zaw winApril 2, 20141min1332
– အလုပ်အတူတူမှာ ချစ်သူမထားပါနဲ့ မင်းရင်မောရလိမ့်မယ်။ – အဝေးကချစ်သူ မင်းချစ်ခဲ့ရင် တမ်းတမ်းတတ ပိုချစ်လာလိမ့်မယ်။ – ချစ်သူ အနေဝေးတော့ ကိုယ်ဆွေးဆွေးပြီး – ချစ်နေရပါတယ်။ မင်းသုတ 19း05 PM 1.4.2014


zaw winApril 1, 20141min1354
စကားလေးတစ်ခွန်းဟာ ခွန်အားပါ စကားလေးတစ်ခွန်းအား တွန်းအားပါ စကားလေးတစ်ခွန်းဟာ ချစ်ချင်စရာ စကားလေးတစ်ခွန်းဟာ နာကျည်းခံပြင်းစရာ စကားလေးတစ်ခွန်းဟာ စိတ်ဓာတ်ကျစရာ သေမိန့်ပါ စကားလေးတစ်ခွန်းကြောင့် ဂလဲ့စားချေမှာ ထိန်းထိန်းသိမ်းသိမ်း သတိထားစွာပြောကြပါ။ မင်းသုတ 23:50 PM 30.3.2014


zaw winMarch 25, 20141min1616
မာနကို ခဝါချလို့ ဘယ်သူ့ကိုမှ မနိုင်ချင်၊ မရဏကို မနိုင်သ၍ မင်းဟာ အရှုံးသမားပင်၊ မင်းရှိတဲ့ စည်းစိမ်-အာဏာ ထားခဲ့ရမှာ အမှန်ပင်၊ ကျန်နေခဲ့တဲ့ အချိန်များမှာ သံသရာ အကျိုးမဲ့ မဖြစ်စေချင်။ (အသက် ၆ဝ နှစ်ပြည့် မွေးနေ့အမှတ်တရ) မင်းသုတ 10း26 P.M 23.3.2014


zaw winFebruary 24, 20141min1455
အလုပ်မရှိ အလုပ်ရှာ သစ်တောခုတ်သုံးရာ ဂေဟံစနစ်ပျက်ယွင်း နိုင်ငံဆင်းရဲတွင်း မြို့ရွာနယ်အနှံ့ အလုပ်ရုံများစွာ လူတကာအတွက်ပါ ပူလောင်ဝမ်းစာပြည့်ပါမှ နိုင်ငံဖွံ့ဖြိုးရ။ မင်းသုတ 21း15 P.M 23.2.2014


zaw winNovember 3, 20131min791
– တချောင်းသောလက် အားမရှိပါ ငါးချောင်းသောလက် ပေါင်းစပ်ပါမှ အားရှိပါ၏ ရွှေမြန်မာတွေ လက်သီးဆုပ်ထားကြ။ – ပြိုင်ဘက်ကိုအနိုင်ယူ တောင့်တင်းတဲ့လက်သီး ဘာမထီမြန်မာဟာ ကမ္ဘာမှာထိပ်သီး အနှိမ်ခံ အပစ်ပယ်ခံ တနေ့ကျရင် ဒင်းတို့ကို အနိုင်ယူမဲ့ ငါတို့ရဲ့လက်သီး။ – ငါတို့ချင်း မညီညွတ်လို့ သွေးကွဲနေကြတဲ့အခါ ဒင်းတို့ရဲ့မြေမှာ ရွာဇနပုဒ်မှ ကျောက်စိမ်းမြို့တော် ဖွံ့ဖြိုးဆဲနိုင်ငံမှ ချမ်းသာတဲ့နိုင်ငံ ငါတို့ကိုမှီပြီး ဂုတ်သွေးစုပ်ကြ နွားကွဲရင် ကျားကိုက်တဲ့ဥပမာ ရင်နာတဲ့အဖြစ်ဆိုးများ ပြည်တွင်းစစ်ပြေးဒုက္ခသည်များ – ပေါင်းစည်းပါ နားလည်မှုပေး လိုက်လျောပါ ညီညွတ်သွေးစည်းကြပါ လက်ချောင်းလေးတွေ ပေါင်းစုလို့ လက်သီးဆုပ်ပြီး အားမာန်ပြပါ ဒါဟာ ကမ္ဘာမှာ မြန်မာဟေ့လို့ ခေါင်းမော့ကာ စွမ်းရည်ပြပါ။ မင်းသုတ 15း00 P.M. 2.11.2013


