ကျွန်တော်နဲ့ နီးလိမာ ဈေးဝယ်ထွက်ကြတယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိတော့ တက်စီနဲ့ လစ်ရတယ်လေ။သူနဲ့ ဈေးဝယ်သွားရင်စိတ်ညစ်စရာကြီးဗျာ။ တကယ်။သူဝယ်တာ အလှကုန်ပစ္စည်းနဲ့ အဝတ်အစားပဲ။ မက်ဒေါ်နယ်တို့ ပီဇာဟတ် တို့ များ ဘယ်တော့မှ မသွားဘူး။သူဝယ်ထားသမျှ အိတ်ကြီးအိတ်ငယ်အသွယ်သွယ်ကို တနင့်တပိုးသယ်ပြီး သူ့နောက်လျှောက်လိုက်ရတယ်..ကျွန်တော့်အတွက်တော့ ဘာမှ..တစ်ခါမှ တောင်ဝယ်မပေးဖူးဘူးဗျာ..။ ဒီနေ့ အထည်ဆိုင်တစ်ဆိုင်ကို ဝင်ကြတယ်။ တကယ်ဈေးကြီးတဲ့ ဆာရီတွေရောင်းတာ။ရာနဲ့ချီတဲ့ ဆာရီတွေကို နှစ်နာရီလောက်လျှောက်ကြည့်ပြီး သုံးထည်ဝယ်တယ်။ ရူးပီးငါးသောင်းဖိုးပဲ။အဲဒါ ကျွန်တော် နှစ်နှစ်လုပ်အားခလောက် ရှိတာပေါ့။ကျွန်တော်တို့လည်း ဆိုင်ထဲက ပြန်ထွက်ရော ကျောင်းဝတ်စုံဆင်တူနဲ့ကောင်မလေးတစ်သိုက် အနားကပ် လာကြတယ်။ သူတို့ကြည့်ရတာ စိတ်လှုပ်ရှားနေတဲ့ပုံပဲဗျ။ သူတို့အထဲက ခပ်သွက်သွက်တစ်ယောက်က – “တဆိတ်လောက်ရှင်…ဒီမယ်..အန်တီက ရုပ်ရှင်မင်းသမီး နီးလိမာ ကုမ္မာရီ လားမသိဘူးနော်…” “ဟုတ်ပါသတဲ့ရှင်..” နီးလိမာက ကျေကျေနပ်နပ်ကြီး ပြန်ဖြေလိုက်တယ်။မေးတဲ့ကောင်မလေးက သူ့အဖွဲ့ဘက်ပြန်လှည့်ပြီး – […]


အဆွေးဘုရင်မ အကြမ်းအရမ်း နဲ့ ဟာသလေးတွေ ရောစွက်ထားတဲ့ ဒရာမာ ဇာတ်လမ်းတွေဟာ နောက်ဆုံးမှာတော့ ကြေကွဲစရာနဲ့ ဇာတ်သိမ်းတာမျိုး။ နီးလိမာ ကုမ္မာရီ နဲ့ အတူနေခဲ့ရတဲ့ အချိန်တွေကို အတိုဆုံး ဖော်ပြနိုင်ဖို့ ရုပ်ရှင်စကားလေးနဲ့ ပြောရ ရင် အလွမ်းနဲ့ ဇာတ်သိမ်း တယ်လို့ပဲဆိုရမယ်။ ဟုတ်တယ်..ကျွန်တော် သူ့ဆီမှာ အလုပ်လုပ်ခဲ့ဘူးတာ..ဂျူဟူးမှာရှိတဲ့ သူ့တိုက်ခန်းမှာပေါ့..သုံးနှစ်နီးပါးပါပဲ။   ဘယ်တုန်းကစသလဲဆိုတော့ ကျွန်တော်နဲ့ ဆလင်း မာမန်းလက်ကလွတ်ပြီး ထွက်ပြေးလာတဲ့ နောက်ပေါ့။ မြို့ပတ်ရ ထားစီးပြီးတော့ဂျူဟူးမှာ ကျွန်တော်တို့ ဆင်းတယ်။ နီးလိမာ ရဲ့ အိမ်ကို ကျွန်တော်တို့နှစ်ယောက် လမ်းလျှောက်ပြီးသွား ကြတာ။ တိုက်ခန်းရှေ့ရောက်တော့ တံခါးက ဘဲလ် ကို နှိပ်ပြီးတော့ စောင့်ကြတယ်။   တော်တော်ကြီးကြာမှ တံခါးကပွင့်လာတယ်။ အမျိုးသမီးတစ်ဦး ကျွန်တော်တို့ရှေ့မှာ […]


