မမနောရဲ့ ပို့စ်အောက်မှာ ကွန်မန့်ရေးနေရင်းနဲ့ ရှည်သွားလို့ ပို့စ်သက်သက် တင်လိုက်ပါတယ်။   ကားတွေနဲ့ ပတ်သက်ပြီး ပြောရရင် လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သလိုပဲ ဆိုရမှာပေါ့..   ဆုံးသွားတာကို တကယ်စိတ်မကောင်းပါဘူး..ဒီလို နေ့မြင်ညပျောက်ဖြစ်ပြီး ကလေးတွေချည်းပဲ ကျန်ခဲ့တာ တကယ်ကို ကိုယ်ချင်းစာမိပါတယ်။   ကားသမားတွေကိုယ်တိုင်က စည်းကမ်းမရှိသလို ကားစီးတဲ့ ပြည်သူတွေကိုယ်တိုင်ကလည်း စည်းကမ်းမလိုက်နာကြပါဘူး။ မီးပွိုင့်မှာ လူတင်တယ်ဆိုတာ တက်တဲ့သူရှိလို့ တင်တာပါ။ မီးပွိုင့်က တားစီးတယ်ဆိုတာကလည်း ရပ်ပေးတဲ့ကားရှိလို့ တားစီးကြတာပါ။   မီးပွိုင့်မှာ ကားမရပ်လိုက်နဲ့.ဆင်းလို့ရလားလို့ မေးကြတဲ့လူများပါတယ် (ကျွန်မကိုယ်တိုင် အပါအဝင်ပါ)။ လှည်းတန်းမှာ ဒီလောက်လူတွေများတာ…မျဉ်းကျားက လမ်းကူးတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ…ကားတွေရပ်မပေးလို့ မပြောနဲ့… ရပ်တာမရပ်တာ သူ့အလုပ်၊ မျဉ်းကျားက သွားကူးရမှာက ကိုယ့်အလုပ်။   လှည်းတန်းမီးပွိုင့်မှာ လူတွေ […]


မနေ့က Channel 7 က Hot Ride ဆိုတဲ့ အစီအစဉ်တစ်ခုကို ကြည့်လိုက်ရတယ်။ ဘာအဓိပ္ပာယ်နဲ့ ပေးထားတာလည်း မသိပေမယ့် ကား showroom တစ်ခုက ကားတွေကို ရိုက်ပြထားတာပါ။   ထုံးစံအတိုင်း မော်ဒယ်တွေက sexy ပုံတွေပါပဲ။ တော်တော်လည်း စိတ်ပျက်မိသွားတယ်။ ကားကြော်ငြာတာနဲ့ sexy post နဲ့ ဘာဆိုင်သလဲပေါ့။ နိုင်ငံခြားက Car Show တွေကို တုပြီး လုပ်တာလား။ ယဉ်ကျေးမှုက တစ်ခြားစီပဲလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံမှာ ဒီလိုမျိုးကြီးတော့ မလုပ်သင့်ဘူးထင်ပါတယ်။ ကားနဲ့ sexy post နဲ့ လားလားမျှမသက်ဆိုင်ပါ။ ကားဝယ်တဲ့သူတွေကလည်း ကားကောင်းတာမကောင်းတာကို ကြည့်မှာလား။ ဒီမော်ဒယ်တွေကို ကြည့်မှာလား။ ကားဝယ်အောင်ဆွဲဆောင်တဲ့ နည်းလမ်းလား။ ကျွန်မ ဉာဏ်မမီဘူး […]

download-1.jpg

ငါ့အမုန်းမှာ အပြုံးမရှိဘူး။   သုံးစားမရတဲ့ ဦးနှောက်က နှလုံးသားရဲ့ ခြေနင်းဖက်။ ခပ်လွယ်လွယ်ပြောလိုက်ရင် သီချင်းထဲက စံပယ်ပေါ့။   “ငြင်းစရာမရှိလို့ပါ” တဲ့… ခပ်တင်းတင်းပြောထွက်တဲ့ ပါးစပ် ရွှေတောင် ကပ်ပေးလိုက်ချင်တယ်။   “ခင်ဖို့အတွက် ရင်းရတာမာန” ဟား..ကြားသမျှမှာ အဆန်းဆုံးပဲ။   နားတွေလည်း ခါးလှပါပြီ။ အရှုံးတွေလည်း များလှပါပြီ။   ဒီတော့… အပြုံးမရှိတဲ့ ငါ့အမုန်းအောက်မှာ တစ်သက်လုံးပဲ နေလိုက်ပါတော့…။  ။  

