လွန်ခဲ့တဲ့တစ်ပတ်လောက်က ညနေဘက်ရုံးဆင်းတော့ လှည်းတန်းမီးပွိုင့်မှာ လမ်းကူးရင်းနဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ သိကြတဲ့အတိုင်း လှည်းတန်းမီးပွိုင့်ဆိုတာ ကြာတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ကုန်းကျော်တံတားစီမံကိန်းကြောင့် လမ်းဖြတ်ကူးစရာနေရာမရှိတော့တဲ့အချိန်မှာ တစ်ခုတည်းသောမီးပွိုင့်ကလည်း ခြေလျင်လမ်းကူးတဲ့သူတွေအတွက် အခွင့်အရေးလုံးဝမပေးတဲ့အတွက် ကားတွေကြားထဲမှာ အသက်လုပြီး ကူးကြရပါတယ်။ ကျွန်မလည်း ကားရှင်းတုန်း လူအုပ်ကြီးနဲ့ရောပြီး လမ်းကူးလာတဲ့အချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက လမ်းလယ်ခေါင်တည့်တည့်ကြီးမှာပါ။   အင်းစိန်လမ်းဘက်ကနေ ကွေ့ကြောယူထားပြီးစောင့်နေတဲ့ အငှားကားကို အမျိုးသမီးတစ်ယောက်က လမ်းလယ်ခေါင်မှာ အပြေးတစ်ပိုင်းငှားပါတယ်။ ပြီးတာနဲ့ ကမန်းကတန်းပဲ သူနဲ့ပါလာတဲ့လူကို ကားပေါ်အရင်ပေးတက်ပြီး သူက နောက်ကလိုက်တက်ပါတယ်။ ကြည့်လိုက်တော့ နိုင်ငံခြားသားတစ်ယောက်ပါ။ ကျွန်မတစ်ယောက် လမ်းကူးနေရင်းနဲ့ တုံ့ကနဲရပ်ပြီး ကြည့်လိုက်မိပါတယ်။ စိတ်ထဲမှာလည်း ဘဝင်မကျတဲ့ခံစားချက်မျိုး ခံစားလိုက်ပါတယ်။ နောက်တော့ ကျွန်မခေါင်းထဲမှာ အတွေးပေါင်းများစွာ ရောက်လာပါတော့တယ်။   နိုဝင်ဘာလကုန်ပိုင်းလောက်တုန်းက ကျွန်မတု့ိရုံးက အလည်အပတ်ပို့ပေးလို့ ဘန်ကောက်ကိုသွားခဲ့ပါတယ်။ […]


လူတွေ..လူတွေ.. ငါကပဲ မတူတာလား… ဘယ်သူ့ကိုမှ နားမလည်ဘူး..   အားငယ်တတ်တဲ့သူ တဲ့.. အားပေးခဲ့ဖူးပါတယ်… စေတနာကို အမှားထင်တတ်တော့ သင်ခန်းစာလို့ပဲ မှတ်လိုက်တယ်…   စီနီယာလူကြီးပါ တဲ့.. အပိုးကျိုးပြီး နာခံဖူးပါတယ်… တာဝန်ဆို ရှောင်ထွက်သွားတော့.. နာမည်တွင်သွားတယ်…ဖိုက်တာတဲ့…   အပြောချိုချိုလေးနဲ့တစ်ယောက်.. စိတ်ထားလေး သိပ်ကောင်းတယ်လို့… ပေါင်းတာကြာမှ သိလိုက်ရတယ်… ပါးစပ်ဘုရား..လက်ကားယားလို့…   အလုပ်ထဲမှာ ပျော်နေမိတယ်… ငြိစရာလည်း မရှိဘူးရယ်လု့ိ… ခံရခက်မှ သိလိုက်ရတယ်.. ပါစင်နယ်နဲ့ ရောတတ်သူတွေကို…   အတွေးတွေနဲ့ ဗျာများလာတယ်.. ငါကပဲ မှားနေပြီလား… အများနဲ့တစ်ယောက်… စဉ်းစားရင်းနဲ့ ဂေါက်တော့မယ်… ….