“ရင်တုန်ပန်းတုန် အဖြစ်တွေပါလားဟ ဆလင်းရ..စောက်ကျိုးနည်း..” ကျွန်တော်လည်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး မရှင်းတာလေးတွေ ထပ်မေးရတယ်။ “ဒါနဲ့ စာအိတ်ထဲကဟာတွေ ရစ်ဇ်ဝီဆီမင်းယူသွားတော့ အာမက်ကြီးက မင်းလုပ်မှန်းသိသွားတော့မပေါ့..အဲဒီညနေဖုန်းရတဲ့ အခါကျတော့ စာအိတ်ပျောက်နေပြီဆိုတာ သူသိသွားပြီလေ..မဟုတ်ဘူးလား” “ဟေ့အေး…ငါလုပ်တာ သူမသိပါဘူး..ဘာလို့ဆိုတော့ ညနေစောင်းလို့ အာမက်ပြန်လာတော့ စာအိတ်ကို သူတွေ့တယ်လေ..” “အယ်…ဒါ..ဒါဖြင့် အာမက်က ရစ်ဇ်ဝီကို သတ်တော့မှာပေါ့..” “မသတ်ပါဘူး…စာအိတ်ထဲမှာ တခြားဓာတ်ပုံတစ်ပုံနဲ့ လိပ်စာတစ်ခု ထည့်ထားလို့လေ…တို့နေတဲ့နားက စာစီစာရိုက် သင်တန်းတစ် ခုမှာ သွားရိုက်ခိုင်းလိုက်တာ..” “ဟေ…ပိုင်သကွာ..အဲ..တကယ်မရှိတဲ့ တွေ့ကရာ လိပ်စာရိုက်ထည့်လိုက်တာပေါ့..ဟုတ်လား..ဒါပေမဲ့..ဓာတ်ပုံကျတော့ရော ဘယ့်နှယ်လုပ်သလဲ..” “အဲဒီလိုမျိုးတော့ မလုပ်တတ်ပါဘူးကွာ..ငါမလုပ်ပါဘူး…အာမက်ကို ငါထည့်ပေးလိုက်တာ တကယ့် ဓာတ်ပုံအစစ်နဲ့ တကယ့် လိပ်စာ ပါ..ပြီးတော့ သူလည်း တကယ်သွား ဆော်ထည့်လိုက်တယ်လေ..အေး..သူလူမှားပြီးသတ်တာ မသိခင် ဘီဟာကို အ ရေးတကြီးသွားဖို့ရှိလို့ဆိုပြီး သူ့အလုပ်ကနေထွက်လာခဲ့တယ်…နောက်တော့ ဟိုမှာပုန်းနေလိုက်..ဒီမှာ ပုန်းနေလိုက်နဲ့ပေါ့ကွာ.. […]


