minnetkhaJuly 2, 20101min1103
ကျွှန်တော်မန္တလေးသတင်းစာတွင် ပထမဆုံးရေးဖြစ်သည့်စာမှာ change we do ဆိုသည့်ခေါင်းစဉ်နှင့်ပင်ဖြစ်ပါသည်။အမှန်တိုင်းပြောရလျှင် ထိုသို့စာရေးဖို ့ကိုကျွှန်တော်တွေးမထားမိဖူးပါ။မန္တလေးသတင်းစာဆိုသည်ကိုလည်း သိခဲ့သည်မှ ကြာလှသေသည်မဟုတ်ပါ။ကျွှန်တော်စာရေးဖြစ်ရသည့်အကြောင်းမှာ ကျွှန်ဧ။်အကျင့်(ကောင်းသည်၊ဆိုးသည် မသိပါ)တစ်ခုေကြောင့်သာဖြစ်ပါသည်။ထိုအကျင့်သည်ကျွှန်တော်တွေ့မြင်နေသော(မျက်စိဖြင့်မြင်သမျှ၊နားဖြင့်ကြားသမျှ)အကြောင်းအရာတို ့အပေါ်ကန့်လန့်မြင်တက်သော်(သို့)နောက်ပြောင်တက်သော အကျင့်လေးတစ်ခုကြေင့်သာဖြစ်ပါသည်။သို့ဖြစ်ပေမယ့် ကျွှန်တော်ထို့သို ့ပြုမိသည်မှာ အမြဲတစေအရာအားလုံးပေါ်သို ့ပြုမိခြင်းမဟုတ်ပါ၊မြင်ဖို ့ပြောဖို ့နောက်ပြောင်ဖို ့အကြောင်းဖန်လာမိသော ဂွကျကျ အရာများပေါ်ကိုသာပြောဆိုပြုမူမိခြင်းဖြစ်ပါသည်။2010ခုနှစ်မှာ အမေရိကန်သမ္မတ အိုဘားမားနာမည်ကြီးလာသည်နှင့်သူဧ။်မဲဆွယ်ကလ အတွင်းသုံးခဲ့သော change we want ဆိုသောစကားမှာတစ်ကမ္ဘာလုံးသို့ပျံ့နှံ့သွားရာ..ကျွှန်တော်လို နူတ်ဆော့လွန်းသည့်လူဧ။်နားထဲသို ့ရောက်လာရာကြားတာကိုကြားသည့်အတိုင်းမပြောဘဲ …သူငယ်ချင်းတွေထဲမှာတစ်ဦးတစ်ယောက်ကများ တစ်ခုခုလိုချင်တယ်လို့ကိုယ့်ရှေ့မှာပြောမိတယ်ဆိုရင်”ညီလေး…want မနေ နဲ့ do”လို့ စနောက်နေတက်ပါသည်။ယခုလိုရေးပြလိုက်ခြင်းအတွက်” change we do “နှင့်”မင်္ဂလာပါ chat “ဆိုသည့်စာလေးနှစ်ပုဒ်ရေးသူသည် အထိုက်အလျောက်တော့ဖြင့် စဉ်းစားတွေးခေါ်သူဖြစ်လိမ့်မယ်ထင်ထားသောထင်မြင်ချက်များမှာ(ထိုသို့ထင်ချင်မှလည်းထင်ပါလိမ့်မည်) ယခုစာကြောင့်အဖက်ဆယ်စရာရှိလိမ့်မည်မဟုတ်တော့ပါကလဲ မတက်သာ…လူအတော်များများသည်မိမိကို် ယုံကြည်လေးစားခြင်းခံယူချင်ကြသူများသာ ဖြစ်ပါလိမ့်မည်၊ကျွှန်တော်လည်း လူသားတစ်ယေက်မို့ ထိုသို ့ခံယူချင်ပါသည်။သို ့ပေမယ့်ကိုယ်မဟုတ်တာကြီးကို တစ်ခြားသူများမသိဘဲ […]


minnetkhaJune 30, 20101min893
`မင်္ဂလာပါ Chat´ ဒီနှစ်ပိုင်းတွေမှာ အင်တာနက်ဆိုင်တွေပိုပြီးများပြားလာတာကို သတိထားမိပါတယ်။ စာဖတ်သူတို့်လည်း သတိထားမိမှာပါ နည်းပညာထွန်းကားလာတဲ့ ခေတ်ကြီးရဲ့ ကြိုဆို အပ်ဖွယ်ရာ သာဓက တစ်ခု ပေါ့လေ..