ဒီနေ့ တကယ်ဆို မေ့နေသင့်တယ်…   နှစ်တိုင်း ဒီလိုညနေ နင့်ကို ဖုန်းတွေခေါ်ခဲ့တယ်… မနက်ဖြန်အတွက် Happy Birthday ပါလို့…   နှစ်တိုင်း ဒီလိုညမှာ ၁၂ နာရီကျော်အောင် ထိုင်စောင့်ဖူးတယ်… Happy Birthday ကို တိုးတိုးလေးပြောဖို့…   နှစ်တိုင်း မနက်ဖြန်ဆို အစောကြီးဖုန်းဆက်ခဲ့တယ်… ပထမဆုံးမွေးနေ့ဆုတောင်းပြောဖို့…   နှစ်တိုင်း မနက်ဖြန်ညနေဆို နင့်ဆီကို ရောက်အောင်လာတယ်… တန်ဖိုးမကြီးလှတဲ့ မွေးနေ့လက်ဆောင်ပေးဖို့…   ငါ့မှတ်ဉာဏ်တွေရယ်… ကျေးဇူးပြုပြီး မေ့သွားပေးပါ… သူချစ်တဲ့သူ…သူ့ကိုချစ်တဲ့သူ… ပြီးပြည့်စုံနေတဲ့ သူ့ကို… ငါ့အိပ်မက်ထဲ ရောက်ရောက်လာတဲ့ သူ့ကို… ငါ့ကိုမေ့နေမယ့် သူ့ကို… မနက်ဖြန်မှာ ပျော်နေမယ့် သူ့ကို… ပြီးတော့… သူနဲ့ပတ်သက်တဲ့ အရာရာအာလုံးကို… ….။ ။


မနေ့ညက ကျွန်မစာသင်နေရတဲ့ ကိုးတန်းကျောင်းသားက မေးခွန်းတစ်ခုမေးလာခဲ့ပါတယ်။ “မြန်မာစာကို ဘာလို့ အမှတ်ပြည့် မပေးတာလဲ” တဲ့။ ဒီမေးခွန်းကို ကျွန်မဆယ်တန်းနှစ်မှာ မြန်မာစာဆရာကြီးကို မေးခဲ့ဖူးပါတယ်။ ဆရာကြီးရဲ့ အဖြေက- “စာပေတစ်ခုရဲ့ အနှစ်သာရ၊ စာပေတစ်ခုရဲ့ တန်ဖိုးအရ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး…သမီးအနေနဲ့ သိင်္ဃသူ့သမီးကျောက်စာအရ သိင်္ဃသူ့သမီးရဲ့ စိတ်ထားကို ရေးမယ်ဆိုရင် ဘယ်လိုပဲရေးရေး သူ့ရဲ့စိတ်ထားကို ပြည့်စုံအောင် ဖော်ပြနိုင်မှာမဟုတ်ဘူး…ဒီလိုပဲ နွေရာသီအကြောင်း စာစီစာကုံးရေးမယ်ဆိုရင်လည်း ဘယ်လိုပဲဖြေဖြေ ပြည့်စုံတယ်လို့ မယူဆဘူး…ဒါကြောင့် ဒီလိုမေးခွန်းမျိုးတွေမှာ အမှတ်ပြည့်မပေးဘူး…ဒါက စာပေတိုင်းမှာရှိတယ်…အင်္ဂလိပ်စာမှာဆိုရင်လည်း essay/letter တွေကို အမှတ်ပြည့်မပေးဘူးလေ…”   ဆရာကြီးရဲ့ အဖြေအတိုင်းပဲ ကျွန်မလည်း ပြောပြလိုက်ပါတယ်။ စာစီစာကုံးနဲ့ မေးခွန်းရှည်တွေကလွဲလို့ ကျန်တဲ့မေးခွန်းတွေမှာ အမှတ်ပြည့်ပေးတဲ့အကြောင်းလည်း ရှင်းပြလိုက်ပါတယ်။ အဲဒီမှာ သူက ထပ်မေးလာခဲ့တယ်။   “ဆရာမတွေ […]


