မနေ့ကဆိုတာကိုလည်း မုန်းတယ်… ဒီနေ့ဆိုတာကို လည်းမုန်းတယ်.. အိမ်မှာနေတော့ အစ်မနဲ့ ရန်ဖြစ်..အမေက အစ်မဘက်က ပါတယ်.. ဟင်း  မမျှတ လိုက်တာ ဖုန်းထဲမှာ ဘေ က ၃ရ ကျပ်.. ပိုက်ဆံက အိတ်ထဲမှာ   ၂၅ဝ ကျပ်.. အဖြေတောင်းထားတဲ့ ကောင်မလေးက သူငယ်ချင်းလို နေကြရအောင်တဲ့.. အလုပ်မှာက..Daily Record မရေးလို့ တဲ့ ဒဏ်ကျေးတပ်ခံရတယ်.. ပြီးတော့ အဖွဲ့ထဲက တစ်ယောက်က အလုပ်ထွက်သွားလို့..သူ့အလုပ်တွေပါလုပ်ရတယ်..ဟင်း ပေါက်ကွဲနေရတဲ့ ကြားထဲ.. အခု ဖိနပ်ပါ အခိုးခံရပြန်ပြီ.. စကားထဲမှာ အမုန်းဆုံးက သူငယ်ချင်းဆိုတာပဲ သူခိုးထဲမှာ အမုန်းဆုံးက ဖိနပ်သူခိုးပဲ.. အသေပါသတ်ပစ်ချင်တယ်.. ဂယ်ပြောတာ….


အနက်ရောင်ညနေခင်းဆီကို အဖြူရောင်မနက်ကနေပြီး စထွက်ခဲ့တယ်… လမ်းတစ်လျှောက်.. စိတ်ပျက်ဖွယ် အတိနဲ့.. ရေလိုက်ငါးလိုက် ဘဝကို… ကမ်းစပ်ကနေ ပြီး.. မျှောချခွင့် ရခဲ့ရင်.. ဘဝကို စက္ကူသင်္ဘောလို ခေါက်.. ဝမ်းသာအားရနဲ့..မျှောလိုက်ချင်တယ်… (ပြီးမှနောင်တရချင်ရ  မရချင်နေ..)


ပြောပြခွင့်ရရင်  ပြောပြချင်ရဲ့..   ကျွန်တော်တို့.လူငယ်တွေဟာ သီးခြား ဆီဖြစ်နေပါတယ်… လူမှုရေးလုပ်တဲ့ လူငယ်တွေက သူ့ အပေါင်းအသင်းနဲ့ သူ   သူ့အုပ်စုနဲ့သူ လုပ်ကြပေမဲ့..   အပြင်မှာ အတွေးခေါ်မဲ့ အပျော်လွန်နေတဲ့..အ​ပေါင်းအသင်းတွေလည်းရှိပါတယ်..။  ကျွန်တော်ကိုယ်တိုင်လည်းအပါအဝင်ပေါ့..     ကျွန်တော်တို့ဟာ အများအတွက် လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ချင်ပေမယ့်..လက်ရှိမှာလူမှုရေး လုပ်နေကြတဲ့ အပေါင်းအသင်းတွေနဲ့.. အချိတ်အဆက်မရှိပါဘူး…ပြီးတော့ နဂိုက ဆိုးထားတဲ့ အခံ လေးကလည်းရှိတော့ ကောင်းတာ လုပ်ရမှာကိုတောင်    မရဲသလို နဲ့ ရှက်တတ်နေကြပါတယ်..။   အဲဒီလို ဆိုးတဲ့ ကျွန်တော်တို့ ဟာ ကိုယ့်လိုင်းမှာတော့ ကိုယ်က ဆရာမို့လို့   အကူအညီတောင်းတာမျိုးကို လုပ်ရမှာ အောက်တယ်လို့ထင်မိကြပါတယ်..   လူမှုရေးလုပ်နေကြတဲ့ သူငယ်ချင်းတွေကို  အကူအညီတောင်းချင်တာကတော့.. ကိုယ့်ဘေး   နားမှာ ရှိနေတဲ့ ဆိုးနေတဲ့ သူငယ်ချင်းတွေကို […]




