zaw winDecember 6, 20141min3624
ဟန်ဆောာင်အပြုံး မဲ့ပြုံး ကြိတ်ပြုံး ထေ့ပြုံး ပျော်ပြုံး ကရုဏာအပြုံး ကြည်လင်သောအပြုံး မနောဓါတ်ခံ ပေါ်လာပြန် စိတ်အကြံမှန် အပြုံးများ သင် သတိထားမိရဲ့လား။ မင်းသုတ 14:10 P.M 6.12.2014


zaw winNovember 25, 20141min4323
ကိုးလလွယ် ဆယ်လဖွား ကျေးဇူးကြီးလှတဲ့အမေ၊ သားတို့ သမီးတို့ လူလားမြောက်အောင် လုပ်ကိုင်ရှာဖွေ ပင်ပန်းခဲ့တဲ့အမေ၊ ဘဝရဲ့ဒဏ်ကိုခံစားနေရတဲ့ ငယ်စဉ်က ချောမောလှပခဲ့တဲ့အမေ၊ သားတို့ သမီးတို့ တလှည့်ပြုစုပါရစေ တစ်ခါပြန်ပြီး နွေးထွေးပါရစေ အမေမရှိမှ တမ်းတနေရမဲ့အစား သက်ရှိထင်ရှား အမေအားရှိအောင်ထားပါရစေ။ မင်းသုတ 21း30 PM 23.11.2014


zaw winNovember 16, 20141min4956
ငါမရှိရင် မဖြစ်ဘူး ငါလုပ်မှ ဖြစ်မယ် မင်းတို့လူငယ်တွေ မသိပါဘူး မလုပ်တတ်ပါဘူး ငါနေရာပျောက်မှာစိုးလို့ ငါဆရာကြီး မလုပ်ရမှာစိုးလို့ ဖုံးကွယ်ကာ လူရှေ့ဟန်ဆောင် အတ္တကြီးသူများ လူငယ်တွေရဲ့ အနာဂတ်ဖျက်ဆီးသူ မဖြစ်ပါစေနဲ့ ရှေ့မှပိတ်ကာ လုပ်နေပြန်တော့ အနာဂတ်မဲ့ကာ ခံစားချက်ဖြင့် လမ်းလွဲကိုလိုက် စရိုက်ဆိုးများ ယနေ့ကမ္ဘာမှာ ပရမ်းပတာ ပြဿနာများစွာ အိပ်ကောင်းခြင်း အိပ်မရ အကျိုးဆက်များ ခံစားနေရ သဘောပေါက်သင့်ပါပြီ နောက်ဆုတ် နေရာပေး ထိန်းကျောင်း လမ်းညွှန်ပေးသင့်ပါပြီ။ မင်းသုတ 07း00 A.M 15.11.2014


zaw winNovember 16, 20141min3431
ချစ်ရတဲ့သူရဲ့ ပူလောင် ပြင်းပြတဲ့ ရင်ခွင် နွေးထွေးတဲ့ ရင်ခွင် မိဘရဲ့ အေးမြတဲ့ အေးချမ်းတဲ့ ရင်ခွင် ဘယ်ရင်ခွင်မှာ နားနားပါ ခိုနားသူရဲ့ ဆန္ဒ အပေါ်မှာ မူတည်ပါသည်။ မင်းသုတ 22း30 P.M 13.11.2014


zaw winNovember 14, 20141min9013
တကယ်တော့ ဒီပန်းကို လွယ်လွယ်နဲ့မရနိုင်ပါ။ အခက်အခဲတွေ ပြဿနာတွေ အသက် သွေး ချွေးတွေ ဘဝတွေ ရင်းခဲ့ပြီးမှ ပေးဆပ်ခဲ့ကြမှ ရခဲ့တာပါ၊ အောင်ပန်းကို ဆွတ်နိုင်ပြီဆိုတော့ ကမ္ဘာ့အလယ် အများအလယ်မှာ မော်ကြွားနိုင်ပြီပေါ့။ မင်းသုတ 22း00 P.M 13.11.2014


