zaw winMarch 24, 20131min2379
၁။ Hello ဒန်ပေါက်၊ အမှတ်-၈၊ ဦးဖိုးထူးလမ်း၊ သာဓုအနောက်ရပ်ကွက်၊ ကြည့်မြင်တိုင်။ ဖုန်း – 0943176040 , 0973107993, 095093740 ၂။ ချန်ပီယံဒန်ပေါက်၊ အမှတ်-၁၅၊ ၃လမ်း၊ ဟံသာရိပ်မွန်အိမ်ယာ၊ (၄)ရပ်ကွက်၊ ကမာရွတ်မြို့နယ်။ (ဘုရင့်နောင်တာဝါအနောက်၊ လှည်းတန်းကုန်းဆင်း) ဖုန်း – 727168, 527889 ၃။ ကောင်းသန့်ဒန်ပေါက်၊ အမှတ် (၂/ဘီ)၊ ပါရမီလမ်းမကြီး၊ ချော်တွင်းကုန်းမီးပွိုင့်နှင့်မဉ္ဖူလမ်းကြား၊ ရန်ကင်းမြို့နယ်။ ဖုန်း-703415, 098627378 ၄။ ဦးဆန်းမင်း ဒန်ပေါက်၊ အမှတ် (၈၈၇)၊ အေးသိဒ္ဒိလမ်းသွယ်(၁)၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်။ ဖုန်း – 09 73077323 ၅။ ရသာမွန်ဒန်ပေါက်၊ အမှတ်(၂၈)၊ အောင်ချမ်းသာလမ်း၊ (၅)ရပ်ကွက်၊ ဆင်မလိုက်၊ ဟံသာရိပ်မွန်အိမ်ယာ၊ ကမာရွတ်မြို့နယ်။ […]


zaw winMarch 11, 20131min602
အမှန်တရားကိုရင်ဝယ်ပိုက် ရိုးသားမှုကိုထုတ်ဖော် ပွင့်လင်းစွာပြောတတ်သူ နိုင်ငံအတွက် ပြည်သူအတွက် ဆင်းရဲတွင်းကလွတ်ကင်းအောင် ရဲရဲဝင့်ဝင့်ဆောင်ရွက်တတ်သူ ရောမပြန်သူရဲကောင်း ဂုဏ်ယူပါတယ်သမ္မ္မတကြီး ရှေ့သို့ရောင်ခြည် ထွန်းတောက်ပြီမို့ ကမ္ဘာ့အလယ်မှာ မြန်မာဟာ ထိပ်ဆုံးကရှိနေရမယ် တကောင်းမျိုးနွယ် ဒို့တိုးတက်ရမည်။ မင်းသုတ 16း10 pm 8.3.2013


zaw winMarch 3, 20131min621
• သစ္စာမရှိ ကတိမတည် လူ့ရွာတွင် ဘယ်ခါသုံးမရ။ • ရပ်နေသူနဲ့ သွားနေသူ ဘယ်သူပိုသာသလဲ။ • သူများဆီကရဖို့ထက် ကိုယ့်ဆီကမပါဖို့ အရေးကြီးတယ်။ • မတရား မနိုင်ချင်နဲ့ အရှုံးကြီးရှုံးလိမ့်မယ်။ • တိုက်စစ်ဆင်မယ်ဆိုရင် ခံစစ်လုံအောင်ပိတ်ပါ။ • အခက်ခဲဆုံးပြဿနာ အလွယ်ဆုံးမှစ၍ ဖြေရှင်းပါ။ • သူတပါးကို ကဲ့ရဲ့ချင်ရင် ကိုယ့်အလှည့်ပြန်ခံရမှာကို သတိရပါ။ • ပြဿနာဖြစ်လာလျှင် စုပေါင်းဖြေရှင်းပါ။ တကိုယ်ကောင်းဆန်စွာ ရုန်းမထွက်ပါနဲ့။ • ဘာလုပ်လုပ် စေတနာထား၍လုပ်ပါ၊ အောင်မြင်အကျိုးပေးပါလိမ့်မည်။ • သူများဒုက္ခရောက်တော့ဝမ်းသာ ကိုယ်ဒုက္ခရောက်တော့ ဟိုလူကယ်ပါ၊ ဒီလူကယ်ပါ • မိမိအတွင်းစိတ်မှာ သူတပါးအပေါ် မနာလိုဖြစ်နေရင် မိမိဘဝမှာ အခွင့်အရေးတွေ တစတစ ဆုံးရှုံးလာတယ်။ • ကိုယ်က သူတပါးအပေါ် လူ-ငွေ-လုပ်ပိုင်ခွင့် […]