အိမ်ကအထွက် သုညတွေကောက်ရတယ်.. ထုံးစံအတိုင်းကောက်မြဲကောက်ခဲ့တယ်.. ညက အိမ်မက်ထဲကို လမ်းလျှောက်ရင်းပြန်ရောက်သွားတယ်.. အအိပ်မက်တဲ့ ငါ့အတွက် ပြန်ထွက်ဖို့အခက်သားပဲ.. လက်နဲ့ချေပစ်လိုက်တဲ့.. လေထုထဲငါ့ရဲ့.. အာနိသင်တစ်ချို့ပါသွားတယ်…ရှိစေတော့.. ကိုယ့်ထိုက်နဲ့ကိုယ်ပဲလေ…။ ငါကသူများထက်တော်တယ်…. ငါ့ရဲ့ ကြည့်မှန် တစ်ခုထဲ ရဲ့ အတွင်းမှာပေါ့.. ဒီလိုနဲ့…စက္ကန့်ပေါင်းများစွာငါ အလွတ်ရပြီးပြီ ငါ့ထက်ညံ့တဲ့သူကိုငါ မတွေ့ဘူးသေးဘူး…. တစ်ခါတစ်လေ..တွေးမိတဲ့အလင်းတွေရဲ့အကြောင်းကို ငါ အမှောင်ထဲရောက်မှ အဓိပ္ပာယ်ဖော်ကြည့်မိတယ်.. သူလည်းမထူးပါဘူး….အရောင်တစ်မျိုးပဲလေ… ဒါကငါ့ရဲ့တစ်ဖက်သတ်အတွေး.. ဘဝဆိုတာ ဘာမှန်းညာမှန်းမသိပါဘူး တကယ်ပြောတာ… အခုထိ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့..ငါ… အဘိဓ္ဓါန်မှန်သမျှကိုအလွတ်ကျက်နေမိတယ်… နောက်..ငါ အလွတ်ရတာဆိုလို့… အခွံလွတ်နဲ့..အခွံတစ်ခု အဲ နှစ်ခု…နဲ့ လေထုမရှိတဲ့ အာကာသကြီးတစ်ခု…


နှာခေါင်းကထွက်ကျတဲ့ နှာရည်တွေကိုသုတ်ရင်း ယိုင်နဲ့နဲ့ အိမ်ကလေးရဲ့ အပြင်ဘက်ဖေဖေပြန်အလာကို မျှော်နေမိတယ်.. ဗိုက်ဆာနေတာကိုလည်း မျက်နှာညိုးညိုးနဲ့အမေ့ကိုမပြောရက်ဘူး ဖေဖေပြန်လာပါတော့..သားဗိုက်ဆာနေပြီ.. သားတို့ရဲ့ယိုင်နေတဲ့ အိမ်လေးအပြင်ဘက်မှာအလင်းတွေတောင် ပျောက်ကုန်ပြီ.. ဒီနေ့ဖေဖေ နည်းနည်းနောက်ကျနေတယ်…. မေမေ့ကို လှမ်းကြည့် တော့ မေမေက အရင်အတိုင်းမတုန်မလှုပ်ဘဲ.. တွေဝေ နေတုန်း.. ဒီနေ့ ဖေဖေ နောက်မကျစဖူး တော်တော်နောက်ကျနေတယ်… သားဗိုက်တွေဆာနေပြီဖေဖေ..မေမေ့ကိုလည်းမပြောရဲဘူး.. ခနနေရင်တော့ ပြန်လာပါတော့လို့ စိတ်ထဲကနေဖေဖေကိုလှမ်းခေါ်မိတယ်.. မေမေကတော့ သူထိုင်နေတဲ့နေရာလေးမှာပဲ..အိပ်ပျော်သွားပြီ မနေ့က ဖေဖေ နဲ့ မေမေ စကားများထားတော့ ဒီနေ့ဖေဖေများ မူးလာမလားပဲ… ဒီနေ့ည လည်း ဖေဖေ ပြန်မလာတော့ဘူးနဲ့ တူပါတယ်.. ခနနေရင် မေမေ့ ကို နှိုးပြီး ခြင်ထောင်ထဲဝင်အိပ်ဖို့ပြောရမယ်… ကျွန်တော် ကတော့..ဖေဖေ အခုချိန်လေးများ ပြန်ရောက်လာခဲ့ရင်..ဆိုပြီး.. အိမ်အပြင်ဘက် လမ်းမှောင်မှောင်လေးကို ငေးလိုက်..နဲ့…….။ […]


အလုပ်လုပ်ဖို့အတွက် ထမင်းစားတာလား? ထမင်းစားဖို့အတွက် အလုပ်လုပ်တာလား? လောလောဆယ်တော့… ထမင်းစားရင်း အလုပ်လုပ်နေတယ်.. ဘဝက ခါးတာလား? ဒါမှမဟုတ်ခါးတာကိုမှသွားစားမိတဲ့ဘဝကမှားတာလား? အခုသိတာကတော့… ဘဝမှန်ရင်ခါးရမယ်လို့ တော့..နားလည်ထားတယ်… ထမင်းစားတဲ့ ဘဝက ခါးတယ်.. အလုပ်လုပ်ပြီး နေရတဲ့ ဘဝကခါးတယ်… တစ်ချို့ဆို ခါးတဲ့ဘဝကို လွမ်းလို့တဲ့.. တစ်ချို့ကတော့ ..ခါးတဲ့ ဘဝကို…. ငါကတော့…..ဘဝခါးကို…