန်ထမ်းတချုို့ ပြောလို့သိရတာပါ။ရပ်ကွက်ထဲမှာ ရှိတဲ့ပြည်သူလူထု တွေကတော့ မဲနှိုက်ပြီးတော့ ပေါက်တဲ့လူရမယ်တဲ့….ပထမအသုတ် sim cardထုတ်ပေးမယ်ဆိုတော့ တန်းစီကြပါတယ်။လူအမျိုးမျိုး အချိန်အမျိုးမျိုး ပေါ့ တန်းစီကြရပါတယ်။တချိုု့က တန်းစီပြီးတော့ နေရာရောင်းစား ကြပြန်ရော… ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ဆင်းကဒ်တွေ အကုန်လုံးမဲနှိုက်ပီး ပေးရဲ့လား ဆိုတာ […]


သိပ်သိပ်ချစ်ရတဲ့………….. သူ…………… Relink ရယ်…. ဖြစ်လိုက်ရင် သောကြာနေ့ချည်းပဲနော် တိုက်ဆိုင်လွန်းလိုက်တာ ကွာ အရင်တစ်ခါ ဖြစ်တုန်းကလဲ သောကြာနေ့ အဲဒီ အဲဒါ(error) ကလဲ တိတိပပ တိတိကျကျ မဆိုနိုင်ခဲ့ဘူးနော် ဒီကြားထဲ ဟိုဟာလုပ်ပါဦး ဒီဟာလေး လုပ်ကြည့်ပါဦး ဆိုပီး လုပ်ခိုင်းသေးတယ်နော် ဒီလိုနဲ့ သုံးလေးရက် ကြာသွားခဲ့တယ်နော် စနေက နေ့တပိုင်း မို့လို့ ဒီလိုဖြစ်သွားရတာပါတဲ့ နောက်ဆုံးတော့လဲ ကျေးဇူးတင်ပါတယ်ဆိုပီး သွားဖြီးလေးနဲ့ အနော်တို့သုံးသူ customer ကပဲ ဒီလိုလာလုပ်ပေးတာကို ကျေးဇူးအထူးအထူး တင်လိုက်ရတာပေါ့ Redlinkရယ် အင်း …ဒီအဲဒါ(error)က los မီးမလင်းတဲ့ ကြိုးပျက်တဲ့ error ပါတဲ့ကွယ် ဘယ်လိုကြောင့်လဲ ဆိုတော့ ရှဉ့်ငပေါက ဖိုင်ဘာကြိုးဆို သိပ်သိပ်ကြိုက်လို့တဲ့ကွယ် Redlinkရယ်….. နောက်တစ်ခါ ထပ်ဖြစ်လိုက်တာကလဲ […]


ပြည်တွင်းဖြစ်နိုင်ငံခြားသား ကျွန်တော် သည် အလွန်ကံဆိုးလွန်းသော ဝဋ်နာ ကံ နာ ပါ လာ သူ တစ်ဦး အဖြစ် ကျွန်တော့်ကို ချောင်ကျကျ ရွာလေး တစ်ရွာတွင် မွေး ဖွား ခဲ့ပါသည်။ ယခု ချိန်တွင် လူတိုင်း ပါးစပ်ဖျား တွင် တရုတ်လူမျိုးများ အခွင့်ရေး ရပုံ ကြောင်းကို လူတိုင်းပြောဆို နေကြသည်တွေ့နေ မြင်နေ ကြားနေရပါသည်၊ မန္တလေး ကို တရုတ်သိမ်းပိုက် လိုက်ကြောင်း များကို လဲ လူတွေပြောဆိုနေကြပါသည် ။ တကယ် တမ်း တရုတ်တစ်ယောက် ဖြစ်ရခြင်း၏ ဝဋ်နာကံနာကို ကျွန်တော် ကြုံတွေ့ ရသမျှ တင်ပြချင်ပါသည်။ ကျွန်တော် ငယ်စဉ်ကမသိရှိခဲ့ ရပါသော ရွေးချယ် ခွင့် မရ […]