“နောက်တစ်လလောက်နေတော့ နောက်ထပ် စာအိတ်အဝါတစ်လုံး ရောက်လာပြန်ရောဟေ့..အာမက် အပြင်ထွက်နေတုန်း ဆိုတော့ ငါလည်း စာအိတ်ထဲပါတဲ့ဟာ ကြည့်ချင်လွန်းတာနဲ့ ရေနွေးငွေ့နဲ့ပေးပြီး စာအိတ်ကို ဖွင့်ကြည့်ရောကွ..ထုံးစံအတိုင်း ကာလာဓာတ်ပုံတစ်ပုံပါတယ်..လက်နှိပ်စက်ရိုက်ထားတဲ့ စာရွက်တစ်ရွက်ပါတယ်…ဓာတ်ပုံက နှုတ်ခမ်းမွှေးထူထူနဲ့ လူရွယ် တစ်ယောက်ပုံပဲ..မျက်နှာမှာ အမာရွတ်ကြီးတစ်ခုလည်းပါတယ်ကွ..ဘယ်ဘက်မျက်လုံးကနေ နှာခေါင်းနားထိရှည်တဲ့ အ မာရွတ်ကြီး..စာရွက်မှာတော့ ဒီလိုရေးထားတာ.. အမည်     း   ဂျမဲ ကစ်ဒ်ဝါအီ အသက်   း   ၂၈ လိပ်စာ    း   အမှတ် ၃၅ ရှီလာဂျစ် အိမ်ယာ၊ ကိုလာဘာ။ ငါလည်း ဓာတ်ပုံ နဲ့ နာမည်တွေ ဘာတွေ သေချာခေါင်းထဲ မှတ်ထားပြီးတော့ စာအိတ်ထဲကို ခြေရာလက်ရာ မပျက် အသာ လေး ပြန်ထည့်ထားလိုက်တယ်..”   “ညနေကျတော့ အာမက်ပြန်လာတယ်..ပြီးတော့ စာအိတ်ကိုကြည့်တယ်..နောက် ဖုန်းလာတယ်..အရင် တစ်ခါက […]


မောင်ဘလိုင်February 16, 20121min1053
“ဆတ်တား ဆိုတာ ဘာလဲဗျ..ဆိုပြီး မသိလို့ သူ့ပြန်မေးရတာ..မင်းရော သိလား မိုဟာမက်..အေး သူပြောတာက အဲဒီ ဆတ်တား ဆိုတာ တရားမဝင် လောင်းကစားနည်းတစ်ခုပေါ့ကွာ..မွမ်ဘိုင်းမှာ ရှိတဲ့ တကယ့် မြေအောက်ဒုစရိုက် အဖွဲ့ ကြီးတွေ စုပေါင်း လုပ်တာတဲ့..တစ်နေ့တစ်နေ့ အဲဒီ လောင်းကစားမှာ လှည့်နေတဲ့ ငွေက ရူးပီး သန်းပေါင်းတော်တော် များ ဆိုပဲ.. အာမက်က လက်ကြီးတဲ့ လောင်းကစားသမားတစ်ယောက်ပေါ့…ဒီအိမ်နဲ့ ဟောဒီ တီဗီတို့ စတဲ့ ပစ္စည်းမှန် သမျှဟာ လောင်းကစားက နိုင်တဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာကွ လို့ သူက ငါ့ကို ပြောတယ်..သူက ဆက်ပြီး ပြောသေး တယ်..လွန်ခဲ့တဲ့ သုံးနှစ်လောက်က အိန္ဒိယ နဲ့ ဩစတေးလျ ပွဲမှာ ငါ သူဌေးဖြစ်ခွေးဖြစ် အချီကြီး […]


“မင်း သိပါတယ်..ရုပ်ရှင်တွေထဲ ဒီလိုအခန်းမျိုး ဆိုရင် ဇာတ်လိုက်ကထပြီး လူလူချင်း ကရုဏာထားဖို့ ဘာညာနဲ့ ဒိုင် တွေ လွှတ်ပြီး မေတ္တာရပ်ခံမှာလေ…အဲဒီလို ဒိုင်ယာလော့ဂ်တွေ ငါသိပ်ရတာပေါ့ကွာ..ဒါပေမဲ့ တကယ်လည်း နဖူး တွေ့ ဒူးတွေ့လည်း ဖြစ်ရော အကုန်လုံးမေ့ကုန်တော့တာပဲ..ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ ..တကယ်ဆော်မဲ့ ငနဲ တွေလေ..အဲဒီအချိန် ငါစိတ်ထဲ သိတာတစ်ခုကတော့ ငါမသေချင်သေးဘူး ဆိုတာပဲ..မင်းသားဖြစ်ဖို့ ဆိုတဲ့ ငါ့စိတ် ကူးယဉ် အိပ်မက်လေး လက်တွေ့ဖြစ်မလာသေးဘူးလေ..အိပ်မက်ကလေးနဲ့အတူ အိပ်မက်မက်နေတဲ့ငနဲလေးပါ မွမ်ဘိုင်းရဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ ပျက်စီးလောင်မြိုက်တော့မှာပါလားဆိုတဲ့ ကြောက်လန့်မှုက ငါ့ကို အပြင်း အထန်  တုန်လှုပ်စေတော့တာပဲ..”   “လူရမ်းကားအဖွဲ့က ခေါင်းဆောင်က မင်းနာမည်ဘယ်သူလဲ လို့ ငါ့ကိုမေးတယ်..။ ရမ် တို့ ကရှစ်နား တို့ ငါပြောနိုင်သား ပေါ့ကွာ..ဒါပေမဲ့..ပါးစပ်က အာစေးမိနေသလို […]


လူသတ်လိုင်စင်   မွမ်ဘိုင်းမြို့က လမ်းတွေပေါ်မှာ သတိမထား ဘာမထားနဲ့ ယောင်ပေပေ လျှောက်သွားမယ်ဆိုလို့ရှိရင် အာရုံနောက်စရာ အန္တရာယ်အဖုံဖုံက နေရာတိုင်းမှာ ရှိနေတတ်တယ်။တောင်ငေး မြောက်ငေးနဲ့ လျှောက်ရင်း ငှက်ပျောခွံတက်နင်းလို့ ချော်လဲနိုင်တယ်။ ခွေးချေးပုံ လတ်လတ်ဆတ်ဆတ်ကြီး တက်နင်းမိနိုင်တယ်။ ဝရုန်းသုန်းကား ပြေးလာတဲ့ နွားအုပ်တွေ နောက်ကနေ ဝင်တိုးသွားနိုင်တယ်။ မတွေ့ချင်လို့ ရှောင်နေရတဲ့ သူငယ်ချင်းတစ်ယောက် ယောက်က ကသောင်းကနင်းသွားလာနေတဲ့ လူတွေ ယာဉ်တွေကြားကနေ ဗြုန်းဆိုပေါ်လာပြီး ပြေးဖက်နိုင်တယ်။ အဲဒါမျိုး ကျွန်တော်ကြုံတွေ့ခဲ့ရတာပဲ။ ဂျွန်လ ၁ရ ရက်နေ့က မဟာလက်ချမီး မြင်းပြိုင်ကွင်းရှေ့မှာ ဆလင်း နဲ့ ကျွန်တော် ဝင်တိုးမိကြတယ်။သူ နဲ့မတွေ့တာ ငါးနှစ်လောက်ရှိရောပဲ။   *******************   အက်ဂရာ ကနေ မွမ်ဘိုင်းကိုစရောက်တဲ့ လွန်ခဲ့တဲ့သုံးလလောက်ကတည်းကပဲ ဆလင်းနဲ့ မဆက်သွယ်ဖို့ […]


