ဒီသတင်းကို မလေးရှားနိုင်ငံတွင်ထုတ်လုပ်ဖြန့်ချီသော ဝံသာနုသတင်းဂျာနယ် အတွဲ-၁၊အနှတ်-၁၄(ဇူလိုင်-၉-၂၀၁၁)နေ့စွဲပါ။သတငးဂျာနယ်မှရရှိပါသည်။တာဝန်ခံထံမှလည်း သတင်းဖြန့်ဝေရန်အတွက်ခွင့်ပြုချက်ရယူပီးဖြစ်ပါသည်။ သတင်းအပြည်အစုံမှာ။    ။ကမ္ဘာ စားနပ်ရိက္ခာရှားပါးမူဟာ အရေးတကြီးဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ်ဖြစ်နေပါတယ်…သို့သော်လည်း ပါမောက္ခ အီကီဒါ ကတော့ ၎င်းရြ့နောက်ဆုံးပေါ် တီထွင်ကြံဆမူဖြစ်သည့် လူ့မစင်မှနေပရိုတိန်းဓါတ်ပါသည့်အသားတုတစ်မျိုး တီထွင်ထုတ်လုပ်နိုင်မူဟာ ထိုအခက်အခဲပြဿနာကို အရေးပါသည့် နေရာမှ ကူညီဖြေရှင်းပေးနိုင်ယ်လို့ ယူဆနေပါတယ်…. အိုကာယာမာ ဓါတ်ခွဲစမ်းသပ်ခန်းမှ ဂျပန်နိုင်ငံသား သုတေသနပညာရှင်က ၎င်း၏တိုင်းပြည်တွင် မိလ္လာပြဿနာများမနိုင်မနင်းဖြစ်နေခဲ့သဖြင့် တိုကျို မိလ္လာဌာနနေဖြင့် ထိုအခက်အခဲကို အကျိုးရှိစွာဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖွေဖို့ ၎င်းအား ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်….ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ ကြောင်တောင်တောင်နိုင်လှမူဟာ လူသိများတာကြောင့်ယခုလို ရွံရှာဖွယ်မစင်မှ အစားအသောက်အဖြစ်ထုတ်လုပ်မည်ဟု စိတ်ကူးကြံဆ တီထွင်ချက်ဟာ သိပ်တောါမထူးဆန်းလှပါဘူး…၎င်းရဲ့ သုတေသနပြုမူကာလတွင်းမှာ ပညာရှင် အီကီဒါ ဟာ မိလ္လာအညစ်အကြေးအဖတ်များတွင် ပရိုတင်းဓါတ်များ အမြောက်အများပါဝင်နေသည်ကို တွေရှိရလို့ ထိုတန်ဖိုးရှိ ပရိုတိန်းများအား […]


ကျနော်တို့ မြန်မာလူမျိုးဗုဓ္ဒဘာသာဝင် တိုင်းလက်ခံယုံကြည်ထားကြတာက သံသရာဆိုတာရှိတယ်။အတိတ်ဘဝဆိုတာတွေကိုလည်းလက်ခံထားကြတယ်။ဒီနေရာမှာ အငြင်းပွါးဖို့အတွက်မယူဆစေလိုပါ၊ကျနော်ရဲ့ ယူဆချက်ထင်မြင်ချက်များသာဖြစ်ပါတယ်။စာဖတ်သူတို့အနေနဲ့ လွတ်လတ်စွာတွေးခေါ်ယူဆနိုင်ကြပါတယ်။ အထုံဆိုတာဘာလဲ….အတိတ်ကမိမိပြုခဲ့သော စေတနာကုသိုလ်တွေကြောင့် ယခုဘဝမှာကောင်းသောအထုံပါခဲ့တယ်။ထို့ကြောင့် နောင်ဘဝထိ ကုသိုလ်ကံများကောင်းအောင်ယခုဘဝ၌ကုသိုလ်ကောင်းမူများ ပြုလုပ်ကြမယ်။အဲဒီမှာ ဥပုတ်သီလများဆောက်တည်တယ်၊ဒုလ္လဘရဟန်း သာမဏေတွေဝတ်ကြတယ် ဒါဆိုရင်နောင်ဘဝအတွက် အထုံပါပီလား၊ဘယ်လောက်ထိပါနိုင်သလဲ… အထုံဆိုတဲ့သဘောက ပွါးများတာ၊ကျင့်ကြံအားထုတ်ခဲ့သည်များကို ထပ်ခါတလဲလဲ ပွါးများအားထုတ်သည်ဟုဆိုလိုတာပါ။မိမိပြုခဲ့သော ကုသိုလ်တွေကို ထပ်ခါထပ်ခါ ကြံသိ၊ပါွားများမှသာကောင်းသော အထုံဖြစ်နိုင်ပါတော့မည်။ မိမိတို့တစ်ကြိမ်တစ်ခါပြုခဲ့ဘူးသော ကောင်းမူကုလိုလ်ကို အကြိမ်ကြိမ်အဖန်ဖန်ပွါးများနေလျှင်လဲ ကောင်းသောအထုံပါမည်ဖြစ်ပါတယ်။ ဒါန၊သီလ၊ဘာဝနာ စတဲ့ကောင်းမူကုလိုလ်တွေကို တစ်ခါပင်ဖြစ်စေ။စိတ်စင်ကြယ်စွာ၊သီလစင်ကြယ်စွာ၊ဘာဝနာတရားများအားထုတ်ခဲ့ပီး၊ထိုပြုခဲ့သော ကောင်းမူအား အကြိမ်ကြိမ်သတိရအောင့်မေ့ ပွါးများနေမယ်ဆိုရင် အကြိမ်ကြိမ်ကုသိုလ်တရားများရရှိနေမှာပါပဲ။ကျနော်တို့သည်များသောအားဖြင့် ကောင်းမူကုသိုလ်များကိုအကြိမ်ကြိမ်ပြောဆိုသတိရနေခြင်းထက် မကောင်းမူတွေကိုသာ အကြိမ်ကြိမ်ပြောဆိုဂုဏ်ယူတတ်ကြပေသည်။ အသက်(၂၀)ဝင်းကျင်ရှိလူငယ်လေးတစ်ဦးသည် သူများတွေထက်အရက်ပိုသောက်နိုင်ကြောင်း၊ထစ်ခနဲဆိုရင် ရိုက်ပီးသားပဲ၊ဘယ်လိုမိုက်ခဲ့တာကွ။သူဘယ်လောက်မိုက်ကြောင်းကိုသာ အကြိမ်ကြိမ်ပြောဆို အောင့်မေ့သိရစွာနေမယ်ဆိုရင် မကောင်းသောအထုံတွေပဲသူ့ဆီမှာကိန်းကောင်းနေမှာပါ၊မကောင်းသောအထုံတွေပဲ ပွါးများနေသလိုပါပဲ။ကျနော်လည်းတစ်ချိန်က ယစ်မူးအပျော်ကြူးသူတစ်ပါပဲ၊အမှားနဲ့အမှန်ကိုခွဲခြားသိလာတဲ့ အချိန်ကစပြီး မိမိပြုခဲ့ဘူးသောအမှားတွေနောင်တတွေကို ညီငယ်ညီမငယ်များအားပြန်လည်၍မျှဝေ အသိပေးခြင်းသာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သမ္မပ္ပဓာန် တရား (၄)ပါးမှာ.. […]


လွန်ခဲ့သော ဧပြီလ ၁၅ နေ့ ထုတ် ဟဲလိုမြန်မာဂျာနယ် လေးထဲမှာပါလာတဲ့ ဗဟုသုတပညာပေးလေးပါ။ အရက်သောက်ခြင်းဟာကျမ်းမာရေးကိုထိုခိုက်စေရုံမကပဲ မိမိ၏ပိုက်ဆံအိတ်ကိုပါထိခိုက်စေနိုင်ကြောင်းကို အဲဒီ ဆိုဒ့်လေးထဲမှာဖေါ်ပြပေးထားပါတယ်။အရက်သောက်ခြင်းကြောင့် ရရှိလာမယ့် အကျိုးအပြစ်တွေ၊သတိမူစရာအချက်အလက်တွေကို စိ်ဝင်စားဖွယ်ပညာပေးနေတဲ့ Application ပါ။ Booze Calculator ဟာ ကိုယ်သောက်ခဲ့တဲ့နူန်းထားပေါ်မူတည်ပြီး ကျမ်းမာရေးဘယ်လောက်ထိခိုက်နိုင်တယ်၊ပိုက်ဆံဘယ်လောက်ကုန်သွားတယ်၊အချိန်ဘယ်လောက်လေလွင့်သွားတယ်ဆိုတာတွေကို သရှိနိုင်သည့်အပြင် ရှိတဲ့ပိုက်ဆံနဲ့ အခုလိုလုပ်စားမယ့်အစား ဘယ်လိုအာဟာရရှိတဲ့ အစားအစာတွေကိုစားသုံးနိုင်တယ် စတဲ့ သတိမူစရာအချက်တွေကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးနေတဲ့ Flash Application လေးဖြစ်ပါတယ်။Booze Calaculator ကိုအသုံးပြုဖို့စစချင်းမှာ ကိုယ်ဟာ အမျိုးသား၊အမျိုသမီး ဖြစ်တယ်ဆိုတာရွေးချယ်ပေးပြီး နောက်ဆုံးကိုယ်သောက်ခဲ့တဲ့ စံချိန်အတိုင်း Application မှာရွေးချယ်ပေးရမှာဖြစ်ပါတယ်။သုံးစွဲသူ အနေနဲ့ ဘီယာ၊ဘီယာ(အပြင်း)၊ဝိုင်၊အရက်(ပြင်း)၊အပျော့ စတာတွေကို ဘယ်နှစ်ခွက်သောက်တယ်သုံးခဲ့သလဲဆိုတာ ရွေးချယ်ပေးဂမှာဖြစ်ပါတယ်။ဒါဆိုရင်သင်ပေးလိုက်တဲ့ အချက်အလက်တွေမှာမူတည်ပြီး Booze Calculator ကနေ စတင်တွက်ချက်မှာဖြစ်ပါတယ်။Booze Calculator Application ကတွက်ချက်လို့ရတဲ့ […]