zaw winFebruary 21, 20131min491
– ငါ့သားလေး ငါ့သမီးလေး ကြိုးစားထား ကြိုးစားမှအောင်မြင်မယ် စိတ်ပါလည်းလုပ် စိတ်မပါလည်းလုပ် မိဘစိတ်ချမ်းသာဖို့ ဖြစ်စေချင်တာဖြစ်ဖို့ ကိုယ်ဆန္ဒမပါ ကြိုးစားလုပ် ဒါမှငါ့သမီးလေး ငါ့သားလေး လူတကာရှေ့ မော်ကြွားပေး ကြီးလာတော့ ကိုယ်လုပ်ချင်တာကိုယ်လုပ် – ငါ့တပည့်လေး ကြိုးစားပေး ငါဖြစ်စေချင်တာအကုန်လုပ် အောင်မြင်စေဖို့ ကြိုးစားလုပ် စိတ်ပါလည်းလုပ် စိတ်မပါလည်းလုပ် ဒါမှငါ့တပည့်လေး သိပ်ဟုတ် လူတကာရှေ့ မော်ကြွားဖို့လုပ် အောင်မြင်လာတော့ ကိုယ်လုပ်ချင်တာကိုယ်လုပ် – အကြီးအကဲက လက်အောက်ငယ်သားအပေါ် ငါခိုင်းတာအကုန်လုပ် ဘာတွေညာတွေ လာမပြောနဲ့ မှားမှားမှန်မှန် အကုန်လုပ် ငါလည်းလူကြီးဖြစ်လာတော့ ငါထင်တာ ငါလုပ်ချင်တာ အကုန်လုပ် – နက်နက်ရှိုင်းရှိုင်းတွေးကြပါ တဖက်သားရဲ့စိတ်ကူးနဲ့ ဖြစ်ချင်တာတွေမပါ လွဲချော်မှုပေါင်းများစွာ ခင်ဗျားတို့ပြင်ကြပါ။ မင်းသုတ 21-2-2013 01း15 AM


zaw winDecember 2, 20121min1376
ဒွေးရောယှက်တင်မနေပါနဲ့ ကြိမ်ဖန်များလျှင် အကြည်းတန်ခဲ့။ ကာလကြာရှည် မတွယ်တာနဲ့ ချိန်ကြာခဲ့လျှင် အကြည်းတန်ခဲ့။ လူတိုင်းကူညီ မရယူနဲ့ ယူပါများလျှင် အကြည်းတန်ခဲ့။ မသိတတ်သူ ကျေးဇူးရှိခဲ့ ရှိပါများလျှင် အကြည်းတန်ခဲ့။ အယူအဆမှားလျှင် သတိထားသင့် ရှေ့တိုးလာလျှင် အကြည်းတန်ခဲ့။ ရခဲလှတဲ့ လူ့ဘဝကို သင့်ကြောင့် အကြည်းမတန်ပါစေနဲ့။ မင်းသုတ ၂၂-၁၁-၂၀၀၉


zaw winDecember 2, 20121min862
အမိဝမ်းတွင်း နေခြင်းပြီးမှ မွေးဖွားရ၏။ ထိုမှတဖန် ရှင်သန်ကြီးပြင်း လှုပ်ရှားပြီးမှ နောက်ဆုံးသေခြင်းရှိရ၏။ မင်းသုတ ၀၁းဝဝ နာရီ ၉-၁၀-၂၀၁၀


zaw winNovember 20, 20121min1052
ဘာကြောင့်လဲ သိလား အမေစုရဲ့ ရင်တွင်းပီတိလှိုင်းတွေလေ ခေတ်အဆက်ဆက် ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ နောင်တော် ညီတော် ကျောင်းသူကျောင်းသားများရဲ့ ရည်မှန်းချက်များ အောင်မြင်တဲ့နေ့ ဖြစ်လို့ပါ။ ငါတို့ရဲ့ မဟာရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ဘွဲ့နှင်းသဘင်ခန်းမကြီးမှာ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမေရိကန်သမ္မတ ဘားရတ် အိုဘားမား ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုစကားပြောကြားခဲ့တဲ့နေ့ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးမှာ ခေတ်အဆက်ဆက် လှုပ်ရှားခဲ့တဲ့ ကျောင်းသူကျောင်းသားများရဲ့အောင်ပွဲကို အသိအမှတ်ပြု ဂုဏ်ပြုခဲ့လို့ဖြစ်တယ်။ ဒီလိုပွဲမျိုးဖြစ်မြောက်အောင် အမေစု ဘယ်လောက်ကြိုးစားခဲ့ရသလဲ အားလုံးအသိ ကမ္ဘာအသိပါ။ တစ်သက်လုံး မျက်ရည်မဝဲခဲ့တဲ့ အမေစု ဒီနေ့တော့ ဝမ်းသာလွန်းလို့ မျက်ရည်ဝဲခဲ့ပါပြီ။ မင်းသုတ 22:50 PM 19.11.2012