zaw winOctober 21, 20141min3113
ဘတပြန် ကျားတပြန် ဇွဲစိတ်ကသန် မင်းလည်းလူ ငါလည်းလူပေမို့ ဘာမထီ မြန်မာပြည်သားဟေ့ စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ်၊ မင်းဟာ အရာရာမှာ ငါ့ထက်သာပေမဲ့ စိတ်ဓာတ်ချင်းယှဉ် သေရင်သေပလေ့စေ အနိုင်မခံ အရှုံးမပေး ယှဉ်ပြိုင်ဝံ့တယ်၊ အောင်မြင်မှုမှာ သာယာ မာန်တက်လို့ အခြေမတင့်တဲ့ဘဝမှာ ငါမနေလို ပြိုင်ပွဲတိုင်းမှာ ရှုံးရှုံးနိုင်နိုင် ယှဉ်ပြိုင်ရမှာ ငါ့တာဝန်ပါ။ မင်းသုတ 08:25 AM 21.10.2014


zaw winOctober 17, 20141min3492
တချိန်တခါတုန်းက— ငယ်ငယ်တုန်းက—- ကြားဖူးခဲ့သည်၊ ဒို့တွေပျော်ကြသည်၊ ဒို့မြန်မာနိုင်ပြီ သီချင်းလေးလိုက်ဆိုကြသည်၊ ပွဲတိုင်းကျော်တဲ့ ့မြန်မာတွေ အာရှပွဲတွေမှာ အနိုင်ရဗိုလ်စွဲသည်၊ ကမ္ဘာ့အိုလံပစ်ပွဲကို တက်လှမ်းခဲ့သည်၊ အချိန်ကာလ နှစ်ပေါင်းများစွာ ဘောလုံးပြိုင်ပွဲတိုင်း ရှုံးသည်၊ အော်— ဒီသီချင်းလေးရယ် ဘယ်တော့များ ကြားရပါ့မလဲကွယ်။ ဒို့မြန်မာတွေ မျက်နှာငယ်ခဲ့ရပြီ။ ဒို့လည်း အသက်တွေကြီးလို့ ၆ဝ ကျော်ခဲ့ပြီ။ လွမ်းဆွေးတမ်းတ နေကြရပြီ။ ဟော– အံ့ဖွယ်ပါတကား ယူ ၁၉ လူငယ်လေးများ ယူ ၂ဝ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲကြီးကို ခြေစစ်ပွဲအောင်ကြပြီ။ ပျော်လိုက်သည့် ဖြစ်ခြင်း ကျွမ်းထိုးလို့သာ ကလိုက်ချင်သည် ဒို့မြန်မာနိုင်ပြီ သီချင်းလေးပြန်ကြားရပြီ။ (ယူ-၁၉ လူငယ်ဘောလုံးသမားလေးများအား လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။) မင်းသုတ 18း00 P.M 17.100.2014


zaw winSeptember 24, 20141min3583
– ရေအိုးလေးကို ရေဖြည့်တယ် ပြည့်နေတဲ့အိုးလေး လျှံကျတယ် ပိုနေတဲ့နေရ အကျိုးမဲ့ဖြစ်ပြီကွယ်၊ – မပြည့်တဲ့အိုးလေး ရှာဖြည့်တယ် တန်ဖိုးရှိတဲ့ရေ နေရာမှန်ရောက်ပြီကွယ်၊ – လောကလူ့ဘောင် လူသားအလယ် ပြည့်စုံသူကို ပိုပံ့ပိုးတယ် မပြည့်စုံသူများ ပစ်ပယ်ထား သတိတရားနဲ့ ဆင်ခြင်ဖွယ်။ မင်းသုတ 15:00 P.M 24.9.2014