ကျွန်တော်နားလည်သလောက်စိတ်ကူးနဲ့ တန်ဘိုးဆိုတာကို ဘာသာပြန်ကြည့်တာပါ။စာဖတ်သူတို့ဘက်မှလည်းမိမိနှစ်သက်သလို ယူဆနိုင်ပါတယ်။ တန်ဘိုး(VALUE)။     ။တစ်နေ့က ကျွန်တော်နားမှာ လူငယ်နှစ်ယောက်စကားအခြေအတင်ပြောကြရင်း။တစ်ယောက်က မင်းကငါ့ကို နှစ်ပြားမတန်အောင်ပြောတယ်နော်ဟုဆိုလေ၏၊ ကျန်တစ်ကောက်က အေးလေ..မင်းက ဘယ်နှစ်ပြားတန်လို့လဲဟု စကားထောင်သားလေသံနှင့်ပြန်မေးလိုက်လေရာ အနားမှာရှိသူအားလုံးပွဲကျသွားလေသည်။ အဲဒါနဲ့ ကျွန်တော့်ခေါင်းထဲကို တန်ဘိုးဆိုတာလေးဝင်လာပါတော့တယ်။တန်ဘိုးဆိုတာဘယ်ကစတာလဲ၊ဘယ်သူတွေကစတင်သတ်မှတ်ခဲ့တာလဲ။ရှေးပဝေသဏီ ကမ္ဘာဦးအစက တန်ဘိုးဆိုတာကိုသိတာဘာတွေလဲ…စသည်ဖြင့်ပေါ့ဗျာ တွေးမိတွေးရာတွေကြည့်မိတာပါ။မိမိနှစ်သက်ရာ ဘာသာရေးရူဒေါင့်မျိုးစုံကလည်းစဉ်းစားကြည့်နိုင်ပါတယ်။ ကျွန်တော့်ယူဆချက်ကတော့ အသုံးပြုနိုင်မူ၊အသုံးချနိုင်မူ ပေါ်မှာမူတည်တယ်လို့ထင်မိတယ်။တန်ဘိုးရှိလှပါတယ်ဆိုတဲ့ စိန်တွေ၊ရွေတွေဟာ ကန္တရထဲမှာ ရေငတ်နေသူကိုသွားပေးရင် သူ့အတွက်ရေတစ်ခွက်ကပိုပြီး တန်ဘိုးရှိလိမ့်မယ်လို့ထင်ပါတ ကျောက်ခေတ်လူသားတွေသာ မီးကို အသုံးပြုနိုင်မှန်းမသိခဲ့ရင်၊ယနေ့ခေတ် ကွန်ပြူတာတွေ၊ဆက်သွယ်ရေးနည်းစနစ်တွေကို ကောင်းစွာ အသုံးမပြုတတ်၊အသုံးမချတတ်ရင်…တန်ဘိုးဆိုတာကိုသိနိုင်ဘာအုံးမလား… မိမိကိုယ်တိုင်ရော တန်ဘိုးဖြတ်နိုင်ပီလား…မိသားတစ်စုအတွက်ကောင်းစွာတာဝန်ကျေတယ်ဆိုရင်တော့၊မိသားတစ်စုအတွက် တန်ဘိုးရှိတဲ့သူပေါ့၊လူအများကောင်စားဖို့၊အများအကျိုးကို ဆောင်ရွက်နေသူဆိုရင်တော့ လူအများအတွက်တန်ဘိုးရှိသောသူပေါ့။ကျွန်တော်ကတော့ မိသားစုအတွက်ပဲ တန်ပါသေးတယ်၊အများအတွက်တန်ဘိုးရှိသောသူဖြစ်အောင်ကြိုးစားနေပါတယ်။ ကျွန်တော်တို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက မနုဿတ ဒုလ္ဘ ဟုဆိုမိန့်တော်မူခဲ့ပါတယ်။လူဘဝဆိုတာ ရခဲလှပါတယ်။ရခဲလှသော ဤလူ့ဘဝ၌ လူ့ဘဝတန်ဘိုးသိဖို့ အရေးကြီးလှပါတယ်။


သိပြီးတဲ့လူတွေလဲရှိမယ်ထင်ပါတယ်၊ ကျွန်တော်က အခုမှတွေ့လို့ တင်ပေးလိုက်တာပါ။ နောင်အနှစ် ၂ဝ မှာ မိမိရဲ့ရုပ်ပုံဘယ်လိုဖြစ်မယ်ဆိုတာကို အခုတည်းကကြိုတင်သိချင်တယ်ဆိုရင် ဒီဆိုဒ်လေးထဲကိုဝင်ကြည့်လိုက်ပါ။မျက်နှာပြင်ဖက်နည်းပညာတွေကိုသုံးပြီး သင့်ရဲံ့ဇရာရုပ်ကို ဖန်တီးပေးပါတယ်။လက်ရှိဓာတ်ပုံကိုတင်ပါ၊ ကျား၊မ ရွေးပြီး အနှစ် ၂ဝ ကြီးချင်သလားရွေးပါ။သင်ဟာ မူးယစ်ဆေးသုံးသူ ဟုတ်မဟုတ်ဆိုတာကိုပါရွေးပေးပါ၊အားလုံးပြီးသွားရင် နှစ် ၂ဝ ကြီးသွားတဲ့သင့်ရဲ့ရုပ်ရည်ကိုတွေ့ရပါပြီ။ ဇရာရုပ်ကိုကြည့်နိုင်တဲ့လိပ်စာက http://www.in20years.com/ ပဲဖြစ်ပါတယ်။


