Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


La YeikFebruary 19, 20151min125028
ရွာမှာ တင်ဖြစ်တဲ့ပို့စ်တွေကလည်း ဒါမျိ ုးတွေကြီးပဲဖြစ်နေမလားပဲ…. လူတိုင်း သစ္စာရှိပြီး သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးတွေဖြစ်စေချင်တာ အမှန်ပါ… ပတ်ဝန်းကျင်မှာတွေ့နေရတဲ့အိမ်ထောင်ရေးတော်တော်များများကတော့ ဖောက်ပြန်မှုတွေကြီးစိုးနေသလားပဲ…. အိမ်ထောင်ရှင်တိုင်း ဆင်ခြင်နိုင်ကြစေလိုပါတယ်…. တကယ်ဖြစ်လာရင် “ဒီည ဆရာမျိုး ရဲ့ နှုတ်ဆက်ပွဲရှိတယ်နော်”… “KTV သွားမယ် အပြတ်ဟဲမယ် ခင်ဗျားအိမ်ပြန်ဖို့မစဉ်းစားနဲ့တဲ့.” ရုံးကတစ်ယောက် ပြောတဲ့စကားကို ကျွန်တော်ေခါင်းညိတ် ပြလိုက်တယ်. ..အမှန်အတိုင်း ပြောရရင် အိမ်ကိုပြန်ချင်သည်..နေ့လည်ကမှ ခိုင် ဆီက ဖုန်းဆက်တယ်..ဒီနေ့ ကို ကြိုက်တဲ့ ဘဲဥချဉ်ရည်ဟင်း ချက်ထားတယ်. စောစောပြန်ခဲ့ပါတဲ့( အိမ်မှာ ခိုင်နဲ့ သမီးလေး မျှော်နေရှာမယ်).. ..ဒါပေမယ့်လည်း ဆရာအရင်းတစ်ယောက်လုံးရဲ့ နှုတ်ဆက်ပွဲကို ရှောင်လို့မကောင်း ခိုင့်ကို နားလည်အောင်ပြောပြီး နောက်ကျမယ့် အကြောင်းကို ဖုန်းဆက်ရအုံးမယ်.. ..ဆိုင်ရောက်တော့ နှုတ်ဆက်ပွဲမှာ လူစုံတက်စုံ သောက်ကြစားကြ ခိုင့်ကို မသောက်တော့ဘူးလို့ […]


La YeikDecember 24, 20141min124230
အိပ်ရာကနိုးလာပေမယ့် လူက ကြည်ကြည်လင်လင်မရှိပဲ ထိုင်းမှိုင်းနေသည်။ ညက ဧည့်သည်တွေ တော်တော်နဲ့မပြန်ကြ ….. မနက်(၃)နာရီလောက်မှ ပြန်သွားသဖြင့် မနက်ကို နေမြင့်အောင်အိပ်လိုက်သည်။ သူမတို့ကို မုန့်ဖိုးများများ ပေးနေသည့် ဆိုင်ကို လာနေကျ တရုတ်ပေါက်ဖော် သူဋ္ဌေးနှင့်သူ့အပေါင်းအသင်းများဖြစ်သဖြင့် သူမတို့ လဲ မငြိုငြင်ရဲပေ…အစွမ်းကုန်ပြုစုနိုင်လေ မုန့်ဖိုးများများရလေ…. သူတို့လို ယောကျာ်းမျိုးများများလာလေ ဆိုင်မှသူဋ္ဌေးအပါအဝင် သူမတို့က ကြိုက်လေပင်… အဓိက ကတော့ဆိုင်ပိုင်ရှင် သူဋ္ဌေးပေါ့…သူမတို့ကတော့ ဧည့်သည်ကသက်သက်ပေးသည့် မုန့်ဖိုးရမှသာ အူစိုနိုင်သည်။ ဆိုင်က ရသည့်လခနှင့် ကော်မရှင်ခ ကတော့ သန်လျှင်မှာ နေသည့် ပန်းနာရောဂါသည်အမေ နှင့် အရွယ်မရောက်သေးတဲ့မောင်လေး အတွက် ရသမျှပို့လိုက်တာ များသည်။ သူမအတွက်က ဧည့်သည်ဆီမှ ရသည့် သီးသန့်ရသည့် ပိုက်ဆံနှင့်သူမအတွက် ရပ်တည်ရသည်။ ရသလားဆိုတော့ တခါတလေလည်း မြိုးမြိုးမြက်မြက် […]