knife-in-back.jpg

ကျောဘက်ကဓား အသွားထက်လိုက်တာ အသည်းက ဟက်တက်ကွဲပေါ့။ ပက်စက်တဲ့အကြံ နင်မို့လို့ နှံရက်တယ်။ ပြန်ပြောခွင့်လည်း မဆိုင် ငါကမှ မပိုင်ခဲ့တာ။ ယိုင်ခဲ့တဲ့ သူ့စိတ်တွေလည်း အထိတ်တလန့် အံ့ဩမိရဲ့။ ထိလွယ်တဲ့ ငါ့နှလုံသား နင်သိသိကြီးနဲ့ဟာ..။ မတရားမရှိပါဘူး ကျေနပ်လို့ချစ်မိကြတာ။ အပြစ်ဆိုလောက်အောင်လည်း ဦးနှောက်က အလတ်ကြီးပဲ။ တကယ့်ကို ကြောက်မိပါတယ် မထောက်ထားခဲ့တဲ့ နင့်စိတ်ဓာတ် အကြီးအကျယ် သွေးပျက်မိပေါ့။ အေးဆေးပါ… ဘဝပျက်မသွားပါဘူး။ တစ်ခုတော့ သတိထား… အစွန်းဆုံးထိ အမုန်းတွေနဲ့ နင်တို့ကို စောင့်ကြည့်နေတယ်။   ။


Respect your body မင်းရဲ့ ရုပ်ခန္ဓာကို အလေးထားပါ။   You will only manage to climb the mountain if you give your body the care it deserves. You have all the time that life gives you, so do not demand too much from your body. If you walk too quickly, you will grow tired and give up halfway. […]


Paulo Coelho ရဲ့ Like the Flowing River စာအုပ်ထဲက How to climb the mountains ဆိုတဲ့ စာကို ဘာသာပြန်ထားပါတယ်။ အားလုံးပေါင်း ၁၁ ချက်ရှိပါတယ်။ အခုတော့ ၅ ချက်ကို အရင် တင်ထားပါတယ်။ တစ်ချို့အီဒီယမ်တွေက ဘာသာပြန်ရတာ အခက်အခဲရှိတဲ့အတွက် မှားတာတွေ့ရင် ပြင်ပေးစေလိုပါတယ်။ How to climb the mountains တောင်တက်နည်း   Choose the mountain you want to climb မင်းတက်ချင်တဲ့တောင်ကို ရွေးချယ်ပါ။   Don’t be influenced by what other people say: ‘that […]


စာရေးဆရာ Paulo Coelho (Author of the alchemist) ရဲ့ Like the Flowing River စာအုပ်ထဲက The Story of the Pencil ဆိုတဲ့ စာလေးကို သဘောကျလို့ ဘာသာပြန်လိုက်ပါတယ်။   စာလေးကတော့ အရမ်းလွယ်ပါတယ်။ စာလုံးတွေတော်တော်များများကိုလည်း သိပါတယ်။ ဒါပေမယ့် တကယ်တမ်း မြန်မာလို စာချောအောင် ဘာသာပြန်ဖို့ကတော့ ကျွန်မအတွက် တော်တော်လေး ခက်ခဲပါတယ်။ အခု ဒီစာကို ကြိုးစားပြီးတော့ ဘာသာပြန်ထားပါတယ်။ ဆရာမ TTNU နဲ့ ရွာသူရွာသားတွေက ဖတ်ကြည့်ပေးပြီး မှားတာရှိရင် ပြောပြပေးစေချင်ပါတယ်။   ခဲတံပုံပြင်   ကောင်လေးတစ်ယောက်က သူ့အဖွားစာရေးသည်ကို ကြည့်နေခဲ့ပါသည်။ တစ်နေရာတစ်ယောက်တွင် သူက မေးလိုက်သည်။ […]