ဒီပိုစ့်လေးကို မိမိလက်ရှိဘဝနှင့် အခြေအနေလေးကို ဘဝတူ သက်တူရွယ်တူ ညီအကိုမောင်နှမ ညီငယ်ညီမငယ်အားလုံးတွက်ရည်ရွယ်၍ရေးသားတင်ပြလိုက်ပါတယ်။ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့သောဘဝနှင့် အစိတ်အပိုင်းလေးတွေပါ။ကျွန်တော်တို့ အားလုံးဟာ ဘဝအတွက် ပုံသဏ္ဍန်မျိုးစုံနဲ့ ရုံးကန်နေကြတာပါ။ပညာတတ်သူ၊မတတ်သူ အားလုံးရဲ့ ရည်ရွယ်ချက်တွေကတော့ တူညီနေပါတယ်၊ပြည့်စုံသောဘဝ၊အောင်မြင်သောဘဝတွေကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ကျွန်တော်ဟာ လွန်ခဲ့သော (၁၅)နှစ်လောက်က ရေထဲမှာရှာလိုက် ကုန်းပေါ်ရောက်ရင်ကုန်သွားလိုက်နဲ့ လုံးလည်ချာလည်လိုက်နေတာပါပဲ။သမင်မွေးရင်း ကျားစားရင်ပါပဲ။ စုဆောင်းမိသလောက်လေးနဲ့ ကားဝယ်ရောင်းလည်းလုပ်ဖူးပါတယ်၊၂၀၀၂ အတွင်းလောက်ကပါ၊အရောင်းမန်နေဂျာအဖြစ်လည်း လုပ်ခဲ့ပါတယ်။သေသေချာချာ စုဆောင်းမိတာမရှိသလောက်ပါပဲ။အဲဒါနဲ့ မလေးကို ၂၀၀၆ခုနှစ်လောက်မှာ ရောက်လာခဲ့ပါတယ်။ ၂၀၀ရ ခုနှစ်လောက်မှာကိုယ်ပိုင် စားသောက်ဆိုင်အသေးလေးကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။အစက သိပ်အစဉ်မပြေပေမယ့် တစ်နှစ်ကျော်နှစ်နှစ်အတွင်းမှာတော့ တော်တော်အစဉ်ပြေလာပါတယ်။ယနေ့ တစ်နေ့ဝင်ငွေ ပုံမှန် Rm.800-1000 အထိရလာပါတယ်။အဲဒါနဲ့ ငွေလေးနဲနဲစုဆောင်းမိပြီး နောက်ထပ်လုပ်ငန်းတစ်ခုလုပ်ရန်စဉ်းစားမိပါတယ်၊ဒါပေမယ့် အစရှာမရဖြစ်နေပါတယ်။တစ်နေ့ စာအုပ်ဆိုင်မှ ချမ်းသာဖေဖေနဲ့ဆင်းရဲဖေဖေ ဆိုတဲ့ စာအုပ်လေးကို အထပ်ထပ်အခါခါဖတ်မိပြီး၊ ခေါင်းထဲမှာလင်းကနဲ အကြံရသွားပါတယ်။ဟုပ်ပြီ..ငါတော့ လမ်းစရပြီ၊ ငါလုပ်ကြည့်မယ်ဆိုပြီးတော့ အိမ်ခြံမြေရောင်းဝယ်မူမှာ ရင်းမြှပ်နှံမူကိုစတင်ပါတော့တယ်။၂၀၀၉ […]


မင်္ဂလာရှိသော မြန်မာသက္ကရဇ် ၁၃၇၃ ခုနှစ်မှာ ဂေဇက်မှသူကြီးနှင့်တကွ ရွာသူရွာသားအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည်စုံကြပါစေ။ ကျနော်ဂေဇက်မှာ ပိုစ့်မရေးဖြစ်တာကြာပါပီ။ယခုရေးမယ့်အကြောင်းအရာလေးဟာ ပြည်တွင်း၊ပြည်ပမှာရှိနေကြတဲ့ ညီငယ်၊ညီမငယ်လေးများအတွက်ရည်ရွယ်ပါတယ်။အထူးသဖြင့် စိတ်ဓါတ်ကျပီးမိမိကိုမိမိအားမလို အားမရဖြစ်နေကြတဲ့သူများတွက်ရည်ရွယ်ပါတယ်။ ကျနော်ဟာမည်သူ့ကိုမှ ဆရာလုပ်လိုစိတ်လည်းမရှိပါ။မိမိကိုယ်တိုင်ဖြတ်သန်းလာခဲ့သောဘဝနဲ့ အတွေအကြုံလေးတွေ လက်ဆင့်ကမ်းပေးလိုတဲ့သဘောပဲရှိပါတယ်။လာမည့် စက်တင်ဘာလမှာ ကျနော်အသက်(၄၀)ပြည့်ပါတော့မယ်။ကျနော်အသက်(၁၉)အရွယ်မှစ၍ အနှစ်(၂၀)အတွင်းကြုံတွေ့သမျှ ဗဟုသုတလေးများကို လူငယ်များအတွက်မက်ဆေ့လေးတစ်ခုအဖြစ်ပေးပို့လိုက်တာဖြစ်ပါတယ်။ ယနေ့လူငယ်လေးများ၊များသောအားဖြင့်မိမိရောက်ရှိနေတဲ့ ဘဝအပေါ် အားမရ၊အားမရှိဖြစ်နေကြတာကို ကျနော်ပတ်ဝန်းကျင်မှာရော၊ပြည်တွင်းမှာရှိနေတဲ့ သူတွေရော အွန်လိုင်း စာမျက်နှာပေါ်က အရေးအသားတွေ၊ကဗျာလေးကတဆင့်သိလာရပါတယ်။ဒါကြောင့် စာလေးနည်းနည်းလောက်ရေးချင်တဲ့စိတ်များပေါ်လာခဲ့ပါတယ်။တစ်ချို့က ငါကဘွဲ့လည်းမရ၊စာလည်းမတတ်ဟု မိမိကိုယ်မိမိ အားငယ်သိမ်ငယ်နေကြပါတယ်။ ဘဝမှာ အောင်မြင်ဖို့(သို့)ချမ်းသာဖို့အတွက် ကံ၊ဉာဏ်၊လုံးလ၊ဝီရိယ၊ဇွဲ  ဆိုတဲ့ အခြေခံကုန်ကြမ်းတွေကို အချိုးညီစွာနဲ့ အသုံးချတတ်ဖို့ပဲလိုပါတယ်။ ငါကပညာလည်းမတတ်၊အရင်းနှီးလည်းမရှိဘူးဆြိုပီး၊ စိတ်ပျက်အားငယ်နေမဲ့အစား၊ငါဘယ်လို ဒီဘဝကနေရုန်းထွက်မလဲဆိုတာ အရင်ဆုံးစဉ်းစားပါ။အမေရိကန်သမတကြီးလင်ကွန်းဟာ မဟာသိပ္ပံဘွဲ့ရ ပုဂ္ဂိုလ်ကြီးမဟုတ်ပါ။ယနေ့ကမ္ဘာပေါ်မှာချမ်းသာနေသော သန်းကြွယ်သူဠေးကြီးများအားလုံးဟာလည်း ဘွဲ့ရပညာတတ်ကြီးတွေပဲမဟုတ်ပါ။သူတို့ဟာ အသုံးချနည်းပညာတွေနဲ့ ဇွဲ၊လုံ့လ၊ဝီရိယ အားတွေကိုအသုံးပြုပြီး တိုးတက်ကြီးပွါးချမ်းသာလာကြတာပါ။ ဒီနေရာမှာ ကျနော့်ရဲ့ အတွေ့အကြုံလေး […]


မြန်မာပြည်အရှေ့မြောက်ပိုင်းရှမ်းပြည်နယ် တာချီလိတ်မြို့နယ်တွင် ကြာသပတေးနေ့ည ၈း၂၅ မိနစ်အချိန်၌ ၇.ဝပြင်အားရှိငလျင်တစ်ခုလူပ်ခတ်သွားကြောင်းကို အမေရိကန်မြေငလျင်တိုင်းတာရေးမှ ဖေါ်ပြထားပါသည်။ ရှမ်းပြည်နယ်တာချီလိတ်မြို့နယ်အရှေ့မြောက်ပိုင်း ကျိုင်းတုံဒေသ၏မြေအောက် ၁၄၂.၅မိုင် အနက်ကို ဗဟိုပြု၍လူပ်ခတ်သွားကြောင်းသိရပါသည်။ သတင်းအပြည့်အစုံကို www.bbc.co.uk မှလည်းကောင်း၊www.mizzimaburmese.com တို့၌ ဖတ်ရူနိုင်ပါသည်။ ထိခိုက်ဒဏ်ရာနှင့်အသေပြောက်စရင်းများ မသိရှိရသေးပါ။


ကြက်သွန်နီက နှလုံးရောဂါကိုကာကွယ်ကောင်းကို လင်းယုန်မဂ္ဂဇင်းမှ ဖေါ်ပြထားသည်ကို ပြန်လည်ဖေါ်ပြပေးခြင်းဖြစ်ပါတယ်။ ကြက်သွန်နီမှာ ခန္ဒာကိုယ်ထဲမှ နှလုံးရောဂါနဲ့ လေသင်ထုန်းရောဂါများဖြစ်ပွားစေမည့်မကောင်းသော ကိုလက်စရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး တစ်ချိန်တည်းမှာ နှလုံးရောဂါကိုတိုက်ဖျက်ပေးသည့်ကောင်းသော ကိုလက်စရောလ်များကိုထိန်းပေးသိမ်းကြောင်း တရုပ်သုတေသီများကထုတ်ဖေါ်ကြေငြာလိုက်ပါတယ်။ ယောင်ကောင်မှ သုတေသီများက ကိုလက်စရောလ်များသော အစာများကို တိုက်ကျွေးထားသောကြွက်များကို ခြေမွထားသော ကြက်သွန်နီ များကို ခြေမွထားသော ကြက်သွန်နီများကို စားစေပြီး စမ်းသပ်လေ့လာမူ ပြုလုပ်ခဲ့ကြပါတယ်။သီတင်း(၈)ပတ်မျှ ကြာသောအခါ မကောင်းသော ကိုလက်စရောလ်များပါဝင်နေမူအဆင့်(သို့မဟုတ်)လစ်ပိုပရိုတိန်းပါဝင်သိပ်သည်းမူနိမ့်ကျနေမူ(LDL)ကို ၂ဝထိလျှော့ကျနေကြောင်းကိုပညာရှင်များကတွေ့ရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာ ကြွက်များ၏လစ်ပိုပရိုတိန်း သိပ်သည်းဆမြင့်မားမူ(HDL) မှာမူ မလျှော့ပါးပဲ ကောင်းသော ကိုလက်စရောလ်များမနိမ့်ကျသွားကြောင်း တွေ့ရှိခဲ့ကြသည်။ကြက်သွန်နီအများဆုံးစားသုံးသော ကမ္ဘာဒေသများမှာကင်ဆာဖြစ်ပွားမူအနည်းဆုံးတွေ့ရှိရသည်ဟု လေ့လာသူများကဆိုပါသည်။ဂျောဂျီယာနှင့်အမေရိကားတို့တွင် အစာအိမ်ကင်ဆာနှင့်အခြားကင်ဆာအမျိုးမျိုးဖြစ်ပွားမူနူန်းကို ပျမ်းမျှ ရာခိုင်နူန်းဝက်လျှော့ချစေသည်ဟုယုံကြည်စွာဖြင့် Videlia onion ဟုခေါ်သော ကြက်သွန်နီဥငယ်များစိုက်ပျိုးစားသုံးလာကြကြောင်းသိရှိရပါသည်။ကမ္ဘာဒေသများအနက် ကြက်သွန်နီနှင်ုကြက်သွန်ဖြူများကို အများဆုံး စားသုံးသော တရုပ်နိုင်ငံတွင် အစာအိမ်ကင်ဆာ ဖြစ်ပွားမူမှာ ကျန်ဒေသများထက် ပျမ်မျှအားဖြင့်၄ဝ ရာခိုင်းနူန်းလျှော့နည်းကြောင်းကို သုတေသီများက ပြောကြားခဲ့ပါတယ်ဟုသိရှိရပါတယ်။ ကြက်သွန်နီစားခြင်းဖြင့် နှလုံးရောဂါကာကွယ်နိုင်ကြပါစေ။


ဆေးလိပ်နဲ့ပက်သက်ပြီး ကမ္ဘာပေါ်မှာ ဆေးလိပ်မသောက်ရပဲနဲ့ နှစ်စဉ် ခြောက်သိန်းကျော် သေးဆုံးမူရှိနေကြောင်းကို ဗြိသျှဆေးကညာဂျာနယ် Lancet တွင်ဖေါ်ပြထားပါတယ်။ ဆေးလိပ်ငွေ့ကိုနေစဉ်ရူရိုက်နေရသောကြောင့် ရရှိလာသောရောဂါများကြောင့်သေးဆုံးရခြင်းဖြစ်ပါတယ်။ယင်းသို့ သေဆုံးသူရသူများထဲတွင် (၃)ပုံ၊(၁)ပုံ မှာ ကလေးသူငယ်များဖြစ်ကြ ကြောင်းကို တစ်ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာဖြင့် ဆေးလိပ်ကြောင့် သေဆုံးများစရင်းကို ပထမဦးဆုံး လေ့လာမူတစ်ခုက ဖေါ်ပြခဲ့ပါတယ်။(၂၀၀၄)နှစ်နောက်ပိုင်းတွင် ဆေးလိပ်မသောက်ပဲ ဆေးလိပ်ငွေရူမိရာမှ အဆုပ်ရောဂါကဲ့သို့ သောရောဂါများဖြစ်ပွါး၍ သေဆုံးရခြင်းဖြစ်သည်ဟု ဗြိသျှဆေးဂျာနယ် Lancet ၌ ဖေါ်ပြထားပါတယ်။ ၂၀၀၄ ခုနှစ်က ဆေးလိပ်သောက်သဖြင့်ရရှိသောရောဂါတို့ကြောင့် သေဆုံးသူ(၅.၁)သန်းခန့်ကိုပါပေါင်းထည့်လျှင် ဆေးလိပ်ကြောင့် သေဆုံးသူအရေအတွက်မှာ(၅.၇)သန်းထိရှိနိုင်ကြောင်းသိရပါတယ်။ဆေးလိပ်ကို ကိုယ်တိုင်မသောက်ဘဲ အငွေ့ကြောင့်ရောဂါရပြီး သေဆုံးသူအားလုံး၏ထက်ဝက်သည် အမျိုးသမီးများဖြစ်ကြသည်။ (၂၀၀၄)ခုနှစ် စရင်းအရ ဆေးလိပ်ငွေ့မှရရှိသောရောဂါကြောင့်သေဆုံးသူအရေအတွက်သည် ကမ္ဘာပေါ်တွင် တစ်နှစ်အတွင်း သေဆုံးသူစုစုပေါင်း၏ (၁)ရာခိုင်နူန်းအထိ ရှိလာသည်ဟုသိရပါသည်။ သုတေသီများက ကလေးမျာသည် ဆေးလိပ်သောက်သူများနှင့်နီးကပ်စွာရှိနေခြင်းသည် အလွန်ပင် အန္တရယ်များကြောင်း သတိပေး ပြောဆိုသွားပါသည်။ထိုအပြင် ဖွိ့ဖြိုးဆဲနိုင်ငံများတွင်ဆေးလိပ်မသောက်ပဲ ဆေးလိပ်ငွေ့ကြောင့် ရောဂါရရှိမူအခြေအနေသည် (၅၀)နူန်း ပိုဆိုးကြောင်းလည်းစစ်တမ်းတွင်ဖေါ်ပြထားသည်။အများအားဖြင့် ဆေးလိပ်ငွေ့ ထိတွေ့နီးစပ်မူအများဆုံးနေရာများမှာ အရက်ဘားနှင့်ကလပ်များကဲ့သို့သော နေရာများဖြစ်တတ်ကြောင်းကို လေ့လာတွေရှိထားသည်။စစ်တမ်းများရ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သူ (၁.