ကျမက မန်းဂေဇတ်မှာ ခုမှ post တွေ တင်ဖြစ်ပေမယ့် စဖတ်ဖြစ်တာ ၂၀၁ဝ ဇူလိုင် လောက် ကတည်းကပါ။ မျက်စိလည်ပြီး ရွာထဲရောက် လာပေမယ့် သဘောကျသွားလို့ နောက်ဆုံး စာမျက်နှာအထိ ပြန် ဖတ်ဖြစ်တယ်။ အဲတုန်းက ခုလောက်တောင် ရွာသူားတွေ မစုံသေးဘူးရယ်။ မန်ဂေဇတ်ကို သဘောကျတာက မန်ဘာအများကရေးတဲ့ အကြောင်းရာစုံ၊ ပုံစံ အစုံ ဖတ်ရလို့ ပဲ။ ကွန်ပျုတာ ဖွင့်ပြီးတာနဲ့ ပထမဆုံး ဝင်ဖြစ်တဲ့ ဆိုဒ်က မန်းဂေဇတ်ပဲ။ အသစ်တက်သမျှ ပိုစ့်အကုန်လုံး ဖွင့်ဖြစ်တယ်။ စိတ်ဝင်စားရင်တော့ အစအဆုံး၊ သိပ်စိတ်မဝင်စားရင်တောင် အစ နဲ့ အဆုံး ဖတ်တယ်။ […]