မီးဖွင့်လိုက်တယ်ဆိုရင်ပဲ ဝုန်းကနဲခုန်ဆင်းပြီး ထွက်ပြေးသွားတာ ကြောင်တစ်ကောင်…Tom & Jerry များ ဆော့နေကြသလားမှတ်ရတယ်။ ထောင်ထားတဲ့ မှန်ကလည်း လဲကျလို့…စားပွဲပေါ်က ပစ္စည်းတွေကလည်း ပြန့်ကျဲလို့…နာရီကို ကြည့်လိုက်တော့ မနက်ငါးနာရီလောက် ရှိတော့မယ်… တော်တော်လေး ဆိုးလိုက်တဲ့ ကျွန်မနော်… ဘာဖြစ်တာလဲဆိုတာကို သေချာမစူးစမ်းဘဲ အဖေ့ကိုတောင် လှမ်းထင်လိုက်သေးတယ်…. ကျွန်မ စိတ်ထဲကို အဖေလို့ရောက်လာတာနဲ့ တစ်ပြိုင်နက် မျက်ရည်ကကျလာပြီ… ငိုနေလို့ မပြီးသေးပါဘူးဆိုပြီး ရေချိုး၊ သေချာတောင် မဖြည်ရသေးတဲ့ အထုတ်ကို ပြန်ဆွဲပြီး အဆောင်က ထွက်လာခဲ့တယ်။ မိုးကလည်း ဖွဲဖွဲလေး ကျလို့…။   ကားကို ဘယ်လိုငှားပြီး ကားဂိတ်ကို ဘယ်လိုဆင်းခဲ့တယ် ဆိုတာတောင် သတိမရတော့ပါဘူး။ စိတ်နဲ့ လူနဲ့လည်း မကပ်သလိုပဲ။ အိပ်မက်ထဲမှာပဲ လမ်းလျှောက်နေရတာလား…။ အိမ်ရောက်ရင် ကြုံရမယ့် မြင်ကွင်းကြီးကို […]


သတင်းဆိုးတစ်ခုက ကျွန်မကို စောင့်ကြိုနေခဲ့ပါတယ်…. အဆောင်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အစ်မတစ်ယောက်က ဆီးပြောတယ်… “မွန်မွန် အိမ်ကို ဖုန်းဆက်ပြီးပြီလား…ညီမလေး အမေ ဖုန်းဆက်တယ်..အဖေ ဆုံးသွားပြီတဲ့”….. ကျွန်မ နားကြားများ မှားလိုက်သလား…. တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ရတဲ့ အဖေက အခုမရှိတော့ဘူးတဲ့လား… မဖြစ်နိုင်ပါဘူး… ကျွန်မထွက်လာတုန်းကတောင် အကောင်းကြီးရှိသေးတာကို… ဟိုလျှောက်ပြောဒီလျှောက်ပြောလေး နည်းနည်းပဲ ရှိတာ… မဖြစ်နိုင်ပါဘူး…   စမ်းချောင်းအိမ်ကလည်း ဖုန်းခေါ်ထားတယ်တဲ့… ချက်ချင်းပဲ ဖုန်းဆက်လိုက်တော့ ပထမဆုံးကြားလိုက်ရတာက “ဟဲ့…ဘယ်တွေလျှောက်သွားနေတာလဲ..တစ်နေ့လုံးလည်း မရှိဘူး… ကိုကြီးဆုံးသွားပြီ…မနက် ရှစ်နာရီခွဲလောက်ကတဲ့” …ဒါဆိုသေချာတယ်ပေါ့… အချိန်က ညနေခြောက်နာရီ…နောက်ဆုံးကားက ထွက်သွားပြီ။ တစ်ယောက်တည်း ဘယ်လိုပြန်ရမလဲ…။ နေဦး..အမေ့ကို ဆက်ကြည့်ရမယ်… စိတ်လေးကိုထိန်း၊ လေသံလေးကို ပြင်ပြီး.. “အမေ နေကောင်းလား…၊ အရမ်းငိုထားသေးလား… သမီး အခု ပြန်လာလို့ မရဘူး။ […]