zaw winOctober 14, 20131min952
– စကားတွေ အများကြီးမပြောပါနဲ့ ကိုယ်အသုံးမကျတာတွေ လူတွေသိကုန်လိမ့်မယ်။ – ကိုယ့်ကြောင့် လူတွေဒုက္ခမရောက်ကြပါစေနဲ့။ – မိမိ ဘာမှားနေသလဲ ချို့ယွင်းချက် – အားနည်းချက် – လုပ်ဆောင်ချက် အတွေးအခေါ်အယူအဆ – ငွေကြေးအလေအလွင့် ဒါတွေကို သုံးသပ်ဝေဖန်ဆင်ခြင်ပါ မိမိအမှားများကို သတ္တိရှိရှိဖြင့် ပြင်ပါ ဝန်ခံပါ – မိမိကိုယ်မိမိ ပြင်ဆင်ပြီးရင် မိသားစု – မိတ်ဆွေ – ပတ်ဝန်းကျင်အတွက် ကောင်းအောင်လုပ်ပါ။ – တစ်ယောက်ချင်းအမှားပြင် နိုင်ငံကောင်းဖို့အတွက် နိုင်ငံချစ်စိတ်ဝင်။ မင်းသုတ 16:20 P.M 14.10.2013


zaw winSeptember 20, 20131min1443
တခါတလေ မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် တခါတလေ မိသားစုအတွက် ပင်ပင်ပန်းပန်းရှာဖွေရ တခါတခါမှာတော့ မိသားစုနဲ့ဝေးရာမှာ တခါတရံ ဝေဒနာတွေခံစားရင်း တခါတရံ နှိပ်စက်ညုင်းပန်းချုပ်နှောင်ခံရ ဘယ်လိုအခြေအနေမျိုးတွေရှိနေပါစေ ကိုယ့်ရဲသိုက်မြုံလေးထဲမှာ နေချင်ပါရဲ့ ပြန်လာချင်ပါရဲ့ သတိရတမ်းတနေလျက်ပါ။ မင်းသုတ 23း50 p.m 28.6.2013


zaw winSeptember 18, 20131min1386
– သားသားမီးမီးတို့ လွတ်လွတ်လပ်လပ် ပျော်ရွှင်ချင်ပါတယ်။ – သားသားမီးမီးတို့ လွတ်လွတ်လပ်လပ် ဆော့ကစားချင်ပါတယ်။ လူမျိုး ဘာသာ အယူစွဲ အကြမ်းဖက်မှုဆိုတာ မသိပါ။ – သားသားမီးမီးတို့ လွတ်လွတ်လပ်လပ် ပညာသင်ကြားချင်ပါတယ်။ ဆင်းရဲမွဲတေမှုဆိုတာ မသိပါ။ – သားသားမီးမီးတို့ ထူးချွန်အောင်မြင် ဦးဆောင်နိုင်သူတစ်ယောက် ဖြစ်ချင်ပါတယ်။ ထောက်ပံ့ လမ်းပြ ကူညီ လက်တွဲခေါ်သူ မရှိပါ။ – အားလုံး အားလုံးသော လူကြီးများ ကလေးတစ်ယောက်ရဲ့ဆန္ဒကို အသိအမှတ်ပြုကြပါ။


