ေၾကးမုံ the greatNovember 12, 20121min1025
ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း အမြန်ပြန်စဂျပါချင့်။ မြန်ကျင့်ပြည် ဆင်းရဲနေတာ ရေကာတာဂျီး မစနိုင်ဖြစ်နေရလို့ပါ။ ရေကာတာဂျီး ပြီးသွားရင် လျှပ်စစ်မီးတွေ အလျှံအပယ် ထွက်လာပြီး စီးပွားရေး တိုးတက်လာပါလိမ့်မယ်။ အခုတောင် ရှင်တို့ မြစ်ဆုံကို အပြစ်ပုံလို့ ရွှေဘိုနယ်တဝိုက်မှာ ကမာ္ဘမြေနတ်သမီး အချစ်ကုန်ပြီး ဟစ်တုန်ပြလိုက်ပြီ မဟုတ်ပါလား။ လိမ်မာရေးခြား ရှိကြပါ။ ဝတို့ကောင်းစားရင် လုတို့လည်း တောင်းစား ပါစေ့မယ်။ ပြောတဲ့အတိုင်း မလုပ်ရင်တော့ ဓာ့ပုံမှာ ပြထားတဲ့ တင့်ကားဂျီးတွေ လွှတ်လိုက်မှာနော။ အမိန့်အရ – ကြေးမုံဂျီး (အမေရိကန်ဒေါ်လာ ၂.ရဘီလျံ ချမ်းသာသူ ဝန်ဂျီးချုပ် ဘိုးဘိုးဝမ်နှင့်လည်း အမျိုးတော်သည်) မြန်ကျင့်ဒေသ နိုင်ငံရေးမှူး တရုတ်ကူမြူနစ်ပါတီ


ေၾကးမုံ the greatSeptember 7, 20121min21612
အသက်မက အသဲအနှလုံး အူကျောက်ကပ် ကလီစာ အသွေးအသား အကုန်ပုံချစ်ရပါသော ကိုကိုကြောင်ကြီးရှင့်… သမီးကြေးမုံဂျီး မှားမှန်းသိပါပြီ၊ ဝန်ချတောင်းပန်ပါတယ်။ 😥 သမီးလေ ကိုကိုကြောင်နဲ့ ဟိုကောင်မ ရှာရာပိုဗာတို့ တဦးနဲ့တဦး ချစ်ကြည်နူး ရွှေလက်တွဲနေကြတာ မနာလိုလို့ ရွာထဲမှာ ရှာရာပိုဗာဂလေး လင်ယူတော့မယ်လို့ ဝမ်းသာအားရ ပြောမိခဲ့ပါတယ်။ အဲဒါ လံကြုတ်လုပ်ကြံ မဟုတ်မမှန် မဟုတ်တရုတ်ကြီးပါ။ ကိုကိုကြောင်  ကြးမုံဂျီးလူလိမ် ပို့စ်မှာ ခိုင်းတဲ့အတိုင်း တောင်းပန်တာ ကြေနပ်ပါတော့နော်။ သမီးလေ ငိုနေရပါပြီ။ မယုံလျင် ဓာတ်ပုံသာ ကြည့်ပါတော့။ လိမ်မိတဲ့အပြစ် ငါ့အဖြစ် ဦးကြောင်ကပစ် ငါကျန်ရစ် အချစ်နဲ့စစ် ရန်သူဟစ် ဆိုးလှတဲ့နှစ် ၂၀၁၂ အီးဟီးဟီး ဂစ်ဂစ်ဂစ်.. 😥