ကျွန်တော်နဲ့ နီးလိမာ ဈေးဝယ်ထွက်ကြတယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိတော့ တက်စီနဲ့ လစ်ရတယ်လေ။သူနဲ့ ဈေးဝယ်သွားရင်စိတ်ညစ်စရာကြီးဗျာ။ တကယ်။သူဝယ်တာ အလှကုန်ပစ္စည်းနဲ့ အဝတ်အစားပဲ။ မက်ဒေါ်နယ်တို့ ပီဇာဟတ် တို့ များ ဘယ်တော့မှ မသွားဘူး။သူဝယ်ထားသမျှ အိတ်ကြီးအိတ်ငယ်အသွယ်သွယ်ကို တနင့်တပိုးသယ်ပြီး သူ့နောက်လျှောက်လိုက်ရတယ်..ကျွန်တော့်အတွက်တော့ ဘာမှ..တစ်ခါမှ တောင်ဝယ်မပေးဖူးဘူးဗျာ..။ ဒီနေ့ အထည်ဆိုင်တစ်ဆိုင်ကို ဝင်ကြတယ်။ တကယ်ဈေးကြီးတဲ့ ဆာရီတွေရောင်းတာ။ရာနဲ့ချီတဲ့ ဆာရီတွေကို နှစ်နာရီလောက်လျှောက်ကြည့်ပြီး သုံးထည်ဝယ်တယ်။ ရူးပီးငါးသောင်းဖိုးပဲ။အဲဒါ ကျွန်တော် နှစ်နှစ်လုပ်အားခလောက် ရှိတာပေါ့။ကျွန်တော်တို့လည်း ဆိုင်ထဲက ပြန်ထွက်ရော ကျောင်းဝတ်စုံဆင်တူနဲ့ကောင်မလေးတစ်သိုက် အနားကပ် လာကြတယ်။ သူတို့ကြည့်ရတာ စိတ်လှုပ်ရှားနေတဲ့ပုံပဲဗျ။ သူတို့အထဲက ခပ်သွက်သွက်တစ်ယောက်က – “တဆိတ်လောက်ရှင်…ဒီမယ်..အန်တီက ရုပ်ရှင်မင်းသမီး နီးလိမာ ကုမ္မာရီ လားမသိဘူးနော်…” “ဟုတ်ပါသတဲ့ရှင်..” နီးလိမာက ကျေကျေနပ်နပ်ကြီး ပြန်ဖြေလိုက်တယ်။မေးတဲ့ကောင်မလေးက သူ့အဖွဲ့ဘက်ပြန်လှည့်ပြီး – […]