၂)ဘီလျှံရှိကြောင်းလည်းသိရပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာတော့ ဆေးလိပ်ငွေ့တင်မကပါ။ခြင်ဆေးခွေ တွေကြောင့်ပါ ကလေးသူငယ်များရောဂါရရှိနေပါတယ်ဆိုတာကို အဲဒီ သုသေသန ပြုနေသူများမသိသေးဘူးထင်ပါတယ်။သိရှိပြီးစရင်းပြန်ပြုစုလျှင် သေဆုံးသူဦးရေများနောက်ထပ် တိုးပွါးလာအုံးမည်ဟုယူဆမိပါတယ်။ ကိုးကား။    ။ လင်းယုန် မဂ္ဂင်း


ကျွန်တော်လည်းဂေဇက်မှာ ပိုစ့်မတင်ဖြစ်တာနည်းနည်းကြာသွားပါပြီ။အချိန်လည်းသိပ်မရတော့သလို၊ပွိုင့်လိုချင်၍တင်နေသည်ဟုထင်မှာလည်းစိုးလို့ပါ။ ယခုပြောချင်တဲ့အကြောင်းအရာကတော့ ယခုရက်ပိုင်းအတွင်း ဂေဇက်ထဲမှာ ဖြစ်နေသော၊ပြောဆိုနေကြသောအကြောင်းအရာနဲ့ ပက်သက်ပြီးနဲနဲရေးချင်စိတ်ပေါ်လာ၍ဖြစ်ပါတယ်။ အဲဒါကတော့ ဆရာတော် ဦးဇောတိက ရေးသားသည့် ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်း ဆိုတဲ့စာအုပ်လေးကိုဖတ်ပြီး တိုက်ဆိုင်လာတဲ့အကြောင်းအရာလေးတွေကို ရေးမိခြင်းဖြစ်ပါတယ်။ ”နတ္ထိ လောကေ  အနတ္မိလောတော”။ လောကမှာ အပြစ်တင် အကဲ့ရဲ့ မခံရတဲ့သူဆိုတာ မရှိပါဘူး။ ကိုယ်လုပ်တာမှန်တာလည်းရှိမယ်၊မှားတာလည်းရှိမယ်။ဒါပေမယ့် သူများတွေနဲ့မတူရင် ဝေဖန်တာ၊အပြစ်တင်တာလည်းခံရမှာပဲ။ အယူအဆအတွေးအခေါ်နဲ့ ပတ်သက်ရင်လည်း ကိုယ်ပိုင် ဉာဏ်နဲ့စဉ်းစားတယ်၊လွတ်လွတ်လပ်လပ် တွေးခေါ်၊စဉ်းစား၊မှားတယ်မှန်တယ် ကိုယ်ဟာကိုယ်ဆုံးဖြတ်။ အရေးကြီးသည့်ဆုံးဖြတ်တွေကို ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပါ၊အရေးကြီးသည့်ဆုံးဖြတ်ချက်တွေကို သူတစ်ပါးလက်သို့ထည့်လိုက်လျှင် ကိုယ့်ဘဝဟာ သူများ လက်ထဲရောက်သွားမည်တဲ့။ နောက်တစ်ခုက မှားတာကို မှားတယ်လို့ သိဖို့ သိပ်အရေးကြီးပါတယ်။မှန်တာကို မသိတာထက် မှားတာကို မှန်တယ်လို့ ယုံကြည်တာက ပိုဆိုးပါတယ်။ ဒါကြောင့် ကိုယ့်ကိုဝေဖန်တဲ့အခါ ”ငါ့ကိုဝေဖန်တဲ့သူက ဉာဏ်ပညာရှိတဲ့သူလား၊ မေတ္တာ-ဂရုဏာကြီးတဲ့သူလား၊သူကိုယ်တိုင်ကလည်း နေတာ၊ထိုင်တာ၊ပြောတာ၊ဆိုတာ၊ တရားနဲ့အညီနေတယ်။ပြောတဲ့အခါမှာလည်း အနိုင်ယူချင်စိတ်မရှိဘူး၊အရှက်ခွဲချင်လို့လည်းမဟုတ်ဘူး။အကြောင်းအကျိုးကို မျှတစွာ ဝေဖန်မယ်ဆိုရင် လက်ခံမယ်။ လူတိုင်းလူတိုင်းမှာ ချီးမွမ်းမူသာခံယူလိုသည်။ကဲ့ရဲ့မူ အားမနှစ်သက်ကြပေ။အမှန်တော့ ချီးမွမ်းခြင်းသည်လည်း ခဏတာသာဖြစ်သည်။ […]