ကျွန်မမှာ ဘဝနှစ်ခုရှိပါတယ်။ ပိုပြီး တိတိကျကျပြောရရင်တော့ ဘဝအဓိပ္ပာယ် တစ်နည်းအားဖြင့် ဘဝဖွင့်ဆိုချက် နှစ်ခုရှိပါတယ်။ အဲဒီအဓိပ္ပာယ်တွေနဲ့ လက်တွေ့ဘဝတွေဟာလည်း အကျိုးအကြောင်း တစ်လှည့်စီ ဖြစ်နေပါသေးတယ်။ တစ်ခါတစ်လေမှာ လက်တွေ့ဘဝပေါ်မူတည်ပြီး အဓိပ္ပာယ်သက်ရောက်သွားတာမျိုးရှိသလို တစ်ခါတစ်လေကျတော့လည်း အဓိပ္ပာယ်ပေါ်မူတည်ပြီး လက်တွေ့ဘဝအဖြစ် ကျင့်သုံးလိုက်ရတာမျိုးတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုချိန်အထိတော့ ကျွန်မဟာ အဲဒီဘဝနှစ်ခုထဲမှာ မသေချာမရေရာစွာ၊ ဒွိဟများစွာနဲ့ ရှင်သန်နေရဆဲပါပဲ။   “ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရခြင်းပါပဲ” တဲ့… ကျွန်မကိုယ်ကျွန်မ အားတင်းတဲ့ စကားတစ်ရပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေ မိုးလင်းကမိုးချုပ် အလုပ်တွေနဲ့ တရစပ်ပြည့်နေတဲ့အခါမှာ၊ ကိုယ့်စိတ်ကို အပန်းဖြေဖို့ အချိန်နည်းနည်းလေးတောင် မပေးဖြစ်တဲ့အခါမျိုးတွေမှာ ကျွန်မကိုယ်ကျွန်မ ပြောလေ့ရှိပါတယ်။ “ငါလုပ်နိုင်တယ်..ငါလုပ်ရမယ်…ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရခြင်းပဲ..”   ဒီလိုဘဝမျိုးကို ဘယ်အချိန်ကစပြီး ကြုံရသလဲဆိုရင် ကျွန်မဆယ်တန်းဖြေပြီးတဲ့ အချိန်လောက်မှာပါ။ ဆယ်တန်းပြီးလို့ နားမယ်ကြံကာရှိသေးတယ်၊ […]


ဟိုနေ့က “အဖေလား..အမေလား…ဆုံးမပေးပါ” ဆိုတဲ့ ပို့စ်နဲ့ ပို့စ်အောက်က ကွန်မန့်တွေကို ဖတ်အပြီးမှာ ကျွန်မခေါင်းထဲကို “ယဉ်ကျေးမှု” ဆိုတဲ့ စကားလုံးက ဝင်ရောက်လာခဲ့ပါတယ်။ “ယဉ်ကျေးမှု” ရဲ့ အဓိပ္ပာယ်ကို ကျွန်မစသိခဲ့တာ ရှစ်တန်းနှစ်လောက်မှာပါ။ “ယဉ်ကျေးမှုဆိုသည်မှာ အစဉ်အဆက် ထိန်းသိမ်းတည်ရှိခဲ့သော အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ စာပေ၊ ဂီတ၊ အနုပညာ အားလုံးပါဝင်သည်” လို့ သင်ကြားခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ဆယ်တန်းမှာသင်ခဲ့ရတဲ့ ဦးမင်းနိုင်ရဲ့ မြန်မာမှုဆိုတဲ့စာထဲက အကြောင်းအရာတစ်ခုကိုလည်း သတိရမိပါတယ်။ ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ထိန်းသိမ်းသင့်တဲ့ယဉ်ကျေးမှုရှိသလို ခေတ်နဲ့လိုက်လျောညီထွေစွာ ပယ်ဖျက်သင့်တဲ့ယဉ်ကျေးမှုလည်း ရှိပါတယ်တဲ့။ ဥပမာအားဖြင့် ဆေးမင်ကြောင်ထိုးခြင်းအလေ့အထဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် မသင့်လျော်တဲ့အတွက် ဒီအလေ့ကို ပယ်ဖျက်ရမှာဖြစ်ပေမယ့် အသားမှာစွဲအောင်ထိုးတဲ့ ဆေးမင်ကြောင်ဆေးဖော်စပ်နည်းကိုတော့ ဆက်လက်ထိန်းသိမ်းသင့်ပါတယ်တဲ့။   အဲဒီနောက်တော့ ယဉ်ကျေးမှုဆိုတဲ့ အဓိပ္ပာယ်ကို အတိအကျသိချင်တဲ့အတွက် ထပ်ရှာကြည့်လိုက်တဲ့အခါ ဖွင့်ဆိုချက်အမျိုးမျိုးကို […]