“သွားပြီ”.. ကျွန်မရဲ့ တစ်ခွန်းတည်းသော နှုတ်ဆက်သံပါ။ စူပုပ်နေတဲ့ မျက်နှာနဲ့ ဆောင့်နင်းထားတဲ့ ခြေသံတို့က ကျွန်မနဲ့ ကပ်ပါလာပါတယ်။ နောက်ဆုံးနှစ် ဒုတိယ နှစ်ဝက်ကို ပြန်တက်ဖို့ ရန်ကုန်ကို အပြန် အိမ်ကို နှုတ်ဆက်ခဲ့တဲ့ ပုံပေါ့။ တစ်သက်မမေ့တဲ့နေ့…၃၀.၅.၂၀၀၉…   ပထမနှစ်ဝက်ပြီးလို့ ကျောင်းနှစ်လပိတ်ခဲ့တဲ့ အချိန်မှာ အိမ်မှာ မနားဖြစ်ဘဲ ကိုးတန်းကျောင်းသားတစ်ယောက်နဲ့ ဆယ်တန်းကျောင်းသားတစ်ယောက်ကို စာသင်ခဲ့ပါတယ်။ နှစ်လအတွင်း ပြီးနိုင်သမျှ ပြီးအောင် သင်ပေးခဲ့ရတာဆိုတော့ အချိန်လည်းပေးခဲ့ရပြီး တော်တော်လည်း ပင်ပန်းခဲ့ပါတယ်။ ပြီးတော့ အဖွဲ့အစည်းတစ်ခုမှာလည်း ေဒေတာသွင်းတဲ့နေရာမှာ ကူညီပေးခဲ့တာဆိုတော့ ကျွန်မရဲ့ ကျောင်းပိတ်ရက်က အေးအေးဆေးဆေးတော့ မရှိခဲ့ပါဘူး။ အားလုံးပေါင်းလိုက်တော့ နောက်ဆုံးမှာ ဝင်ငွေစုစုပေါင်း တစ်သိန်းရခဲ့ပါတယ်။   ပြဿနာက ဘယ်ကစလဲဆိုတော့ အမေက ကျွန်မရတဲ့ တစ်သိန်းကို အပြည့်မပေးပဲ […]


ဟိုနေ့က မိဘအကြောင်းဖတ်လိုက်ပြီးတော့ အဖေ့ကို လွမ်းနေမိတယ်။ တစ်ချိန်တည်းမှာပဲ အိမ်နားက အန်တီကြီးပြောပြတဲ့ အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရတစ်ခုကိုလည်း သတိရမိတယ်။   အဖေက မနက်ဘက်ဆိုရင် အစောကြီး နိုးနေတတ်ပါတယ်။ နိုးတာနဲ့ မျက်နှာသစ်ပြီးတော့ အိမ်ရှေ့က မုန့်ဟင်းခါးဆိုင်မှာ စကားသွားပြောနေတတ်ပါတယ်။   မွန်မွန်တို့ဒေးဒရဲမြို့မှာ ဒေးဒရဲတံတားဆိုတာ ရှိပါတယ်။ တံတားက မြို့ကို ဖြတ်ပြီး ဆောက်ထားသလိုပါပဲ။ ချဉ်းကပ်တံတားက မြို့ပေါ်ကို ဖြတ်သွားတာပါ။ မွန်မွန်တို့အိမ်က တံတားအောက်နားမှာရောက်နေတော့ တံတားပေါ်ကို မြင်နေရပါတယ်။ မြို့မှာတော့ အထင်ကရနေရာတစ်ခုလို ဖြစ်နေတာပေါ့။ ညနေဘက်ဆို လူငယ်လူကြီး စက်ဘီးစီး၊ ဆိုင်ကယ်စီး၊ လမ်းလျှောက်ကြနဲ့ လေညင်းခံရင်း ပျော်စရာကောင်းပါတယ်။ မနက်ဘက်ဆိုရင်လည်း လမ်းလျှောက်ကြတဲ့ လူတွေ ရှိပါတယ်။ ပြီးတော့ အတွဲတွေလည်းရှိတာပေါ့နော်။  🙂   တစ်မနက်သားကျတော့ […]