နောက်နေ့မနက်ကျတော့ ဘယ်လ်ဝမ့် ဆင်းဂ် ကြီးကို သူ့အခန်းထဲမှာ အားလုံးတွေ့ကြရပါတယ်။ နို့ ကရားလေး နဲ့ သတင်းစာကတော့ တံခါးဝက ဖိနပ်ချွတ်မှာ ဒီအတိုင်းလေး။ အခန်းနံရံ မှာ သူ့ချိုင်းထောက်လေး နှစ်ဘက်ကို သေသေသပ်သပ်လေး ထောင်ထားလို့။တစ်လုံးတည်း သော သစ်သားကုတင်ကိုတော့ အခန်းထောင့်ကို ရွှေ့ထားတယ်။ အိပ်ယာဘေးက စားပွဲခုံလေးပေါ်မှာ လက်ဘက်ရည်ကြမ်းခွက်ကလေးတစ်လုံး။ လက်ဘက်ခြောက် ဖတ် ကလေးတွေတောင် ခွက်ထဲမှာ ရှိနေသေးတာ။အခန်းအလယ်တည့်တည့်မှာတော့ ထိုင်ခုံကလေးတစ်လုံးက လဲ နေရှာတယ်။ ထိုင်ခုံရဲ့ အထက်မှာကျတော့ လေထဲမှာ မသိမသာလေး လှုပ်ယမ်းနေတဲ့ ဘယ်လ်ဝမ့်ကြီးရဲ့ ခြေထောက်နှစ်ချောင်း။ မျက်နှာကျက် ပန်ကာကနေ တွဲလောင်းကျလာတဲ့ ပန်းရောင်အဝတ်စတစ်စက သူ့လည်ပင်းမှာ ချည်လို့ဗျ။ သူအမြဲဝတ်လေ့ရှိတဲ့ သံလွင်စိမ်းရောင် စစ်ယူနီဖောင်းကို  နောက် ဆုံးအချိန်ထိ ဝတ်ထားရှာတယ်။သူ့ခေါင်းကတော့ ရင်ဘတ်ပေါ်ငိုက်စိုက်ကျလို့။သူ့ခန္ဓာကိုယ် အလေးချိန်နဲ့ […]


ထုံးစံအတိုင်း ဒယာနက်ရှ်က မေးနေကျ မေးခွန်းကိုပဲ ထပ်မေးပြန်တယ်။ “ဒါနဲ့ ..ဒီတိုက်ပွဲမှာရော.. အဘ ဘာဆုတံဆိပ် ရခဲ့သေးလဲ” အဘိုးကြီး ငြိမ်ကျသွားလိုက်တာ မေ့ကြောများ ထိသွားသလားမှတ်ရတယ်။ ခဏကြာတော့မှ ခါးသီးတဲ့လေသံ နဲ့ – “ငါတော့ ဘာဆိုဘာမှ မရပါဘူးကွာ…တို့ အမှတ် ၃၅ ဆစ်တပ်ရင်းမှာ အမ်ဗွီစီ နှစ်ယောက်၊ ပီဗွီစီ နှစ်ယောက်ရတယ်..ငါ့အဖွဲ့က သုံးယောက်က သိန ဆုတံဆိပ် အသီးသီးရကြတယ်..သူတို့အတွက် ကျဆုံးတဲ့ အထိမ်းအမှတ် အဆောက်အအုံကို ဂျော်ရီယန် မှာ တည်ဆောက်ပေးခဲ့တယ်ကွာ..ငါကတော့..ဘာမှကို မရခဲ့တာ…အသိအမှတ်ပြုတဲ့ စာတိုလေးတစ်စောင်..စကားလေးတစ်ခွန်း တောင် မရခဲ့တာ…ငါ့ရဲ့ ရဲဝင့်စွန့်စားမှုကို ဘယ်သူမှ အသိအမှတ်မပြုခဲ့ဘူး..ဘယ်သူမှလည်း မသိခဲ့ဘူး…” သက်ပြင်းတစ်ချက်ချပြီး ဆက်ပြောတယ်။ “ဒါပေမဲ့လို့  ဝမ်းနည်းစရာရယ်တော့ မရှိပါဘူးကွာ…အေမာဂျိုတီမှာ အမည်မသိတဲ့ အညတရ စစ်သားအလောင်းတွေကို မီး […]