ကျွန်မတို့ဟာ ကိုယ်အရမ်းချစ်ရတဲ့သူတွေကို လှိုက်လှိုက်လှဲလှဲ ကူညီချင်ကြတဲ့အချိန်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အခြေအနေတွေက ကူညီခွင့်မပေးခဲ့တာ ဒါမှမဟုတ် သူကိုယ်တိုင်က အကူအညီကို လက်မခံခဲ့တာတွေလည်း ရှိတတ်ကြပါတယ်။   အဲဒီနောက်တော့ ကျွန်မတို့နဲ့အတူ ကျန်ရှိနေတဲ့အရာကတော့ ချစ်ခြင်းတရားပါပဲ။ ဘာမှမလုပ်ပေးနိုင်တဲ့အချိန်မှာတောင် ကျွန်မတို့ ချစ်နေပေးနိုင်ပါတယ်။ ဘယ်လိုဆုလာဘ်မျိုး၊ ဘယ်လိုပြောင်းလဲခြင်းမျိုး၊ ဘယ်လိုကျေးဇူးတရားမျိုးကိုမှ မမျှော်လင့်ဘဲနဲ့ပေါ့။   အဲဒီလိုလေးသာ ချစ်နေပေးလိုက်မယ်ဆိုရင် ချစ်ခြင်းစွမ်းအားက ကျွန်မတို့ရဲ့ စကြာဝဠာကမ္ဘာလောကကြီးကို ပြောင်းလဲပေးပါလိမ့်မယ်။ အဲဒီစွမ်းအားပေါ်ထွက်လာတာနဲ့ ပန်းတိုင်ကို ရောက်သွားစမြဲပါပဲ။ ဟင်နရီဒရမ်မွန်း (Henry Drummond) က ပြောခဲ့ပါတယ်။ “အချိန်က လူကို မပြောင်းလဲပေးပါဘူး။ စိတ်စွမ်းအားကလည်း လူကို ပြောင်းလဲမပေးပါဘူး။ ချစ်ခြင်းတရားကတော့ ပြောင်းလဲပေးပါတယ်” တဲ့။   ဘရာဇီးနိုင်ငံက ကောင်မလေးတစ်ယောက်အကြောင်းကို သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်။ မိဘတွေက […]


ဟောပြောပွဲ   ၁။         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပုဂ္ဂလိကကဏ္ဍမှ အသိပညာနှင့် သတင်းအချက်အလက်များ ရရှိစေရေးတို့အတွက် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၏ ဟောပြောပွဲများကို ကျင်းပပေးလျက်ရှိပါသည်။   ၂။         ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်နေ့တွင် နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးပညာရှင် ဦးမြင့်မှ “Myanmar and the FDI Issue” ခေါင်းစဉ်ဖြင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဟောပြောမည်ဖြစ်ပါ၍ အဆိုပါဟောပြောပွဲသို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။   ကျင်းပမည့်နေ့ရက်            – ၂၀-၁၀-၂၀၁၂ (စနေနေ့) ကျင်းပမည့်အချိန်              – နေ့လည် ၁း၃ဝ နာရီ ကျင်းပမည့်နေရာ              -UMFCCIOfficeTower (ပထမထပ်) ခန်းမကြီး အမှတ် […]


တစ်ယောက်တစ်နေရာစီ ကိုယ့်ဘဝကိုယ် ကြိုးစားနေကြတဲ့ သူတို့လေးယောက်ဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး ရန်ကုန်ဆိုတဲ့ တစ်မြို့တည်းမှာ အတူတူစုစည်းမိကြပါတယ်။ မအားလပ်လို့ အချိန်ပြည့်မတွေ့နိုင်ပေမယ့် အဆက်အသွယ်တွေတော့ မပြတ်ခဲ့ကြပါဘူး။   ဝတ်ရည်ကတော့ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဝဏ္ဏနဲ့ ဝတ်ရည်က တစ်နေရာတည်းမှာ အလုပ်ရခဲ့သလို အချိန်ပိုအနေနဲ့ ဝတ်ရည်စာသင်တဲ့နေရာက ခွန်စင်ငှားနေတဲ့ အိမ်ဘေးမှာ ဖြစ်နေပြန်ပါတယ်။ နောက် ဝတ်ရည်နဲ့အိလေးနဲ့ကလည်း တစ်မြို့နယ်တည်းမှာ နေဖြစ်ကြတော့ ဝတ်ရည်ကပဲ အားလုံးနဲ့ အဆက်အသွယ်ရှိနေပါတယ်။   အိလေးက ဝတ်ရည်နဲ့အတူတူ တိုက်ခန်းငှားနေဖို့ ပြောလာတဲ့အချိန်မှာ ဝမ်းသာအားရလက်ခံမိခဲ့ပါတယ်။ အိလေးနဲ့အတူတူ အဆောင်နေခဲ့တဲ့ မရတီလည်း ပါလာခဲ့တာပေါ့။ ဝတ်ရည်တို့ထက် သုံးနှစ်လောက်ကြီးတဲ့ မရတီကို နှစ်ယောက်လုံးက ချစ်ခဲ့ကြပါတယ်။ ကလေးဆန်တဲ့အိလေးကို မရတီက အလိုလိုက်ခဲ့သလို လူကြီးဆန်တဲ့ ဝတ်ရည်နဲ့လည်း အတူတူချက်စားဖြစ်ခဲ့ပါတယ်။ အစ်မမရှိတဲ့ ဝတ်ရည်က […]


“ဘာလို့ သူဖြစ်နေရတာလဲ..တစ်ခြားတစ်ယောက်သာ ဖြစ်လိုက်ပါတော့လားဟာ..ငါ့ကို လုပ်ရက်လိုက်ကြတာ..အီး..ဟီး…ဟီး…”   ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုနေတဲ့ ဝတ်ရည်ကို ကြည့်ပြီး အိလေးလည်း မျက်ရည်တွေကျလာပါတယ်။   “ငိုလိုက်ပါ ဝတ်ရည်ရယ်..နင်အားရအောင်သာ ငိုလိုက်ပါ..နင် သိပ်ချစ်တဲ့ ခွန်စင့်အတွက်၊ နင့်နောက်ကျောက ထိုးခံလိုက်ရတဲ့ ဓားတစ်ချောင်းအတွက်၊ လူတိုင်းကို နင့်လိုပဲလို့ထင်ခဲ့တဲ့ နင့်ရဲ့ဖြူစင်မှုအတွက်..ငါလည်း ငိုပါရစေ… ငါရဲ့သူငယ်ချင်းဖြစ်တဲ့ နင့်ရဲ့ဝမ်းနည်းမှုတွေကို မျှဝေဖို့အတွက်၊ ငါတို့ဆုံးရှုံးလိုက်ရတဲ့ ခွန်စင့်အတွက် ငါလည်း ငိုပါရစေ သူငယ်ချင်းရယ်…”   အိလေး စိတ်ထဲကနေသာ ပြောနေမိပါတော့တယ်။   ………   “ခွန်စင်ကြယ်၊ ဝဏ္ဏဗိုလ်၊ ဝတ်ရည်နွယ၊် အိချောခင်”   သူတို့သူငယ်ချင်းလေးယောက်ကို အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် အားလုံးက သိထားကြပါတယ်။ ဆယ်တန်းပြီးကတည်းက တွဲဖြစ်ခဲ့တဲ့ သူတို့လေးယောက်မှာ ဝဏ္ဏနဲ့ဝတ်ရည်နဲ့က ငယ်သူငယ်ချင်း၊ ခွန်စင်နဲ့ အိလေးနဲ့က […]


နင့်အပြုံးမှာ အဆုံးမရှိ ငြိတွယ်ဖူးတယ် မြုံးမိထားတဲ့ ငါးလိုပဲ…။ အပိုမပြောတတ်ခဲ့တဲ့ငါ နင်ဆိုသမျှကိုလည်း ယုံခဲ့မိတယ်။ အချစ်တွေကိုပုံလို့ ငါ့ဦးနှောက်လည်း စုံလုံးကန်းခဲ့ပေါ့။ ငါတမ်းတတဲ့အချိန် နင်မရှိခဲ့ဘူး။ ငါလွမ်းလျတဲ့အချိန် နင်မသိခဲ့ဘူး။ အရူးတစ်ယောက်လိုပဲ။ ရောက်တတ်ရာရာတွေလုပ် အတွေးတွေကြားမှာမြုပ်ရင်း ငါ့စိတ်တွေလည်း ရှုပ်နေလေရဲ့။ အခုတော့… နင့်အကြောင်းတွေကိုထုတ် ငါ့စိတ်ကိုငါ ထိန်းချုပ်လို့ အလုပ်ထဲမှာပဲပျော်ရင်း…။ ။


