zaw winNovember 2, 20151min1563
စတိတ်ရှိုး ပရိသတ်က တောင်းဆိုတယ် မင်းအလှည့်ပြီးရင် ဆင်းပါကွယ် နောက်လူအလှည့် ကျန်သေးတယ် မင်းဆိုတာလည်း ကောင်းပါတယ် သူဆိုတာလည်း ကောင်းပါတယ် ဒါပေမဲ့လည်း အလှည့်ဆိုတာပေးရတယ် စိတ်မဆိုးနဲ့ ကောင်လေးရယ် မင်းသုတ 06း33 A.M 2.11.2015


zaw winOctober 27, 20151min2012
ဒေါင်းထီး ဆောင်းပြီး မောင်းတီး လှူမယ် လာကြဟေ့ သူငယ်ချင်းတို့ရေ မြန်မာပြည်တဝန်း ချမ်းသာရမယ် ကိုယ်စိတ်နှလုံး ရွှင်ပြုံးစေဖို့ ဒို့တတွေ ညီညွတ်ကြမယ်။ မင်းသုတ 09း50 A.M 26.10.2015


zaw winOctober 23, 20151min2093
မိဘတွေ အတ္တကြီးရင် သားသမီးတွေ စိတ်ဆင်းရဲတယ် ဒုက္ခရောက်တယ် ပျက်စီးတယ် အောင်မြင်မှု နည်းပါးတယ်။ မိဘတွေ သင့်မြတ်ချင်ခင်ရင် သားသမီးတွေ ပျော်တယ် စိတ်ချမ်းသာတယ် တိုးတက်အောင်မြင်နိုင်တယ်။ အပျိုလူပျိုဘဝမှာ မိဘတွေ နံပါတ်တစ်၊ ညားခါစလင်မယားဘဝမှာ ယောက်ျား မိန်းမ နံပါတ်တစ် သားသမီးတွေရလာရင် သားသမီးနံပါတ် တစ် မိမိယောက်ျား မိမိမယား နံပါတ် နှစ် မိဘတွေ နံပါတ် သုံး သူငယ်ချင်း၊ ညီအကို၊ မောင်နှမ နံပါတ် လေး အမှန်တရားတွေ သိဖို့လိုတယ်။ မင်းသုတ


zaw winSeptember 14, 20151min1852
တိုင်းပြည်ဘဏ္ဍာ ပြည့်ဥစ္စာကို မင်းပိုင်ပစ္စည်း မမှတ်လေနှင့်၊ ရှေးဘုန်းရှေးကံ ငါဥစ္စာဟု ထင်ယောင်ထင်မှား မတွေးလေနှင့်၊ လုပ်ခွင့်အာဏာ လက်ကိုင်ထား၍ မတော်မတရား မလုပ်လေနှင့်၊ အမှားများစွာ သင်ကျူးလွန်သော် သင့်ဒဏ်သင်ခံ ကယ်သူမရှိ ဖြစ်တတ်၏ မိမိကိုယ်ကျိုး ပယ်ကာစွန့်ချ အများအကျိုးဆောင်ရွက် လမ်းမှန်ပြ၍ သင်ကြိုးစားသော် အများသူငါချစ်ပါမည်တည်း။ မင်းသုတ 15း45 P.M 14.9.2015


zaw winAugust 5, 20151min881
မေတ္တာတွေ ပွားတဲ့ ချစ်သဒ္ဓါ ရေလှိုင်းရဲ့ မြန်မာတို့ရဲ့ ပရအကျိုးဝေ နောက်တိုးရေ တို့မမှုပေ တပြည်လုံးတိုးတဲ့ရေ ဒုက္ခပင်လယ်ဝေ ဒါပေမဲ့လေ ညီညွတ်တဲ့အားနဲ့ ကြံ့ကြံ့ခိုင်လျှက် ကျော်လွှားနိုင်မယ်လေ မေတ္တာရေလှိုင်း တိုးလို့သာဝေ။ မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ဆောင်ရွက်သူ၊ ထောက်ပံ့သူ၊ လှူဒါန်းသူ ပရဟိတ မေတ္တာရှင်များအား ဂုဏ်ပြုသောအားဖြင့် ရေးဖွဲ့ပါသည်။ မင်းသုတ 19း15 P.M 11.3.2015