အနုပညာနဲ့ ပတ်သက်ရင် နယ်ပယ်တော်တော်များများကို ကျွန်တော် လုပ်ဖြစ်ပါတယ်။ အတိုချုပ်ပြီးပြောရမယ်ဆိုရင် ရုပ်ရှင်၊ ဂီတနဲ့ စာပေပေါ့။ တစ်လိုင်းချင်းကို ကဏ္ဍခွဲပြီးပြောရမယ်ဆိုရင် ရုပ်ရှင်နယ်ပယ်များ တော်တော်လေးလိုင်းစုံအောင်ကို လုပ်ဖြစ်ပါတယ်။ အောက်ခြေကစပြီး အောက်သက်ကို မှုန်နေအောင် ကြေအောင် လေ့လာဆည်းပူးခဲ့တဲ့အတွက် တော်တော်များများကို လုပ်ဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်တောင်၊ မှတ်တမ်း၊ ရှူတင်မန်နေဂျာ၊ ဆက်တင်မန်နေဂျာ၊ ထုတ်လုပ်သူ အစရှိသဖြင့် တော်တော်လေးကို စုံပါတယ်။ ဂီတနဲ့ပတ်သက်ရင်လည်း ကိုယ်တိုင် သီချင်းမဆိုဖြစ်တာကလွဲလို့ တော်တော်လေးကို ထဲထဲဝင်ဝင် နှံ့နှံ့စပ်စပ်ရှိပါတယ်။ ဂီတအမျိုးအစားလိုင်းစုံကို ခံစားလို့လည်း ရပါတယ်။ ကိုမြကြီးတို့ တွံတေးသိန်းတန်တို့ကို နှစ်နှစ်ခြိုက်ခြိုက်နားထောင်ဖြစ်သလို စိုင်းစိုင်းခမ်းလှိုင်တို့ ရဲလေးတို့ကိုလည်း နားထောင်ဖြစ်ပါတယ်။ ကြိုက်လည်းကြိုက်ပါတယ်။ ကိုယ့်အသံကိုယ် နားထောင်ကြည့်တာ ဘယ်လိုနည်းနဲ့မှ အဆင်မပြေတဲ့အတွက် သီချင်းတော့ မဆိုဖြစ်သေးတာပါ။ သီချင်းတွေတော့ […]


ရှောင်ခွာချင်လို့ မောင်ထွက်သွားတာ ကျွန်မ မတားပါဘူး။ ချင်းစိမ်းနဲ့ မိသလင် သူကြင်မှ ကိုယ်ကြင်မို့ နောက်တစ်ယောက်ကို ချစ်မိရင် ကျွန်မအပြစ် မဟုတ်ဘူးနော်။ မောင်နဲ့ပတ်သက်ရင် ဒဏ်ရာရခဲ့တဲ့ ကျွန်မနှလုံးသား ထုသားပေသားကျနေလို့ ခံစားချက်တွေလည်း မဲ့ခဲ့ပါပြီ။ ဘယ်လိုလဲမောင်… နောင်ကျဉ်နေပြီလား… ကျွန်မလိုချစ်မယ့်သူ ကျွန်မလို ကြင်နာမယ့်သူ နောက်တစ်ယောက်ရော ရှိရဲ့လား…။ ပြန်မလာပါနဲ့မောင် မောင်ခင်းခဲ့တဲ့ မောင့်လမ်း ရဲရဲသာဆက်နင်းပါ မောင့်နောင်တ ကျွန်မမျှော်လင့်ထားတာ အစောကြီးကတည်းကပါ။ မောင်လမ်းထွင်မှ လမ်းပြင်ခဲ့တဲ့ကျွန်မ မောင်တစ်ယောက်ပျော်ပါစေလို့ ရိုးသားစွာ ဆုတောင်းနေပါမယ်…။   ။   **လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရေးခဲ့တဲ့ကဗျာလေးကို အမှတ်တရ ပြန်တင်လိုက်ပါတယ်။