“ဝတီ..ငါးဘာသာပါတယ်…”   ဝမ်းမသာနိုင်သေး။ လိုရင်းကို မေးရသေးသည်။   “ဟို..ကျန်တဲ့သူတွေရော..ဘယ်နှစ်ဘာသာ ပါကြလဲဟင်…” “စည်သူတို့တွေလည်း ပါကြတယ်..စည်သူက လေးဘာသာ…မြင့်မိုရ်က နှစ်ဘာသာ…ကျန်တာတွေလည်း ပါကြပါတယ်..” “မဟုတ်ဘူးလေ…ဟို..နှင်းဆီကော ဘယ်နှစ်လုံးပါလဲ..”   မတတ်နိုင်တော့။ သိချင်သည်ကို တိုက်ရိုက်သာ မေးလိုက်တော့သည်။   “နှင်းဆီက လေးဘာသာ..”   “ဟေးးးးးးးးးးးးး” စိတ်ထဲက အော်လိုက်ခြင်း ဖြစ်ပါသည်။ ချက်ချင်းပင် အမေ့ဆီပြေးသွားပြီး ခပ်တိုးတိုးပြောလိုက်သည်။   “အမေ..အမေ..သမီး ငါးလုံးပါတယ်သိလား..နှင်းဆီက လေးလုံးပဲပါတယ်…ဟိဟိ..ပျော်လိုက်တာ..သမီး နိုင်ပြီသိလား…” “ဟဲ့..တိုးတိုး..တိုးတိုး..သူများကြားသွားရင် မကောင်းဘူး…သေချာလို့လား သမီးရယ်…မျက်စိနဲ့တွေ့မှ ယုံကြတာပေါ့…” “ဘဘ ကိုယ်တိုင်ပြောတာ..ဘဘနဲ့တွေ့တာ..ဟုတ်မှာပါ အမေရဲ့..” “အောင်စာရင်းထွက်တဲ့အထိ စောင့်ပါဦး သမီးရယ်..”   ဇဝေဇဝါစိတ်များ ဖြစ်သွားပြန်သည်။ ထိုအချိန်တွင် တွေ့လိုက်ရသည်က ဝဏ္ဏ နှင့် စည်သူ။   […]


ပူလောင်ခြင်း၏ ရလာဒ်ကား ဆိုးဝါးလှပေသည်။ သည်ညတော့ ဝတီတစ်ယောက် စာမကျက်နိုင်တော့ပေ။ ကျူရှင်က ပြန်ရောက်ကတည်းက အလုပ်ရှုပ်တော့သည်။   ရောက်ရောက်ချင်း ဘုရားစင်က သောက်တော်ရေကိုလဲ၊ ဆီမီးထွန်းပြီး ဘုရားရှိခိုးတော့သည်။   “ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို မေတ္တာပို့ပေးရမယ်ဆိုပဲ…” မည်သို့ပင် ကြိုးစားသော်လည်း မေတ္တာထား၍ကို မရ။   “အာ..သိပြီ..သစ္စာဆိုရမယ်…” “တပည့်တော်မသည် နှင်းဆီအပေါ်တွင် သူတို့စွပ်စွဲသလို မျက်စောင်းလည်း မထိုးခဲ့ပါဘုရား…ရန်ဖြစ်လိုစိတ်လည်း မရှိခဲ့ပါဘုရား…ဤမှန်သော သစ္စာစကားကြောင့် တပည့်တော် အပေါ်တွင် အထင်လွဲစွပ်စွဲမှုများ အမြန်ဆုံး ကင်းဝေးရပါလို၏ အရှင်ဘုရား…”   ဘုရားရှိခိုးပြီး၍ စာဆက်ကျက်ရန် ကြိုးစားသော်လည်း အာရုံက စုစည်း၍ မရချေ။ တွေးလေလေ ဒေါသနှင့် တနုံ့နုံ့ဖြစ်လာလေ။ ဒေါသစိတ်၏ နောက်သို့ အတွေးတွေက လိုက်သွားရင်း ကြားဖူးထားသည့် အလုပ်တစ်ခုကို လုပ်လိုက်လေသည်။   […]