zaw winNovember 20, 20121min1577
သူများပြောတာ နားယောင် ဟိုယောင်ယောင် ဒီယောင်ယောင် အတွေးအခေါ်တုံးတုံး အကြံဉာဏ်တုံးတုံး လုပ်ဆောင်ချက်တုံးတုံး မင်းတို့ရဲ့ ယောင်ထုံးခေတ်ကုန်ဆုံး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် သွက်သွက်လက်လက် လုပ်ဆောင်ချက်ကောင်း အကျိုးရှိမဲ့ မြန်ကောင်းခေတ်ကို ရောက်ပါပြီ။ မင်းသုတ 22:55 PM 19.11.2012


zaw winNovember 6, 20121min651
သူသူငါငါ လောကလယ်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်၊ မာန မနာလို၊ ဝန်တို-စိတ်ရောင်စုံများ ပြည့်နှက်နေကြ၊ ကုသိုလ်၊ အကုသိုလ် မြင့်အောင်ကြည့် သိအောင်လေ့လာ သင်ရှောင်ကြဉ်ပါ လောကဓမ္မတာ ထွက်ပေါက်ကိုရှာ ငြိမ်းအေးရာသို့ကျင့်ကြံပါ။ မင်းသုတ 01:05 AM 7.10.2010


zaw winNovember 5, 20121min803
မင်းဟာ အမြင့်ပျံငှက်ကလေးတစ်ကောင်ပါ လှောင်အိမ်ထဲမှာမမြင်လိုပါ မင်းဟာ အနိမ့်မှာလည်း ကျက်စားလို့ရတယ် အမြင့်မှာလည်း ကျက်စားလို့ရတယ် မင်းဟာ ပတ်ဝန်းကျင်နဲ့နေလို့လည်းရတယ် တစ်ဦးထဲလည်း နေထိုင်လို့ရတယ် မင်းဟာ လွတ်လပ်မှုအပြည့်အဝရထားတဲ့ ငှက်ကလေးတစ်ကောင်ပါ လောကမှာ မင်းလုပ်ချင်တာလုပ်ယူလို့ရတယ် ကြိုက်သလိုပုံဖော်လို့ရတယ် မဆိုင်တဲ့အကြောင်းအရာတွေကို ခေါင်းထဲမှာ ထည့်မထားနဲ့ ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးလိမ့်မယ် လွတ်လပ်စွာပျံသန်းပါ ငှက်ကလေး မင်းရဲ့ရည်မှန်းချက်တွေအောင်မြင်ပါလိမ့်မယ်။ မင်းသုတ 3.7.2001


zaw winSeptember 16, 20121min703
အဖေဟာ • ရိုးသားတယ် • ရဲရင့်တယ် • ပြတ်သားတယ် • တည်ကြည်တယ် • ကြွားဝါခြင်းမရှိဘူး • အများအတွက် အနစ်နာခံတယ် • ကိုယ်ကျိုးစွန့်ခဲ့တယ် သမီးလည်း အားကျမိတယ်အဖေ အဖေဟာ သမီးရဲ့ မဟာသူရဲကောင်းကြီးပါ သမီးဂုဏ်ယူနေလျက်ပါ အဖေ့ရဲ့အမွေဆက်ခံနိုင်ဖို့ အဖေ့ခြေရာ နင်းနိုင်ဖို့ ကြိုးစားနေလျှက်ပါ နောင်ကိုလည်း ကြိုးစားနေမှာပါအဖေ မင်းသုတ 17:30 PM 13.9.2012


zaw winSeptember 10, 20121min741
ဒို့နိုင်ငံမှာ ခေတ်သစ်ပြောင်းခဲ့ပြီ ဒို့ရင်ထဲမှာ အတွေးအခေါ်တွေပြောင်းခဲ့ပြီ နှစ်ပေါင်းများစွာ ဟိုလူ့ကိုညာ ဒီလူ့ကိုညာ မိမိကိုယ်ညာ ညာခဲ့ပေါင်းလည်းများခဲ့ပြီ ဒို့နိုင်ငံလည်း မွဲပြာကျခဲ့ပြီ ကိုယ့်နိုင်ငံကိုတိုးတက်စေဖို့ မိမိကိုယ်မိမိမညာဘဲ ကြိုးစားကြပါစို့ အလုပ်လုပ်ကြပါစို့ သူငယ်ချင်း။ မင်းသုတ 21:00 PM 10.9.2012


zaw winAugust 5, 20121min1053
အမောင်လုလင် စာကိုသင်လော့ စာဖတ်များမှ တွေးခေါ်ကောင်းမည် နည်းလမ်းသိမှ တိုးတက်မည် ကိုယ်ကျင့်ကောင်းမှ အောင်မြင်မည် အောက်ကျ နောက်ကျ တို့တိုင်းပြည် ငါတို့ကယ်တင်မည်။ မင်းသုတ 10:00 AM 5.8.2012