zaw winJune 27, 20151min1804
ပြဿနာတွေ အရှုပ်အရှင်းတွေ အာဃာတ တရားတွေ မာန်မာနတွေ အတ္တကြီးမှုတွေ အလျှော့မပေးမှုတွေ အမြင်မရှင်းမှုတွေ လူငယ်တွေအတွက် လမ်းစမဖွင့်ပေးခဲ့တာတွေ အချင်းချင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နေတဲ့ အို မြန်မာပြည်ရယ် ခံရခက်လှပါဘိကွယ် ပြေလည်စ နလံထစ မြန်မာပြည်ရယ် အရာရာမှာ ယိုင်နဲ့နဲ့ လျှောက်လှမ်းနေရတယ် ကျန်းမာကြံ့ခိုင်ပြည့်စုံဖို့အတွက် ရှေ့သို့ချီတက် ဖြေးဖြေးချင်းလျှောက်လှမ်းပါကွယ်။ မင်းသုတ 10:10 A.M 27.6.2015


zaw winMarch 24, 20151min1093
ငါနိုင်ပြီဟေ့လို့ ကြွေးကြော် တကယ်တန်း မော်နိုင်ဖို့ အချိန်တွေ အရင်းအနှီးတွေ ပေးဆပ်လို့ ရတာနဲ့ ပေးတာတွေ တန်ရဲ့လား၊ ရှုံးနိမ့်လို့ မကျေနပ် အားနည်းချက်ရဲ့ကွက်လပ် မင်းသိရဲ့လား၊ သူလည်းမနိုင် ကိုယ်လည်းမရှုံး တလောကလုံးမှာ သရေနဲ့ဘဲ မင်းဘဝ ကျေနပ်နေမှာလား၊ အော် – လူဘဝမှာ အနိုင်-အရှုံး-သရေတွေနဲ့ ကျင်လည်ရ အမှတ်တရ တစ်ခုခုတော့ရစေချင်။ မင်းသုတ 14:30 P.M 23.3.2015


zaw winMarch 12, 20151min1613
သူ ဘာကြောင့် ငိုတာလဲ – ကလေးငယ် အူဝဲလေး နို့စို့ချင်လို့လား – လမ်းလျှောက်တတ်တဲ့ ကလေးလေး ဗိုက်ဆာလို့လား – ဖေဖေ မေမေ ဆူလို့လား – ကြိုးစားမှု အရာမထင် ရှုံးနိမ့်လို့လား – မိဘ ဆွေမျိုး ချစ်သူ ခင်သူ ဆုံးပါးလို့လား – ချစ်သူနဲ့အဆင်မပြေလို့လား – လေးစားရသူ ဆုံးရှုံးသွားလို့လား – ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာ ဆုံးရှုံးသွားလို့လား – ပရိဒေဝ သောကမီး တောက်လောင်နေလို့လား – ဒေါသပေါက်ကွဲ ပြင်းထန်နေလို့လား – စိတ်ထဲမှာ ကြိတ်ပျော် ဟန်ဆောင်နေတာလား လူတိုင်း လူတိုင်း ငိုခဲ့ကြပါတယ် အဖြေမှန် အဖြစ်မှန် သိဖို့တော့လိုလိမ့်မယ်။ မင်းသုတ 19း15 P.M 11.3.2015


zaw winFebruary 16, 20151min2324
ငါ့ကို ကြောက်လား သဘောပေါက်ပါတယ် ဟုတ်ကဲ့ ဟုတ်ကဲ့၊ ငါပြောတာ နားထောင် မင်း နားမယောင်နဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့၊ ငါဘာကောင်လဲ သိလား နရင်း ချခံရမယ် ဟုတ်ကဲ့ ဟုတ်ကဲ့ ငါ ဒါလုပ်ချင်တယ် ဒါဖြစ်ချင်တယ် ဆရာမလုပ်နဲ့ မင်းထက် ပိုသိတယ် မသေခင် အရိုးစွဲ အသည်းထဲမှာ တွယ်တဲ့အမြစ် ဆွဲ နုပ်ပစ်၊ လွတ်လပ် တွေးတော အမှန်သဘော အမြန်လုပ်သင့်ပြီ။ မင်းသုတ 18:45 P.M 16.2.2015