အင်တာနက်အသုံးပြုမှုကြောင့် ကမ အရှေ့နဲ့အနောက် တစ်နေရာဆီရှိတဲ့ လူတွေအချင်းချင်း လျှင်လျှင်မြန်မြန်ဆက်သွယ်လာ နိုင်ကျတယ်၊ကိုယ်မျှဝေချင်တဲ့ သတင်းအချက်အလတ်တွေကိုလည်း ကိုယ့်သူငယ်ချင်းတွေဆီကို အလွယ်တစ်ကူမျှသေပေးနိုင်တယ်၊ သိချင်တဲ့အကြောင်းအရာတွေကို Search Engine ကနေ Enter နှိပ်လိုက်ရုံပဲ၊ ကမ ပေါ်မှာရှိတဲ့ အစိုးရဌာနများ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ၊ ကုမဏီကြီးတွေကနေ သေးသေးငယ်ငယ်တွေအထိ ကျောင်းပညာရေးမှာလဲ သင်ကြားမှုဆိုင်ရာ အထောက်အကူပြုအနေနဲ့ အသုံးပြုပါသည်။ ကျွန်တော်တို့ဆီမှာတော့ ကျောင်းအပ်ခကြေးမြင့်တဲ့ေကျောင်းတွေမှာ တွေ့နိုင် တဲ့ ပစ်စည်းပေါ့လေါ် နောက် Social netwaek တွေမှာလည်း ကိုယ်နဲ့ဝါသနာတူ သူငယ်ချင်းတွေနဲ့ မိတ်ဆွေ ဖွဲ့လိုက်နိုင်ပါသေးတယ်။ ကျွန်တော်မသိသေးတဲ့ ဒီနည်းပညာရပ် ကောင်းကျိုးဆိုးကျိုးတွေလည်း […]


minnetkhaJune 24, 20101min863
ကျွှန်တော်တို ့လူသားတွေအားလုံးဟာ ခေတ်တစ်ခေတ်ကိုအမြဲဖြတ်သန်းနေကြရတာပါပဲ။ အဲလိုဖြတ်သန်းနေတဲ့လူတွေအားလုံးကပဲ ဒီခေတ်ရဲ့အခြေအနေ၊ကောင်းသည်ဆိုးသည်တို့ကိုသူ့နေရာနဲ့သူပုံဖော်ဖန်တီးနေကြတာမဟုတ်လား… စိတ်မကောင်းစရာက သမိုင်းတစ်လျောက်လုံးနာကျင်လာတဲ့ ဇတ်လမ်းတစ်ချို ့ကို အခုထိသယ်ဆောင်လာရတဲ့ ကမ္ဘာကြီးရဲ့ခြေလှမ်းတွေပါပဲ…. ခါးသီးစရာစ်ပွဲများ…အစာရေစာမလုံလောက်မူ…တွေကြားမှာအခုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာတွေကလည်းဆိုးသထက်ဆိုးလို ့နေတယ်…ဒါတွေက ဘယ်သူ့ကြောင့်ဘယ်အကြောင်းကြောင့် တစ်ယောက်နဲ့တစ်ယောက် လက်ညျိးထိုးပြောဆိုနေတဲ့ အသံတွေကိုသာကြားနေရာတယ်.. ကောင်းမွန်တဲ့ဖြေရှင်းမူတွေဟာ စကားဝိုင်းပေါင်းမြောက်များစွာကိုစောင့်ဆိုင်းနေရတယ် သဘောတူညီမူများစွာကိုစောင့်ဆိုင်းနေရပါတယ်… ဒီကနေ့ကမ္ဘာ့သတင်းတွေကိုကြည့်ကြည့်ပါ… အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးပြသနာ၊ နယူကလီယားထိမ်းချုပ်ရေးပြသနာ၊အစွန်းရောက်စစ်သွေးကြွများအရေး နဲ့သဘာဝပတ်ဝန်ကျင်းပျက်စီးမူတွေအတွက် စိတ်သောကပူပန်မူဖြစ်နေကြရတာလဲ ကျွှန်တော်တို့လူသားတွေပဲမဟုတ်လား ၊ကိုယ့်ကိုယ်ကျိုးအတွက်သာကြည့်တက်သူများကတော့ဆိုးရိမ်ပူပန်မူနည်းရင်နည်း နေပါလိမ့်မယ်ဒါပေမယ့် ကမ္ဘာကြီးမှာဖြစ်ပေါ်လာသမျှအကြိုးဆက်တွေဟာ… ကမ္ဘာ့လူသားအားလုံးကိုသက်ရောက်မူ ရှိတယ်ဆိုတာလည်းကမ္ဘာကြီးက သက်သေပြနေပါတယ်။ အခုစဉ်းစားနေတာက ဒီအဖြစ်ပျက်ဆိုးတွေကိုပြောင်းလဲဖို ့နောက်ကျနေပြီလားဆိုတာပါပဲ….နောက်မကျပါဘူးလို့ပဲပြောပါရစေ ဒီအဖြစ်အပျက်တွေကျော်လွန်ဖို ့အတွက်တောင်းဆိုနေလို့မရဘူး၊ လိုချင်နေတယ်လို့ ဆန္ဒရှိနေယုံနဲ့တော့မဖြစ်နိုင်တော့ပါဘူး… ကျွှန်တော်တို့အားလုံးကိုယ်လိုချင်နေတဲ့အရာများအတွက် ကိုယ်တိုင်လုပ်ဆောင်ရမယ့်အချိန်ကိုရောက်နေပါပြီ…