ပုံပြောကောင်းတဲ့ အဘိုးကြီး။ ကောင်းခန်းရောက်ခါမှ ရေတစ်ခွက်လောက် ဆိုတော့ မနည်းသည်းခံပြီး သိချင်စိတ်ကို အောင့် ထားရတာ။သူ့ဇာတ်လမ်းမှာ ကျွန်တော်တို့ မျောနေပြီဆိုတာ သိလို့ ကလိလိုက်တာ ဖြစ်မှာ။အဲဒါနဲ့ တစ်ယောက်က ထပြီး ကော်ဖီထည့်တဲ့ ဖော့ခွက်လေးတစ်ခွက်နဲ့ ရေခပ်ပြီး ဘယ်လ်ဝမ့် ဆင်းဂ်ကြီး ကို အမြန်သွားပေးတယ်။ကျွန်တော်တို့ လည်ပင်း လေးတွေဟိုလှည့်သည်လှည့်နဲ့ ရေသွားခပ်တဲ့လူကိုလိုက်ကြည့်လိုက်..ဘယ်လ်ဝမ့် ဆင်းဂ်ကြီးလက်ထဲ ရေခွက်ရောက်သွားလို့ သူရေသောက်နေတာကို ကြည့်လိုက်နဲ့ စိတ်ကို မနည်းရှည်အောင်ထားနေရတယ်။ ဘိုးတော်က ရေများ အရသာခံသောက်နေ လား မသိပါဘူး။ ရေသောက်ပြီးကာမှ သူ့ဇာတ်လမ်းကို ပြန်ဆက်ပါတော့တယ်။ “အဲဒီအချိန်လောက်မှာ အက်ခ်နူးက အမှတ် ၃၆၈ တပ်မရဲ့ ဗိုလ်မှူးချုပ်တစ်ယောက် တို့ဆီရောက်လာသကွ..သူ လည်း ဒီမှာဖြစ်နေတဲ့ဗရမ်းဗတာ ဝရုန်းသုန်းကား အခြေအနေကို မြင်ရတော့တာပေါ့..စစ်သားတွေဆိုတာလည်း သွေးရူးသွေးတန်း ပြေးလွှားနေကြတာ..မြေပြင်တစ်ခုလုံးလည်း ဗုံးတွေ […]


“အဲဒါနဲ့ နောက် ဘာဆက်ဖြစ်လဲ ပြောပါဦးဗျ..” မစ္စတာ ဝါဂဲလ် က စကားကို ပြန်ဆက်ခိုင်းတယ်။ “ထူးထူးခြားခြား သိပ်မရှိတော့ပါဘူး…ငါလည်း ရန်သူ့ဘန်ကာဆီသွားတယ်..အဲဒီမှာ ပါကစ္စတန် စစ်သားသုံးယောက် အလောင်း နဲ့ ခါနေးလ် အလောင်း ရှိတာ..ခါနေးလ် အလောင်းကို ပခုံးပေါ်ထမ်းလို့ ငါ့တပ်ဆီပြန်သယ်လာခဲ့တာပေါ့..နောက်နေ့မနက်ကျတော့ ခါနေးလ် အလောင်းကို မီး သဂြုႋဟ် တယ်..ငါ့တပ်မှူးကို ခါနေးလ် ရဲ့ ရဲဝံ့ပြောင်မြောက်တဲ့ တာဝန်ထမ်းရွက်မှုကို သေသေချာချာပြော ပြတော့ တပ်မှူးက ခါနေးလ်ကို အမ်ဗွီစီ ဘွဲ့တံဆိပ် ပေးဖို့ ထောက်ခံချက်ပေးလိုက်တော့တာပဲ..အင်း..ခုထိ သူ့မျက်နှာကို မြင်ယောင် တုန်းပါပဲ…” စစ်သားအိုကြီးက သူ့ရဲဘော်ရဲဘက် ခါနေးလ်ကို သတိရမိလို့ပဲလားတော့ မသိဘူး..မျက်လုံးတွေမှာ မျက်ရည်စလေးတွေ သီလို့။ “အမ်ဗွီစီ ဆိုတာ ဘာတုန်း အဘရဲ့..” ဒယာနက်ရှ် က […]