La YeikDecember 10, 20141min48511
အချစ်ကို အဆိပ်သင့် ပန်းသီးလေးတစ်လုံးလို မစားသုံးခဲ့တဲ့ ကောင်လေးရေ…… ကောင်လေးအတွက်ဆို ငါ့ရင်မှာ ပျိုးခဲ့တဲ့သစ်ပင်ကို ဆောင်းရာသီ နံနက်ခင်းလေးမှာ အနွေးဓါတ်လေး လွှမ်းခြုံပေးဖို့ လောင်စာထင်းလေးအဖြစ်နဲ့ပဲ ပေးဆပ်ခွင့်ရရင် ကျေနပ်မိမှာပါ…….  


La YeikDecember 5, 20141min146442
အိမ်ပြန်ရောက်မှ အခန်းတွင်းသို့ဝင်ကာ သားကို သိပ်ပြီး မှ နွယ် အားရပါးရငိုသည်။ နွယ်အတွက် ရွှေတောင်ကြီးပြိုတာထက်ဆိုးသည်လေ…. နွယ်ဘာလုပ်ရင်ကောင်းမလဲမောင်ရယ်… မောင့်ကို ပွင့်ပွင့်လင်းလင်းပဲမေးရကောင်းမလား …အို ဒါပေမယ့် မောင့်နှုတ်က ဟုတ်ပါတယ်လို့ ဝန်ခံမှာကိုတော့ အရမ်းကြောက်တယ် နွယ့်မှာ ဘာအပြစ်များရှိလို့လဲမောင်ရယ်….နွယ် အိမ်ထောင်ထိန်းသိမ်းတာ ညံ့နေလို့လား…မောင့်ကို မပြုစုမိလို့လား ဒါမှမဟုတ် နွယ် မလှတော့လို့လား… နွယ် မှန်တင်ခုံရှေ့ထိုင်က မိမိမျက်နှာကို ငေးကြည့်မိသည်။ စိတ်ဆင်းရဲတာကြောင့်လား… မောင့်နှင့်သားလေးသာ အဓိက ဆိုပီး ကိုယ့်ကိုကိုယ် ဂရုမစိုက်မိတာ ကြာလို့လားတော့မသိ… မျက်နှာက ရှိရင်းစွဲထက် ပိုရုပ်ကျနေသလိုပဲ… ဟိုကောင်မလေးတွေပြောတာတော့ မောင်အခုတွဲနေတဲ့ ကောင်မလေးက အလန်းလေးတဲ့… သူနှင့် ယှဉ်ရင်တော့ နွယ်က အဖွားကြီးဖြစ်နေပီလား… မောင်ပဲ အရင်ကတော့ သဘာဝအလှမို့ ချစ်တာပါဆို…အခု ဆေးဆိုးပန်းရိုက်တွေ ကြိုက်နေတက်ပီလားကွယ်… ဆံပင်အရှည်ကို […]


La YeikDecember 4, 20141min124233
ဒီအကြောင်းအရာလေးကို ဘာလို့ ရေးဖြစ်ရတာလဲဆိုတော့ ပတ်ဝန်းကျင်မှာ ဒီလို အိမ်ထောင်ရေး အဆင်မပြေတာတွေ တွေ့တွေ့နေရလို့ပါ…အခုခေတ်မှာ လူတွေလိုက်နာရမယ့် နီတိတွေ၊ကျင့်ဝတ်တွေကို တော်တော်များများက မသိတော့တာပဲလား သိခဲ့ရင်တောင်မှ လိုက်နာဖို့ ခက်ခဲကျတာလား မသိတော့ပါဘူး…ဒါပေမယ့် ကြားကမြေစာပင် ဖြစ်မယ့် ကလေးတွေကိုတော့ သနားတယ်….အချို့သောမိန်းကလေးတွေကလည်း အရွယ်လေးရောက်လာတော့ လှချင်၊ပချင်၊ဝတ်ချင်၊စားချင်ကြနဲ့ အခုခေတ်စားနေတဲ့ စပွန်ဆာရှာတာမျိုး၊KTV,Massage ရောက်ကုန်တာမျိုးတွေ တွေ့နေရတယ်…ကောင်းရောင်းကောင်းဝယ် ကိုယ်တက်တဲ့ ပညာလေးနဲ့ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြတဲ့ မိန်းမကောင်းလေးတွေလည်းရှိပါရဲ့….မိသားစုအတွက် ရိုးရိုးသားသားရှာဖွေကျွေးမွေးလို့ ရပါလျှက်နဲ့ ဘာလို့များ မိန်းကလေးတွေ ပျက်စီးကုန်ကြတာလဲလို့ ကျွန်မ တခါတလေ တွေးမိတယ် အိမ်ထောင်ရှင်အမျိုးသားများကလည်း ခဏတာသာယာမှုအတွက်နဲ့ မိသားစုမျက်ရည်တွေ လဲကုုန်ကြတယ်…. မိသားစုအပါ် အလွန်ကောင်းပြီး အနစ်နာခံတဲ့ ဖခင်၊မိခင်များကို ဂုဏ်ပြုရင်း ဒီ ဝတ္ထုတိုလေးကို ရေးလိုက်ပါတယ်….. ခံစားမှုတွေကို စာအဖြစ်အသက်သွင်းရာမှာ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ကြပါလို့….. နဲနဲရှည်သွားလို့ […]


