နောက်တစ်နေ့ ညဦးပိုင်း ရှမ်တာရမ်ကြီး ပြန်လာတဲ့ အချိန်မှာ ကျွန်တော်ပေးထားတဲ့ ကတိကို အကောင် အထည်ဖော်တော့တာပဲ။ငနဲကြီးကထုံးစံအတိုင်း မူးပေပြီး ယိုင်ထိုး ယိုင်ထိုးနဲ့ လှေကားကို အနိုင်နိုင် တက်လာ တယ်။လှေကားကလည်း သိပ်ကောင်းတာမဟုတ်ဘူး။ခနော်ခနဲ့ရယ်။ဝီစကီနံ့လေး တသင်းသင်းနဲ့ ငနဲကြီး လှေကား ထိပ်တော့ရောက်လာပြီ။နောက်တော့ ကျွန်တော်မှန်းထားတဲ့နေရာကို ဖြတ်တော့မယ်။အဲ့ဒီနားက လက်ရန်းက မစ္စတာ ရာမကရစ်ရှနားက ပြင်ဖို့ကျန်နေသေးတာလေ။လက်ရန်းက တော်တော်လေး ယိုင်ရွဲ့နေတာ။အဲဒါကို ကျွန်တော်သိလို့ ငနဲကြီး အဲဒီနားရောက်တဲ့အထိ စောင့်နေတာပဲ။သူလည်း အဲဒီလက်ရန်းနားကပ်ရော ကျွန်တော်နောက်ကနေ ဆောင့်တွန်းပစ်လိုက်တယ်။ကျွန်တော်တွန်းလိုက်တဲ့ အရှိန်နဲ့ သူ့ကိုယ်လုံးက ယိုင်နဲ့နဲ့လက်ရန်းကို ခပ်ပြင်းပြင်းတိုက်မိတော့ ဘာခံနိုင်မလဲ။ဖြောင်းခနဲ ကျိုးထွက်သွားပြီး မစ္စတာရှမ်တာရမ် ခမျာ အော်တောင်မအော်နိုင်ဘူး လွင့်ကျသွားတာပဲ။ ရုပ်ရှင်တွေထဲမှာတော့ လူကြမ်းတွေ မိုးမျှော်တိုက်ကြီးတွေပေါ်က ပြုတ်ကျရင် ဘယ်လိုပြသလဲ။ သိတယ်မို့လား။လေဟုန်စီးနေသလိုလို ဘာလိုလိုပြ၊ခြေတွေလက်တွေကလည်း ကို့ယိုးကားယား ဗလပွေရှုပ်အောင် […]