zaw winSeptember 3, 20141min3423
– အသင်လူသား ရိုးသားကြိုးစားခဲ့ပါသော်လည်း အခါခါ ရှုံးနိမ့်ခဲ့ဖူးပြီ၊ – အသင်လူသား မျှော်လင့်ထား ရည်မှန်းချက်များလည်း အခါခါပြိုလဲခဲ့ဖူးပြီ၊ – ကံတရားရယ် အကြိမ်ကြိမ် ငါ့အားထိုးနှက်ပါသော်လည်း အရှုံးမပေး အခါခါ ကြိုးစားပါဦးမည်။ – နာကျည်းချက်တို့ ပြည့်နှက်နေရာသည် ငါ၏မဟာအောင်မြေဖြစ်သည်။ မင်းသုတ 17း10 P.M 3.9.2014


zaw winJuly 23, 20141min3901
– မေ့လျော့နေတဲ့ ငါ့ရဲ့စိတ်တွေ နိုးကြားလာခဲ့ပြီ၊ – သတိမထားမိတဲ့ ငါ့ရဲ့အရည်အချင်းတွေ တဖြေးဖြေးနဲ့ သိလာရတယ်၊ – လေလွင့်နေတဲ့ ငါ့ရဲ့စိတ်တွေ ပြန်ပြီး ထိန်းချုပ်ရမယ်၊ – မျှော်လင့်ချက်မဲ့နေတဲ့ ငါ့ရဲ့အနာဂတ်တွေ ပုံဖော်ပေးရမယ်၊ – ငါ့ရဲ့ကိုယ်ပိုင်အရည်အချင်း အရည်အသွေးတွေကို ငါကိုယ်တိုင်ကြိုးစားမြှင့်တင်ပေးရမယ်။ မင်းသုတ 9:30 AM 23.7.2014


zaw winJune 13, 20141min5015
ရီဝေဝေ ယစ်မူး ငါဟာ သေမထူး နေမထူး လူသားတယောက်ဖြစ်တဲ့ ငါ့မှာ ဘဝအတွက် ပတ်ဝန်းကျင်အတွက် ကောင်းကျိုးမပြုနိုင်ပါ၊ ငါချစ်ခဲ့တဲ့ အဖေ အမေ ချစ်တဲ့သူအပေါင်း စိတ်ဆင်းရဲ ဒုက္ခ ပင်လယ်ဝေကြရတာ တဘဝစံငါဟာ အပါယ်ငရဲသို့ သွားရမှာ။ မင်းသုတ 9:50 A.M 13.6.2014


zaw winApril 24, 20141min5986
ကမ္ဘာတခွင်မှာ စာတင်မဲ့ သံမဏိလူသား မင်းတို့ရဲ့အမြင်မှာ ငါဟာတယောက်ထဲပေမဲ့ ထားခဲ့တဲ့ ငါ့ကိုယ်ပွားများ၊ ငါ့သွေး တစက်စက် ကျလေတိုင်း ငါ့ချွေး တစက်စက် ကျလေတိုင်း တိုးပွားလာတဲ့ ငါ့ရဲ့စိတ်ဓါတ်အင်အား ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ကျားရဲတကောင်လို တိုက်ရင်းသေသွားမယ်၊ ဟံသာဝတီဝင်းတင်ဟာ အချောင်မခိုတဲ့ တကောင်ဗိုလ်ဆိုတာ မင်းတို့သိသွားစေရမယ်။ မင်းသုတ 02း00A.M 24.4.2014


zaw winApril 6, 20141min3911
အခါခါသေခဲ့ပြီ ဒါလည်းမမှတ်၊ ဘဝတွေအခါခါပြောင်းခဲ့ပြီ ဒါလည်းမမှတ်၊ ဆင်းရဲဒုက္ခတွေ အကြိမ်ကြိမ်တွေ့ခဲ့ပြီ အမှတ်မရှိ၊ နောက်ထပ်ဘဝတွေ-သေခြင်းတရား-ဆင်းရဲဒုက္ခတွေ အကြိမ်ကြိမ်ပြောင်းလဲကြုံတွေ့ရဦးမယ်၊ သံသရာလွတ်မြောက်ခြင်းတရား ရှာဖွေ-ကျင့်ကြံ-အားထုတ်ပါတော့ကွယ်။ မင်းသုတ 17:00 PM 5.4.2014