“ဒီလိုနဲ့ ..တိုက်ပွဲစတဲ့ ဒီဇင်ဘာ ၃ရက်နေ့ ည မှာ တို့လေးယောက်က ရှေ့ဆုံးတန်း ဘန်ကာထဲမှာ ရှိနေတာပေါ့..အဲ..” အဘိုးကြီးပြောနေတုန်း ပူတူးက ဖြတ်မေးသေးတယ်။ “အဘ တို့ ဘန်ကာထဲမှာ တီဗီရော ရှိလားဟင်…” အဘိုးကြီးက ရီတယ်။ “မရှိပါဘူး ..ငါ့မြေးရယ်.. တီဗီလည်း မရှိဘူး ..ကောဇောလည်း မရှိဘူး..ကျဉ်းကျဉ်းကျုတ်ကျုတ်လေး ရယ်..တို့ လူလေးယောက်  ဝမ်းလျားမှောက်တိုးဝင်ရတာ…ခြင်တွေကိုက်လိုက်တာလည်း မပြောနဲ့..တစ်ခါတစ်လေ မြွေတွေ ဘာတွေတောင် ဝင်လာတတ်  သေးတာ..” အဘိုးကြီး ဘယ်လ်ဝမ် ဆင်းဂ် အသံက ပိုပြီး လေးနက်တည်ကြည်လာတယ်။ “မင်းတို့အထဲမယ် ..ဘယ်သူက ချမ်းဘ် နယ်မြေနဲ့ ပတ်သက်ပြီး ရင်းရင်းနှီးနှီးရှိလည်း တော့ ငါမသိဘူး..အဲဒီနေရာက မြေပြန့်ဆိုပေမဲ့ မီးခိုးရောင် ကျောက်တုံးတွေရယ်..ဆာကန်ဒါလို့ခေါ်တဲ့ မြက်ရိုင်းပင် အရှည်ကြီးတွေ ရှိတယ်လို့တော့ သိကြတာ..မြက်ရိုင်းပင်ကြီးတွေ […]


တီဗီက စစ်သတင်းကို တိုက်ရိုက်လွှင့်နေတာ။ တီဗီ ဖန်သားပြင်မှာတော့ စိမ်းဖန့်ဖန့် မြူတွေလား အခိုးတွေလားပဲ လွှမ်းခြုံထားလို့ ဝေတေဝါးတား ဖြစ်နေတာပဲ မြင်နေရတယ်။ ဟော..ဒုံးကျည်ပစ်စင် တစ်ခုမှာ ဒုံးကျည်တစ်စင်းကို ထည့်ပြီး စစ်သားတစ်ယောက်က ခလုတ်ကို နှိပ်ထည့်လိုက်တာ။ဒုံးကျည်က မီးပွားတွေ ပန်းထွက်ပြီး ထိုးတက်သွားတာပဲ။ မိနစ်ဝက် လောက်ကြာတော့ အတော်တော်လှမ်းတဲ့နေရာတစ်ခုမှာ စိမ်းဝါဝါ မီးတွေ လက်ခနဲဖြာထွက်ပြီး ပေါက်ကွဲသံသဲ့သဲ့ကြားလိုက် ရတယ်။ ဒုံးပစ်စင်ဘေးက စစ်တပ်အရာရှိက သွားဖြဲပြီး – ပစ်မှတ်ကို အတိအကျ ထိမှန်ပါတယ် လို့ သတင်းထောက်ကို ပြောနေလေရဲ့။ အရာရှိရဲ့သွားတွေက သဘာဝအတိုင်းမဟုတ်ဘဲ စိမ်းတိမ်းတိမ်း ဖြစ်နေသယောင်ယောင်။နောက် ဆယ် စက္ကန့်လောက်ကြာတော့ ဒုံးကျည်တစ်စင်း ပစ်စင်ပေါ် ထပ်တင်ကြပြန်တယ်။ သတင်းထောက်က ကင်မရာဘက်လှည့်ပြီး – “ဟုတ်ကဲ့..အခု ရာဂျက်စ်သန် နယ်မြေမှ […]