ဤသတင်းလေးကို မလေးရှားနိုင်ငံထုတ် မျက်ရှင်ဂျာနယ်မှ ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။ မြန်မာအမျိုးသမီးမိခင်သည် ကန်ဘူးဂျာဂါတွင်ရှိသောဒုက္ခသည်စခန်းတွင် မွေးကင်းစသမီးငယ်လေးကိုမွေဖွားပီးမိနစ်အနည်းငယ်အတွင်းတွင်ချွန်ထက်သောအရာတစ်ခုခုဖြင့် မသေမချင်းထိုးသတ်ခဲ့သည်ဟုယူဆကောက်ချက်ချရသည်။ကနဦးစစ်ဆေးချက်အရမူခင်းရဲများကသမီးငယ်၏ကိုယ်ပေါ်တွင်စူးရှဒဏ်ရာငါးချက်ကိုစစ်ဆေးတွေ့ရှိရသည် ရှအလမ်းခရိုင်၏ရဲမှူးဖြစ်သူ ACP Zagedi Ayob မှထုတ်ပေါ်ပြောကြားသည်မှာ ကလေးမိခင်ကိုအခင်းဖြစ်ပွားပီးသည့်အချိန်ညပိုင်း ၁၂း၄၅ တွင်နေအိမ်တွင်ပင်ဖမ်းဆီးခဲ့သည်။ကလေးအမေကဘာလို့ များဒီလိုမျိုးရက်ရက်စက်စက်လုပ်ရက်တယ်ဆိုတာကိုကျွန်တော်တို့ စုံစမ်းမူများပြုလုပ်နေဆဲဖြစ်သည်။ တကယ့်ကိုလူမဆန်တဲ့ဖြစ်ရပ်ပါပဲ။တရားခံသည်(United Nation High Commission for Refugees (UNHCR) မှဒုက္ခသည်မှတ်ပုံတင်ကတ်ပြားကိုင်ဆောင်ထားသူဖြစ်ပြီး၊သူမ၏မိခင်အပါအဝင်ဆွေမျိုး၃ဦးနှင့်နေထိုင်လျက်ရှိသည်။ထိုအမျိုးသမီးတွင် ၃နှစ်အရွယ်သမီးငယ်တစ်ဦးရှိပြီးသူမ၏ခင်ပွန်းဖြစ်သူမှာလည်းအန္တရယ်ဖြစ်စေသောလက်နက်များလက်ဝယ်ထားရှိမူဖြင့်အကျဉ်းကျလျှက်ရှိသည်ဟုစုံစမ်းသိရှိရပါသည်။ အိမ်နီးချင်းမြန်မာအမျိုးသားတစ်ဦးဖြစ်သော Mohamad Salim Nur Syuri  ၃၅နှစ်၏ပြောပြချက်အရတရားခံသည်မိမိကိုယ်ဝန်ရှိနေကြောင်းကိုယခင်ကငြင်းဆိုခဲ့ကြောင်း၊အစားအသောက်များကိုဆက်တိုက်စားသုံးမူကြောင့်ဗိုက်ပူလာခြင်းသာဖြစ်ကြောင်းအခိုင်အမာပြောဆိုခဲ့သည်ဟုထွက်ဆိုခဲ့သည်။ကျွန်တော်မနက်ကသူ့ကိုတွေ့သေးတယ်။သူ့ကိုကြည့်ရတာသံသယဖြစ်ဖို့ကောင်းတယ်။ဒီသတင်းကိုကြားကြားခြင်းကျွန်တော်တော်တော်လန့်ပြီး၊အံ့ဩမိတယ်။ရဲများကမူ အမူတွင် အသုံးပြုခဲ့သည်ဟု ယူဆရသောလက်နက်ကိုသိမ်းဆည်းရမိကြောင်းသတင်းထုတ်ပြန်ခဲ့သည်။


ချစ်သူသဘောထား အသပြာအားကိုး အန်ကယ်ဘိုးဘိုး အောက်ပိုင်းမြင်ဝါဒီများအားဆန့်ကျင်ကြ။ ရင်ခွင်တော် တည်ငြိမ်ရေးနှင့် အကြင်နာတိုးတက်ရေးကို နှေင့်ယှက်ဖျက်ဆီးသူ ကြာကူလီများအား ဆန့်ကျင်ကြ။ တူနှစ်ကိုယ် အတွင်းရေးကို ဝင်ရောက်စွတ်ဖက်သော မိဘဆွေမျိုးများအား ဆန့်ကျင်ကြ။ ဆိုင်တွင်းဆိုင်ပြင် အရက်သမားများအား ဘုံရန်သူအဖြစ်သတ်မှတ် ရှောင်ရှားကြ။ နှလုံးသားရေး ဦးတည်ချက်(၄)ရပ် ရင်ခွင်တော် တည်ငြိမ်ရေး၊ရင်ခုန်သံအေးချမ်းသာရာရေးနှင့် အနမ်းဥပဒေစိုးမိုးရေး။ နှစ်ဦးသား ပြေလည် စည်းလုံးညီညွတ်ရေး။ ခိုင်မာသည့်အသည်းပုံ အကြင်နာ အမြူတေသစ်ဖြစ်ပေါ်လာရေး။ ဖြစ်ပေါ်လာသည့် အသည်းပုံအကြင် အမြူတေအသစ်နှင့်အညီ ခေတ်မီတိုးတက်လှပသော တူနှစ်ကိုယ်တိုင်းပြည်တစ်ခု တည်ဆောက်ရေး။