မြန်မာပြည်နဲ့အင်တာနက် (၁)ဖူးစာရှင်နတ်မင်းကြီးအင်တာနက် ယနေ့ မြန်မာနိုင်ငံရှိ လူငယ် တော်တော်များများသည် အင်တာနက်ကို အသုံးပြုကြလေ့ရှိပါသည်။သို့သော် သုံးသည့် အရာ များ မှာgtalk,mric,facebookနှင့် vzoဟုခေါ်သောvideo chatting များ ကို သည်းခြေကြိုက် နှစ်ခြိုက်စွာ နေ့စဉ် အသုံးပြုလေ့ရှိကြသည်။အသုံးပြုသူ တော်တော်များများမှာလဲ လူငယ်များသာ ဖြစ်သည်။ထိုလူငယ်များ မှာ ပွင့်ပွင့်လင်းလင်း နှင့် ရဲရဲတင်းတင်း ဆိုရလျှင်မူ ရည်းစား ရှာပုံတော်ဖွင့် ကြသည့် သူချည်း ဖြစ်နေသည်မှာ ကြုံဖူး ကြားဖူး မြင်ဖူး တွေ့ဖူး လိမ့်မည်မှာ မလွဲ ဧကန် ဖြစ်ပါသည်။ဒါကြောင့်မို့ ကျွန်တော်က ဖူးစာရှင်နတ်မင်းကြီး အင်တာနက် ဟု အမည် နာမ ကင်ပွန်းလိုက် ရတော့သည်။ (၂)ဘာသာစကားနှင့်အင်တာနက် ယနေ့ အင်တာနက် သုံးစွဲသော သူများသည် မြန်းဂလိခေါ် […]


တရုတ်တန်းဈေးက အဖြစ်ပျက်လေး ကျွန်တော် ငယ်ငယ်က ကြားခဲ့ဖူးတဲ့သီချင်းလေး ယုံချင်ယုံ မယုံချင်နေ တရုတ်တန်းဈေးက ဖြစ်ပျက်လေး ဆိုတဲ့သီချင်းလေးကို ဟာသ လိုလို သရော်ထားသလို ပဲထင်ထားမိခဲ့တာပါ အင်း ခုတော့ လဲ ………….တင်ပြစရာလို့ပြောရလေမလား ………ဆိုရေးရှိက ဆိုရမည်ဟု ဆိုရမည်လား………… လာလာလာ လာလာလာလာ လာလာလာ လာလာလာလာ………………………………………………………………………………………. ဂဏန်းခြောက်လုံးချီပြီးတော့ ချမ်းသာလှတဲ့ ပွဲရုံတစ်ခု ပွဲကတော်ဆိုလား တရုတ်တန်းဈေးကို ကားကြီးစီးကာလာ . စိန်တွေရွှေတွေတဖျတ်ဖျတ် ကိုယ်နေဟန်က မတ်မတ် လေသံက မာဆတ်ဆတ် ဖဲ ဘယ်လောက်ရှုံးကြောင်း ဂုဏ်ယူ ဝံ့ကြွားနေ……………..ယုံချင်ယုံမယုံချင်နေ တကယ့်အဖြစ်ပျက်ပါ ဘုရားစူးစေ့…..ယုံချင်ယုံ မယုံချင်နေ တရုတ်တန်း ဈေးက အဖြစ်ပျက်လေး……. ခုတ်ဖို့ထစ်ဖို့ ပါးပါးလှီးဖို့ အကွက်ကောင်းစောင့်တဲ့ မုဆိုးတစ်ပိုင်းမှောင်ခိုသည်(သယ်) တစ်ယောက်က တစ်ယောက်ကို မျက်စိမှိတ်အချက်ပေး ဘယ်အဆင်က […]