zaw winApril 25, 20131min2149
မြအဆင်းလို အေးမြကြည်လင် အရာရာတွင် ငြိမ်းချမ်းလျက်ရှိပါစေ သန္တာကျောက်တန်းလို ပင်လယ်ရေလှိုင်း လေရဲ့ဒဏ်ကို တည်ငြိမ်စွာ ကြံ့ကြံ့ခိုင်နိုင်ပါစေ ဖြူစင်စိတ်ထား မေတ္တာပွားလျက် လူ့ပတ်ဝန်းကျင် ကောင်းကျိုးချမ်းသာ ပြုပါရစေ။


zaw winApril 22, 20131min1243
လမ်းထွက်လျှောက်မယ် သမီးလေးရယ် ခရေပင်လမ်းဆီကွယ် ခရေပန်းလေးတွေကောက်ကြမယ် လိုက်ခဲ့ပါလားကွယ် ဟိုမှာတပွင့် ဒီမှာတပွင့်ရယ် တွေ့အောင်ရှာကြမယ် မွှေးလှတဲ့ပန်းကလေးတွေရယ် ဘုရားလှူကြမယ် မေမေကြိုက်တဲ့ ခရေပန်းကုံးလေးအတွက် တဝက်ဖယ်ထားမယ် ဟိုမှာကြည့်စမ်း သမီးလေးရယ် မီးခွက်ကလေးနဲ့ မိသားစုတစုရယ် ဝမ်းစာရှာကြတယ် ပညာသင်ဆဲ ကလေးများရယ် မိဘကူကြတယ်။ ကြိုးစားရင်းနဲ့ ဘွဲ့ရတယ် ဂုဏ်ယူစရာဘဲကွယ်။ မင်းသုတ 18:30 P.M 22.4.2013


zaw winApril 10, 20131min1015
မင်းဟာ အရန်လူ ဒါပေမဲ့ သာမန်လူတွေထက် ထူးတဲ့သူပါဘဲ။ အဓိကလူတွေ နားသွားတဲ့အခါ ထိခိုက်ကျဆုံးသွားတဲ့အခါ တဖက်တိုက်စစ်ကို မခုခံနိုင်တော့တဲ့အခါ မင်းကနေရာယူလာပြီး တန်ပြန်တိုက်စစ်နဲ့ တဖက်ပြိုင်ဘက်ကို ပြိုလဲသွားစေရမယ်။ ဒါဟာ အရန်လူရဲ့ ဘက်စုံပြည့်စုံတဲ့အရည်အချင်းပါဘဲ။ မင်းသုတ 12:10 P.M 10.4.2013


zaw winMarch 31, 20131min2166
ဒါလေးက ဘာဖြစ်တာလဲ ဘယ်ကနေ ဘယ်လိုဖြစ်လာရတာလဲ ဒီလိုဖြစ်ရင် ဘာတွေထပ်ပြီး ဖြစ်နိုင်သေးလဲ ဘယ်လိုအကျိုးအပြစ်တွေ ဖြစ်ပေါ်လာနိုင်သလဲ ဒါဆိုရင် ဘယ်လိုအသုံးချခံစား ကာကွယ်တားဆီးမလဲ အားနည်းချက် အားသာချက်တွေကို လေ့လာရမယ် မှတ်တမ်း စမ်းသပ်ချက်တွေအဆင့်ဆင့် ထားရှိလုပ်ဆောင်ရမယ် လူနဲ့လူ့ပတ်ဝန်းကျင် တိုးတက်ဖွံ့ဖြိုးနိုင်ရန် ဒီလိုသုတေသနပြုလုပ် လေ့လာဆောင်ရွက်မှုတွေဟာ အရေးကြီးဆုံးပါ။ သင်ရော သင့်ဘဝမှာ သင့်ဝန်းကျင်မှာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီးပါရဲ့လား။ မင်းသုတ 21:30 PM 28.3.2013