ဟုတ်ကဲ့စာဖတ်ကြဖို့လိုပါတယ်။စာများများဖတ်မှ အသိပညာ အတတ်ပညာ သုတ တိုးပွားမယ်။ တိုင်ပြည်အတွက်အကျိုးရှိမယ်။ ပြောရရင်စာဖတ်ခြင်း အကျိုးကိုခင်ဗျားတို့ကပိုသိမှာပါ။သိလို့လဲကျနော့်ကိုစာများများ ဖတ်ဖို့ ဝိုင်ဝန်းတိုက်တွန်း အကြံပေး လမ်းညွှန် ကြတာလို့ ထင်ပါတယ်။အဲဘာပြုလို့စာဖတ်ခိုင်းတာလဲ လို့ပြန်ကြည့်လိုက်တော့ ဟီး မိခင်မေတ္တာကိုရေးမိလို့ ဝိုင်းပြီးစာဖတ်ခိုင်းတာလားမသိ။ ဟုတ်ကဲ့ပါ တခြားအသိပညာတိုးပွားဖို့ဆိုစာဖတ်ပါ့မယ်ခင်ဗျာ။ ဖတ်လည်းဖတ်နေပါတယ်။ကျနော့်အတိုင်းအတာနဲ့ကျနော်နိုင်သလောက် ဖတ်နေပါတယ်။ အရင်က အိမ်ထောင်မကျခင်ပေါ့လေ။ရ တန်းလောက် ကစပြီးစာမျိုးစုံဖတ်ပါတယ်ခင်ဗျ။ဝယ်ဖတ်တယ်။ဌားဖတ်တယ်။စာကြည့်တိုက် မှာဖတ်တယ်။တခါတလေ ဆရာမောင်စူးစမ်းရဲ့စာအုပ်တွေအပြင်မှာဌားဖို့မရှိ ဝယ်လို့မရရင် စာကြည့်တိုက်မှာနားလည်မူ့နဲ့စာအုပ်လဲ ပြီးသမတယ်။ မကောင်းမှန်းသိသိနဲ့လုပ်ရပေမဲ့ အဲဒီစာအုပ်မျိုးကဖတ်သူမရှိလို့ ဖျက်ဆီးစာရင်း ပါတော့မှာဆိုတာလဲသိရလို့သမတာလဲပါပါတယ်။ နောက်ပိုင်းအိမ်ထောင်ကျပြီးနဲနဲအဖတ်ကျဲသွားတယ်။ စာတွေပဲဖတ်ရမဲ့ အခါမဟုတ်တော့ဘူး။ ဘဝကိုလက်တွေ့ကျကျဖတ်ရမဲ့အချိန်ဖြစ်လာတယ်။ ဇနီးမယားအပေါ် ဝတ်တရားတွေ အကြင်နာတွေနဲမိသားစုဘဝကို တည်ဆောက်ရတယ်။နှစ်ဘက်ဆွေမျိုးနဲ့မေတ္တာပေါင်းကူးတံတားတည်ဆောက် ရတယ်။ပါတ်ဝန်ကျင်အသိုင်းအဝိုင်နဲ့လည်းသင့်တင့်တဲ့ဆက်ဆံရေးတည်ဆောက် ရတယ်။ ဒီနောက်သားသမီးတွေရလာတယ်။ဖခင်မေတ္တာမိခင်မေတ္တာတွေနဲ့သားသမီး အပေါ်ကိုလွှမ်းခြုံပေးရတယ်။ဒီလိုမိသားစုတာဝန်အသီသီးကျေပွန်ကြတာ ကျနော်တို့နှစ်ဘက်ဆွေမျိုး ပါတ်ဝန်ကျင် လူအားလုံးကသိမြင်နားလည်ကြတယ်။ ဒါကြောင့်ကျနော့်ပါတ်ဝန်ကျင်မှာကျနော်တို့နှစ်ယောက်ဘာလုပ်လုပ် ထောက်ခံ ကြတယ်။ယုံကြည်ကြတယ်။အားကိုးကြတယ်။ အထင်လဲကြီးကြတယ်။ ဒါတွေဟာမိသားစုအတွင်းမေတ္တာကိုသူတို့မြင်တယ်။ကျနော်တို့ဘဝကိုဖတ်တယ်။ […]