La YeikNovember 27, 20141min81733
သိပ်ချစ်ရတဲ့ ကောင်လေးရေ…. ငါ့ဘက်က မင်းကို အပြင်းအထန် သတိရနေချိန်မှာ မင်းဘက်က ငါ့ကို တစ်စက္ကန့်လောက်ဖြစ်ဖြစ် သတိရနေစေချင်တယ်…..   ဘုရားသခင်ဆီက ဆုတစ်ခုသာ ရမယ်ဆိုရင် မင်းနဲ့အတူ ပျော်ရွှင်ရတဲ့ အဖြစ်ကို အိပ်မက်မက်ခွင့် ရချင်ပါတယ်…..   မင်းရဲ့မိဘုရား ဖြစ်ခွင့်မရတဲ့ ငါဟာ မင်းပိုင်တဲ့ အိမ်မက်တွေထဲက အိမ်မက်နတ်သမီးလေးတော့ ဖြစ်ခွင့်ရချင်သေးတယ်…..   ဒါတွေဟာ…. ငါ့ရဲ့အတ္တတွေဆိုရင် အဲဒီအတ္တတွေနဲ့အတူ မင်းဆီတိမ်းညွှတ်နေမိတဲ့ နှလုံးသားအစုံကို ငါ့ရင်ဘတ်ရဲ့ ဟိုးအနက်ရှိုင်းဆုံး တစ်နေရာမှာ အပြီးမြှုပ်နှံလိုက်တော့မယ်…..   ငါ….. သတ္တိမှမရှိတာ……..


La YeikNovember 25, 20141min108150
                   ROMANTIC TATTOO နောက် ၁ဝရက်ဆို သူမနဲ့ ချစ်သူတို့ရဲ့ ချစ်သက်တမ်း ရက် (၁၀၀)ပြည့်လေ….. ဘာလက်ဆောင်လေးပေးရင်ကောင်းမလဲဟု အသည်းအသန်စဉ်းစားနေတာ တစ်ပတ်လောက်ရှိပီ….. နောက် ဖေ့ဘုတ် သုံးရင်းမှ သူမ အိုင်ဒီယာ ရသွားသည်။ “ဟုတ်ပီကွ “ အဲ့လက်ဆောင်လေး ပေးလိုက်ရင် အံ့ဩသွားမည့် ချစ်သူ၏မျက်နှာ ကို စိတ်မှန်းဖြင့်တွေးကြည့်ရုံဖြင့်ပင် ပျော်စရာပင်…. အပျော်ရဲ့နောက်မှ တွေဝေမှုလေးတွေ ပါလာသည်။ ဖခင်မရှိတော့ပေမဲ့ စည်းကမ်းကျနစွာ အုပ်ထိန်းလာတဲ့မေမေ…. ဇီဇာကြောင် သောမေ့မေ့ အစ်မ ကြီးကြီးနု…. အနေအထိုင်မှားတာနှင့် ဝိုင်းပြောကြမည့် ပတ်ဝန်းကျင်…. အို ဒါတွေက ပီးတော့လည်းပီးသွားမှာပါလေ…. အချစ်သာ အဓိက ငါအရမ်းချစ်တာ ချစ်သူသိသွားရင် သူအရမ်းပျော်မှာလေ…. ဂွတ် ဒါပဲ ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ…. အဆူခံရလည်း ခံရပစေတော့…. […]